Thursday 23 September 2010

ဆော်ဒီ အာရေးဗီးယား အမျိုးသား နေ့ ကို ဂုဏ်ပြုလျက်

ယနေ့ ဆော်ဒီအာရေးဗီးယား နိုင်ငံ 79 နှစ်မြောက် အမျိုးသား နေ့ (National Day) ဖြစ်ပါသည်။

လွန်ခဲ့သော ၁၉၀၂ ခုနှစ်တွင် ဆော်ဒီ ဘုရင်ကြီး King Abdul Aziz Bin Saud က အာရေးဗီးယန်း ကျွန်းဆွယ် ထဲတွင် အကြီးဆုံးဖြစ်သော ဤ ဆော်ဒီ အာရေးဗီးယား နိုင်ငံ ကြီးကို တည်ထောင် ခဲ့ပါသည်။

ယခု လက်ရှိ ဘုရင်နှင့် တကွ တိုင်းသူပြည်သားများကလည်း အမျိုးသားနေ့ ကို တန်ဖိုးထားကြသည်။



နိုင်ငံတ၀န်းတွင် အမျိုးသားနေ့ ကို ကျင်းပကြသည်။ သ၀ဏ်လွှာများလည်းပေးပို့ ကြသည်။

ရုံး၊ကျောင်း စသည်တို့ ပိတ်ရက်လည်းဖြစ်သည်။

နိုင်ငံတွင် လာရောက် အလုပ် လုပ်ကိုင် နေသဖြင့် နိုင်ငံ၏ ရက်မြတ် ကို လေးစားရပေမည်။

ကမ္ဘာကျော် Google ကုမ္ပဏီ ကြီးကပင် ယခု ကဲ့သို့ ဂုဏ်ပြုထားသည်..

အော်..သူများ နိုင်ငံရဲ့ အမျိုးသား နေ့ တွေ ကတော့ အားကျဖွယ်ရာပင်။

ထို့ အတူ ကျွန်တော်တို့ မြန်မာ နိုင်ငံ၏ အမျိုးသားနေ့ (National Day) ကိုလည်း ပြန်ပြောင်းစဉ်းစားကြည့်မိသည်။ သို့ သော် ကျွန်တော် တို့ ၏ အမျိုးသားနေ့ သည် အခြားသော တိုင်းပြည် များ၏ အမျိုးသားနေ့ များကဲ့သို့ မကြီးကျယ် မခမ်းနားကြောင်း ၀မ်းနည်းဖွယ်ရာတွေ့ ရလေသည်။ မည်သည့် ပွဲလမ်း သဘင် မှလည်း စည်စည်ကားကားမရှိ ။ မည်သူကမှလည်း အမှတ်တရ မရှိ။ သတင်းစာ အောက်ခြေတွင် အမျိုးသားနေ့ ကို လှိုက်လှဲစွာ ကြိုဆိုပါသည် ဆိုသည့် စာတန်းကလေးကို မြင်မှ သာ အော်… ဒီနေ့ ပါလား ရယ်လို့ သတိပြုမိကြသည်။

အကြောင်းရင်းကတော့ … ကျွန်တော်တို့ ၏ အမျိုးသားနေ့ သည် မြန်မာ တကသိုလ် ကျောင်းသားများက ကျွန်ပညာရေးကို မလိုလားသဖြင့် အင်္ဂလိပ်အစိုးရ ကို ဆန့် ကျင်ဆန္ဒပြသော နေ့ .တနည်း ဆိုသော်.. ကျောင်းသားများက သပိတ်မှောက်သောနေ့ ဖြစ်သည်။

ထို့ ကြောင့်လားတော့မသိ။ အစိုးရက (National Day) နှင့်ပတ်သက်သော မည်သည့် အစီအစဉ်မှ ဟုတ်တိပတ်တိ မလုပ်ချင်ပေ။

ကျွန်တော်တို့ ၏ အမျိုးသား အောင်ပွဲ နေ့ ဟုခေါ်သော (National Day) သည် မြန်မာ လူမျိုးတို့ ၏ ရင်ထဲတွင် တစတစ မှေးမှိန်ပျောက်ကွယ်သွားတော့မည် လော…

ပြန်စဉ်းစားလိုက်လျှင် ၀မ်းနည်းစရာပင် …

ညီညီညာညာ ဆိုလိုက်ကြပါ ကျွန်တော် တို့ ရဲ့ ကမ္ဘာ မကြေ ပါ

ဒီစာ ကို ရေးချင်နေတာတော့ကြာပါပြီ ။ ဟောဒီ ပတ်စပို့ စာအုပ်လေးကို တွေ့ ကတည်းက စိတ်ဝင်စားလို့ ကြည့်မိရင်း ရေးချင်တဲ့ အတွေး တချို့ ဝင်လာလို့ ပါ။ လူမှာ အမျိုးကြက် မှာအရိုး ဆိုတော့လည်း . ကိုယ့်အမျိုး ကိုယ့် ဇာတိ .ကိုယ့် အမိမြေကို ချစ်တတ်အောင်ပါ။ ဒါမျိုးတွေကတော့ အစိုးရ သတင်းစာတွေမှာလည်း ဖတ်ဖူးမြင်ဖူးမှာပါ ။ ဒါပေမယ့် သူတို့ လို ၀ါဒဖြန့် သဘောမဟုတ် ။ တကယ့်ကို ရင်ထဲက ခံစားလိုက်ရလို့ ရေးဖြစ်သွားတာပါ ။ အထူးသဖြင့် ပြည်ပ ရောက်ပြီး ကိုယ့်တိုင်းပြည်နဲ့  ဝေးနေတဲ့သူတွေ အတွက် တော့ အမိမြေရဲ့ တန်ဖိုးလေးကို သိတတ်။ တန်ဖိုးထားတတ်ကြပါစေလို့ ဆန္ဒပြုရင်းပေါ့။


အလေးပြု .. ဂျပု



အလယ်တန်း ကျောင်းသားဘ၀ ကတည်းက စိန်ပေါလ် ကျောင်း ရှေ့ အလံတိုင်ကို သောကြာနေ့ တိုင်း အမျိုးသားဝတ်စုံ (တိုင်ပုံ) ၀တ်ကာ အလေးပြုကြရသည်။ ပြီးနောက် နိုင်ငံတော် သီချင်း ကမ္ဘာမကြေ ကို သံပြိုင်သီဆိုကြရလေသည်။



အရင်တုန်းကတော့ ဒါမျိုး အစီအစဉ် မရှိ ။ ကျောင်းအုပ်ဆရာကြီး အသစ်ပြောင်းလာ ပြီးမှ သူ က ယခုလို စီစဉ် သဖြင့် အပတ်စဉ် နိုင်ငံတော်အလံကို အလေးပြုရသည်။ ထို့ ကြောင့် ပထမဦးဆုံး အလေးပြုကြသည်တွင် အနည်းငယ် ကမောက်ကမ ဖြစ်လေသည်။ ကျောင်းသားခေါင်းဆောင် (မော်နီတာ) မှ နိုင်ငံတော်အလံ အား အလေးပြု ဟု အသံဝါ ကြီးနှင့် ကျယ်လောင်စွာ အော်လိုက်သောအခါ .ကျွန်တော်တို့ ကျောင်းသားများကလည်း တညီတညွှတ်တည်း .. ဂျပု .. ဟု နောက်ပြောင်ကာ သံယောင်လိုက်ကြသည်။



အလေးပြု .. . ဂျပု .. ကာရံလေးကတော့ မိနေသားပဲ ။

ဒါပေမယ့် . ကျေင်းအုပ်ဆရာကြီးက အတော့်ကို ဒေါသထွက်လေသည်။ နိုင်ငံတော် အလံအလေးပြုပွဲ ကို နောက်ပြောင်စရာမလို ။ လေးစားတန်ဖိုးထားရမည်ဟုဆို၏။ အနားရှိ ဆရာမ များကလည်း အသံလာရာ ဘက်ဆီမှ ကျောင်းသားတချို့ ကို ကျောပြင်ကို ဗျောတင်လေတော့သည်။



ရွှမ်း. .. ရွှမ်း . အဲဒါ ဂျပု အုံး…. ဂျပု အုံး။





ထို့ ကြောင့် မော်နီတာ ဖြစ်သူကို နောက်တစ်ခေါက် အလေးပြု ဖို့ စေခိုင်းလေတော့သည်။

ဒီတခါတွင်တော့ . ဆရာ ၊ မ များက အနီးကပ် သေချာစွာလိုက်ကြည့်လေသည်။ နိုင်ငံတော်အလံ အား အလေးပြု ဟု ဒုတိယအကြိမ်ကျယ်လောင်စွာ ထွက်ပေါ်လာပါသည်။ အသင့်ရွယ်ထားသော ကြိမ်လုံးများ၏ အောက်တွင် ကျွန်တော်တို့ ကျောင်းသားများက တုပ်တုပ်ပင် မလှုပ်ရဲသော်လည်း တချို့ နေရာက ..တခွီးခွီး ဟု ရယ်သံများ ထွက်ပေါ်လာလေသည်။

ထို့ နောက် နိုင်ငံတော်သီချင်းသီဆိုပြီး စာသင်ခန်း သို့ ပြန်ဝင်ကြရသည်။ အတန်း ထဲ ရောက်သော ယခုန က အဖြစ်အပျက်များကို စမြုံ ပြန်ရင်း ကမ္ဘာမကြေသီချင်းကို နောက်ပြောင်သီဆိုကြပြန်၏။



ကမ္ဘာမကြေ...



ဒါတို့ ပြည် ဒါတို့ မြေ တို့ ပိုင်တဲ့မြေ

ပြည်ထောင်စုကို လက်ဖက် ကျွေးလို့ 

တို့ တာဝန်ကြေ... ဒါတို့ ပြည်..ဒါ.တို့ ..........





ဖြန်း..ဖြန်း ဟူသော အတန်းပိုင် ဆရာမ ၏ ကြိမ်စင်္ကြာ က ဘယ်ကမှန်းမသိ ရောက်လာပြန်၏။



ဘာ..တဲ့..လက်ဖက် ကျွေးလို့ ..ဟုတ်လား...ဆိုအုံးလေ...



ပြည်ထောင်စုကို လက်ဖက် ကျွေး.ကြအုံးလေ ..နောက်တခါ ဒီထက် နာမယ် မှတ် ထား .. ဟောဒီ ကြိမ်လုံးကို နမ်းထားကြ.. ဟုဆိုကာ ကြိမ်လုံး ကြီးကို အနားသို့ ထိုးပေးလေသည်။



ထိုစဉ် ကျွန်တော်ကလည်း ယောင်ယမ်းကာ ဆရာမ ၏ ကြိမ် လုံးကို အဟုတ်မှတ်ပြီး သွား နမ်းလိုက်မိသည်။



ထို့ ကြောင့် ဆရာမက ဒေါသပိုထွက်ကာ . အဲဒီ အူကြောင်ကြား ကောင် ကလည်း ရွဲ့ ပြော လို့ ပြောမှန်း မသိ ဟု ဆိုကာ ထပ်မံ အရိုက်ခံရပြန်သေးသည်။

(အော်..သားက သိမှ မသိတာကို ..နမ်း ပါဆို လို့ .)





နောက်အပတ် သောကြာနေ့ 



ကျောင်းအုပ် ဆရာကြီးက နောက်တချိန် Assembly တွေ့ ဆုံပွဲ တင် အမျိုးသားအလံ ၊ အမျိုးသားသီချင်း အကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားလေတော့သည်။

လူဆိုတာ ကိုယ့်နိုင်ငံရဲ့ အမျိုးသား အလံ ၊ သီချင်း ၊ ၀တ်စုံ စသည်တို့ ကို တန်ဖိုးထားလေးစားရမည်။ နိုင်ငံတကာအလယ်တွင် ထိုသို့ ကိုယ်ပိုင် သင်္ကေတ များဖြင့် ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ ရာ လွယ်ကူသည့် ကိစ တော့ မဟုတ်ချေ။ လွတ်လပ်သော နိုင်ငံ အဖြစ်ရပ်တည် နိုင်ရန် ပေးဆပ်ခဲ့ရသော ကျွန်တော် တို့ ဘိုးဘွားများ၏ အသက် သွေး ချွေးများက မနည်းလှပေ။ ထို့ ကြောင့် တန်ဖိုးကြီးမားလှသော နိုင်ငံတော် အလံ ကို ရိုသေရမည်။ နိုင်ငံတော် သီချင်းကို လေးမြတ်ရမည်။ ကိုယ့်အမျိုးသားဝတ်စုံကို တန်ဖိုးထားရမည်။



ကမ္ဘာပေါ်တွင် ကိုယ်ပိုင် နိုင်ငံ ရယ်လို့ မည်မည် ရ ရ မရှိသည့် နိုင်ငံ ပေါင်းများစွာရှိလေသည်။ တိုင်းတပါးက ကျွန်ပြုသိမ်းပိုက်ထားပြီး ယခုထက်တိုင် လွတ်လပ်သော နိုင်ငံအဖြစ် မရောက်ရှိသေးပဲ နိုင်ငံတကာ အလယ်တွင် ညှိုးငယ်စွာ နေရသော တိုင်းနိုင်ငံ များ အကြောင်းပြောပြလေသေည်။ ကျွန်တော်တို့ မြန်မာနိုင်ငံ သည်ပင် တချိန်က ကိုလိုနီ ကျွန် နိုင်ငံ ဖြစ်ခဲ့သေးသည်။ အကယ်လို့ များ ဗိုလ်ချုပ် အောင်ဆန်း တို့ လို ပုဂ္ဂိုလ် တို့ က စွမ်းစွမ်းတမံ မကြိုးစားခဲ့ မိလျှင် လွတ်လပ်ရေး ဆိုတာလည်း ဝေး၀ါးနေအုံးမည်သာ။

အာဇာနည် ကြီးများ၏ သက်စွန့် ကြိုးပမ်းမှူ့ ကြောင့်သာ ကျွန်တော် တို့ ယခု ကဲ့သို့ နေနိုင်ခြင်ဖြစ်သည်။

တရုတ်ပြည်ရှိ ဟောင်ကောင်ကျွန်း ပင်လျှင် လွန်ခဲ့သော ၁၉၉၇ ခုနှစ်လောက်မှ သာ အင်္ဂလိပ်တို့ က ပြည်မကြီး ထံသို့ လွှဲပြောင်းပေးခဲ့သည် မဟုတ်ပါလော။

တိုင်းတပါးလက်အောက်ခံ ဘ၀ သည် သိမ်ငယ်ပေစွ ။ အောက်ကျ ပေစွ ။



ထိုသို့ ပြောကြားနေစဉ် ဘေးနားမှ သူငယ်ချင်းတဦးက အရွှင်းဖောက်လေသည်။ ဆရာကြီးကလည်း …ဟောင်ကောင်လို အေးအေးဆေးဆေးမှ လွတ်လပ်ရေး ယူရင် ပြီးရော ။ ငါ တို့ တွေ လည်း သူတို့ ထက်တော့ တိုးတက်မှာပဲ . ချမ်းသာမှာပဲ.. အင်္ဂလိပ်ခေတ်တုန်းက Rangoo , Burma ဆိုတာ အာရှ မှာ တစ်ပဲကွ .. အခုကတော့ အင်္ဂလိပ် ခေတ် ထက်တောင် အောက်ကျနေသေးတယ်။ မင်းစဉ်းစားကြည့်လေ… အင်္ဂလိပ်ကျွန်ဘ၀ ကလွတ် တော့လည်း ငါတို့ က ကမ္ဘာပတ်ပြီးတော့ ကျွန်ခံနေကြရတာပဲ ။ ငါ့ ဦးလေတွေ ဆိုရင် မလေး ကိုသွားလိုက်။ ထိုင်းကို သွားလိုက်နဲ့ ။ အင်္ဂလိပ်ခေတ်တုန်းက ဒီနိုင်ငံတွေက ငါတို့ ကို မော် တောင်ကြည့်ဝံ့တာမဟုတ်ဘူးကွ။ အခုတော့ ကွာ။ မင်းလည်း ကျောင်းပြီးတာနဲ့ နိုင်ငံခြားကို သွားပြီး အလုပ် လုပ်ရလိမ့်မယ် . မယုံရင် ကြည့်နေ ။

ဗိုလ်ချုပ်တို့ က..လွတ်လပ်ရေး ယူတာ နည်းနည်းစောသွားတယ်။ အခု နေမှ ယူရင် အေးဆေးပဲ . တိုက်ခိုက်စရာတောင်မလိုတော့ဘူး။ အခုလိုလည်း နိမ့်  နေမှာမဟုတ်ဘူး.



