Sunday 29 August 2010

ဆော်ဒီအာရေးဗီးယား မြန်မာသံရုံး မှ E-Passport လုပ်ငန်းများ စတင် လုပ်ဆောင်ပေးနေပြီ


လွန်ခဲ့သည့် လများတွင် Electronic Passport ဟုခေါ်သော .. စက်ဖြင့် ဖတ်ရှုနိုင်သည့် မြန်မာ နိုင်ငံကူးလက်မှတ် စာအုပ် (MRP) ကို စတင် လဲလှယ်ပေးနေပြီ ဟု.သိရှိရပါသည်။

စာအုပ် အသစ် လဲလှယ် နှုန်းထားမှာ ဒေသ သုံးငွေ (၄၀၀ ဆော်ဒီရီယာလ်) ဖြစ်ပါသည်။

အသေးစိတ်အချက်အလက်များကို ရှူ

https://acrobat.com/#d=-B094qh4pJFEnBaKIPZX2Q


















မြန်မာ သံရုံး (ဆော်ဒီအာရေးဗီယား) ကို မြို့ တော် Riyadh မှာ တည်ရှိပါသည်။ ၂၀၀၆ ခုနှစ် လောက် ကမှ.စတင် ပြီး လည်ပတ်ခဲ့တာလို့ လည်း သိရပါသည်။ အရှေ့ အလယ် ပိုင်းဒေသတွင် ကူဝိတ် နှင့် ဆော်ဒီ အာရေးဗီးယား ။ ဤ ၂ နိုင်ငံသာ သံရုံး ဖွင့်လှစ်ထားရှိပြီး အခြား နိုင်ငံရှိ မြန်မာ အလုပ်သမား များ ၏ Passoport သက်တမ်းတိုးခြင်း ၊ အခွန်ဆောင်ခြင်း စသည့် ကိစ္စ များကို ကူညီ ဆောင်ရွက်ပေးလျက်ရှိပါသည်။


ဆက်သွယ်ရန် လိပ်စာ အပြည့်အစုံ

Villa No.5,Al-Kadi Street (off Prince Ahmed bin Abdulaziz Road.) King Fahd Area, Riyadh. Kingdom of Saudi Arabia



(: (966) (1) 229 3523, 229 3525 :: (966) (1) 229 3306 e-*: meriyadh@awalnet.net.sa



မြန်မာသံရုံး (ရီးယာဒ့်)နှင့်ပတ်သက် သော သတင်းတစ်ပုဒ် ကို တရုတ်အခြေစိုက် ဆင်ဟွာ သတင်းဌာန မှ ကူးယူထားပါသည်



Myanmar to open embassy in Saudi Arabian capital


Myanmar is making arrangement to open soon an embassy in Riyadh, capital of Saudi Arabia in the Middle East to start carrying out its diplomatic undertakings, the local Weekly Eleven News reported Monday.

The introduction of an embassy in Riyadh will bring the total number of permanent diplomatic missions of Myanmar in the Middle East to three after Egypt and Israel.

Saudi Arabia, which established diplomatic links with Myanmar in August 2004, had opened its embassy in Yangon in December 2005.

In May this year, Myanmar Deputy Foreign Minister U Kyaw Thu visited Saudi Arabia and had discussions with his Saudi counterpart on the two countries' trade and Myanmar workers' job opportunities in Saudi Arabia.

According to the foreign ministry, Myanmar has established diplomatic relations with 96 countries in the world since its independence in 1948.

Myanmar has so far set up embassies in 30 countries and two permanent missions in New York and Geneva, and three consulates- general in China's Hong Kong and Kunming and India's Kolkata respectively.

Meanwhile, 28 countries have their embassies in Myanmar. In addition, China and India have respectively set up consulates- general in Myanmar's second largest city of Mandalay, while Switzerland's in Yangon and Bangladesh's in Sittway.

Source: Xinhua

ကူဝိတ် သံရုံးတွင် အခွန်ဆောင် . သက်တမ်းတိုးပါက.Passport စာအုပ်အဟောင်းကို ပါ ကိုပါ ပြန်ပေးမည်ဟုပြော

သူငယ်ချင်း တစ်ဦး ဖြစ်သူ..ကိုမိုးကျော်ကျော်ရဲ့ forward mail လေးကို အားလုံးအတွက် ပြန်လည် တင်ပြလိုက်ပါတယ်.၊၊



Dear All,

Pls see the attached Info from the Myanmar Embassy in Kuwait,

This is sent by the Ko Myint Maung from Myanmar Embassy in Saudi.

He said that from Kuwait's Myanmar Embassy will issue back the our Old
Passport if we apply the new Passport. So we can hold both of Old
Passport and New Passport.

In Saudi no issue back the Old Passport.



