ဆော်ဒီ နိုင်ငံရဲ့  အခြေခံ ဟင်းသီးဟင်းရွက် ဈေးနှူန်း

ဆော်ဒီ နိုင်ငံရဲ့ ဟင်းသီးဟင်းရွက် များကို ဈေးနှူန်း နှင့်တကွ ဖော်ပြပေးလိုက်ပါတယ်.

အခြားသော နိုင်ငံများရဲ့ ဈေးနှူန်းနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အနည်းငယ် သက်သာ တာကိုတွေ့ ရှိရပါမယ်။

အထူးသဖြင့် . ကြက်သားနဲ့ ဆန် ဈေးနှူန်းဆိုရင် ရန်ကုန် ဈေးနှူန်းနဲ့ သိပ်မကွာလှတာကို တွေ့ ရပါမယ်..
 

၁ ဆော်ဒီ ရီယယ် = ၃.၇ အမေရိကန်ဒေါ်လာ 

၁ ဆော်ဒီ ရီယယ် = ၂၆၀ ကျပ်



ဘိုစားပဲ ကတော့ 0.2 kg  ( half kilo) ကို 3 SR ရှိပါတယ်.

Brocolli ကတော့ တစ်ပွင့်ကို တန်ဖိုး 5 SR (ဒေါ်လာ 1.5 $) လောက်ရှိပါတယ်။

ဂေါ်ဖီ တစ်ခြမ်း ( half kilo) ကိုတော့ 2 SR ပါ။


ဌက်ပျောသီးကတော့ မကောင်းတော့တဲ့ အနာ ပိုင်းတွေ ကို ဓားလှီး ပြီး ပါကင် ပြန်ထုပ်ထားတာပါ။

ဒါတောင် ဈေးနှူန်းကတော့ မသေးလှပါဘူး။ 3 SR ပါ။




သဘောင်္သီးမှာလည်း အနာပိုင်းကို ဖယ်ထုတ်ပြီးတော့ ပြန်ရောင်းတာပါ။
အခုလို တစ်စိတ်ထဲကိုတောင် 4 SR ရှိပါတယ်။


 စတော်ဘယ်ရီ ကတော့ ရှားပါးပြီးဈေးနှုန်းမြင့်လှပါတယ်။
အခုလို လက်တစ်ဆုပ်စာ လေးကို တောင် 8 SR ရှိပါတယ်။

သွားသီးကတော့ ရန်ကုန်သခွားသီးနဲ့ အရောင် ပုံစံ နည်းနည်းကွဲပါတယ်။ သူတို့ သခွားကတော့ အစိမ်းရောင်စင်းလုံးချောပါ။ ဈေးနှူန်းကတော့ တစ်လုံးကို 1 SR လို့ အကြမ်းအားဖြင့် သိနိုင်ပါတယ်။

မုန်လာဥနီ ကတော့ နှစ်မျိုးရှိပါတယ်။ အခု ပုံထဲမှာတွေ့ တာကတော့ အမျိုးအစားကောင်း ပါ။ ဒါကြောင့် ဈေးနှူန်းကတော့ 1 Kilo ကို 5 SR ရှိပါတယ်။

ဒီထက် အနည်းငယ် အမျိုးအစား ညံ့ပြီး အလုံးသေးရင်တော့ 4 SR လောက် ရှိပါတယ်။



ပုံမှာ မြင်ရတာလေးကတော့..ဆော်ဒီ အာရပ်တွေ သာမက.. တခြား . မူဆလင်တွေပါ အသုံးပြုကြတဲ့.တံပူကလေးပါ.

မြန်မာ လို တော့..တမာရိုး တံပူ လို မျိုးပေါ့..

ထိပ်ပိုင်း လေးကို ခဲတံချွန် သလို ဓားကလေးနဲ့ မွန်းပြီး တော့..ပါးစပ် ထဲကို ထိုးပါတယ်.

အနံ့  ကတော့ ရှိန်းခို လိုမျိုး ပရုပ်နံ လေး ရပါတယ်.
လျှာပေါ်မှာ ဟိုပွတ်ဒီပွတ် . သွားဖုံးကြား ထဲကို ဟိုထိုး ဒီထိုးလုပ်လိုက်ရင် သစ်စိမ်း နံ့ လေးနဲ့ အတူ ခါးသက်သက် အရသာ လေးပါ ရပါတယ်.

မူဆလင် တွေ ရဲ့ အဆိုအရ.. Ramadan ဥပုသ် ရာသီကာလတွေမှာ တွံတွေးတောင် မြိုလို့ မရပါဘူး..
ဒါကြောင့် ခါးတွင်းရှင်း အောင် .. ဒီ လို ..တံပူ လေးနဲ့ ပဲ ... ခါးတွင်း သန့် ရှင်းရေး လုပ်ကြပါတယ်.

ဗလီမှာ ဘုရားဝတ်ပြု ပြီးရင် ပြန်ထွက်လာရင် .. အားလုံး လိုလို ရဲ့ ပါးစပ် ထဲမှာ တံပူရိုး လေးကို ဟိုထိုးဒီထိုးနဲ့ ပေါ့..