အနှီ သူငယ်ချင်း၏ စကားသည် မည်သို့ မှ လက်ခံနိုင်စရာမရှိပေ။ လူဆိုတာ ကိုယ်ပိုင် နိုင်ငံ ဖြင့်နေနိုင်ရပေမည် ။ သူတပါး လက်အောက်ခံ ဖြင့် မနေသင့်ပေ။ အသက်ပေး စွန့် လွတ်သွားသော သူရဲကောင်းတို့ ကား အချည်းအနှီး မဖြစ်တန်ရာ။ သို့ သော် . အကြောင်းကြောင်း ကြောင့် ဆင်းရဲနေသော မြန်မာ နိုင်ငံကို ကြည့်ကာ မချိတင်ကဲ ဖြင့် ကလေး သဘာဝ ပြောသည်ဟုသာ နားလည်မိပါသည်။



(၀န်ခံချက် . .လွန်ခဲ့သော 15 နှစ်ခန့် က သူ ပြောခဲ့သည့် မင်းလည်း နိုင်ငံခြားမှာ ကျွန်ခံ ရလိမ့်မည်ဟု စကားသည် နောင်သော် ကျွန်တော့် အဖို့ သွေးထွက်အောင်ပင် မှန်လေတော့ သတည်း)


ဒုက္ခပင်လယ် ထဲက ပါလက်စတိုင်း
ို့ နောက် ဆရာကြီးက မ.လွတ်လပ်သေးသော နိုင်ငံများအကြောင်း နှင့် ၄င်း တို့ ၏ နေ့ စဉ် လူမှု့ ဘ၀ဒုက္ခ များကို ပြောကြားလေတော့သည်။ အဓိက ထောက်ပြ သွားသည် နိုင်ငံကတော့ ..အရှေ့ အလယ်ပိုင်းရှိ .. Palestine ပါလက်စတိုင်း ဟူသော နိုင်ငံ အကြောင်းပင် ။ ကမ္ဘာကျော် ဂျေယုဆလင် မြို့  ရှိသည့် နိုင်ငံလည်းဖြစ်သည်။ ထိုနိုင်ငံသည် 1947 ခုနှစ် ခန့် မှ စတင်ကာ ဂျူးလူမျိုးများက တိုက်ခိုက်သိမ်းပိုက်ပြီး Israel အစ္စရေး ဟူသည့် နိုင်ငံ တည်ထောင်လိုက်ကြသည်။ ထိုနယ်မြေကို သူပိုင်သည် ငါ ပိုင်သည် ဟု ငြင်းခုန်ကာ နယ်မြေလု စစ်ပွဲ များ အကြိမ်ကြိမ်ဆင်နွဲကြသည်။ ဂျူးတို့ ကလည်း သူတို့ ၏ အဘိုး၊အဘေးများ ၏ ဘိုးဘွားပိုင်မြေ ဖြစ်သည်ဟုဆိုကာ အလျော့မပေး သဖြင့် ပါလက်စတိုင်းသား တို့ သည် နိုင်ငံလက်မဲ့ ဖြစ်ကုန်ကြရသည်။ ခေတ်အဆက်ဆက် လွတ်လပ်ရေးတိုက်ပွဲများဖြင့် ကြိုးပမ်းခဲ့သော်ငြားလည်း ယနေ့ ထက်တိုင် မလွတ်လပ်နိုင်သေးပေ။ မငြိမ်းချမ်းသေးသော နိုင်ငံပင်ဖြစ်သည်။



သွေးစွန်းသောနေ့ ရက်များ မည် ဒုက္ခ အတိ ပြီးလေ၏။ မျက်ရည် တို့ ဖြင့် ပြည့်လျှမ်းနေသော မျက်လုံးများ ၊ ဗုံးကွဲသံ ၊ သေနတ်သံများ ၊ ကယ်သူမဲ့သူတို့ ၏ အော်ဟစ်သံများ သည် ပါလက်စတိုင်းသားတို့ ၏ မထူးဆန်းသော အရာများ ဖြစ်လေသည်။



အဖြူသည် အနက် နှင့် ယှဉ်လိုက်မှ ပို ဖြူလာသည်။ အလင်းသည် အမှောင် နှင့် နှိုင်းကြည့်မှ ပို ၀င်းလာသည်။ တည်ငြိမ်အေးချမ်း ပြီး လွတ်လပ်သောနိုင်ငံ ၏ တန်ဖိုးသည် မလွတ်လပ်ပဲ နေ့ စဉ်လိုလို တိုက်ပွဲ များ ဖြစ်နေသော နိုင်ငံ များအကြောင်း သိရမှ ပိုပြီး တန်ဖိုးတက်လာသည်။ ကျွန်တော်တို့ သည် ကိုယ့်နိုင်ငံ ကို တန်ဖိုးထားသင့်သည် မဟုတ်ပါလော။ ကျွန်တော် တို့ ၏ ဘိုးဘေး များသည်ပင် တချိန်က ပါလက်စတိုင်းပြည်သူများလို ခံစားခဲ့ကြရဖူး၏ ။ ဒုက္ခ ပင်လယ် ဝေဖူး၏။



ဆရာကြီးသည် ကျောင်းသားများကို ဇာတိသွေး၊ဇာတိမာန် များ ရှင်သန် အောင်ပျိုးထောင်ပေး၏။ မျိုးချစ်စိတ်ဓာတ်ကို မွေးဖွားပေး၏။ အမျိုးသား သီချင်း ၏ တန်ဖိုးကို ဂုဏ်မြင့်ပေး၏။



ထို နေ့  ထို အချိန်မှ စတင် ကာ နောက် နောင် နိုင်ငံတော် အလံ အလေးပြုပွဲ တွင် မည်သည့် နောက်ပြောင်သံမှ မကြားရတော့ ။ အားလုံးသော ကျောင်းသားများက အလံတော်ကို ရိုသေလေးမြတ်စွာ ဦးညွှတ် လိုက်ကြသည်။


ကျွန်တော်သည် ထိုစဉ်ကတည်းက ပါလက်စတိုင်း ဟူသော နိုင်ငံ ၏ အမည်ကို စတင် ရင်းနှီးခဲ့ပါသည်။ ကမ္ဘာ့ မြေပုံတွင် လိုက်ရှာကြည့်သော် မတွေ့ ချေ။ အော်. ဘယ်ပါ ပါ့မလဲ။ လွတ်လပ်သည့် အချုပ်အခြာ အာဏာ နိုင်ငံမှ မဟုတ်တာ။ သို့ သော် . ပါလက်စတိုင်း တို့ ၏ သတင်းသည် ကမ္ဘာ့ သတင်း ခေါင်းစီး များတွင် အမြဲလိုလိုပင် ။ ကြားလိုက်ရသည်က လည်း စိတ်ချမ်းသာ စရာမရှိ ။ အနိဌာ ရုံ တွေ ချည်းပင် ။ သနား ဖွယ်ရာ ကောင်းလေစွ ။



ယခု ကျွန်တော်သည် အရှေ့ အလယ်ပိုင်းနိုင်ငံတစ်ခုဖြစ်သော့ ဆော်ဒီအာရေးဗီးယား နိုင်ငံ တွင် ဟိုတယ် ၀န်ထမ်း အဖြစ် လုပ်ကိုင်လျက်ရှိပါသည်။ ဟိုတယ်သို့ လာရောက်တည်းခိုသူများတွင် ပါလက်စတိုင်း လူမျိုးများ လည်း မကြာခဏ တွေ့ ရတတ်သည်။ သို့ သော် ထူးဆန်း သည် က သူတို့ ၏ နိုင်ငံကူးလက်မှတ် (Passport ) စာအုပ် ဖြစ်သည်။ သူတို့ တွင် ကိုယ်ပိုင်နိုင်ငံ မရှိပါပဲ မည်သို့ သော နိုင်ငံကူးလက်မှတ် (Passport ) ကို ကိုင်ဆောင်ကြသနည်း ။ စိတ်ဝင်စားစွာ ကြည့်လိုက်မိသောအခါ .


ဘာသာစကား အခက်အခဲကြောင့် ကာယကံရှင်အား ခွင့်မတောင်းမိသည့်အတွက် အနူးအညွှတ် တောင်းပန်အပ်ပါသည်။


နစ်နာလိုစေသောရည်ရွယ်ချက် အလျင်းမရှိ ။ ကိုယ့်လူမျိုး များ သင်ခန်းစာယူရန်သာ ရည်ရွယ်လျက်

၎င်းတို့ ၏ အိမ်နီးချင်းဖြစ်သော လက်ဘနွန် နိုင်ငံမှ နိုင်ငံကူးလက်မှတ် (Passport ) များကိုထုတ်ပေးထားပါသည်။ သို့ သော် ဒေသခံ လက်ဘနွန် နိုင်ငံသားစစ်စစ်များ ကိုင်ဆောင်သော စာအုပ် နှင့် ပါလက်စတိုင်းသားများ ၏ စာအုပ်ကတော့ ကွဲပြားခြားနားပါသည်။

ပုံတွင် တွေ့ ရသည့်အတိုင်း နိုင်ငံကူးလက်မှတ် ၏ အောက်နားတွင် ပါလက်စတိုင်း နိုင်ငံသားဖြစ်ကြောင်း တံဆိပ်တုံး ထုထားပါသည်။ စာအုပ်တွင်လည်း Refugee ဟုခေါ်သည့် ဒုက သည်များ ဟု ရေးသားဖော်ပြထားလေသည် ။ စာအုပ်၏ မျက်နှာဖုံးကတော့ လက်ဘနွန် နိုင်ငံ ဟူ ဖော်ပြထားပါသည်။



ကျွန်တော်သည် အဆိုပါ စာအုပ်ကို ကြည့်ပြီး ခဏ မျှ တွေးကြည့်ဖူးပါသည်။ ကိုယ်ပိုင်နိုင်ငံ ရှိလျက် အိမ်နီးချင်း သူတပါး နိုင်ငံ မှာ အရာရာအောက်ကျို့ စွာ နေရမည်သာ။

ကိုယ့် အိမ် ကိုယ့် ယာ ကို တိုင်းတပါးသားတို့ က သိမ်းယူ ထားသဖြင့် နေစရာ အိမ်မရှိသောကြောင့် သူတပါးအိမ်တွင် ခိုကပ်နေရသော ဘ၀ ကား လွန်စွာ အသည်းနာ စရာကောင်းလှပေသည်။ အော်..ငါတို့ မြန်မာ နိုင်ငံလည်း အဲဒီလို မလွတ်လပ်တဲ့နိုင်ငံဖြစ်ရင် .. ငါတို့ ရဲ့ အလံတော် ၊ ငါတို့ ရဲ့ နိုင်ငံတော် သီချင်း . ငါတို့ ရဲ့ အမျိုးသားဝတ်စုံ ဒါတွေ လည်း ယခုကဲ့သို့ ဂုဏ်ယူဝင့်ကြွားစွာ ၀တ်နိုင်မည် မဟုတ်ချေ။

ထို့ ကြောင့် ရှိရင်းစွဲ ကိုယ်ပိုင်အလံ ကို လေးစားစွာ အလေးပြု လိုက်ရင်း . . . ကိုယ့်နိုင်ငံတော် သီချင်းကို ရင်ထဲမှ လှိုက်လှဲ စွာ သီဆိုလိုက်ချင်ပါတော့သည်။

ကမ္ဘာမကြေ .. ကမ္ဘာမကြေ

ဒါတို့ ပြည် ဒါတို့ မြေ တို့ ပိုင်တဲ့မြေ..
ပြည်ထောင်စုကို အသက်ပေးလို့ တို့ ကာကွယ်မလေ
ဒါတို့ ပြည်. ဒါတို့ မြေ.......
...............
..............
............

National Anthem : http://www.youtube.com/watch?v=3GK1S-pn6B0

အလေးဂရုပြုလျက်
ဇော်ပြည့်

Tuesday 21 September 2010

ကျွန်တော် နှင့် ရေခဲမုန့် 

ကျွန်တော် နှင့် London Diary ရေခဲချောင်း


ကန္တာရ ၏ ရာသီဥတုက အလွန် ပူပြင်းပါသည်။ ဒီလို အချိန်မျိုး ဆိုရင် ငယ်ငယ်ကလို ရေခဲမုန့် ၊ ရေခဲချောင်းလေးများ စားလိုက်ရရင် တော်တော် ကောင်းပေမည်။ ဒါပေမဲ့ မဖြစ်နိုင်တော့၊ အစားအသောက် ကို ထင်တိုင်းကြဲ လို့ မဖြစ်ချေ။ လွန်ခဲ့သည့် နှစ်က ရေခဲ ချောင်းလေး တစ်ချောင်း ၀ယ်စားမိသည်။ London Diary ဟုခေါ်သည့် အလွန် နာမည်ကြီး သော ရေခဲချောင်းလေးဖြစ်သည်။ ချောကလက် အရသာနှင့် စားလိုက်လျှင် အလွန် အရသာရှိသည်။ တစ်ချောင်းကုန်သွားတော့ စားကောင်းတာနဲ့ နောက်ထပ် တစ်ချောင်းထပ် စားလိုက်မိသည်။ ဒီတော့မှ အာသာ နည်းနည်းပြေသွား သည်။ သို့ သော်.. စားပြီးလို့ သိပ်မကြာ ညနေဘက် တွင် အာခေါင်ထဲမှ သိသိသာသာ နာလာသည်။ ရေသောက် လျှင် ပိုဆိုးသည်။ အစားအစာ တခုခု မျို ချလိုက်လျှင် ခိုးလို့ ခု လု ဖြစ်နေသည်။ သေချာပါပြီ ကျွန်တော် တော့ .. အာသီးရောင် နေပါပြီ။

ဆားရေကျင်းခြင်း၊ ဆေးသောက်ခြင်းများပြုလုပ်သော်လည်း မသက်သာ။ ရေများများ သောက်သဖြင့် ဆီးမကြာခဏ သွားတာပဲ အဖတ်တင်သည်။ လည်ချောင်း ကတော့ နာဆဲ ပင်။ တရက်မျှ ကြာသော် နှာရည်ယို ခြင်း ။ ချောင်းအခြောက်ဆိုးခြင်း ဟုခေါ်သည့် . ချောင်းဆိုးလျှင် ချွဲမပါပဲ အာခေါင်ထဲမှ လွန်စွာ နာကျင်စွာ ဆိုး လေတော့သည်။ အင်း .. တုပ်ကွေးတော့ မိပါပြီ။

ဒီတော့ မှ . စားချင်းအုံးဟဲ့ .. London Diary ဟု ကိုယ့် ဘာသာအပြစ်တင်မိသည်။

တစ်ရက် ၊ နှစ်ရက် မသက်သာသေးသဖြင့် ဆေးခန်း သွားလိုက်ရသည်။ အိတ်ထဲက ပိုက်ဆံ ကုန်တော့ မှပဲ . ဒီ တုပ်ကွေးက ပျောက်တော့သည်။ ရေခဲချောင်းလေး စားမိတာနဲ့ ငါ့ရဲ့ ကျန်းမာရေးက ဒီလောက်တောင် ဖြစ်နေရော့သလား။
ကျွန်တော့် အမေသည်လည်း ရေခဲ ရေ ၊ ရေခဲမုန့်  စသည်တို့ နှင့်မတည့် ၊၊ စားမိလျှင် ချက်ချင်း အာသီး ရောင်လာသည် ဟု ပြောဖုးသည်။

အခုတော့ အမေနှင့် တူလာပြီလား ။ ငါလည်း ဒီ ရေခဲ နဲ့ ပတ်သက်တဲ့မုန့် တွေ နဲ့ မတည့်တော့ဘူးလား။

ငယ်ငယ်ကဆိုလျှင် ဒါမျိုး ရေခဲချောင်း သုံးချောင်းလောက်တော့ အသာလေးကုန်သည်။ အခုတော့ ။.