Best regards
Ko Moe Kyaw Kyaw

အပြည့်စုံကိုဖွင့်ရန်


http://www.mediafire.com/?7q69cwqcsvut6ws

http://www.mediafire.com/file/7q69cwqcsvut6ws/information_for_passports0001%5B1%5D.pdf




https://acrobat.com/#d=b5lN8AEtpM0vw-O9pPsLWA











ဆော် ​ဒီ​အာ​ရေ​ဗျ​တွင်​ ​အ​လုပ်​ သွား​လုပ်​သ​ည့်​ ​သီ​ရိ​လ​င်္ကာ​ ​အိမ်​ဖော်​ ​အိမ်​ရိုက်​သံ​များ​ ​ရိုက်​သွင်း​ နှိပ်​စက်​ခံ​ရ

ကျွန်တော် တို့ .အလုပ်ရှင်နဲ့ တော့..ကွာပါတယ်.

ကျွန်တော် တို့..အလုပ်ရှင် သဌေး ဆိုရင်... ကျွန်တော့် ကို မြင် လိုက်တာနဲ့ ..သား..သား...နဲ့ .....

ကျွန်တော်ကလည်း..အော.်..ငါ့ကို... ချိုချိုသာသာ ဆက်ဆံ တယ်ဆိုပြီး..အနား သွား လိုက်မိပါတယ်။

ဟိုနားလည်းရောက်ရော..သူဝယ်လာတဲ့.. ကြက်သွန်နီ..ဆာလာအိတ်ကြီးကို..လက်ညှိုး ထိုးပြပြီး..ထမ်းခိုင်းပါတော့တယ.်။။


အော်........သူ ခေါ်နေတဲ့. သား ဆိုတာ.. အာရဗီ ဘာသာ နဲ့ .. လာပါအုံးကို ပြောတာပါလားနော်....


ကျွန်တော်ကလည်း..ဘယ်ရမလဲ...ဒါမျိုးလာလုပ်လို့ ကတော့..

သူပြောတဲ့..စကားကိုနားမလည်သလိုလုပ်ပြီးတော့... တခြားကုလားလေး..တစ်ယေက်ကို..ခေါ်ထမ်းခိုင်းလိုက်တာပေါ့..

မြန်မာကို..လာကြော လို့ .ဘယ်ရမလဲ..နော့်...

ခင်မင်လျက်

ဇော်ပြည့်

(ပျော်ရွင် လေ့လာ အာရဗီ စကား တွင် ရှုရန်)

ဆော် ​ဒီ​အာ​ရေ​ဗျ​တွင်​ ​အ​လုပ်​ သွား​လုပ်​သ​ည့်​ ​သီ​ရိ​လ​င်္ကာ​ ​အိမ်​ဖော်​ ​အိမ်​ရိုက်​သံ​များ​ ​ရိုက်​သွင်း​ နှိပ်​စက်​ခံ​ရ

ဆော် ​ဒီ​အာ​ရေ​ဗျ​တွင်​ ​အ​လုပ်​သွား​လုပ်​သော​ ​သီ​ရိ​လ​င်္ကာ​ ​အိမ်​ဖော်​အ​မျိုး​သ​မီး​ကြီး​ ​တစ်ဦး​သည်​ ​အိမ်​ရှင်​များ​၏​ ​နှိပ်​စက်​မှု​နှင့်

ကြုံ​တွေ့​ခဲ့​ပြီး​ ​ခ​န္ဓာ​ကိုယ်​ထဲ​သို့​ ​အိမ်​ရိုက်​သံ​ ​၂၃​ ​ချောင်း​ ​ရိုက်​သွင်း ​ခံ​ခဲ့​ရ​ကြောင်း​ ​သိ​ရ​သည်​။

အ ​ရေ​ယာ​ဝက်​သီ​အ​မည်​ရှိ​ ​အ​သက်​ ​၅၀​ ​အ​ရွယ်​ ​အ​မျိုး​သ​မီး​ကြီး​သည်​ ​ကို​လံ​ဘို​မြို့​တော်​သို့​ ပြီး​ခဲ့​သည့်​ ​သီ​တင်း​ပါတ်​က​ ​ပြန်​ရောက်​လာ​ခြင်း​ဖြစ်​သည်​။ ​သူ​မ​သည်​ ​အ​လွန်​အ​ကျွံ​ ​ခိုင်း​စေ​သည့်​ ​အ​လုပ်​ရှင်​များ​အား​ ​စော​ဒ​က​ ​တက်​မိ​သည့်​နောက်​ ​အ​လုပ်​ရှင်​ ​ဇ​နီး​မောင်​နှံ​က​ ​မီး​ဖုတ်​ထား​သည့်​ ​သံ​ချောင်း​များ​ကို​ ​သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​ထဲ​ ​ရိုက်​သွင်း​ခဲ့​ခြင်း​ဖြစ်​သည်​။ ​အ​များ​စု​သည်​ ​ခြေ​နှင့်​လက်​များ​တွင်​ ​အ​ရိုက်​သွင်း​ခံ​ရ​ပြီး​ ​သူ​မ​အ​နေ​နှင့်​ ​သံ​ချောင်း​မည်​မျှ​ဖြင့်​ ​အ​ရိုက်​ခံ​ရ​သည်​ကို​ ​မ​မှတ်​မိ​တော့​ကြောင်း​ ​အ​ရေ​ယာ​ဝက်​သီ​အား​ ​တာ​ဝန်​ယူ​ ​ကု​သ​ပေး​နေ​သည့်​ ​ဒေါက်​တာ​ ​ပ​ရာ​ဘက်​ဂါ​ဂျာ​ဒ​ရာ​က​ ​ပြော​ကြား​ခဲ့​သည်​။

