ဆော်ဒီ အာရေးဗီးယား ဆိုတဲ့.နိုင်ငံ ကတော့.မြန်မာတွေ နဲ့ .ခပ်စိမ်းစိမ်း ရှိလှပါတယ်. ဒါကြောင့်.ဒီ နိုင်ငံ အကြောင်းကို လေ့လာချင်တဲ့သူတွေ အတွက် လက်လှမ်းမီသလောက် ဗဟုသုတ လေးတွေ မျှဝေ ပေးလိုက်ပါတယ်နော်.. နောင် လာ လတ္တံ့ သော ဆော်ဒီရောက်မြန်မာ အလုပ်သမား များ အဆင်ပြေစေရန် နှင့် ဆော်ဒီ နိုင်ငံ နှင့်ပတ်သက် ၍ ဒေသန္တရ ဗဟုသုတ ရှာ မှီး လိုသူများ အဆင်ပြေစေရန် ရည်ရွယ်ပါသည်။ သူငယ်ချင်းတို့ ရဲ့  ဝေဖန် အကြံပြုချက်များ ကိုလည်း ကြိုဆိုလျက်
Friday, 20 August 2010
စားကြည့်. စားကြည့် သိပ်အားရှိ
ကြက်ဥ ကလေးပါ..
ဒါပေမယ့်... ရန်ကုန် ကလို ..အ၀ါ ရောင်မဟုတ်... အဖြူရောင်လေးပါ..
ဘဲဥ လို တော့..အဖြူရောင်တောက်တောက် ကြီး မဟုတ် .. ဆင်စွယ် ရောင် မကျတကျလေးပါ..
ဒါပေမယ့်..ရန်ကုန်နဲ့ မတူတဲ့နောက်တစ်ချက် .. ကြက်ဥ တိုင်းပေါ်မှာ Manufacture Date and Expire Date ဆိုပြီး သက်တမ်း ကုန် ၊ မကုန် ကြည့်နိုင်တာလေး ကတော့ တကယ့်ကို အဆင်ပြေပါတယ်.
ဝယ်ပြီးခါမှ..ဥကပ် နေတာတွေ . ပုပ်နေတာတွေ ဆိုရင်..ရောင်းတဲ့.ဆိုင် မှာ အပြစ်ရှိပါတယ်။
ဆိုင်တွေကလည်း . နာမည် အပျက်ခံပြီး မရောင်းကြပါဘူး။
အကယ်၍ ရောင်းလို့ မကုန်ခဲ့ရင်လည်း . သက်ဆိုင်ရာ အရောင်းကိုယ် စလှယ်တွေက..အချိန်မှီ လာပြန်သိမ်းသွားကြပါတယ်။ သူတို့ နာမည် ကို အထိခိုက်ခံပြီး မရောင်းတတ်ကြပါဘူး..
ဒါလေးတွေကတော့..တကယ့် ကို လေးစားစရာ ပါပဲ။ Customer တွေကို မလိုအပ်ပဲ..စိတ်ဒုက္ခ မပေးပါဘူး..
Subscribe to:
Post Comments (Atom)
No comments:
Post a Comment