စိတ်ထဲကတော့ မကျေနပ် ။ မဖြစ်နိုင်ပါဘူး။ ဒါဟာ တိုက်ဆိုင် သွားလို့ ပါ။ နောက်တခါ ဆိုရင် မဖြစ်လောက်ပါဘူး။ ထို့ ကြောင့် . နောက်ထပ် ခြောက်လ ခန့် အကြာတွင် အဆိုပါ ရေခဲချောင်းကို ထပ်စားကြည့်မိသည်။ ဒီတခါ တော့ စားပြီးတာနဲ့ ချက်ချင်း ရေနွေး ဖြင့် ဆားရေပလုပ် ကျင်းသည်။ ကြိုတင်ကာကွယ်သည့်အနေဖြင့် လိုအပ်သည့် ဆေး များကို သောက်ထားလေသည်။

လာစမ်းဟဲ့ . တုပ်ကွေး ဟု စိန်ခေါ်လိုက်မိသည်။

ညဘက် အိပ်တဲ့အချိန်အထိ ဘာမှမဖြစ်ပေ။ အားလုံး အဆင်ပြေသည်။ သို့ သော် ညဘက် အိပ်ပြီးလို့ နောက်တနေ့ နံနက် အိပ်ရာထချိန်တွင် သိသိသာသာ . လည်ချောင်း နာလာသည်။ ရေသောက်လျှင် အခံရခက်သည်။ ဟိုက် . အာသီး ရောင် ပြန်ပြီ ။

သေချာပါသည်။ ကျွန်တော် လည်း အမေတူ သား ဖြစ်သွားပါပြီ။



နောက်နောင် ရေခဲ နှင့်ပတ်သက် တာမှန်သမျှ စားလို့ ရတော့မည်မဟုတ်ပေ။



ဘယ်သောအခါမျှ ရေခဲမုန့် တွေ . ရေခဲချောင်းတွေ စားလို့ မဖြစ်နိုင်တော့ဘူး ဟု မိမိကိုယ်ကို သိလိုက်ရချိန်တွင် စိတ်ထဲမှာတော့ နည်းနည်း ၀မ်းနည်း သလို ၊ နှမြောသလို ဖြစ်သွားသည်။

ထို့ အတူ ငယ်စဉ်က ရေခဲမုန့် တွေ အငမ်းမရ စားခဲ့တာလေးတွေ ကိုလည်း ပြန်လည်မြင်ယောင်လာမိသည်။




London diary ရေခဲချောင်း လေးက ကျွန်တော့်ကို မျက်စ ပစ် ပြနေသလို ပင်




စိတ်အစဉ်မှ အတွေး ပုံရိပ်တို့ သည် ဟိုး အဝေး ဆယ်စုနှစ် နှစ်ခု စာမျှ ဆီသို့ ပြန်ရောက်သွားသည်။

ကျွန်တော့် အား နတ်ဒေ၀တာ တဦးဦးက ရုတ်တရက် နတ်ရေကန်ထဲသို့ တွန်းချလိုက်သည့်အလား အနှစ် နှစ်ဆယ်ခန့် ပြန်ငယ်သွားသလို ခံစားလိုက်ရသည်။ အော်…..ငါ ငယ်ငယ်တုန်းကတောာ့ တော်တော်ချစ်ဖို့ ကောင်းပါလား။ ဟုတ်ပါသည်။ လူတိုင်းသည် ကလေးဘ၀ က အပြစ်ကင်း စင် သဖြင့် ချစ်ဖို့ ကောင်း ကြသည်မှာ အမှန်ပင်ဖြစ်ပေမည်။



ဟိုး အဝေး အနှစ် (၂၀)ခန့် က ဖြစ်ပါသည်။

သားတို့ ငယ်ငယ်တုန်းကပါ ။

ဒီနေ့ သား တို့ ကျောင်းပိတ်ရက် ဆိုတော့ ဘယ်အလှူ ၊ ဘယ်မင်္ဂလာဆောင် များ ရှိမလဲ။ တိုက်တိုက်ဆိုင်ဆိုင် . ဆွေမျိုး ထဲက တစ်ယောက်ကတော့ အင်းလျားလိတ် လို့ ခေါ်တဲ့ ဟိုတယ်ကြီးမှာ မင်္ဂလာဆောင်ပွဲ ရှိတယ်တဲ့ ။ မင်္ဂလာဆောင် လို့ အသံကြားလိုက်တာနဲ့ သား သိလိုက်ပါပြီ။ ရေခဲမုန့် တွေ ၊ ကော်ဖီ တွေ ၊ ကိတ်မုန့် တွေ အိုး..အစုံပါပဲ။

ပြီးခဲ့တဲ့ လတုန်းက မင်္ဂလာဆောင်တုန်းကတော့ YMCA ဆို တဲ့ ခန်းမ မှာ ကျင်းပတဲ့ပွဲဖြစ်သည်။

ကျွေးတဲ့မုန့်ကလည်း နည်းနည်းလေး။ ရေခဲမုန့် ကလည်း အတော့်ကိုဖွယ်သည်။ စားလိုက်လျှင် ကလေး နို့ မှုန့် လို အရသာကြီး ထွက်လာသည်။ သို့ သော် သမိုင်းပေးတာဝန် အရ (၂)ပွဲလောက်တော့ ဆွဲ ထည့်လိုက်သည်။ အခုတစ်ခေါက်ကတော့ တကယ့်ကို အကောင်းစား ဟိုတယ် ကြီး။ ရန်ကုန်မြို့ မှာတော့  ဟောဒီ အင်းလျားလိတ် ကတော့ အကောင်းဆုံးပဲ ။ ကျွေးတဲ့မုန့် တွေ ကလည်း တကယ့်ကို အကောင်းစား ၊ အပျံစားတွေ ပဲ ဆိုတာ ကြိုသိနေပါသည်။

မင်္ဂလာဆောင် ဟု ဆိုလိုက်လျှင် တချို့ တွေကတော့ သိပ်မကြိုက်သလိုပင်။ လကုန်ရက်ကြီး မို့ လို့  ဘိုင်ပြတ် နေရတဲ့အထဲ လက်ဖွဲ့ ဖိုးကလည်း ကုန်အုံးမယ်ဟုငြီးတွားသံများ ကြား နေရတတ်သည်။

အဒေါ် အပျိုကြီး ငြီး သံ ကတော့ တမျိုး ။ သူတို့ ဘာသာ လင်ယူ ။ သူတို့ ဘာသာ ကလေးတွေမွေး ။ ပြီးတော့ မွေးနေ့ တွေ လုပ် ငါတို့ ကတော့ မဆီမဆိုင် ကြားထဲကနေ လက်ဖွဲ့ ဖိုး ၊ လက်ဆောင်ဖိုး တွေ ကုန်အုံးမယ်။ အလုပ်ကိုရှုပ်နေတာပဲ။

အိမ်နားက အန်ကယ်ကြီးတို့ စုံတွဲ ကတော့ မိုက်သည်။ မင်္ဂလာဆောင် တော်တော်များများတွင် သူတို့ ကို တွေ့ ရတတ်သည်။ ပွဲမစခင် ကတည်းက ခပ်စောစော ရောက်တတ်သည်။ လူတွေ ကရှင်းနေသည်မို့ နေရာကောင်းယူရန်ဖြစ်ပေမည်။ ဒါပေမယ့်.. သားနဲ့ ဆုံတဲ့ ပွဲ သုံး ပွဲ မှာ နှစ်ပွဲလောက်ကတော့ သူတို့ တွေ လက်ဖွဲ့ မပါတတ်ပေ. အတော့်ကို မေ့တတ်သော သူများဖြစ်သည်။ မင်္ဂလာဆောင် ဧည့်ကြိုကောင်တာ နား ရောက်မှ လင် ဖြစ်သူက မယားဖြစ်သူကိုပြောသည်။

ဟော့ ဒါလင် . လက်ဖွဲ့ ကော…

မယားဖြစ်သူကလည်း ပြန်ပြောသည်….

အိုး မိုင်ဂေါ့.. ယူ ပဲ ကိုင်ထားပြီးတော့ . အိုင် က လေ ကားသော့ နဲ့ အတူ ပေးလိုက်တယ်လေ အဲဒါသာကြည့် အသက်ကကြီးတော့ မေ့လာပြီထင်တယ်။

ဒီလိုမျိုး သူတို့ မေ့တတ်တာ သိသားပဲ ။ ဟိုတခါ ကတည်းက သူတို့ မေ့တတ်တာ သား အရှေ့ မှာတင်ဒါမျိုးတွေ ဖြစ်သွားတာလေ။ အသက်ကြီးတော့လည်း မေ့ မှာပေါ့လေ။ထားလိုက်ပါ။ သားနဲ့ မဆိုင် .


အင်းလျားလိတ် ဟိုတယ်ကြီး ကို ဘယ်လို သွားကြမလဲ ။ အိမ်ကလူကြီးတွေ ကတော့ ဒီ ဟိုတယ်ကို သိပ်ကြိုက်ပုံမရ ၊ သွားရေးလာရေးခက်သောကြောင့်ပင်တည်း ။ အဖေ က ပြောသည်။ အဲဒီ ဟိုတယ်ကိုသွားဖို့ ဘတ်စ် ကားမရှိဘူးတဲ့ ။ ကားဌား သွားရမှာမို့ ကားခ ကလည်း ကုန် အုံးမယ် ။ လမ်းလျှောက် ၀င်လို့ ရတဲ့ သမ္မတ ဟိုတယ် တို့  စထရင်း ဟိုတယ် တို့ ဆိုရင်တော့ အကောင်းသား ။ အိမ်နဲ့ လည်း နီးတယ်လေ။

အမေ ကထပ်ပြောသည်။ ကလေး တွေ အတွက် မင်္ဂလာဆောင်မှာ ၀တ်ဖို့ အကျီ င်္ဘောင်းဘီ အသစ်တွေ လည်း ၀ယ်ပေးရအုံးမယ် ။ အဲဒီ အတွက်လည်း ငွေ ကုန်အုံးမယ်တဲ့ ။

အော်… အင်းလျားလိတ် ဆိုတဲ့ ဟိုတယ်ကြီး က မင်္ဂလာဆောင်ကိုသွားဖို့ ဒီလောက်တောင် အကုန်အကျ က များပါလားနော်။ ဒါကြောင့် သူတို့ က . ကလေးတွေလို မပျော်နိုင်တာပေါ့လေ။

တချို့ ကတော့ ဟိုတယ်ကြီး တွေ ဆိုရင် မကြိုက်ချင်။ မြန်မာ ဆန်ဆန် ဘုန်းကြီးကျောင်း ကိုပဲ မဲ ပေး ချင်သည်။ အကျွေးအမွေး ချင်းကလည်း ကွာသည်။

ဘုန်းကြီးကျောင်းကတော့ မြန်မာ ဘူးဖေး ဟု ဆိုရပေမည်။ မီးခိုးတိတ် အ၀ တွယ် နိုင်သည်။ ထမင်းနှင့် ဟင်းမျိုးစုံ ။ ပြီးတော့ ဖရဲသီး၊ လိမော်သီး နှင့် လက်ဖက်သုပ်ပင်ပါသေးသည်။

ဘုန်းကြီးကျောင်း မင်္ဂလာပွဲကို အဖေ ကတော့ .. ရောက် စား ထ ပြန် စနစ်ဟု ဆိုလေသည်။ ရောက်တာနဲ့ ချက်ချင်း တခါတည်း ထမင်းဟင်း တန်းစားရုံပင် ။ မည်သည့် အခမ်းအနား မှ မရှိ ၊ ဘိသိက်ဆရာလည်းမပါပေ။ ကောင်းတော့ ကောင်းသည် အချိန်ကုန် သက်သာ သည်။ ဗိုက် လည်း ၀ သည်။ ပြီးလျှင် အလှူရှင်များကို နှုတ်ဆက်ပြီးပြန် ရုံပင် ။

ဟိုတယ်ကြီးတွေ ကတော့ အတော့်ကို ကိန်းကြီးခန်းကြီး နိုင်သည်။

ကျွေးတော့လည်း အာမနပ် လျှာမနပ် ၊ မုန့် ကလေး ၁၀ ခု လောက် ကို လူ ၅ ယောက်လောက်က ၀ိုင်းစားကြရသည် ။

ဟိုတခါ မင်္ဂလာဆောင်တုန်းကတော့ သား တစ်ယောက်တည်း မုန့် နှစ်ခု ယူလိုက်တယ်လေ။ ဘေးနားက လူကြီး က လက်နှေးတော့ ခံပေါ့။

အမေ ကတော့ ပြောသည်. သူများဝေစု ကို အဲဒီလို မနှိုက်ရဘူး။ လူတစ်ယောက်ကို မုန့် တစ်ခု ပဲ ။ ပို မပေးဘူး။ အဲဒါ ဟိုတယ် ထုံးစံပဲ တဲ့

မင်္ဂလာဆောင်ပြီးတော့ အိမ်ပြန်ရောက်လျှင် ထမင်းထပ် စား ရသည်။ ဒီတော့ မှ ဗိုက်ဝ သည်။

ဒါပေမယ့် လုပ်ရဲ ကိုင်ရဲ ရှိတဲ့လူကတော့ ပို စားရသည်။ အိမ်နားက သူငယ်ချင်း ဖိုးမြတ် ကတော့ သား ထက် အသက်လည်းကြီးတယ်။ ဒီကောင်က ရဲ လည်း ရဲ တယ်။ သား လို လူကြောက် ကလေး တော့ မဟုတ်။ ဒီတော့ မင်္ဂလာဆောင်ပြီးလို့ ပြန်ခါနီးတိုင်း သူ့ ဘောင်ဘီ အိတ်ထဲက ဖွက်ယူလာတဲ့ ဂျွတ်ဂျွတ်အိတ် ထဲကို သူများ ၀ိုင်းတွေ က မုန့် အကျန်တွေ ကိုစုထည့်ပြီး တချိုးတည်း လစ်တော့ တာပဲ။ အိမ်ပြန်ရောက်ရင် သား ကို လာခေါ်ပြီး သူ ယူလာတဲ့ မုန့် တွေ ကို လာကြွားတာ အမြင်ကတ်ဖို့ ကောင်းတယ် ။ သားလည်း သူ့ လို လုပ်ချင်ပေမဲ့ လူကြီးတွေ ဆူ မှာဆိုးလို့ ။ အဖေ ကပြောတယ်။ ဆွေမျိုးတွေ ရှေ့ မှာ အဲဒီလိုမလုပ်ရဘူးတဲ့ ။ ဒီတော့ ဘယ်တတ်နိုင်မလဲ

ဟိုတခါ ပွဲတုန်းကလည်း ဒီလိုပဲ ။ သတို့ သား ၊ သတို့ သမီး ကနှူတ်ဆက်တုန်းပဲ ရှိသေးတယ် ။ ဒီကောင်က အထုပ်ပိုက်နေပြီ။

မင်းက ဒီလိုလား ၊ မင်း အကိုကြီး မင်္ဂလာဆောင် ဆိုတော့ မင်းလုပ်ချင်တိုင်း လုပ်နေတယ်ပေါ့။ နေနှင့် အုံးပေါ့ကွာ။ ထင်းခွေ မကြုံ ရေခပ်ကြုံ အုံးမှာပေါ့

မင်းအစ်ကိုကြီး မင်္ဂလာဆောင် မှာ မင်းက ကျယ်တယ် ပေါ့လေ။

အေး မှတ်ထားပါကွ . ငါ့ အမ ကို လည်း ရည်းစား စာ ပေးတဲ့လူ ရှိနေပါပြီ ။ ငါ့ အလှည့်ကျရင် မင်းထက်သာအောင် လုပ်ပြမယ်။

အလှည့်ကျတော့ မနွဲ့ စတမ်းပေါ့ ဖိုးမြတ် ရာ။



မင်္ဂလာဆောင် နေ့ ရောက်ပြီ ။ ဒီလို နဲ့ အင်းလျားလိတ်ဟိုတယ်ကြီးကို ရောက်သွားပါလေရော။


တစ်ခေတ်တခါကတော့ မြန်မာ နိုင်ငံရဲ့ အခမ်းနားဆုံး အင်လျားလိတ်ဟိုတယ် . အခုတော့


ဟိုတယ်ကြီးက တကယ့်ကို အကြီး ကြီးပဲ။ အင်းလျားကန်ကြီးဘေးမှာ သာယာလိုက်တာ။ ၀င်လိုက်တာနဲ့ အေးသွားတာပဲ။ အဲယားကွန်း ခေါ် လေအေးပေးစက်ကြီးတွေ ကလည်း ကောင်းလိုက်တာ ။ ချမ်းတောင်ချမ်းတယ်။ လာကြတဲ့ လူတွေ ကလည်း အကုန်လုံး ဖိတ်ဖိတ်တောက်နေတာပဲ ။ ရွှေရောင် ၊ စိန်ရောင် တွေ က တလက်လက်နဲ့ ပေါ့။

သားတို့ ဝိုင်းမှာကတော့ ကလေး မပါဘူး။ အကုန်လုံး အသက်ကြီးအဖိုးကြီး အဖွားကြီးတွေ ပဲ ။ အားလုံးက စတိုင်ကြီးတွေ နဲ့ ။ ကလေး တွေပါရင် မကောင်းဘူးလေ။ သူတို့ က မြွေ . မြွေ ချင်း ခြေမြင် တော့ တအားစားကြတာပဲ ၊


ဟော အခန်းအနား စ ပြီတဲ့ ။

ဘိသိက်ဆရာ ဆို တဲ့ လူကြီးကပြောတယ်

ခဏ ကြာတော့ ဟိုတယ် ကြီးမီးမှောင်ကျသွားသလိုပင် ။ ဒီလောက်ကြီးတဲ့ ဟိုတယ် ကြီးကလည်း ငါ တို့ အိမ်လိုပဲ မီးပျက်တာပဲလား ဟုတွေးလိုက်မိသည်။



သို့ သော်. အဆိုတော်၏ သီချင်းသံက တိတ်ဆိတ်နေသော မင်္ဂလာခန်းမကြီးကို ထိုးခွင်းလိုက်သည်။



(အခါတော်ပေး.ပါလို့ …



နတ်ရေးငယ်ရွှေစာ..