သူ​မ​၏​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ရှိ​ ​သံ​ချောင်း​အား​လုံး​ကို​ ​ဖယ်​မ​ထုတ်​ပေး​ရ​သေး​သော်​လည်း​ ​အ​သက်​အ​န္တ​ရာယ်​ ​စိုး​ရိမ်​လောက်​အောင်​ ​မ​ရှိ​တော့​ဟု​ ​သိ​ရ​သည်​။ ​ဒေါက်​တာ​ပ​ရာဘက်​က​ ​အ​မျိုး​သ​မီး​ကြီး​၏​ ​ခြေ​ထောက်​အတွင်း​ရှိ​ ​သံ​လေး​ချောင်း​က​ ​လမ်း​လျှောက်​ရန်​ ​အ​ခက်​အ​ခဲ​ ​ဖြစ်​နေ​စေ​ကြောင်း​ ​ပြော​ကြား​ခဲ့​သည်​။ ​သူ​မ​၏​ ​ခြေ​လက်​များ​အ​တွင်း​ ​သံ​ချောင်း​များ​ ​အ​ရိုက်​သွင်း​ ​ခံ​ရ​သည့်​အ​ပြင်​ ​မျက်​လုံး​အ​ပေါ်​ဖက်​တွင်​ပါ​ ​သံ​ချောင်း​တစ်​ချောင်း​ ​ဝင်​နေ​ကြောင်း​ ​ဓာတ်​မှန်​မှတ်​တမ်း​များ​က​ ​ဖော်​ထုတ်​နိုင်​ခဲ့​သည်​။ ​အာ​ရေ​ယာ​ဝက်​သီ​၏​ ​ခ​န္ဓာ​ကိုယ်​အ​တွင်း​ ​အ​ရှည်​တစ်​လက်​မ​နှင့်​ ​နှစ်​လက်​မ​အ​ရွယ်​ ​သံ​ချောင်း​များ​ ​ရိုက်​သွင်း​ခံ​ရ​မှု​နှင့်​ သီ​ရိ​လ​င်္ကာ​ ​အ​လုပ်​သ​မား​ရေး​ရာ​ ​ဌာ​န​က​ ​ဆော်​ဒီ​အ​စိုး​ရ​ထံ​ ​အ​ရေး​ဆို​သွား​မည်​ဟု​ ​သိ​ရ​သည်​။

ဆင်း​ရဲ​နွမ်း​ပါး​သည့်​ ​သီ​ရိ​လ​င်္ကာ​မှ​ ​လူ​ပေါင်း​ ​၂​ ​သန်း​နီး​ပါး​သည်​ ​ယ​မန်​နှစ်​က​ ပြည်​ပ​နိုင်ငံ​များ​တွင်​ ​သွား​ရောက်​အ​လုပ်​လုပ်​ခဲ့​ပြီး​ ​ဆော်​ဒီ​သို့​ ​သွား​ရောက်​သူ​ ​၄​ ​သိန်း​ကျော်​ ​ရှိ​ခဲ့​သည်​။ ​အ​များ​စု​သည်​ ​လူ​မှု​ရေး​အ​ရ​ ​အ​နိုင်​ကျင့်​ ​ဖိ​နှိပ်​မှု​များ​ ​ကြုံခဲ့​ရ​ပြီး​ ဥ​ပ​ဒေ​ကြောင်း​အ​ရ​ ​အ​ကာ​အ​ကွယ်​ ​ပေး​မည့်​သူ​ ​မ​ရှိ​ကြောင်း​ ​သ​တင်း​များ​က​ ​ဖော်​ပြ​ခဲ့​သည်




Saturday 28 August 2010

Jubail Beach of Arabian Sea




ဒီမှာ မြင် နေရတဲ့ ပုံကတော့ အာရေးဗီးယန်း ပင်လယ်ကို နောက်ခံထားပြီးရိုက်ကူထားတဲ့ပုံ လေးဖြစ်ပါတယ်။
ပင်လယ် ကမ်းခြေ ဆိုပေမဲ့. မြန်မာ နိုင်ငံက ချောင်းသာ တို့ ၊ ငပလီ တို့ လိုမျိုး ရင်ခုန်ဖွယ်ရာ ကမ်းခြေ တစ်ခု တော့ မဟုတ်ပါဘူး ၊၊ ကမ်းခြေ အလျားကလည်း သိပ် မရှည် သလို ၊ သဲသောင်ပြင် ဧရိယာ ကလည်း သိပ်မကျယ်ဝန်းလှပါဘူး။ အဆိုးဆုံးကတော့ ကမ်းစပ် နားက ကျောက်ဆောင် ကျောက်တန်း တွေ နဲ့ . အောက်ခြေက ကျောက်စရစ်ခဲတွေက ရေထဲကို ဆင်းဖို့အတွက် အကြီးမားဆုံး အဟန့် အတား တစ်ခုပါ။

