ဆော်ဒီ အာရပ် လူမျိုးများ
Mahaba (မဟာဘာ) မင်္ဂလာပါ ဟု နှုတ်ဆက်နေသော ဆော်ဒီ အမျိုးသား
ဆော်ဒီ အာရေးဗီးယား အပါအ၀င် အခြား အာရပ် တိုင်းပြည်က လူမျိုးတွေ အားလုံးဟာ.သူတို့ ရဲ့ ရိုးရာ ၀တ်စုံတွေကို မြတ်မြတ်နိုးနိုး ၀တ် ဆင်လေ့ရှိပါတယ်။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ လည်း ရိုးရာ ပုဆိုးကို ခုချိန်ထိ ၀တ်ဆင်သလို မျိုးပေါ့လေ။ အမြဲလိုလို အဖြူရောင် သင်တိုင်းလိုမျိုး ၀တ်ရုံ ကြီး ကို ၀တ်ဆင်ပြီး ခေါင်းပေါ်မှာလည်း အဖြူ (သို့ ) အနီကွက်ကြား အ၀တ်စ တစ်ခုကို အမဲရောင် ကွင်းကြီးနဲ့ ထိန်းညှိပြီး ၀တ်ဆင်လေ့ရှိပါတယ်။
ိရေနံပေါကြွယ်ဝ တဲ့ နိုင်ငံ ဖြစ်တဲ့အတွက် နိုင်ငံသား အများစု ဟာ ချမ်းသာကြွယ်ဝ ကြပါတယ်။ 
ကြွေ ရောင်တောက် နေတဲ့ အဖြူရောင် အာရပ်ဝတ်စုံကြီးများကို စမတ်ကျကျ တန်ဖိုးထား ၀တ်ဆင်လေ့ရှိပါတယ်။
ဆော်ဒီ အာရးဗီးယားနိုင်ငံ သည် ရာနှုန်းပြည့် အစ္စလာမ် နိုင်ငံဖြစ်ပါသည်။
မူဆလင်ကမ္ဘာတွင်လည်း အားလုံးထက် သာလွန်မြင့်မြတ်သည် ဟု မှတ်ယူယုံကြည်နေကြပါသည်။
နိုင်ငံတော်ကို အုပ်ချုပ် နေတာကလည်း အစ္စလာမ်ကိုရမ် ကျမ်းကို  မဏ္ဍိုင်ပြုပြီး တရားစီရင်ပါတယ်။
လူသတ်ရင်တော့ ခြွင်းချက်မရှိ သေစား သေစေ ပေါ့.
မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲ ရင်လည်း လက်ဝယ်တွေ့ က.သေစားသေစေပါပဲ။
ဒေသခံ ဆော်ဒီ အာရပ်တွေကတော့ ခိုး ဆိုး လုယက် မှူ့ တွေကို မပြုလုပ်ကြပါဘူး။
ဒါပေမဲ့. ဆော်ဒီ တိုင်းပြည် ထဲမှာ ခိုး ဆိုး လုယက် တဲ့ သူတွေ အများစု ကတော့ အာဖရိက နဲ့ တခြား အိမ်နီးချင်းတိုင်းပြည်က အာရဘီ ဘာသာစကားတတ်တဲ့ သူတွေပါ. သူတို့ ကတော့ . နိုင်ငံခြားသာတွေကို ပဲ ပစ်မှတ်ထားပြီး တိုက်ခိုက်ကျူးလွန်လေ့ရှိပါတယ်။
အနက်ရောင် ၀တ်စုံများနှင့် အာရပ် အမျိုးသမီးများ
ပုံမှာ မြင် ကြရသလိုပါပဲ။ ခေါင်းအစ ခြေအဆုံး တကိုယ်လုံးကို လေ၀င်ပေါက်မရှိ ဖုံးအုပ်ထားရပါတယ်။ အစ္စလာမ် တရားတော် နဲ့ အညီ ပြုမူ နေထိုင်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် . နိုင်ငံခြားကလာတဲ့ လူမျိုးခြား အမျိုးသမီးများကတော့ မျက်နှာ ကို ဖုံးအုပ်ခြင်းမပြုပဲ အနက်ရောင်ဝတ်စုံကိုသာ ၀တ်ဆင် ကြရပါတယ်။ တနိုင်ငံလုံးမှာ မိန်းမ မှန်သမျှ သတ်မှတ်ထားတဲ့ဝတ်စုံကို မ၀တ်မနေ ရ ၀တ်ကြရပါတယ်။ ဒါကတော့. ဆော်ဒီအာရေးဗီးယား ရဲ့ သံမဏိ စည်းမျဉ်းပါပဲ။