သာသနာရောင်လင်း ၊ ကောင်းခြင်းစုသည်ချိန်ခါ)







ဟော.. သတို့ သား ၊ သတို့ သမီးတွေ ထွက်လာပြီ။ ခန်းမထဲသို့  ခြေတစ်လှမ်း ကုဋေ တစ်သန်း နှုန်း နဲ့ ဝင်လာကြပါပြီ ။ သူတို့ ဆီသို့ ဆလိုက်မီးကဲ့သို့ သော မီးအလင်းတန်းများက ထိုးထားလေသည်။


သတို့ သမီးကလည်း ဇာတ်ထဲက မင်းသမီးလို ပဲ ပြင်ဆင်ထားလိုက်တာ.. ။ ခါတိုင်း မြင်နေကျ နဲ့ ကို မတူပါလား။ ဒီ အန်တီလေး အရင်တုန်းက ပုံစံလေးနဲ့ လှ ရဲ့ သားနဲ့ အခု လို ပြင်လိုက်တော့ တမျိုးကြီး ပါလားနော် ။ ရှောက်သီး ဆေးပြား ရောင်း တဲ့ အခြောက်ကြီး လို ပဲ ။

အံမယ်.ကြည့်စမ်း . ငါ နဲ့ တူတူပုန်းတမ်း ကစားတဲ့ ဘုတ်ဘုတ် ပါလား။ သူက ရှေ့ ဆုံးကနေပန်းကြဲတယ်ပေါ့လေ။ ဒီလိုလေး ၀တ်စား ထားတော့လဲ ဘုတ်ဘုတ်က ခါတိုင်းထက် ပိုလှ နေပါလားနော်။ စနိုးဝှိုက် မင်းသမီးလေးကျနေပါလားနော်။ စိန်ပြေးတမ်း ကစား တုန်းကလို မျက်နှာက ကြောင်ချီးရုပ်နဲ့ မဟုတ်တော့ဘူး။


ဟော . သူတို့ က စင်ပေါ်ရောက်မှ မီးတွေ ကပြန်လင်းလာတော့သည်။ အော်.. အရေးကြီးပုဂ္ဂိုလ်တွေ လာရင် ဒီလိုပဲ မီးပိတ်တတ်ပါလား ။ ဒါဆို သားတို့ လမ်းလည်း
နေ့ တိုင်း လိုလို အရေးကြီးပုဂ္ဂိုလ်တွေ လာနေသလားမသိ။ မီးမကြာခဏ ပျက်လေသည်။

ခက်တာက အဲဒီ ဘိသိက် ဆရာကြီး စကားပြောလို့ မပြီးသရွေ့ ဘာမှ မစားရဘူးတဲ့ ။ ဒီလူကြီးကလည်း အတော့်ကို လေကြောရှည်သည်။ ဂုဏ်တွေ ပကာသန တွေ ကို တစီတတန်းကြီးရေရွတ်နေလိုက်တာ မပြီးနိုင်တော့ဘူး ။ အဲဒီ လူကြီးကလည်း ပြောနေလိုက်တာ အကြာကြီးပါပဲ ။ သား ဗိုက်ဆာ လှ ပြီလေ။ ပြီးပါတော့ ဗျို့ ။


ဘေးနားက အန်တီကြီးကတော့ အတင်း ပြောနေ ပါလား။ ဘာတဲ့ . အရံ လေးက သတို့ သမီးထက် လှ တယ် ဆိုပါလား။

ဒါကြောင့် ပြောတာပေါ့ အေ့ . အရံ ကို ရွေး ရင် ကိုယ့်ထက် သာတာကိုမရွေးရဘူး။ ကြည့်လိုက်ရင် ကိုယ့်ထက် မှိန် နေတာကိုပဲ ရွေးရတယ်။ ဒါမှ သူတို့ နဲ့ ယှဉ်လိုက်ရင် ကိုယ်က ထင်းကနဲ ၊ လင်းကနဲ ဖြစ်သွားမှာ။ ငါတို့ က တော့ မင်္ဂလာဆောင်တွေ သွားရပါများလို့ နှောကြေနေပြီ

အမလေး..ကျွေးတာလေး ကလည်း နည်း တယ်နော်။ ဟိုတစ်ယောက် တုန်းက တော့ ကျွေးတဲ့မုန့် ကလည်း ကောင်းတယ်။ ပို လည်း များတယ် ။

အော်. လူတွေ ၊ လူတွေ သူများ ကျွေးတာလည်း စားကြသေးတယ် ။ အရိုးများသလေး ချီးခါးသလေး နဲ့ အတင်းကလည်း ပြောချင်ပါလား။

သားကတော့ ကလေးပီပီ အတင်းတွေ ၊ ဘာတွေ မပြောတတ်။ ရေခဲမုန့် ကိုသာ စိတ်ဝင်စားသည်။

ကဲ . အခုတော့ အားလုံး မျှော်လင့် နေတဲ့အချိန်ကို ရောက်ပြီ ။ မင်္ဂလာမုန့် များကို စတင် သုံးဆောင်နိုင်ပါပြီ ခင်ဗျာ…

ဟေးးး အကောင်းဆုံးပဲ. အဲဒါ အကြားချင်ဆုံးပဲ။

ကိုယ်က စားတောင် မစားရသေးဘူး ။ ဟိုဘက် ၀ိုင်းကတော့ စားပွဲထိုး တွေကိုခေါ်ပြီး နောက်ထပ်မုန့် တပွဲ ထပ်တောင်းနေပါလား။..အော် လက်စသပ်တော့ ဖိုးမြတ် တို့ ဝိုင်း ကို ။ ဘိသိက် ဆရာကြီ စကားပြောနေတုန်း ဒင်း ကတော့ တွယ် ထားတယ်ပေါ့ လေ။



ဟော. ရေခဲမုန့် တွေ လာ ပြီ။ ထင်တဲ့အတိုင်းပဲ . ရေခဲမုန့် ပေါ်မှာ ချောကလက် တုံး သေးသေးလေးတွေ ဖြူးထားတယ်။ ပြီးတော့ သစ်သီးတုံးလေးတွေ လည်း ပါတယ်။ ဒါမှ အကောင်းစား ကွ ။

ရေခဲမုန့် ထဲကို ကိတ်မုန့် ထည့်ပြီးတော့ အ၀ ကို တွယ်လိုက်အုံးမယ်။ တချိုးတည်း ခေါင်း မဖော်တည်း လွေး လိုက်တာ ၊ ၁၀ မိနစ်ပင် မကြာ ။ ရေခဲမုန့် တခွက် က တက်တက်ကိုပြောင်လေရော့။

စားပြီးတာနဲ့ မျက်လုံးက ဘေးဘီ နားက သူများ ရေခဲမုန့် ခွက်တွေကို လိုက်ကြည့်သည်။

အမြဲ လိုလို အမေ က သူ့ ရေခဲမုန့် ခွက် ကို သူ့ သားနှစ်ယောက် ကိုပေးစား လေသည်။ သို့ သော် . ညီလေး နှင့် တ၀က် ခွဲ ရသည့် အတွက် စားရတာ သိပ်မ၀ ချင်ပေ။ ဒီကောင်ကလည်း ခက်တယ်။

အစ်ကို ဖြစ်သူကို အမြဲတမ်း မျက်စိ ထောင့်ထောက် ကြည့် နေတတ်သည်။ အစ်ကို ဘာလုပ်လုပ် သူလည်း လိုက်လုပ်ချင်သည်။ အစ်ကို ရေခဲမုန့် တခွက်ဆိုလျှင် သူလည်း တစ်ခွက် တောင်းတတ်သည်။ မရ လျှင် အမေ့ ကို ပူဆာ လေတော့သည်။ ထို့ ကြောင့် အမေ့ ရေခဲမုန့်ဝေစုကို သူ့ ကိုလည်း တ၀က်ခွဲပေးရလေသည်။



မင်္ဂလာပွဲလာ တဲ့ ဧည့်သည် တချို့ ကလည်း ကျန်းမာရေးအရ မစား ဟု ဆိုကာ ကလေးတွေ ကို ပေးတတ်သည်။ ဒါမျိုး ပွဲနှင့် ကြုံ လာရင်တော့ သား တို့ က လက်မနှေးတတ် ပေ။ ဒီတခေါက် ပွဲကတော့ ထင်ထားသလိုမဖြစ်ပေ။ အားလုံးက ရေခဲမုန့် ခွက်ကိုယ်စီ ကိုင်လို့ ပေါ့။ ဒီတော့ နောက် ထပ် တခွက် ရအောင် ဘယ်လို လုပ်ရပါ့မလဲ။

အနားကိုလာတဲ့ စားပွဲထိုး ဦးလေးကြီး ကို ထပ်တောင်းရမလား။ တော်ကြာ မရဘူး ဆိုရင် ရှက်စရာကြီး။ ပြီတော့ အဖေ ကဆူ အုံးမယ်။ ဒါမျိုး တောင်းဖို့ ကိုတော့ သား နည်းနည်း ကြောက်တယ်၊

အမေ့ကို ပြောရင်ကောင်းမလား။ ဒါမျိုးကျတော့ အမေ ကြီးက အလိုက်သိတတ်သည်။ ထပ်ယူ အုံးမလား ဟု မေးသည်။ သားကလည်း ခေါင်းညိတ် လျက်။

ခက်တာ က ဟို အငယ်ကောင်လေး ။ ကိုကို စားရင် သားလည်း စားမယ် ဆိုတဲ့ ကောင်လေး။

စားပွဲထိုးက ရေခဲမုန့်  တခွက်ဆိုရင်တော့ ပေး မည် ထင်သည်။ ထို့ ထက်ပိုပြီး နှစ်ခွက် တောင်း ရင်တော့ ပေးချင်မှ ပေးလိမ့်မည်။ ခက်တာပဲ ။ ဒီကောင်ကလည်း ရေခဲမုန့့််ကို လွတ် ကြိုက်သည်။

နောက်ဆုံးတော့ အနားကိုလာသော မျက်နှာပြုံးပြုံးနှင့် စားပွဲထိုးကြီးက အလိုက်တသိ ရေခဲမုန့် နှစ်ခွက် လာချပေးသွားလေသည်။ ဒီတော့ မှ သား ဆန္ဒ တွေလည်း ပြည့်ဝသွားလေတော့သည်။



စားနေတုန်း မီးရောင်တွေ စူးစူး နဲ့ ဟိုထိုးဒီထိုး လိုက်လုပ်နေကြသည်။ တိဗွီ ရိုက်နေတာဟု ပြောသည်။ အော်.. ဒါဆို သား ပုံလည်း တိဗွီ ထဲမှာပါတော့မှာပေါ့ ။ ဒါပေမယ့် သိပ်မကြာလိုက် . သူတို့ က ကလေး ဆိုတော့ သေချာ မရိုက်ပဲ ခပ်မြန်မြန် လေး ရိုက်သွားပုံရသည်။ ရပါတယ်လေ။ နေနှင့်အုံးပေါ့။ စားပြီတော့ မှ သတို့ သား ၊ သတို့ သမီးနားကို မယောင်မလည်နဲ့ ဟိုလျှောက် ဒီလျှောက် သွားလုပ်လိုက်အုံး မယ်။

အရင်တခါ ပွဲတုန်းက ဟိုကောင် ဖိုးမြတ် လည်း ဒီလို ပဲ။ လူကြီးတွေ က လက်ဆွဲ နှူတ်ဆက်နေတုန်း သူက ဘေးကနေ ကန့် လန့် ကန့် လန့် .. နောက် တစ်ပတ် ကြာလို့  မင်္ဂလာဆောင် ဗီဒွီယို အခွေ ပြန်ကြည့်တော့ သူ့ ရဲ့ ပုံတွေ ချည်းပါပဲလား။ ဒီကောင် က နေရာတကာ လူရည် လည် သည်။



အားလုံးစားသောက်ပြီးတော့ အမှတ်တရ ဓာတ်ပုံ ရိုက်ကြအုံးမယ် ဟု ဆိုလေသည်။ ဓာတ်ပုံ ဆိုရင်လည်း လှလှ လေး ဖြစ်အောင် တော့ ပြုံးထားအုံးမှ ။ အဖွား ကလည်း သူ ၀တ်ထားသော စိန်လက်ကောက်ကြီးကို ဓာတ်ပုံထဲ ပါအောင် တမင် ကို ရှေ့ ထုတ်ဝတ်လေသည်။ သား ရဲ့ အန်တီ ကလည်း သူ့ လည်ပင် က စိန်ဘယက် ကြီးကို ခပ်ကြွားကြွား လေးပင်။

ဒီတော့ အမေ့ ကို ကြည့်လိုက်သည်။ အမေသည် ရွှေဆွဲ ကြိုး ခပ်ပါးပါးလေးသာ ။ သူလည်း သူများတွေ လို စိန်ဘယက် ကြီး ၊ စိန် လက်ကောက်ကြီးတွေ ၀တ်ချင်မှာပဲနော်။

အမေ့ ကို မေးကြည့်ဖူးသည်။ သူများတွေလို စိန် တွေ ဘာတွေ မ၀တ်ချင်ဘူးလား ဟု မေးဖူးသည်။ သူကတော့ ပြန်ပြောသည် ငါ က စိန် ဘယက်တွေ ၊ စိန်လက်စွပ်တွေ ၀ယ်လိုက်ရင် ငါ့ သားတွေ ရဲ့ ကျောင်းစရိတ်ဖိုး ၊ မုန့် ဖိုးတွေ ကုန်သွားမှာပေါ့ ဟု ပြန်ဖြေလေသည်။

အဖေ ကတော့ ဒီလိုမပြော။ သူအမြဲပြောတာက မင်းတို့ အမေ က ပညာတွေ အများကြီးတတ်တာပဲ ။ မဟာ ၀ိဇ္ဖာ ဘွဲ့ ရထားပြီးသားလေ တက္ကသိုလ်က ဆရာမကြီး. ကွ ။ ရွှေတွေ စိန်တွေ မ၀တ်လည်း တန်ဖိုးရှိပြီးသားပါကွာ ဟု ကြံဖန်အားပေးတတ်သည်။ သြော် … ပညာတွေ အများကြီးတတ်ရင် ရွှေ တွေ ။ စိန်တွေ ၀တ်စရာ မလိုပါလား။

ဒါပေမယ့် .. ဟိုဘက် ၀ိုင်းမှာထိုင်တဲ့ ဆရာဝန် ကြီး လင်မယားလည်း ပညာတွေ အများကြီးတတ်တာပဲ။ ဒါပေမယ့် . လင်ရော မယားရော ၀တ်ထားလိုက်တဲ့ စိန်တွေ . သီးနေတာပဲနော်။

ထားလိုက်ပါအမေ ရယ်။ သား ကြီးလာရင် ပိုက်ဆံတွေ အများကြီး ရှာပြီး အမေ့ ကို တကိုယ်လုံးကို စိန်စီ ပေးမည် ဟု အားပေးမိပါသည်။



ဟိုတယ် ဘက် အပြင်ကို ထွက် လိုက်တော့ အင်းလျားကန်ကြီး ကို တွေ့ ရသည်။ ညနေစောင်း မှောင်ရီပျိုးစ . အင်းလျာကန်သည် တကယ့်ကိုလှပါသည်။ ဟိုတယ် ကြီးကလည်း တကယ့်ကိုခမ်းနား ပါသည်။

အဖွား ကလည်း မုန့် တွေ ကောင်းလို့ ဒီ ဟိုတယ် ကို သဘောကျနေသည်။

ဒါတောင် . ဦးနေ၀င်းကြီး ကောင်းလို့ ။ သူ ဆောက်သွားတာပေါ့ဟု အဖွား က ပြောသည် ။

အဲဒီလူ ကြီးကိုကျေးဇူးတင်ရမလား ။



အဖေ့ မိတ်ဆွေ ဦးလေးကြီးကတော့ သား နားမလည်သော စကား တွေကို ပြောသည။်

သူများနိုင်ငံက ဟိုတယ်တွေ ဆိုရင် ဒီထက် အများကြီး ကောင်းကြောင်း

ဒီ နိုင်ငံ က ဆိုရှယ်လစ် နိုင်ငံ ဆိုတော့ ဓနရှင် အသိုင်းအ၀ိုင်း တွေ ရဲ့ ပကာသန တွေ ကို သိပ်မကြိုက်လို့ ဟိုတယ် ကောင်းကောင်း ဆိုလို့ ဒီတစ်လုံးသာ ရှိကြောင်း ပြောလေသည်။



ဟင်.. ဆိုရှယ်လစ် ဆိုတဲ့ လူကြီးတွေ ကလည်း ဒီလို ဟိုတယ်ကြီးတွေ ဘာလို့ မကြိုက်တာလဲ။ သူတို့ က ရေခဲမုန့် ကောင်းကောင်းလည်း မကြိုက်ဘူးပေါ့။

အဲဒီ ဦးနေ၀င်း ဆိုတဲ့ လူကြီးကလည်း တမျိုးပါလား ။ သူကတော့ ကောင်းကောင်းနေပြီတော့ ပြည်သူ လူထုကိုတော့  မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် အောင်ရမည် .. ဘာဖြစ်တယ်။ ညာဖြစ်တယ်နဲ့  မတရားသလိုပဲနော်။

ဒီလူကြီးကရော သား လို မျိုး နေ့ တိုင်းရေခဲမုန့် တွေ လာစားမှာပဲနော် ဟု မေးကြည့်ဖူးသည်။

ထိုအခါ အဖေ့ မိတ်ဆွေ က ရယ်ကျဲကျဲ နှင့် ပြန်ပြောသည်။ သူ က မင်းလိုတော့ ရေခဲမုန့် မစားဘူး။ ရေခဲမုန့် ထက် ကောင်းတဲ့  ရတနာ နတ်မယ် ပဲ စားတာကွ ဟု ပြောဖူးသည်။



ရေခဲမုန့် ထက် ကောင်းတဲ့ ..ဘာတဲ့..ရတနာ..ဘာ မယ်ကြီး ဆိုလား… အဲဒါ ကြီးလည်း သားကြီးလာရင်တော့ ၀ယ်စားအုံးမယ်။ ချောကလက်လေးတွေ ရော ပါ ပါ့မလား။

သားက တော့ ကောင်းကောင်းနေ ကောင်းကောင်းစားရတဲ့  ဓနရှင် ဆိုတဲ့ လူတွေ ကိုပဲ ကြိုက်တယ်။ သားကြီးလာရင် ဓနရှင် ကြီးတွေရဲ့ နိုင်ငံကိုသွားပြီ ဟိုတယ် ကြီးကြီးတွေ မှာ ရေခဲမုန့် ကောင်းကောင်းတွေ ကိုသွားစားလိုက်အုံးမယ်ဟု တွေးထားလိုက်မိသည်။