ပင်လယ်လှိုင်းကလည်း ရေကျချိန်ဆိုရင် အင်းလျား ကန် လောက် ပဲ ရှိပြီး ဒီရေတက်ချိန်ဆိုရင်တော့ ရန်ကုန် မြစ် သာသာ လေးပဲ ရှိတတ်ပါတယ်။

ရေကူးမယ် ဆိုရင်တော့ ကူးလို့ ရတယ် ဆို ရုံ လေးပါပဲ။
သို့ သော်.. ကမ်းခြေ၀န်းကျင်မှာ ရေကူဖို့ ဖန်တီး ပေးထားတဲ့ အနေအထား ရယ် လို့ ဘာမှ မရှိပါဘူး။
ဒါကြောင့် ကမ်းခြေမှာ အပန်းလာဖြေတဲ့ လူရယ် လို့ များများစားစား မရှိပဲ. နံနက် ပိုင်း လောက်မှာပဲ ငါးမျှား တဲ့ လူအနည်းငယ် လာရောက်တတ်ကြပါတယ်။

ဒါပေမဲ့ .. ပျော်ပွဲ စား သဘော ထွက်လာတဲ့ ဖိလစ်ပိုင် လူမျိုးတွေကတော့ ပူပြင်းတဲ့ နွေရာသီရဲ့  သောကြာနေ့ နံနက်ပိုင်း လို မျိုးမှာ ကမ်းခြေကို အဖွဲ့ လိုက် လာကြပြီး ၊ ငါးကင်စား လိုက်ကြ ၊ ရေကစား လိုက်ကြ နဲ့ အပျော်ရှာတတ်ပါတယ်...

ဒါကြောင့် သောကြာနေ့ နံနက် ပိုင်းလေး တစ်ချိန်သာ အသက်ဝင်တဲ့ ကမ်းခြေ ဖြစ်ပါတယ်။
ကမ်းခြေက စွန်ပလွန် ပင် ကြီနဲ့ အမှတ်တရ

အဖွားပြောတဲ့ ဂျပန်ခေတ် နေ့ စွဲများ








အဖွားပြောတဲ့ ဂျပန်ခေတ်




အဖွားဟာ ဂျပန်ခေတ်မှာ အပျို ဖြစ်လာခဲ့တော့.အဲဒီခေတ်ရဲ့ အကြောင်းကို သေသေချာချာ ပြောပြနိုင်ပါတယ်။
အမြဲလိုလို လည်း စကားပြောရင် အဲဒီ ဂျပန်ခေတ်ကနေစပြီး . သူ အိမ်ထောင်ကျပုံ။ သားသမီးတွေ ရ ပုံ . နောက်ဆုံ. ကျွန်တော့် အဖေနဲ့ အမေ လက်ထက်ပြီး ကျွန်တော့်ကို မွေးခဲ့တဲ့အထိ သေသေချာချာ ရုပ်ရှင်တကားကြည့်နေရသလို ။ ၀တ္တုတစ်ပုဒ် ဖတ်နေရသလို မျိုး အမြဲတစေ ပြောပြလေ့ရှိပါတယ်။

အခုချိန်မှာတော့ မကြားရတော့ အဖွားရဲ့ ဂျပန်ခေတ် စွန့် စာခန်းလေးတွေ လွှမ်းမိပါတယ်ဗျာ

အဖွားမှာ မြေး ၅ ယောက်ရှိပါတယ်။ ဒါပေမဲ့ သူ့ ရဲ့ ဇာတ်ကြောင်းတွေကို အမြဲ တည်း နားထောင်ပေးတာဆိုလို့ ကျွန်တော် တစ်ဦးတည်းသာ။ ဒါကြောင့်လည်း အဖွားက ကျွန်တော့်ကို အချစ်ဆုံး ပေါ့…
ကျွန်တော်ကလည်း ကိုယ့်အဖွား ကပြောလို့  နား ထောင် ပေး ရတယ် ဆိုတာထက် . သက်ကြီးစကား သက်ငယ်ကြား ချင်တာရယ် . နောင်တချိန် ကိုယ်လည်း အိုမင်းမစွမ်း ဖြစ်ရင် . ကိုယ်ပြောချင်တဲ့ စကား တွေကို နားထောင်ပေးတဲ့ လူ လိုအပ်တာရယ်ကြောင့် . အဖွားရဲ့ သက်ကြီး ခံစားချက်ကို(Lonely feeling ) နားလည်ပြီး အမြဲလိုလို မပျင်းမရိ နားထောင်ပေးခဲ့ပါတယ်။

ကျန်တဲ့ မြေးတွေကတော့ . ဂျပန်ခေတ် ဆိုတာ သီဟတင်စိုး ရုပ်ရှင်ထဲမှာပဲ မြင်ဖူးပါလိမ့်မယ် ။