မြန်မာ.ဖိလစ်ပိုင်.အိန္ဒိယ နဲ့ တခြား နိုင်ငံ က လာပြီး အလုပ်လုပ် ကြတဲ့ မိန်းကလေး တွေ အကုန် လုံးလဲ. အပြင်ထွက်ရင် ဒီလိုပဲ ၀တ်ဆင်ရပါတယ်. မျက်နှာကိုတော့ အုပ် လေ့မရှိကြပါဘူး။
စားသောက်ဆိုင်ကြီးများတွင် Family section ဆိုသည့် သတ်မှတ်ထားသည့် နေရာတွင်သာ စားသောက်ကြရသည်။
မည်သည့် အမျိုးသမီး မှ စားသောက်ဆိုင် ၏ လူမြင်ကွင်းတွင် ထိုင်စား ခွင့်မရှိချေ။
ဟောဒီ ပုံလေးကို ကြည့်ပြီး မျက်စိရှုပ်မသွားနဲ့ နော်
ယခု ပုံ တွင် မြင်တွေ့ ရတာကတော့..ဆော်ဒီ မိသားစု ရဲ့ ဈေးဝယ်ထွက် မြင်ကွင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူ က အမေ လဲ ၊ ဘယ်သူက ကိုယ့် မိန်းမ လဲ ၊ ဘယ်သူက သမီးလေးလဲ ၊ ဘယ်သူက အိမ်စေ(အိမ်ဖော်) လဲ ဆိုတာ.ဘေး လူ အနေ နဲ့ ကတော့ ဘယ်လို မှ မဝေခွဲ နိုင်ပါဘူး ။
ရင်းနှီး တဲ့  ဆော်ဒီ မိတ်ဆွေ တစ်ယောက်ကိုမေးကြည့်တော့ . လွယ်လွယ်ကလေးပါ တဲ့ ။ စလင်းဘတ် ကြီးကြီး ကိုင်ထားတာက ငါ့ အမေ ။ စလင်းဘတ် အဖြူလေးကို ပခုံးမှာ ချိတ်ထားတာက ကိုယ့်ရဲ့ မဟေသီ ဒေ၀ီ ပေါ့ လေ ၊ သမီးငယ်လေးကတော့ နောက်ဆုံးပေါ် ခေါက်အိတ်ကလေး ကို ကိုင်လို့ ၊ အိမ်စေ ကတော့ ၀ယ်ထားသမျှ အိတ်တွေ အကုန်လုံး မနိုင်မနင်း သယ် လို့ ပေါ့တဲ့ ........ ကောင်းလိုက်တဲ့ လူမှတ်နည်း ကလေးပေါ့ ။
ဈေး ထဲမှာ တွေ့ သမျှ မိန်းမ မှန် သမျှ နဲ့ ကိုယ့် မိန်းမ နဲ့ ခွဲခြားနည်းကလည်း . ပ၀ါ နီ လေးနဲ့ ချစ်သော မိန်းမ ရယ် ဆို တဲ့ သီချင်း လေးလို ပါပဲ ။ ဆော်ဒီ အမျိုးသမီးတွေ ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်း တမျိုးမျိုး ဟာ သူတို့ လင်ယောက်ျားများ မှတ်မိလွယ် စေဖို့ ရည်ရွယ် နေလေတော့ ။။။
 အမွှေးအကြိုင် ခုံမင်နှစ်သက်သော အာရပ်လူမျိုးများ
အာရပ် လူမျိုး တို့ သည် ၄င်းတို့ ၏ ပင်ကိုယ် ဗီဇ အတိုင်း အမွှေးအကြိုင်များကို လွန်စွာတန်ဖိုးထားကြသည်။
မြို့ လည်ခေါင် ရှိ လမ်းဘေးဆိုင်များတွင်လည်း ဗန်းကလေးများဖြင့် ခင်းကျင်းရောင်းချလျက်ရှိသော ရေမွှေးဆိုင်ကလေးများကို မြောက်မြားစွာတွေ့ နိုင်ပေသည်။
မြန်မာနိုင်ငံတွင် လျက်ဆားရောင်းသော သူများကဲ့သို့ လမ်းသွားလမ်းလာများကို ရေမွှေး အစမ်း ဆွတ်ပေးကာ ဈေးခေါ်လျက်ရှိကြသည်။ တန်ဖိုးအားဖြင့် မြန်မာ ငွေ သုံးထောင်ကျပ် ခန့် ဆိုလျှင် အတန်အသင့် မွှေးကြိုင်သော ရေမွှေးတစ်ပုလင်းကို ရရှိနိုင်သည် ။