ကဲ . အားလုံးပြီး ပြီ ၊ အိမ်ပြန်ဖို့ ပဲ ရှိတော့မည်။ အားလုံးကို ပြုံးပြုံးရွှင်ရွှင် နှင့် နှုတ်ဆက်ကြရင်း အိမ်ပြန်ဖို့ ပြင် လေတော့သည်။ ခက်တာက ပြန်ဖို့ အတွက် ကား မရှိ ။ ဒီဟိုတယ် က လေးဘီး ကားလေး ထွက်ခေါ်ဖို့ လည်း အဆင်မပြေ နိုင်ပေ။

ဒီတော့ ကလေးတွေ က အဒေါ် ကြီး တို့ မိသားစု ရဲ့ ကားနဲ့ လိုက်သွားကြမည်။ အဖေနှင့် အမေ ကတော့ မိတ်ဆွေ တစ်ယောက်ရဲ့ ကားနဲ့ ကားကြုံလေး လိုက်ပေါ့ ။ အော် . ကိုယ်ပိုင်ကားလေးမရှိတော့ မိသားစု တကွဲတပြား ပြန်ကြရပါလားနော်။

သားကြီးလာရင် အမေ့ ကို စိန် ဘယက် ကြီ ၀ယ်ပြီး ရင် ကား အကြီး ကြီး ၀ယ်မယ်။ ပြီးရင်မိသားစု အားလုံးအတူတူ ဟောဒီအင်းလျားလိတ်ဟိုတယ်ကြီးကို နေ့ တိုင်းလာပြီး ရေခဲမုန့် တွေ တ၀ကြီးလာစားမယ်။

အခုတော့ သူများ မိသားစု တွေ ကိုယ်ပိုင်ကား လေး ထဲမှာ အတူတူ စီးရင် ပျော်ပျော်ရွင်ရွင် သွားကြတာကို ငေးမောကြည့်ရင်းပေါ့လေ။



ကားပေါ်ကနေ အားလုံးကို လက်ပြနှူတ်ဆက်ပြီးတော့ အဝေး ဆီမှာ မှုန်ပျပျ ကျန်ခဲ့တဲ့ ဟိုတယ် ကြီးကို ကြည့်ရင်း စိတ်ထဲကလည်း ရေခဲမုန့် နောက်တစ်ခွက်ကို တမ်းတ လိုက်မိပါတယ်။



သားသားဖိုးလပြည့်အမှန်တရားများ ဖြစ်ပါသည်။








ဒီတသက်တော့ ဝေး ပြီ ထင် ပါ့


Coffeshop ဆိုင်က မိတ်ဆွေ တစ်ဦးကတော့ အကြံပေးဖူးပါသည်။ ရေခဲမုန့် စားပြီးလျှင် ပူစီနံ ဟုခေါ်သော အရွက်စိမ်း လေးကို စားသင့်ပါသည်။ ထို အရွက်တွင်ပါသော ပူရှိန်းရှိန်း ဓာတ်တမျိုးသည် လည်ချောင်းနာခြင်း ၊ အာသီရောင်ခြင်း ကိုဖြစ်ပေါ်စေသော ဘက်တီးရီးယားများ ကို နိုင်နင်းသဖြင့် ထို ဝေဒနာများ မဖြစ်ပေါ်ဟု ဆိုလေသည်။

မှန်၏ မမှန်၏ ကိုတော့ တတ်ကျွမ်း နားလည်သော ဆေးပညာရှင်များသာ အတည်ပြုနိုင်ပေမည်။

ထို ပူစီနံ ရွက်ကို အစိမ်းတိုင်း ၀ါးစား လိုက်လျှင်တော့ ပါးစပ်ထဲတွင် ရှိန်းမြမြနှင့် ခံတွင်း ရှင်းသွားသည်ကတော့ အသေအချာပင်

ကျွန်တော် သည် ရေခဲမုန့် နှင့် အတော် ကံစပ် သည်ဟု ဆိုရမည်လား ။ လွန်ခဲ့သော ၄ နှစ် ခန့် က ပစ္ဆိမာရုံ ဘုန်းကြီးကျောင်းတွင် ဖွင့်လှစ်သော စီးပွားဖြစ် စားသောက်ကုန် လုပ်နည်း သင်တန်း ကို တတ်ရောက်ခဲ့ဖူးသည်။ ထိုသင်တန်းတွင် ရေခဲမုန့် ပြုလုပ်ပုံ အဆင့်ဆင့်ကို စာတွေ့ ၊ လက်တွေ့ ရှင်းပြသည်။ ရေခဲမုန့် တွင် အဓိက ပါဝင်သည်က နို့ ဆီ နှင့် နို့ ဖြစ်သည်။ ထို့ နောက် အနံအရသာအတွက် လိုအပ်သည်တို့ ကို သိမ်ကြီးဈေးရှိ ပရဆေး ဆိုင်တွင် ၀ယ်ယူ ရရှိနိုင်ကြောင်းသိရလေသည်။ ပြုလုပ်ပုံနည်းကတော့ ရိုးစင်းပါသည် ။ သို့ သော် ထိုသို့ ပြုလုပ်ရာတွင် ဘုန်းကြီးကျောင်း ဖြစ်သည့်အတွက် ပစည်း ကိရိယာ မစုံလင်ချေ ။ ထို့ ကြောင့် ရေခဲမုန့် တော့ မယ်မယ် ရရ ဖြစ်မလာခဲ့ပေ။



ရေခဲမုန့် ၏ သမိုင်းသည်လည်း အတော့ိကိုစိတ်ဝင်စားဖွယ် ကောင်းလှသည်။ ရှေးအခါက ဂရိပြည်မှ တိုက်တိုင်း အောင် စစ်ဘုရင်ကြီး အလက်ဇန္ဒား ( Alexander the Great) သည် ဥရောပ တိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်ပြီး သောအခါ တစ . တစ နယ်ချဲ့ ရင် အာရှမိုင်းနား ဘက်ကိုရောက်လာခဲ့သည်။ ထိုအခါ အိန္ဒိယ ပြည်ဘက်ကို သိမ်းပိုက်ရန် ခြေလှမ်း ပြင်လေတော့သည်။ သို့ သော် . အိန္ဒိယ ပြည်၏ ဆင် တပ် ကို ဥရောပ သား တွေ တခါမှ မမြင်ဘူး ကြသဖြင့် ကြောက်လန့် တကြား ပြေးကြရာ တပ်ပျက် လေတော့သည်။ စစ်ရှံးဘုရင် ကြီးလည်း ကိုယ်လွတ် ရုန်းပြေးရင် . ဟိမ၀န္တာ တောင်တန်းများ ဆီသို့ ရောက်ရှိလေတော့သည်။ ထိုအခါ တောင်ထွဋ်ဆီမှ အရည်ပျော်လာသော နှင်း ခဲလေးကို သူ့ တွင်ပါလာသော စပျစ်ဝိုင် နှင့် ရောပြီး စား လေရာက ရေခဲမုန့် ကဲ့သို့ အရသာရှိကြောင်း တွေ့ ရသည် ဟု သမိုင်းမှတ်တမ်းများက ဆိုလေသည်။

သို့ ဆိုလျှင် ထို စစ်ဘုရင် ကြီးသည် ရေခဲမုန့် ၏ ဖခင်ကြီး ဖြစ်ဖွယ်ရာ ရှိသည်။ ဒီဘုရင်ကြီးရော ကျွန်တော့် လို အာသီး မရောင်ဘူးလား မသိ ။

ကျွန်တော်က ရေခဲမုန့် ကို စား လို့ မဖြစ်နိုင်တော့ကြောင်း ပြောသောအခါ သူငယ်ချင်းတစ်ဦးကတော့ ပြောသည် . မင်း တချိန်မှာတော့ ရေခဲမုန့် ကို သေချာပေါက် ထပ်စားရအုံးမယ် ဟု ဆိုလေသည်။ သူ ဘာကိုဆိုလိုပါလိမ့် ။

သူငယ်ချင်းများ ၏ မိတ်ဆုံစားပွဲ တွေ မှာလား။ ဒါလား မဖြစ်နိုင်ပေ ။ လူဟောင်းတွေ ပြန်ဆုံးလျှင် ဘီယာ အရက် ကိုသာအတင်းတိုက် လေ့ရှိသည်။ မည်သူမှ ကလေးကလား နိုင်သော ရေခဲမုန့် ကို အတင်းကျွေးမည်တော့ မဟုတ်ချေ။ ဒါဆို …

မင်း တချိန် မင်္ဂလာ မဆောင်တော့ဘူးလား ။ သူက ထပ်ဆိုလေသည်။ အဲဒီ ပွဲ မှာတော့ မင်းရဲ့ ချစ်ဇနီး လောင်း သတို့ သမီးလေးက မင်းကို ရေခဲမုန့် တွေ အပြန်အလှန် ခွံ လိမ့်မယ်။



အော်.. ဒီကောင် တော်တော် အတွေး ကောင်းပါလား။ သူပြောမှ အမေ နှင့် အဖေ တို့ ၏ မင်္ဂလာဆောင် ရေခဲမုန့် အပြန်အလှန် ခွံ ကျွေးနေကြပုံကို ပြန်မြင်ယောင်သည်။ ဓာတ်ပုံ ဆရာကလည်း ထို ပုံကို ရှူထောင့် မျိုးစုံ မှ လက်စွမ်း ပြထားသဖြင့် လှပသော ဓာတ်ပုံ များ များ ဖြစ်လေသည်။ ဒါဆိုရင်တော့ သေချာ သွားအောင် အမေ့ ကို မေးကြည့်ရအုံးမယ်။ ချစ် ၍ခွံသော ရေခဲမုန့် သည် အားသီးမရောင် ၊ လည်ချောင်းမနာ ဘူး လော။

ဒါကတော့ တစ်သက်တွင် တစ်ခါ ပေမို့ လည်ချောင်း နာ ချင်လည်း နာပစေတော့လေ။

ချစ်၍ ကျွေးသော ရေခဲမုန့် သည် လျှာပေါ်တွင် ချိုမြပြီး ရင်ထဲ သို့ အေးမြ သွား မည်မှာ သေချာပါသည်။ မေတ္တာ သစ္စာ တို့ ဖြင့် ထုံးမွမ်း ထားသော ရေခဲမုန့် ကို စား လိုက်ရရင် ဖြင့် လူဖြစ်ကျိုး နပ်တော့မည် ပ ဟူ သာ ဟစ်အော်လိုက်ချင်ပါတော့လေသတည်း ။
.

ကောင်းသထက်ကောင်းအောင် ကြိုးစားနေမည့်

ဇော်ပြည့်

္မဤ ပို့ စ်ကို www.roadtoarabian.blgospot.com တွင် ရှူရန်

အမေရိကန်တွင် နိုင်ငံရေး ခုံလှုံခွင့်တောင်းခံနေရသော ဂေး ဆော်ဒီသံအမတ်

သက်တံ့အယ်ဒီတာအဖွဲ့။ 20/September/2010
အမေရိကန် နိုင်ငံအတွက် စေလွှတ်ထားတဲ့ ဆော်ဒီအာရေးဘီးယား သံအမတ် တယောက်က မိမိကိုယ်ကို ပွင့်ပွင့်လင်းလင်း လိင်တူချစ်သူပါလို့ ထုတ်ဖော်ပြောဆို ခဲ့ပြီးတဲ့နောက် များမကြာမှီမှာ အမေရိကန် နိုင်ငံအတွင်း နိုင်ငံရေး ခိုလှုံခွင့်ကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ကိုယ့်ကိုယ်ကို လိင်တူချစ်သူ တယောက် အနေနဲ့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ ဆော်ဒီနိုင်ငံရဲ့ သံတမန် တယောက်ဖြစ်တဲ့ အာလီအာမတ်အာစရီဟာ အခုလို ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောဆိုပြီးတဲ့ နောက်ပိုင်းမှာ အသက်အန္တရာယ်ကို ငြိမ်းခြောက်တဲ့ ပေးစာတွေကို လက်ခံရရှိခဲ့တဲ့ နောက်ပိုင်း ပိုပြီးစိုးရိမ်စရာ ရှိတဲ့အတွက် အခုလို နိုင်ငံရေး ခိုလှုံခွင့်ကို တောင်းခံခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
အမေရိကန်နိုင်ငံ ပြည်တွင်းလုံခြုံရေး ဌာနရဲ့ ထုတ်ဖော် ပြောဆိုချက်အရ ဆိုရင်လည်း ဆော်ဒီအာရေးဘီးယား အစိုးရဟာ အာလီရဲ့ သံတမန်ရေး နိုင်ငံကူး လက်မှတ်ကို ရုတ်သိမ်း ပေးခဲ့တယ်လို့ အတိအလင်း ပြောကြားခဲ့ပါတယ်။
အဲဒီအပြင် NBC သတင်းဌာနက အာလီဟာ ဆော်ဒီအာရေးဘီးယားရဲ့ ခေတ်နောက်ပြန်ဆွဲနေတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေ၊ စစ်ဖက်ဆိုင်ရာ အကြမ်းဖက်မှုစတဲ့ လုပ်ရပ်တွေဟာ အစ္စလန်ဘာသာရဲ့ ကောင်းမွန်တဲ့ ဂုဏ်သိက္ခာတွေကို ညှိုးညွှမ်းစေတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့သလို ဒီထက်ဆိုးတာက သူက အမေရိကန်နိုင်ငံမှာ စည်းစိမ်ဂုဏ်မကာသနတွေကို ယစ်မူးနေတဲ့ ဆော်ဒီတော်ဝင် မိသားစုဝင်တွေကို ပယ်ပယ်နှယ်နှယ် ဝေဖန်ပြောဆိုမှုတွေကို ဆော်ဒီအာရေးဘီးယား ၀က်ဆိုဒ်ပေါ်မှာ ထုတ်ဖော်ပြောဆို ခဲ့တာကြောင့်လည်း ဖြစ်တယ်လို့ ထုတ်ဖော်ပြောဆို ခဲ့ပါတယ်။
အဲဒီအပြင် အခုလို အသက်အန္တရာယ် ခြိမ်းခြောက်လောက်တဲ့အထိ နောက်ထပ်ပံ့ပိုးပေးတဲ့ အချက်တစ်ချက်ကတော့ အာလီက ကျနော်ဟာ မူဆလင် ဘာသာဝင်တော့ ဖြစ်ပါတယ်။ ဒါပေမယ့် အမှန်တကယ် လိုက်နာကျင့်သုံးနေတဲ့သူတော့ မဟုတ်တော့ပါဘူး။ ဒါပေမယ့် ဘုရားသခင်ကိုတော့ ကျနော်ယုံတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တဲ့ အချက်လည်း ပါဝင်တယ်လို့ သိရပါတယ်။
နိုင်ငံရေး ခုံလှုံခွင့်တင်တောင်းခဲ့တဲ့ စာထဲမှာတော့ မစ္စတာအာလီက ကျနော် အသက်အန္တရာယ်နဲ့ ကြုံနေရပါပြီ။ တကယ်လို့သာ ကျနော့်နိုင်ငံကို ပြန်ပို့ခံရမယ်ဆိုရင် ကျနော်အသတ်ခံရမှာ လုံးဝကို သေချာပါတယ်။ ကျနော့်အသံကို ခံစားပေးကြပါ။ ပြီးတော့ ဒီကမ္ဘာပေါ်မှာ ကျနော်တယောက်တည်းပဲ မဟုတ်ဘူး ဆိုတာကိုလည်း သူတို့တွေသိအောင် ပြောပေးကြပါလို့ ရေးသားထားခဲ့ပါတယ်။
အာလီဟာ အခုချိန်မှာ ဆိုလို့ရှိရင် အသက်အန္တရာယ်အတွက် ပုန်းကွယ်ရှောင်းတိမ်း နေရတယ်လို့ သိရပါတယ်။
ဆော်ဒီအာရေးဘီးယားမှာ လိင်တူချင်းဆက်ဆံတာကို သေဒဏ်အဖြစ် ချမှတ်ပေးလို့ရတဲ့ ဥပဒေရှိပါတယ်။ သို့ပေမယ့် ၂၀၀၂ခုနှစ် ကတည်းကနေ အခုချိန်ထိ သေဒဏ်ချမှတ်တာမျိုးတော့ တစ်ခုမှ မတွေ့ရသေးဘူးလို့ ဆိုပါတယ်။


Resource by : Internet

Tuesday 14 September 2010

လိုချင်အုံး ဟဲ့  N95



လောကတွင် အလိမ် ခံရသူများ သည် သူတို့ ၏ အတွင်းစိတ်ထဲမှာလည်း

တပါးသူအပေါ်တွင် မတော်လောဘ ဖြင့် လိမ်လည်လိုသော စိတ် (တနည်း )

အချောင်နှိုက်ချင်သော စိတ်ဓာတ်အခံ က ငါးဆယ်ရာခိုင်နှူန်း

ခန့် ရှိပေသည်။


လိုချင်အုံး ဟဲ့  N95


လွန်ခဲ့သော တစ်နှစ်ခွဲ ခန့် က ဖြစ်ပါသည်။

ဆော်ဒီအာရေးဗီးယား သို့ ရောက် ရှိပြီး ၈ လခန့် အကြာ။

ထိုစဉ်က Nokia (N95) ဟုခေါ်သော လက်ကိုင်မိုဘိုင်း ဖုန်းများ ခေတ်စားနေသော အချိန်ဖြစ်ပါသည်။ သို့ သော် ဈေးနှူန်းကြီးမြင့် သောကြောင့် လူတိုင်း နီးပါး မကိုင်နိုင်သေးပေ ။ ကျွန်တော် အလုပ် လုပ်ရာ ဟိုတယ် တွင်လည်း ဟိုတယ် သူဌေး သား တစ်ဦးသာ ၄င်း မိုဘိုင်းဖုန်းမျိုးကို ကိုင်နိုင်သော အနေအထား ဖြစ်သည်။

ဟိုတယ် သို့ လာရောက်ကြသော ဧည့်သည်များ မှ တစ်ဦးစ ၊ နှစ်ဦးစ သုံးနေကြသည်ကိုတော့ အမှတ်တမဲ့ သတိပြုမိပါသည်။

ထို့ ကြောင့် လက်ရှိကိုင်နေသော NOKIA 2626 ဟုခေါ်သော အလွန်မော်ဒယ် နိမ့်သည့် မိုဘိုင်းဖုန်းနေရာတွင် ထို့ ထက်ပို ပြီး အဆင့်မြင့်သော လက်ကိုင်ဖုန်းတမျိုးကို အစားထိုး ကိုင်ရလျှင် ကောင်းလေစွ ဟု တွေးတောမိ၏။ သြော်.. ငွေ စ ကြေး စ လေး က မစို့ မပို့ ရှာနိုင်တော့ လည်း လူကြား ထဲမှ ဟန်းဖုန်း တလုံးနဲ့ ကြွားလုံးထုတ် ဟန်လုပ် ချင် တယ်ပေါ့လေ။

ဒီလို နဲ့ တနေ့ သော နေသာချိန် ညနေခင်းတခု..