အဖွားရဲ့ အဖေ (ကျွန်တော့်ရဲ့  ဘိုးကြီ) ဟာ ဂျပန်ခေတ်မတိုင်ခင်ကတည်းက ရာဇ၀တ် ၀န်ထောက်မင်း ဘ၀ နဲ့ ဖြစ်နေလို့ သူတို့ မိသားစု ဟာ ချောင်ချောင်လည်လည် . မပူမပင်နဲ့ နေရပါတယ်။ အဖိုးနဲ့ အဖွားကလည်း ဂျပန်ခေတ်မှာ သမီးရည်းစား ဖြစ်ကြတယ်လို့ သိရပါတယ်။

ရုပ်ရှင်တွေထဲကလိုပါပဲ .. ဂျပန်တွေဟာ ရိုင်း ပါတယ်။ မိန်းကလေးမှန်ရင်လဲ အားလုံးဂျပန်ရှေ့ ရောက်ရင် အိမ်ထောင်ရှိတယ်လို့  ညာ ပြောကြရပါတယ်။ ဂျပန်တွေ ဟာ.. မိန်းမ.ကိစ္စ မှာတော့ သိကြတဲ့ အတိုင်း ဖက်စစ် ပီပီ ပက်စက် လွန်း လှ ပါတယ် ။ ဂျပန်တွေ ဟာ ရွာ ရဲ့ ရေတွင်းတွေမှာ ရေချိုး လေ့ရှိပြီး. အဲဒီလို ချိုး ရင်တော့ . ဂျပန် လို ရေချိုးပါတယ်။။ ဂျပန်လို ချိုး တယ် ဆိုတာက သူငယ်ချင်းတို့ လည်း ချိုးဖူးမှာပါ.. ငယ်ငယ်တုန်းက လေ.. ခန္ဓာကိုယ် မှာ ဘာဆိုဘာမှ မ၀တ်ပဲ . ဒီအတိုင်း အများမြင်ကွင်းမှာ ဗလိုင်းကြီး ချိုး ကြပါသတဲ့.. အရှက်အကြောက်ကြီးတဲ့ မြန်မာ့ လူမှူ ၀န်းကျင်မှာတော့ သူတို့ တွေ ဟာ အထူးအဆန်းတွေ ပဲပေါ့။ ယဉ်ကျေးမှူ ဓလေ့ထုံးစံချင်းမတူလေတော့လည်း ဒါမျိုးတွေ ဖြစ်တတ်ပါတယ်။

ဂျပန်တွေ ထမင်းချက်ဖို့ လက်နှီးမရှိရင်. မြန်မာ မိန်းမ တွေ ၀တ်တဲ့ ထမီတွေနဲ့ လက်နှီးလုပ်ပါတယ်။

ပါးရိုက်နားရိုက်နဲ့ နေ့ စဉ် မြင်ရကြားရတာ အနိဋာ ရုံတွေပါပဲ ။ အရှက်အကြောက်ကြီးတဲ့ မြန်မာတွေ အတွက် အယုတ္တ. အနတ္တ ဆဲ ဆို ကြတာဟာ ကျား ၊ မ လိင် အင်္ဂါ တွေ . မေထုန် အမှူတွေကို ရင့်ရင့်သီးသီး ညစ်ညစ်ညမ်းညမ်း ပြောကြသလိုပါပဲ.. ဂျပန်တစ်ယောက် ကို ဆဲ ချင်ရင် ( do re bo - ဒိုး ရ ဘို) မင်းဟာ သူခိုး လို့ ပြောလိုက်ရင်..အပြောခံရတဲ့ ဂျပန်လူမျိုးဟာ အသည်းဆတ် အောင်နာပါတယ်. သူတို့ ရဲ့ ဆဲ နည်း ဟာ သူခိုး လို့ ပြောရင် ဆဲ တယ်လို့  မည်ပါတယ်…

ဒီလိုမှမဟုတ်ပဲ .မြန်မာလို တွေးပြီးတော့ ဖို.မ ကိစ တွေနဲ့ သွား ဆဲမယ် ဆိုရင်တော့ ဂျပန်ကြီးက ပြုံးပြုံးလေ ကြည့်ပြီး အဲဒါ ကျန်းမာရေး ကောင်းတဲ့လူမှ လုပ်နိုင်တာ .လို့ ပြန်ပြောလိုက်ပါလိမ့်မယ်။

ဂျပန်တွေ ဟာ သူတို့ ရဲ့ ဗီဇ အရ သူခိုး ဆိုရင် အရမ်းမုန်းပါတယ်။ ဒီတော့ မြန်မာ တွေ ထဲမှာလည်း သူခိုး ဆိုရင် အမျိုး မျိုး ညှင်းပန်း နှိပ်စက် ပြီးတော့ သတ်ပစ်လေ့ရှိပါတယ်။ ဂျပန် ကင်ပေတိုင် စစ်ပုလိပ် တွေဟာ သူခိုး တစ်ယောက်မိရင် လက်သည်းကို ရေနွေး စိမ် ပြီးတော့. မှ. ပလာယာနဲ့ .ဆွဲနှူတ် တာမျိုး တွေ ၊ တနေကုန် နှိပ်စက် ပြီး နေပူ ကြီးထဲမှာ ပစ်ထား တာမျိုးတွေပါ။