မှတ်မှတ်ရရ ထိုနေ့ က ကြာသာပတေးနေ့ ၊ လခ ထုတ်ပြီး လက်ထဲငွေရွင် နေသောကာလ ဖြစ်ပါသည်။

ညနေပိုင်း ဗလီ မှ အာဇံပေး သော (salam time) ဖြစ်သောကြောင့် လမ်းပေါ်တွင် ယဉ်အသွားအလာရှင်းနေပြီး . ပလက်ဖောင်းပေါ်တွင်လည်း လူသူ ကင်းရှင်းနေပါသည်။ ကျွန်တော် နှင့် တခန်းတည်းနေ သူငယ်ချင်း

တို့ ကတော့ လက်ပတ်နာရီ ၀ယ်ယူရန်အလို့ ဌာ Al-Jubail မြို့ ရဲ့ အထင်ကရ မြို့ လယ်ခေါင် JUBAIL Centre ကြီးဆီသို့ ဦတည် လာကြပါသည်။

ထိုစဉ် JUBAIL Centre အနီးက မီးပွိုင့် အနီးတွင် မထင်မှတ်ပဲ အိန္ဒိယ အနွယ်ဖွား ကိုရွှေကုလား တစ်ယောက် . ဟန်းဖုးန်မဲမဲလေး တစ်လုံး ကို လာပြပါသည်။


ပါရေး . ပါရေး . ဟု (ဖိလစ်ပိုင် ဘာသာ - သူငယ်ချင်း) ခေါ်ကာ သူ့ ပစည်းကို ၀ယ်ဖို့ လာစွယ်နေပါသည်။

ကျွန်တော် တို့ နှစ်ယောက်ကလည်း ထို ဖုန်းလေးကို အသေအချာ ကြည့် လိုက်သောအခါ .

ဟင် .. ဒါဖုန်းမျိုးက ဟိုတယ်က သူဌေးသား ကိုင်တဲ့  Nokia (N95) ပါလား ၊ ဒီကုလား ကို ကြည့်ရတာ ငါ တို့ ရန်ကုန်မြို့ ၊ ရွှေဘုံသာလမ်းက ဘိန်းစား တန်းက ကောင်တွေလို မျိုး ငွေလို လို့ လာရောင်းတာထင်တယ်။ ဒါမှမဟုတ် သူများ ဖုန်း ကို ခိုး လာပြီး လာရောင်းတာလားမသိ ။

အို.. ဘာပဲ ဖြစ်ဖြစ် ဗဟုသုတ အနေနဲ့ စပ်စု လိုက်တာ မမှားပါဘူး။ ၀ယ်ချင်ဝယ် မ၀ယ်ချင်နေပေါ့။

ကျွန်တော်က ထိုသို့ စဉ်းစာ နေဆဲမှာပင် .အာသွက်လျှာသွက် (အကုန်သွက်) ရှိလှသော သူငယ်ချင်းက

Par ray , kam har thar . (ဟေ့ သူငယ်ချင်း ဒါဘယ်လောက်လဲ )ဟု လှမ်းမေးလိုက်ပါသည်။

ထိုကုလား လေး မှာ ချက်ချင်းမဖြေသေးပဲ . OK , OK .. come with me. Here, musakilar ( အိုကေ လိုက်ခဲ့ပါ၊ ဒီနေရာက ပြသနာ ရှိနိုင်တယ် ) အရောင်းအ၀ယ်လုပ်ရန်မသင့် လို့ ဆိုလိုပါသည်။


ထို့ နောက် ကားလမ်းမကြီးကိုကူးကာ တဘက်တချက်ရှိ လူသူကင်းရှင်းသော ဖြတ်လမ်း ကဲ့သို့ သော လမ်းတိုလေး တစ်ခုထဲသို့ ဦးဆောင် ခေါ်သွားပါသည်။ ကျွန်တော်တို့ ကတော့ စိတ်ထဲကသိလိုက်ပါပြီ။ ဒီကောင် သူများ ပစည်း ခိုးလာပြီး ငါ တို့ ကို သူခိုး ဈေး နဲ့ ပြန်ရောင်း တော့ မှာပါလား။ ဒါကြောင့် လူရှင်းတဲ့နေရာ ကို ခေါ်သွားတာပေါ့။

လမ်းကြားလေးထဲသို့ ရောက်သောအခါ. ထိုသူမှ သူ၏ ဖုန်းကို ကျွန်တော်တို့ ကို သေချာပြပါသည်။

ဖုန်းအမဲရောင် လေး။ သေချာပါသည်။ Nokia N95 8G ပင်ဖြစ်သည်။ ဖုန်း လေးသည် တကယ့်ကို အသစ် ချက်ချွတ် ပင်ဖြစ်သည်။ original box ဟုခေါ်သော စက္ကူဗူး မပါသည်ကလွဲ လျှင် တကယ့်ကို အသစ် စက်စက် .


ကျွန်တော်တို့ နှစ်ယောက် လုံး မျက်လုံးများ ၀င်းခနဲ တောက်သွားပါသည်။ ပါးစပ်ကလည်း မသိမသာ ပြုံးလိုက်ကြသည်။ တကယ့်ကို တန်ဖိုးရှိတဲ့  ဟန်းဖုန်းကြီးကို သူခိုးဈေး နဲ့ အချောင် ရတော့မည် ဟူ…. ကြိတ်ပြီး ၀မ်းသာ လိုက်မိသည်။

သူငယ်ချင်းကပဲ စပြီးမေးသည်။ Par ray , kam har thar ( ဒါဟာ ဘယ်လောက် ပါလဲ သူငယ်ချင်း )

ကုလားလေးက ဘာမှ ပြန်မဖြေသေးပဲ ခပ်ပြုံးပြုံးသာ ကြည့်နေသည်။

ပြီမှ. အဆိုပါ ကုလားလေးက (Par ray , har thar N95, you marlou ) သူငယ်ချင်း ဒီဟာက N95 နော်. မင်း သိရဲ့ လား ဟု အဓိပါယ် ရသည်။

သူငယ်ချင်းကလည်း စိတ်မရှည်စွာဖြင့်

OK , OK,,I know , kam , kam ဟုထပ်မေးသည်။ ( အိုကေ.. ဘယ်လောက်လဲ..ဘယ်လောက်လဲ)

သူကဈေးနှူန်းကို မပြောသေးပဲ ဝေ့လည်ကြောင်ပတ်လုပ်နေသည်။ အတန်ကြာမှ one thousand (1000 SR) ဟုစ . ပြောသည်။

Original N-95 ၏အသစ် ဈေးနှူုန်းအမှန်မှာ ၁၅၀၀ ကျော်ခန့် ရှိသည်။ ယခု ၁၀၀၀ ဆိုတော့ မဆိုးပါဘူး.. ပစ္စည်းလေးက လည်း တကယ့် အသစ်အတိုင်းပါပဲ. ဒီကုလား ဘယ်ကနေ သွား ခိုး လာပြီး ငါ တို့ ကို လာပြန်ရောင်းတာလည်းမသိဘူး ။

ထို့ နောက် သူငယ်ချင်းက သေချာ စစ်ဆေးကြည့်သည်။ ဖုန်းခေါ်ကြည့်သည်။ ကင်မရာ ရိုက်ကြည့်သည်။ ဗိဒွီယို လည်း ရိုက်ကြည့်သည်။ အမျိုးစုံစမ်းသပ်ကြည့်သည်။

နောက်ဆုံး စမ်းသပ်စရာ ဆိုလို့ ဝိုင်ယာလက် အင်တာနက် (wifi) တမျိုးသာလျှင်ကျန်တော့သည်။

ထို့ အရာကတော့ မလွယ်။ ကားလမ်းမဘေးတွင် ၀ိုင်ယာလက် မရနိုင်။ ထို့ ကြောင့် ဟိုတယ် ရောက်လို့ ဝိုင်ယာလက် ဧရိယာကိုရောက်တော့မှ စမ်းသပ် ကြည့်မယ် ဟု တွေးမိသည်။ ယခု အချိန်မှာတော့ wifi button လေးကိုနှိပ်လိုက်တိုင်း wifi connection not available ဆိုသည့်စာတန်းသာပေါ်လာပေသည်။

အလုံးစုံကို သေချာစွာစစ်ဆေးပြီးနောက် ဈေး ကို ထပ်မံညှိနှိုင်းကြသည်။ ဈေးသည် ပါး ၀ နေသော သူငယ်ချင်းက ပဲ စတင်ပြီး ဈေးဆစ်လေတော့သည်။ သူက ၅၀၀ သာ ပေးနိုင်မည့် အကြောင်း ပြောသည်။ ကုလားလေး ကလည်း ၇၅၀ ဟု တင်းခံသည်။ ကျွန်တော်တို့ ကလည်း အမျိုးစုံ ၀ိုင်းဆစ် ပြောကြသည် ။ သူ့ ဘက်ကလည်း မလျော့ ချေ။ ဆိုင်မှာ သွားဝယ် လျှင် ယခု ဈေးထက် နှစ်ဆ ခန့် ပေးရလိမ့်မည်ဟု ဆိုသည်။

အရေးထဲ ဒင်း ကလည်း ကုလား မူ .. မူနေပြန်သေးသည်။

နောက်ဆုံးမှာတော့ သူငယ်ချင်းက ၅၀၀ တန်တစ်ရွက်ထုတ်ပေးလိုက်သည်။ ပိုက်ဆံအိတ်ထဲမှာလည်း ၅၀၀ တန်တစ်ရွက် ကလွဲရင် ဘာမှ မရှိတော့ကြောင်း ဗလာဟောင်းလောင်း ဖြစ်နေသော အိတ် ကို ဖွင့် ပြလိုက်သည်။

ဒီတော့ မှ အရောင်းအ၀ယ် တည့်သွားသည်။ သူငယ်ချင်းကတော့ N95 ဖုန်းကြီးကို ငွေ ၅၀၀ မျှဖြင့် အချေင် နီးပါး ရလိုက်ပေပြီ ။ လက်ပတ်နာရီ ၀ယ်ဖို့ လာတာ အခုတော့ စိုင်ကော်လို့ ခြုံပေါ်ရောက် ၊ ဆော်ဒီ ရီယယ် ၅၀၀ မျှဖြင့် Nokia ၏နောက်ဆုံးပေါ် အမျိုးအစား ဟန်းဖုန်းကို ရလိုက်ပေပြီ. ကံကောင်းလေစွ ။

ဒီအချိန်မှာ ငါ လည်း တွေ ဝေ နေလို့ မဖြစ် ၊ အခွင့်အရေးဆိုတာ နှစ်ခါ မပေါ် ။ ဒါမျိုး အချောင် တစ်လုံး ထပ်ရဖို့ ကလည်း နောက်တခါ မလွယ် လှပေ ၊ လူတော် ဆိုတာ ပေါ်ပေါက်လာတဲ့ အခွင့်အရေးကို အမိအရ ဆုပ်ကိုင်နိုင်ရပေမည်။ သို့ မှသာ လူပေါ်တွင် လူဇော် လုပ်နိုင်မည်။ .. ငါ ဟဲ့  ဇော်ပြည့်


ချက်ချင်းပင် အားကျမခံ ကျွန်တော်ကလည်း ပြန်မေးလိုက်သည်။

Do you have another one? Like this? Like this?

ကုလားလေးကလည်း ပထမတော့ မရှိတော့ သယောင် ပြုနေသည်။ ဆိုင်မှာ သွားယူ ရအုံးမယ်ဟု ဆိုနေသည်။

ရပါတယ်လေ .ကိစ္စ မရှိပါဘူး မရှိသေးရင်လဲ ငါ တို့  Jubail centre ဘက်ကို ခဏ လမ်းလျှေက်လိုက်အုံးမယ် ။ ပြီးရင် ဒီနေရာမှာပဲ ပြန်ဆုံမယ် မင်းဘက်ကသာ အဆင်သင့် လုပ်ထားလိုက် ဟု ပြောလိုက်သည်။

သို့ မှ သာ သူ၏ ဂျာကင် အကျီ င်္ ထဲမှ ဟန်းဖုန်း နောက်တလုံး . မျက်လှည့်ပြလိုက်သလို ဘွားခနဲ ပေါ်လာ ပါတော့သည်။

သြော် .ဒီ ကုလားကလည်း နောက်ထပ် တစ်လုံး ရှိသလား ဆိုတော့ ဝေ့လည်ကြောင်ပတ်။ ကုလားမူ ကလည်း အလွန်မူသည်။

ကဲပါ ဈေးမဆစ်တော့ပါဘူး ကိုယ့်သူငယ်ချင်းက ဈေးဖြတ်ပြီးသား ပဲ . အခန့် သင့် လိုက်လေခြင်း ။

အရောင်းအ၀ယ် ပြီးတော့ ကုလားလေးကို ကျေးဇူးတင်စွာဖြင့် ဖက်လှဲတကင်း နှုတ်ဆက်လိုက်ကြသည်။ သူ့ နာမည်ကတော့ မိုဟာမက် ဟု သိရသည်။ ဖုန်း နံပါတ်လည်း ပေးထားအုံးလေ။ ငါ့ တို့ သူငယ်ချင်းတွေ ဒီဖုန်းတွေ ကို အားကျ ပြီး လို ချင်ရင် မင်းကို ထပ်ခေါ်လိုက်မယ် ဟုတ်ပြီလား။

အော်…ကောင်းကင်က သိကြားမင်းများ လူယောင် ဆောင်ပြီး ငါ တို့ ကို N-95 ကြီးများ ပေးလေရော့သလား မိုဟာမက် ရယ်။

ကျေးဇူးကြီးပ . ကျေးဇူးကြီးပ .

သူငယ်ချင်းနှစ်ယောက် မြူးထူးပျော်ရွင်စွာဖြင့် မြို့ လယ်ခေါင်မှ JUBAIL Centre ကြီးဆီသို့ ပြေးဝင်လာကြသည်။ လူရှင်း သည့် အအေးဆိုင် တခုတွင် ထိုင်ပြီးတော့ အသစ်စက်စက် ဖုန်းလေးကို တယုတယ ပွတ်သပ်နေကြသည်။ အဟား …ပျော်လိုက်တာ။

ဓာတ်ပုံတွေကလည်း တဖျတ်ဖျတ် ၊

ထွက်လာသည့် ပုံတွေကလည်း ပြုံးပျော်ရွင်နေသော မျက်နှာ တွေချည်းသာ

ဗွီဒီယို ကိုလည်း စမ်းသပ် ရိုက်ကြည့်သည်။ Sim card ထည့်ကာ ဖုန်းပြောကြည့်မိသည်။

ဟဲလို ဟဲလို . ဇော်ပြည့်ပါ . ဟုတ်ကဲ့ . N-95 ကြီးနဲ့ စကားပြောနေပါတယ်။ ကြားလား

အော်… အရာရာ ဟာလည်း လှပနေပါလား ၊ အအေးဆိုင်က မုတ်ဆိတ်မွေး ထူလပျစ် နဲ့ ကုလားကြီးတောင် ဒီနေ့ . က. ခါတိုင်း ထက်ပို လှ နေသလို ပါပဲ ။ အော် . ဖုန်း ရောင်းသွားတဲ့ မောင်မင်းကြီးသား ကျန်းမာပါစေ။ ချမ်းသာပါစေ။

လမ်းကြုံတာနဲ့ Jubai Centre ထဲရှိ . နာမည်ကြီး ဖုန်းဆိုင်ထဲသို့ ဝင်ရောက် စုံစမ်းကြည့်သည်။ ကျွန်တော်တို့ ကဲ့ သို့ သော ဖုန်းမျိုးကို ထုတ်ပြသည်။

Original စက္ကူဗူးနဲ့ ထည်ထည်ဝါ၀ါတော့ ရှိလှသည် ။ ဈေးနှုန်းကတော့ SR1600 ကျော်သည်။ (မြန်မာငွေ ၄ သိန်းခွဲ ခန့် ဖြစ်မည်)


ဟား ဟား ရီချင်လိုက်တာ ၊ ဟိုဘက်နားကဆိုင်တောင် ၁၅၅၀ ပဲ ရှိတယ်။ မင်းက ဈေးတင်ထားတာ မသိဘူးများ မှတ်နေလား . ငါ တို့ ကမင်းထက် လည် တယ်။ ဂျင် ပေါ်က ထုံးကွ ၊ သူခိုး ဈေးနဲ့ ဝယ်ထားတာ ၅၀၀ ပဲ ပေးရတယ် ဟု စိတ်ထဲက ကြိတ်ပြုံးလိုက်ကြသည်။

ဒါပေမယ့် သူ့ ဆီက ဟောဒီ ဗူး လေးသာ ရရင် . ကောင်းသား ဟုအကြံရမိသည်။ အဆောင်ပြန်ရောက်ရင် သူငယ်ချင်းတွေကို အသစ် စက်စက် ဟန်းဖုန်း တစ်လုံး ၀ယ်လာပြီ ဟေ့  လို့ ကြွားလုံးထုတ်လို့ ရပြီ။ သို့ သော်. ဗူးချည်းပဲသက်သက် ဆိုင်ရှင်ကမရောင်း။

ရှိစေတော့ . ဗူးက ဘာမှ လုပ်လို့ တော့မရ။ ဟန်းဖုန်းကသာ အရေးကြီးပါတယ်။

ဒီလိုနဲ့ ကျွန်တော်တို့ နှစ်ယောက် အဆောင်သို့ မြောက်ကြွ မြောက်ကြွ ဖြင့် ပြန်ရောက်လာကြသည်။

အဆောင်ပြန်ရောက်တော့ ဘယ်သူမှ မရှိသေး ။ တရေးအိပ်ပြီး Night duty ဆင်းရပေမည်။

အော်.. ၀မ်းသာလွန်းလို့ ချက်ချင်းတောင် အိပ်မပျော်ပါလား။ သူငယ်ချင်းကတော့ အမျိုးမျိုးစမ်းသပ်နေသည်။

ပြီတော့ သူက ဆိုလေသည်။ ဒီဟန်းဖုန်း ရဲ့ မူလ ပိုင်ရှင်က တရုတ်ပြည်က ဖြစ်ချေမည်။

ဖုန်းထဲတွင် ပေါ်လာသော location များ အရ . China ၏ မြို့ ကြီးများကိုသာ ညွှန်ပြနေသည်။ ဒါဆိုရင် . တရုတ်ကြီးတော့ အာရေးဗီးယားရောက်မှ ဖုန်းအခိုးခံရတာဖြစ်ချေမည်။

ဘယ်လို ပဲ ဖြစ်ဖြစ် တရေးအိပ်ပျော်သွားသည်။ အိပ်မက်တွေက လှ ပ ပါသည်။

ဟိုတယ် ရှိ လူတိုင်း အားလုံးက ကျွန်တော့် ရဲ့ အသစ်စက်စက် N-95 ကို ၀ိုင်းကြည့်ကြသည်။ ချီးကျူးကြသည်။ ဘယ်ဆိုင်က ဘယ်လို ၀ယ်လာတာလဲ ဟု မေးကြသည်။

ကျွန်တော်ကတော့ ဟန်းဖုန်းကြီးကို လူမြင်အောင်ကြွားလို့ ခပ်တည်တည်နဲ့ ပဲ ။

့Jubai Centre ထဲရှိ . နာမည်ကြီး ဖုန်းဆိုင်ကြီးက လျော့ ဈေးရလို့ ဝယ်လာတာကွ။

အေးလေ . မင်းတို့ လိုချင်ရင်တော့ . မူရင်းဈေးရဲ့ တ၀က် နဲ့ ပြန်ရောင်းမယ်။ ၈၀၀ ပဲ ပေးပေါ့။

အနားရှိ . နီပေါ ကုလားလေးက လိုချင်မျက်စိဖြင့် ကြည့်နေသည်။ ဒီတော့ လဲ..

ကဲကဲ . သူငယ်ချင်းလေး…မင်းကို ငါ ခင်လို့ လျော့ ပေးလိုက်မယ်။ ၇၅၀ ပဲပေးပေါ့..ဘယ်သူ့ ကိုမှ လျောက် မပြောနဲ့ နော်။ မင်းကို တကယ် ခင်လို့ ပေးတာ..

ထိုစကား ကို အနားရှိ ဘင်္ဂလား ကုလားလေးကကြားသွားသည်။ သူလည်း ၀ယ်မည် ဟု ဆိုသည်။ ထို့ နောက် ကုလား နှစ်ယောက် ဖုန်း လု ၀ယ် ရင် စကားများကြသည်။ သူ့ ကိုရောင်း ပါ ။ ငါ့ ကို ရောင်းပါ ဖြစ်ကြသည်။

တော်ပြီ ။ ဘယ်သူ့ မှ မရောင်းတော့ဘူးဟေ့. ရန်ုကုန်ပြန်ရင် ခပ်ကြွားကြွားလေး ကိုင်ဖို့ ကွ

သူတို့ ပြသနာကို ဖြေရှင်းရင်း အိပ်မက်က လန့် နိုးလာသည် ။။

သြော် အိပ်မက်ထဲမှာတောင် . ငါ့ ရဲ့  N-95 ကို လုဝယ်နေကြပါလား . အပြင်မှာ ဆိုရင်တော့ …

အလုပ် သို့ ခါတိုင်းထက် စော ပြီးသွားသည်။ ဟိုတယ် မှာက ၀ိုင်ယလက် အင်တာနက် ဧရိယာ ရှိသည်။ အင်တာနက် ကို ဟန်းဖုန်း ဖြင့် သုံး ရလျှင် ကောင်းလေစွ

ဟိုတယ် ကြီးထဲသို့ ဝင်လိုက်သည်နှင့် wifi ဧရိယာသို့ အပြေးကလေးသွားမိသည်။

အ၀င်ဝ တွင် ရှိသော ဘင်္ဂလား Supervisor ကြီးက လှမ်းကြည့်သည်။ ဘယ်သူ့ ကိုမျှ ဂရုမစိုက်ပဲ ကိုယ့် ဖုန်း ကိုသာ ဟန်ပါပါ ထုတ်လိုက်သည်။ ပြီတော့ . wifi connection ကို စတင် ရှာဖွေ ကြည့်သည်။ ဒီတော့ အနားရှိ Supervisor ကြီးက တအံ့တသြ ငေးကြည့်နေရာက ကျွန်တော် ရှိရာသို့ လာသည်။

Raymond : mint har thar ( ရေမွန် . အဲဒါ ဘာလဲ ) ဟု မေးသည်။

ကျွန်တော်ကတော့ . 007 James Bond စတိုင် လေးနဲ့ ဟန်ပါပါ ပြန်ဖြေလိုက်သည်။

N95 …. ,,,, NOKIA N95

သူကလည်း ၀မ်းသာအားရ . နင် ၀ယ်လိုက်တာလား ဟုမေးသည်။ ဘယ်တုန်းက ၀ယ်တာလဲ ။ ဘယ်လောက်ပေးရလဲ စသည်ဖြင့် စိတ်ဝင်စားစွာ ကြည့်ရှုလေသည်။ ဆော်ဒီ နိုင်ငံ သို့ ရောက်တာတစ်နှစ် ပင် မပြည့်သေး . နောက်ဆုံးပေါ် NOKIA N95 ကြီးကို ၀ယ်နိုင် ၊ သုံးနိုင် ပြီ ဆိုတော့ မြန်မာ တွေရဲ့ အစွမ်း ကို အထင်ကြီးလေးစား နေပုံရသည်။

ဟဲဟဲ ဒီလိုပဲ ဖြစ်ရမယ် လေ။.. အိပ်မက်ထဲ က ဇာတ်လမ်းတော့ စ. ပြီထင်တယ်.

သူက သေချာ ကိုင်ကြည့်သည် . ထို့ နောက် မျက်လုံးတွေက တဖြည်းဖြည်းပြူးလာသည်။ ကျွန်တော့်ကိုလည်း သေချာ ကြည့်သည်။ သူ၏မျက်နှာတွင် စိုးရိမ်စိတ်များ အတိုင်းသား ပေါ်လာသည် ၊ သေချာစွာ ကြည့်ပြီးနောက် ခေါင်းကိုခါယမ်းလိုက်သည်။ ပြီတော့ ဖုန်းရဲ့ ခလုတ်တွေကို ဖြည်းညင်းစွာ နှိပ်ရင်း အောက်ပါအတိုင်း ဆိုလေသည်။

Raymond , you cheating .. this is China..Duplicate ..

ရေမွန် . မင်းတော့ အလိမ်ခံလိုက်ရပြီကွ။။ ဒီဟာက တရုတ်ပြည်လုပ် အတုကြီး။

ကျွန်တော်က လည်း နားမလည်နိုင်စွာဖြင့်

What China ? What Duplicate? This is Nokia Brand, latest model N95. You know?

(ဘာတရုတ်လဲ ။ ဘာအတုကြီး လဲ၊။ ဒီဟာက နောက်ဆုံးပေါ် နိုကီးယား N95 model ဖုန်းကွ. မင်းသိရဲ့ လား ) ဟု ကျွန်တော် က ပြန်လည်တုံ့ ပြန်သည်။

ဒီတော့ သူက. အလွန်ကောင်းသော ပြက်လုံးတခု ကို ကြားလိုက်ရသည့်ပုံနှယ်. တ ဟား ဟား ရယ် လေသည်။ ကျွန်တော့် ကိုလည်း သနားစရာသတ္တ၀ါ တကောင်လို ကြည့်ရင်း

Sure,, this is China Duplicate . This is not original. You can not get Wireless. Mar fi wi fi

(သေချာပါတယ်။ ဒါဟာ တရုတ်လုပ် အတုကြီး . အစစ်မဟုတ်။ ၀ိုင်ယာလက် အင်တာနက် မရနိုင်ဘူး ) ဟု ပြန်ပြောလေသည်။

ဒီတော့ မှ ကျွန်တော် ကလည်း စိုးရိမ်တကြီး ကသေကမျော သူ့ လက်မှ ဖုန်းကို လုကာ wifi connection ကိုအသေအချာ စမ်းကြည့် သည်။ wifi logo လေးကို မျော်လင့်တကြီး နှိပ်နေမိ၏။

ကတုန်ကယင် ဖြင့် စမ်းသပ်နေစဉ်အတွင်း ကျွန်တော် ၏ လည်ချောင်းသည် တဖြည်းဖြည်း ပက်ကြားအက်သော လယ်မြေများကဲ့ သို့ ခြောက်သွေ့ ကွဲအက်ကာ ရေငတ်သလို ဖြစ်လာသည်။ မျက်လုံးထဲတွင်လည်းေ၀၀ါးကာ ပြာမှောင်လာသည်။ ရင်ထဲတွင်လည်း နှလုံးသားတစ်ခုလုံး အပြင်သို့ ခုန်ထွက်တော့ မတတ် ဗလောင်ဆူ နေသည်။

ဟိုတယ်ကြီးတခုလုံးသည် အိုးထိန်းစက်ကြီး ကဲ့ သို့ လည် နေသလို ခံစားရမိသည်။ SR 500 ဆိုသော ပိုက်ဆံ သည် မြန်မာငွေ (ကျပ် တစ်သိန်းခွဲ ) ခန့် ရှိနိုင်သည်။

သို့ သော် နောက်ဆုံး ရလဒ်မှာ . Wifi not available ဟူ သာ စာတန်းလေးတစ်ကြောင်းပေါ်လာသည်။

ကျွန်တော်က မကျေနပ်သေးပဲ Camera . video တွေကို အသေအချာ စစ်ဆေး စမ်းသပ် ခဲ့ကြောင်း . အကုန်လုံး အဆင်ပြေကောင်း သက်သေပြသည်။

တကယ့် ဖုန်း အစစ် နှင့် တထေရာတည်း တူလေသည်။ စကားပြောခြင်း ။ ဓာတ်ပုံရိုက်ခြင်း။ ဗီဒီယို ရိုက်ခြင်းနှင့် အခြားသော function များ အစစ် ကဲ့သို့ ပင် ။ သို့ သော် ရုပ်ထွက် ကြည်လင်ပြတ်သားမှူ ။ အသံထွက် ကောင်းမွန်မှူ စသည်တို့ တွင် အစစ် နှင့် အတု ကွားခြားလေသည်။ အထဲတွင် ပါဝင်သော Memory 8G ဟူသော အရာ သည် အတုတွင် စာတန်းလေး တစ်ခု မျှသာဖြစ်ပေသည်။ ဘာမှ အရာမ၀င်။

အစစ် သည် အနည်းငယ် ပေါ့ ပြီး ကိုင်လိုက်လျှင် စည်းစည်းပိုင်ပိုင်နှင့် ရှိလှသည်။

ဘင်္ဂလား ကြီးက ခေါင်းကလေးကို အသာညိမ့်ပြီး . အဲဒီ function တွေ အကုန်လုံး ရနိုင်ပါသည်။ အရေးကြီးဆုံး ဖြစ်သော Wireless သာ မပါရှိကြောင်းအသေအချာ ရှင်းပြသည်။ မင်း လို ချင်ရင် လမ်းဘေးမှာ ရောင်းနေတယ်။ ရီယယ် ၁၀၀ ဒါမှ မဟုန် ၁၅၀ ဒီလောက်ပဲ ရှိမည်။ ရုပ်ထွက် အသံထွက် စသည်တို့ ကတော့ အတော့်ကို ဆိုးဝါးလှသဖြင့် ဘယ်သူမှ မ၀ယ် ချင် ။ မင်းက တော့ မသိ လို့  ၅၀၀ တောင် ပေးလိုက်တယ်။ ခံလိုက်ရပြီ ဟု ရှင်းပြလေသည်။

ကျွန်တော် ကတော့…. ဟာ.. ဟူ၍ တစ်လုံးတည်းသာ ပြန်ပြောနိုင်တော့သည်။

ဆိုဖာပေါ်တွင် တစ်ယောက်တည်း အတန်ကြာအောင် တယောက်တည်း ငူငူ ငိုင်ငိုင် ကြီး ထိုင်နေမိသည်။

ဘင်္ဂလား Supervisor ကြီးက ဒီအကြောင်းကို ကြော်ငြာမောင်းထု ထားသဖြင့် ဟိုတယ် ရှိ ကုလား တွေက ကျွန်တော့် လက်ထဲက ဖုန်းမဲမဲ လေးကို ကွက်ကြည့်ကွက်ကြည့် ဖြင့်ပြုံစိစိ လုပ်သွားကြသည်။ အချို့ ကလည်း ဘယ်လောာက်ပေးရသလဲ ဟု လာမေးကြသည်။ ကျွန်တော် ကတော့ ဘာမှ မဖြေချင်တော့။

ကျွန်တော့် အိပ်မက် တွေ တော့ အရည် ပျော် ကုန်ပါပြီ ။

တဆင့်စကား တဆင့်နား ဖြင့် ကျွန်တော် ၏ မြန်မာ သူငယ်ချင်းများ ၀ိုင်းလာကြသည်။

အကြောင်းစုံကိုမေးမြန်းကြသည်။ ကျွန်တော်ကလည်း မပြောချင်ပြောချင် ဖြင့် ကိုယ့် ရဲ့ အသုံးမကျ နုံအ မှု့  ၊ လောဘကြီးမှူ တို့ ကို ၀မ်းနည်းပက်လက် ဖြင့် ပြန်ပြောရတော့သည်။

ထို့ နောက် ကျွန်တော်နှင့် အတူ ၀ယ်ထားမိသော အခန်းထဲရှိသူငယ်ချင်းကိုလည်း ဖုန်းဆက်ပြီး အကျိုးအကြောင်းပြောပြသည်။

သူငယ်ချင်း ရေ ငါ တို့ တော့ ခံလိုက်ရပြီဟော့

တဘက် က ခဗျာ မှာလည်း ကြက်သေ သေ နေပြီ ။ မနက်ဖြန် တွင် အဆိုပါ သိကြားမင်းယောင်ဆောင်ထားသော လူလိမ် ကုလား ကို သွားရှာပြီ အမှူန့် ကြိတ်ပစ်မည် ဟု ဆို ကြသည်။

ဒီနေ့ ကံမကောင်းပါလား နော်။


လောဘ ကြီးသူ ။

အားနာတတ်သူ ။

အယုံလွယ် သူ ။

မိမိကိုယ်ကို ယုံကြည်မှူ လွန်ကဲ နေသူ

ထိုသူတို့ သည် အလိမ်ခံရတတ်သည်။။

သောကြာနေ့ ပိတ်ရက်ဆိုတော့ အစည်ကားဆုံးဖြစ်ပေသည်။ နေသည် အလွန်ပူပါသည် ။ သို့ သော် ကျွန်တော် တို့ ကတော့ ကိုယ့် အပူနှင့် ကိုယ် ။ Jubail Centre အနီးက မီးပွိုင့်တွင် ကျီးကန်းတောင်းမှောက် မျက်လုံးများ နှင့် လူတစ်ယောက် ကို ရှာဖွေ နေမိသည်။ မနေ့ က သူပေးခဲ့သော ဖုန်း နံပါတ်ကို ဆက်ကြည့်သည်။