ဒါကြေင့် ဂျပန်ခေတ်မှာ ဘယ် သူမှ မခိုးရဲ သလို . သူခိုး မရှိလို့ … အိမ်တွေဟာ တံခါးဖွင့် ပြီးတော တောင် အိပ် လို့ ရတယ် လို့ ပြောစမှတ် ပြုကြပါတယ်. ဒါကတော့ ဂျပန်ခေတ်ရဲ့ ရှားပါးလှတဲ့ ကောင်းကွက်ကလေးပါ။

ဂျပန်ခေတ်မှာ အစစ.အရာရာ ရှားပါးလွန်းလှပါတယ်။ ၀တ်စရာ အကျီ င်္အ၀တ်အစားက အစ အတော့်ကိုရှားပါလွန်းတာရယ်. ရေချိုး အ၀တ်လျှော်ဖို့ လည်း ဆပ်ပြာက မရှိတာကြောင့် လူတွေ ရဲ့ အ၀တ်တွေဟာ အမတန်မှကို ညစ်ပတ်လှပါတယ်။ ဒါကြောင့် ခန္ဓာကိုယ် မှာ တောင် သန်းကြီးမ လို့ ခေါ်တဲ့ သန်းတွေ တောင်တွယ်တယ်လို့ .အဖွား ပြောလေ့ရှိပါတယ်။ လူ စင်စစ်ကနေ တိရစ္ဆာန် မျောက်သတ္တ၀ါလို မျိုး ကိုယ်ခန္ဓာမှာ သန်း တွယ် တဲ့ အထိ အခြေအနေ ဆိုးဝါးလွန်းလှပါတယ်။

ဒါပေမဲ့ အဖွားတို့ တွေကတော့ ဒီလောက် ဒုက္ခ မရောက်ပါဘူး။ အချိန်တန်စား အချိန်တန် ၀တ်နဲ့ . ဖခင်ကြီးရဲ့ အရိပ်အာဝါသ အောက်မှာ အစစ.အရာရာ အဆင်ပြေလှပါတယ်။ ဒီတော့ အဖိုး နဲ့ တွေ့ ကြပါလေရော..။

အဖွားအကြောင်း တွေချည်းပဲ ထပ်နေလို့  အဖိုးအကြောင်းတော့ နည်းနည်း ဋိကာ ချဲ့ ချင်ပါတယ်။

အဖိုးဟာ အဲဒီခေတ်တုန်းကတော့ အမတန်မှကို လူရာဝင်တဲ့ မြို့ မျက်နှာဖုံး ပါ။ မိဘ ဆွေမျိုး အသိုင်းအ၀ိုင်းကလည်း ဆွေကြီးမျိုးကြီး . သူကိုယ် တိုင်ကလည်း ထိုစဉ်က ဘိလပ်ပြန် ပါ။
ဘိလပ် ဆိုတာကတော့ အားလုံးသိတဲ့အတိုင်း အင်္ဂလန် ကနေ ပညာတော်သင်ဘ၀ နဲ့ .ဟိုမှာ အနှစ် ၂၀ နီးပါးလောက်နေပြီးမှ မြန်မာပြည်ကို ပြန်လာလေတော့ . ဘိလပ်ပြန် တို့ ရဲ့ ထုံးစံအတိုင်း . ဘောင်းဘီ နဲ့ ရှပ်အကျီ င်္ ကို ကျနစွာဝတ်ရင်း. (ဗိုလ်အောင်ဒင် စတိုင်) ခေါင်းပေါ်မှ ဆံပင်ကို ကော်စမတ်တစ်နဲ့  ပိပိပြားပြား ဖီးလိမ်းပြီး အခန့် သား ရိုက်ထာားတဲ့  အဘိုးရဲ့ ဓာတ်ပုံကို ငယ်စဉ်က မြင်ဖူးလေတော့ . ပျိုတိုင်းကြိုက်တဲ့ နှင်းဆီ ခိုင် ဖြစ် တာမဆန်းဘူးလို့ ထင်မိပါတယ်။ အဖိုး ဟာ ဥစာ ပေါ . ရုပ်ချော . ပညာတတ် ။ အဆင့်အတန်း ရှိတဲ့ ဆွေမျိုး အသိုင်းအ၀ိုင်းထဲကပါ.

(ကျွန်တော် ကလည်း . ဘမျိုး ဘိုးတူ . အဖိုးရဲ့ ဥပတိရုပ် မျိုးကို အမွေရထားလေတော့ . ဒါကတော့ ကြုံတုန်းလေး ကြုံကြွားပေါ့နော် )

အဖိုးနဲ့ ယှဉ်လိုက်ရင်တော့ အဖွားတို့ ရဲ့ အသိုင်းအ၀ိုင်းက သိပ်ပြီးမတောင့်တင်းပါဘူး။ နောက်ပြီး အဖွား ရဲ့ ပင်ကိုယ်ရုပ်ခံကလည်း အလှကြီး မဟုတ်ပါဘူး။ . သွား လေးတောင် အနည်းငယ် ခေါ နေပါတယ်။ အဖိုး နားမှာ ၀ိုင်းဝိုင်းလည်နေတဲ့ မိန်မလှ ပညာတတ် ဆွေကြီးမျိုးကြီး တွေနဲ့ ယှဉ်လိုက်တော့ အဖွားဟာ ဖယောင်းတိုင်မီးနဲ့ မာကျူရီ မီး အလင်းရောင်လိုမျိုးဖြစ်နေပါတယ်။

ဒါပေမယ့် . အဖွားရဲ့ အဓိက ဆွဲဆောင်မှူ့ ရှိတဲ့ ပီယ၀ါစာ လို့ ခေါ်တဲ့ နှစ်လိုဖွယ်ရာ စကား အရာမှာတော့ ပြိုင်စံရှားပါတယ်။

ရုပ်ချောသူ နှင့် အပြောကောင်းသူ တွင် အပြော ကောင်း သူကိုသာ လူချစ်လူခင် ပို စမြဲ ဆိုတဲ့ စကား လေး အတိုင်းပါပဲ။
ဗန်းစကား နဲ့ ပြောရရင်.. talkie တော်ကီ ညက် တယ်ပေါ့လေ။

ဒါကြောင့်လည်း ဘိလပ်ပြန်ကြီး ကို ဆွဲဆောင်နိုင်ခဲ့ပုံ ပေါ်ပါတယ်။

အဖိုးနဲ့ အဖွား ချစ်ကြိုက်ကြတာ ဂျပန်ခေတ်ထဲမှာပါ . ခေတ်ကလည်း ခေတ်ပျက်ကြီး . အခြေအနေတွေကလည်း မကောင်း ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် စိတ်ပူ ကြတာပေါ့လေ။

အဖိုး ဟာ ညနေတိုင်းလိုလို အဖွားတို့ အိမ်ကို စက်ဘီးလေးနဲ့ လာလေ့ရှိပါတယ်။ . အိမ်ပြန်တဲ့အချိန်ဆိုရင် အင်္ဂလိပ် စစ်လေယာဉ်တွေက အဖိုးတို့ မြို့ နားက တံတားကြီးကို အမြဲလိုလို ဗုံး လာကြဲတတ်ပါတယ်။ အဖိုး ကလည်း အဲဒီတံတားကို ဖြတ်ပြီး ပြန်ရလို့ အဖွားတစ်ယောက် အမြဲတမ်း ဂုဏ်တော် မပြတ်ရွတ်ရင်း မေတာ ပို့ ရတယ်လို့ ပြောလေ့ရှိပါတယ်



အဖိုးရဲ့ သတ္တိ

နင်တို့ အဖိုး ဟာ ဂျပန်ခေတ်တုန်းက သတ္တိ္တ သိပ်ကောင်းတာပဲလို့ အဖွား ပြောလေ့ရှိပါတယ်။

ကျွန်တော့် စိတ်ထဲမှာတော့ ကြည့်ခဲ့ဖူးတဲ့ ဂျပန်တော်လှန်ရေး ရုပ်ရှင်တွေ ထဲကလို .ငါတို့ အဖိုးဟာ တော်လှန်ရေးတပ်ဦးကနေ ပြီး ဂျပန်စစ် စခန်းတွေကို ၀င်တိုက် တာလား ။ ဒါမှမဟုတ် . ဂျပန်စစ်ဗိုလ်နဲ့ .ဆာမူရိုင်း ဓားချင်း ယှဉ် ခုတ်တာလား . ဘယ်လို မျိုး သတ္တိရှိတာလဲ လို့ တွေးနေမိပါတယ်။

အဲဒီလို တော့ မဟုတ်ပါ။

ဂျပန်ခေတ်က လူတွေအားလုံးက လေယဉ်ပျံ အသံကို ကြားရင် ဗုံးခိုကျင်း ထဲကို အလုအယက်ပြေးဝင်ပြီးတော့ မြေကြီးပေါ်မှာ ပြားပြားဝပ် နေကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အဖိုးကတော့ အဲဒီလိုမဟုတ်. ဗုံးကြဲလာတဲ့ ဗုံးကြဲ တိုက်လေယာဉ်တွေကို မြေမှာ မ၀ပ်ပဲ ခါးကိုထောက် ခေါင်းမော့ ပြီး ကြည့်တတ်တယ်လို့ ပြောပါတယ်။

သြော် . သတ္တိ ဆိုတာ. ဒါပဲလား . ဆိုတော့……….အေး…….ဒါပဲလေ တဲ့.