လူကြီးမင်း ခေါ်ဆိုသော ဖုန်းနံပါတ်သည် မအူမလယ် အချဉ် နှစ်ကောင် ကို ဂျင်း ထည့်ပြီး အနားယူ နေပါသဖြင့် ခေါ်ဆို မရနိုင်ပါ

ဒေါသတို့ က အထွဋ်အထိပ်ကို ရောက်ချေပြီ ။ နဖူးပေါ်တွင်လည်း ဇောချွေးများက ရေ ဘုံဘိုင် အလား တစိမ့်စိမ့် စီးကျနေသည်။

နောက်ဆုံးမှာတော့ . အာရေးဗီးယားရဲ့ နေပူပူ အောက်မှာ ကျွန်တော်တို့ ရဲ့ မျော်လင့်ချက်များ အာလုံး အရည်ပျော် ခဲ့ရသည်။ ထိုသူကတော့ နောက်နောင် ဘယ်တော့မျှ ပေါ်လာတော့မည် မဟုတ် ပေ။

သို့ သော် နောက်ဆုံးကောက်ရိုးတမျင် ကျန်သေးသည်။

ဒီတိုင်းပြည်ကို ဘာမှတ်လို့ လဲ ။ ဆော်ဒီ အာရေးဗီးယား ကွ ၊ လူသတ်ရင် ခေါင်းဖြတ်တယ်။ ပစ္စည်းခိုးရင် လက်ဖြတ်တယ်။ ဒီတော့ ရဲ တိုင် ရင်ကောင်းမလား

ရဲတိုင်ဖို့ နေနေသာသာ ။ ရဲစခန်း က ဘယ်နေရာမှာရှိမှန်း တောင်သေချာ မသိ။ ဒီတိုင်းပြည်က ရဲ တွေ က မင်း ပြောတဲ့ အင်္ဂလိပ်စကား ကို နားလည်ပါ့မလား။ မင်းကရော အာရဗီ လို လည်လည်ပတ်ပတ် ပြောနိုင်လို့ လား။

ကဲ .မင်းပြောသလို ရဲတိုင်တော့ ကော မင်းတို့ ပိုက်ဆံက ပြန်ရမှာလား . ဘယ်သူမှန်းလဲ မသိ။ လမ်းပေါ်က လူတစ်ယောက် . ပြန်တွေ့ လျှင်လည်း မှတ်မိ မိမထင် ။ အယုံလွယ် လောဘတက် မိတဲ့ ကိုယ့် အပြစ် ကိုပဲ သင်ခန်းစာ ယူရန်သာ ရှိတော့သည်။

မတ်တပ်ရပ်နေသော ခြေထောက်များ ညွှတ်ခွေ ကျသွား သည်ဟု ပင် ထင်မိပါသည်။

အိမ်အပြန် လမ်းတလျှောက် မြင်ရသော အရာအရာသည် အရုပ်ဆိုးအကျည်းတန်နေသည်။ ကလေး ကစားစရာ ဘာဘီ ဘိုမ အရုပ်လေး ကလည်း ရုပ်ဆိုး နေပါသည်။ ကြော်ငြာ Billboard ပေါ်က David Beckham ကလည်း ကျွန်တော်တို့ ကို လှောင်ပြောင်နေသလို ခံစားရမိပါသည်။

လောက ကြီး အကျည်း တန် သော နေ့ ဖြစ်ပါသည်။

ကိုယ့် အဖြစ် ကို သေချာ ပြန်သုံးသပ်ကြည့်မိသည်။ ကျွန်တော် တို့ သည် မိုဘိုင်း ဖုန်းများ နှင့်ပတ်သက် သော ဗဟုသုတ တွင် များစွာ အားနည်းနေသည်ကို သတိပြုမိသည်။

မြန်မာ နိုင်ငံတွင် မိုဘိုင်းဖုန်းတလုံးကို သိန် ၃၀ နီးပါး ပေးရသဖြင့် သာမာန်လူတန်းစား တို့ နှင့် လက်ကိုင်ဟန်း ဖုန်း တို့ သည် စည်း တဘက်ခြားတွင် ရှိနေတတ်သည်။ ဟန်းဖုန်း ဆိုတာ စီးပွားရေးလုပ်ငန်းအတွက် သုံးမည် သို့ မဟုတ်ပါက လူချမ်းသာ များ က ဟိတ်ဟန်ထုတ် ကြွား ၀ါ စရာ အဆင်တန်ဆာ အဖြစ် သုံးမည် ဟု လွဲမှားစွာနားလည် ထားကြသည်။


မြန်မာနိုင်ငံထက်ပင် နိမ့်ကျ ဖွယ်ရာရှိသည့် (ဥပမာ - ဘင်္ဂလားဒ်ေရှ့် ၊ နီပေါ) စသည့်နိုင်ငံတို့ တွင်မူ မိုဘိုင်းဖုန်း များကို သာမန်လူတန်းစား လက်လှမ်းမီနိုင်သော အနေအထားတွင် ရှိအောင် ဆောင်ရွက်ထားလေသည်။ မိုဘိုင်း ဖုန်း ဆိုတာ ကြွားစရာမဟုတ် ၊ လမ်းမပေါ်တွင် အာကျယ်အာကျယ် နှင့် ကိုယ့် မှာ ဖုန်းရှိကြောင်း ကြွားရန်မလို ။

(အချို့ ကလည်း လမ်းမပေါ်မှာ လိုင်း ပို မိသိဟု ဆင်ခြေ ကန်တတ်ကြသည် ။ ဟုတ်ချင်လည်း ဟုတ်မှာပေါ့ ကျွန်တော်ကမှ ရန်ကုန်မှာ ဖုန်းမရှိတာ) ။

ကျွန်တော် ကိုယ်တိုင်သည်ပင်လျှင် ရန်ကုန်တွင် ရှိစဉ်က မိုဘိုင်း ဖုန်းနှင့် များစွာ စိမ်းလျက်ရှိ သည်။ သူများ ကိုင်တာကိုပဲ ငေး ကြည့်ခဲ့ရသော အနေအထား ။ မည်သူကမှ လည်း ပေးမကိုင်ခဲ့ ။ ကျွန်တော် ကိုယ် တိုင်ကလည်း သူများ ဟန်း ဖုန်း ယူ ကိုင်ဖို့ ဝန်လေး ခဲ့ သည်။

မှတ်မှတ်ရရ ဆိုရပါမူ. ချစ်သူရည်းစား ရ မှ သာ သူ့ ဆီ က ဟန်းဖုန်း ဆိုတာကို သေချာယူကြည့်မိတော့သည။်

ခလုတ်တွေက အများသား ၊ ဖုန်း မြည်လျှင် ဘာကို နှိပ်ရသည်။ ဘယ်လို ဖွင့်ရသည် ကို သူက သင်ပေးသဖြင့် နားလည်လာပါသည်။
ဖုန်း ဆိုတာ စကား ပြောဖို့ ကိရိယာ ပစ္စည်း ဟု နားလည်ထားသော ကျွန်တော်သည် ဟန်း ဖုန်း ထဲက သီချင်းများ ၊ ဗီဒွီယို များကို ကြည့်လို့ ရမှန်း သိသောအခါ အံ့သြမိပါ၏ ။ ထို့ အပြင် လက်ကိုင်ဖုန်း ဖြင့် ဗီဒွီယို လည်း ရိုက်လို့ ရသေးသည်ဟု သိရသည်။ ဒါတောင် သူ က ဒီလို လုပ်ရတယ် ဟူ၍ ပြသဖြင့်ကြည့်ရှူ ရခြင်းဖြစ်သည် ။


ကျွန်တော်သည် .. မျှ လောက် ဗဟုသုတ နှင့် ပြည့်စုံသော သူ ဖြစ်ပါသည်။

သို့ သော် ကျွန်တော် ယခု တော့ ပျော်နိုင်ပြီထင်ပါသည် ။ ကျွန်တော်တို့ နိုင်ငံ ၏ အခြေအနေသည် ကျွန်တော် နိုင်ငံခြားသို့ ထွက်လာစဉ် ကနှင့် လုံးလုံး မတူတော့။ များစွာ ပြောင်းလဲ ခဲ့ချေပြီ ။

လွန်ခဲ့သော လ က ရေသည်ယောကျာ်း ဟူသော မြန်မာ ဗီဒွီယိုကား ကြည့်လိုက်ရပါသည်။ ရေသန့် ပို့ သော အလုပ်သမား လေး နေတိုး သည်လက်ကိုင်ဖုန်းကို တဂွင် ဂွင် နှင့် ဆက်နေလိုက်သည်မှာ ဇာတ်ကား .. စ.. လယ် . ဆုံး . ပင်ဖြစ်သည်။

ရေသန့် ပို့ သော အလုပ်သမား တစ်ယောက် ပင်လျှင် ဟန်းဖုန်း ကိုင်နိုင်ပြီဆိုလျှင် ကျွန်တော် လို . နိုင်ငံခြား ပြန် တယောက်အဖို့ လည်း ဟနုးဖုန်းနှင့် နီးစပ် နိုင်ပါသည်။ နောက်ဆိုလျှင် ဆိုက္ကား စီးလျှင် ဖုန်း ဆက်ခေါ်မည်။ လမ်းထိပ် က အသုပ်စုံကိုလည်း ဖုန်း ဖြင့် လှမ်း မှာ နိုင်ပေတော့မည်။


ဟဲလို ဟဲလို . ပဲပြုတ်သည် ဒေါ်ပုမ လား . မနက် ဖြန် ကျွန်တော့် အခန်းကို ပဲပြုတ် တစ်ဆယ်သား လာပို့ ပေးနော်. ဒါပဲနော်.

အမေရိကန် သမ္မတ အိုဘားမား သည် Change Change ဟူသော စကားကို မဏ္ဍန် ရွတ်သလို တချိန်းထဲ ချိန်း ခဲ့သော်ငြားလည်း ယခု ချိန်ထိ အမေရိကန်နိုင်ငံ ၏ စီးပွားရေး ကို ဘာတခုမှ. စွမ်းစွမ်းတမံ မလုပ်နိုင်သေး.

ကျွန်တော် နိုင်ငံခြား ထွက်လာသော ၂ နှစ် ကျော် ကလာတို လေးအတွင်းမှာပင် . ကျွန်တော် တို့ မြန်မာနိုင်ငံ ရှိ ရေသန့် ပို့ သော အလုပ်သမားတစ်ယောက် “ဟန်း ဖုန်း “ ကို တ ဂွင် ဂွင် မြည်အောင် ဆက်နိုင် သည် အထိ ကျွန်တော် တို့နိုင်ငံကြီး တိုးတက် လာပုံမှာ အံ့မခန်း ရှိလိုက်လေ။

နေ့ ချင်းညချင်း ဆိုသလို ပါပဲ ၊ လေးစားပါတယ် ဂျုပ် ကြီး တို့ ရယ်။

အရင်တုန်းက ဟန်းဖုန်း ကိုင် ရင် သဌေး မှ ဟူသော အယူအဆ ဟောင်းများကို ပစ်ပယ် ရတော့မယ်.

ထို့ ကြောင့် ရန်ကုန်ရောက်မှ ပဲ အဆိုပါ N95 ကို ထုတ်ကိုင် တော့ မည်ဟု တွေးထားလိုက်သည် ။ သူငယ်ချင်းများက ဘယ်က ၀ယ် လာတာလဲ ဟု မေးလျှင် နိုင်ငံခြား က ၀ယ်လာတာဟု ပြန်ဖြေမည်။ မည်သူ မျှ China duplicate ဟု ထင်မှာမဟုတ်ပေ။ နိုင်ငံခြား ဆိုလျှင် လွတ်..အထင်ကြီး တတ်သည် မှာကျွန်တော် တို့ လူမျိုးများ၏ မွေးရာပါ အားနည်းချက်တစ်ခု မဟုတ်ပါလော။။


သို့ သော်. မှန်းချက် နှင့် နှမ်းထွက်မကိုက် ပေ။ ရန်ကုန်တွင်လည်း တရုတ်ပြည်မှ လာသော အဆိုပါ အတု ဖုန်းများ လှိုင်လှိုင်ကြီးပင် ပေါများ နေသည်ဟု သိရှိရပါသည်။

ကျွန်တော်သည် အနှီ china duplicate N95 ကို လုံးဝ စိတ်ကုန်လျက်ရှိသည်။ ထို့ ကြောင့် မည်သို့ မျှ အသုံးပြုခြင်း မရှိပဲ . အိပ်ယာ ဘေးတွင်ထားကာ နှိုးစက် Alarm အဖြစ်သာ အသုံးပြု နေပါသည်။

ရက် လ များစွာ ကုတင်ပေါ်တွင်သာ ရှိပြီး အပြင်သို့ ယူဆောင်သွားခြင်းလည်း မရှိတော့ပါ။ သူ့ ကိုမြင်လျှင် နဖူးမှ အမာရွတ်ကို မြင်တိုင်း မဟော်သဓာ ကို သတိရသော ကေ၀ဋ် ပုဏ္ဍား ကဲ့ သို့ မိမိ၏ ညံ့ဖျင်း နုံချာ မှူကို လူ အထဲတွင် ကြေငြာမောင်းခတ် သလို ပင် ရှိချေတော့မည်။


တနေ့ သောအခါ . သူငယ်ချင်း တစ်ဦးမှ ခဏ ယူကြည့်သည်။ အတန်ကြာသော် အလန့် တကြား ထ အော်လေသည်။ ပြီးနောက် ကျွန်တော့်ကို လှောင် ရီ . ရီ လေတော့သည်။

ဟုတ်ပါသည်။ ကျွန်တော်ကိုယ်တိုင်တောင် အံ့အားသင့်မင်သက်သွား သည် ။ ကုတင်ပေါ်တွင် နှစ် ချီ ထားသောကြောင့် ဖုန်း အခွံ အိတ် ကြားထဲတွင် . ဂျပိုး များပင် အိမ်ဖွဲ့ ကာ တွယ်ကပ်နေပေသည်။

ထို နေ့ မှ စတင်ကာ ကျွန်တော့် ဖုန်းကို China N95 မှ ဂျပိုး N95 ဟု စတင်ကာအမည်ပြောင်းလဲ ခေါ်ဝေါ် ကြလေတော့သတည်း ။

ပြန်ပြောရင် ဟာသ ဖြစ်စေ ။

ကောင်းသထက် ကောင်းအောင် ကြိုးစားနေမည့်

ဇော်ပြည့်

နဖူးက အမာရွတ်ကို မြင်တိုင်း ဒင်းကို သတိရတယ် ။

ကေ၀ဋ် ဇော်ပြည့်

လောကတွင်သိသူဖော်စား မသိသူကျော်သွား ၊ အ . ရင်ခံ ၊ လျင် ရင်စား ဟူသည့်အတိုင်း ပင်။

မသိလို့ ခံ လိုက်ရပါတယ် ဆိုပြီ မဖြစ်ရလေအောင် ကျွန်တော် သိသရွေ့ ပြန်လည်ဝေမျှလိုက်ပါတယ်။

Nokia ဖုန်းတွေဟာ Original ဟုတ်လားမဟုတ်လားဘယ်လိုကြည့်နိုင်မလဲ? ကျနော်ပြောပြပါ့မယ်။ သင့်ဖုန်းရဲ့
IMEI (International Mobile Equipment Identity) နံပါတ်ကိုစစ်ကြည့်ယုံနဲ့ သိနိုင်ပါတယ်။

ပထမ အဆင့်အနေနဲ့ *#06# လို့သင့်ဖုန်းမှာရိုက်ထည့်လိုက်ပါ။ Serial No. တစ်ခုပေါ်လာပါလိမ့်မယ်။


Phone serial no. x x x x x x ? ? x x x x x x x

အဲဒီနံပါတ်ထဲက ၇ လုံးမြောက်နဲ့ ၈ လုံးမြောက် နံပါတ်တွေကို ကြည့်ရမှာပါ။

တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 02 သို့မဟုတ် 20 ဆိုရင် သင့်ဖုန်းဟာ Emirates ကထုတ်တာဖြစ်ပြီး အရမ်းကိုညံ့ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 08 သို့မဟုတ် 80 ဆိုရင် သင့်ဖုန်းဟာ ဂျာမနီ ကထုတ်တာဖြစ်ပြီး သုံးဖို့ သင့်တော်ပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 01 သို့မဟုတ် 10 ဆိုရင် သင့်ဖုန်းဟာ ဖင်လန်နိုင်ငံ ကထုတ်တာဖြစ်ပြီး အရမ်းကောင်းပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 00 ဖြစ်ခဲ့ရင် သင့်ဖုန်းဟာ Original စက်ရုံကထုတ်တာဖြစ်ပြီး အကောင်းဆုံး Quality ရှိပါတယ်။
တကယ်လို့ အဲဒီနံပါတ်နှစ်လုံးဟာ 13 ဆိုရင်တော့ အဇာဘိုင်ချန် ကထုတ်တာဖြစ်ပြီး အရမ်းညံ့တဲ့အပြင် ကျန်းမာရေးအတွက်ပါ အန္တရာယ်ရှိပါတယ်။ သုံးဖို့မသင့်တော်ပါဘူး။