အင်းလေ. အဖွားပြောတဲ့ . သတ္တိဆိုတာကလည်း မသေးပါဘူးနော်။ လူတိုင်း ကမ္ဘာပျက် မတတ် ကြောက်နေကြတဲ့ ဗုံးကြဲလေယာဉ် ပျံတွေကို ခေါင်းမော့ ရင်ကော့ ကြည့်ဝံ့ တာ နည်းမှ မနည်းပဲ ..



တော်သေးတာပေါ့ . အငြိမ့် ထဲက လူရွှင်တော်တွေပြောသလို . ငါတို့ အဖိုး က သိပ်သတ္တိရှိတာကွ. စစ်တောင်းတံတားပေါ်မှာ ဂျပန် စစ်သား အယောက် ( ၂၀ ) ကို ခြေထောက်တွေ လိုက် ခုတ်ပစ်တာ..ငါတို့ အဖိုးပေါ့ တဲ့။.. ဒီတော့ ဘေးနားက လူရွှင်တော်တစ်ယောက်က..နေပါအုံး ကွ…မင်း အဖိုး က.ဂျပန်စစ်သားတွေရဲ့ ခြေထောက်တွေကို ခုတ်တယ် ဆိုတော့. ခေါင်းတွေကော မခုတ်ဘူးလားလို့ မေးပါတယ်..

ဒီတော့ ..ခေါင်းတွေကတော့ တို့ အဖိုး ခုတ်စရာမလိုဘူး. သူများက အရင်ခုတ်ထား နှင့်ပြီ လို ဆိုပါသတဲ့..

တော်သေးတာပေါ့နော်..ကျွန်တော်တု
ိ အဖိုးလည်း အဲဒီလိုမဟုတ်လို့ .

နားလည်တဲ့ လူတွေ ရဲ့  ပြောစကားအရ… လေယာဉ်ပျံ တစ်စင်းက ကိုယ့်ခေါင်းပေါ်တည့်တည့်ကနေပြီး ဗုံး ကြဲ ချလိုက်တာက မြင်ရတယ်ဆိုရင် အဲဒီ ဗုံး ဟာ ကိုယ့်အနားကို မကျတော့ ပဲ….ကိုယ် နဲ့ အလွန်ဝေးကွာတဲ့  . နေရာ . ဗုံးကွဲ သံတောင် သေချာ မကြားရတဲ့ နေရာ လောက်မှာပဲ ကျရောက်ပေါက်ကွဲ လေ့ရှိပါတယ်။ .. ဥပမာ ကိုယ်က . ဆူးလေး ဘုရား လေက်မှာရှိနေရင်. လေယာဉ်ပျံက ကိုယ့်ခေါင်းပေါ်တည့်တည့် ကနေ ဗုံးကြဲလိုက်တယ်ဆိုပါ စို့ . လေယာဉ်ပျံ ရဲ့ အရှိန် နဲ့ အဲဒီ ဗုံးဟာ စံပြရုပ်ရှင်ရုံ လောက်မှာပဲ ကျရောက်ပေါက်ကွဲ တတ်ပါတယ်… ကိုယ့်ခေါင်းပေါ် ကြဲလိုက်တဲ့ ဗုံးဟာ ဘယ်တော့မှ ကိုယ့် ငယ်ထိပ်ပေါ်ကို ကျလေ့မရှိပါဘူး..

ဒီသဘောတရာတွေ ကို ကျွန်တော့်ရဲ့ ဘိလပ်ပြန် ဖိုးဖိုးက တွက်ဆမိဟန်တူပါရဲ့ ။ အများသူငါ ဖင်တုန်အောင်ကြောက်နေတဲ့ ဗုံးကြဲ လေယာဉ်ပျံတွေကို ခေါင်းမော့ ရင်ကော့ ပြီး ခါးထောက်ကြည့်ဝံ့ တဲ့ ပုံမျိုးကို အဖွားကလည်း အာဂ သတ္တိကြီးပဲဆိုပြီးတော့ အမှတ်တွေ ပေးလိုက်ဟန် တူပါရဲ့ …

တကယ်လည်း သတ္တိ နဲ့ ကျိုးကြောင်းဆင်ခြင်တတ်မှူ ဆိုတာလိုအပ်ပါတယ်။ သူငယ်ချင်းတို့ ကော ကိုယ့်ခေါင်းပေါ်ကို ဗုံးကြဲလာတဲ့ လေယာဉ်ပျံ ကို ကျွန်တော့် အဖိုးလို ခေါင်းမော့ ပြီးကြည့်ဝံ့ ပါ့မလား။



(သေမင်းတမန် ဗုံး ကြဲ လေယဉ်များက ယခုလို ကြောက်လန့် စဖွယ်)

ဒီသဘောတရာတွေကို နားလည် တယ်ပဲ ထားအုံးတော့ . သူများကြောက်ရင် ကိုယ် လည်း လိုက်ကြောက်တတ်တာ လူ့ သဘာဝ ပါ။ လေယဉ်အချက်ပေး ဥသြသံ တွေက သွေးပျက်မတက် ခြောက်ခြားနေမယ်… လေယဉ်သံတွေ က. တဝေါဝေါ မြည် နေမယ် … ဗုံး သံတွေ.. အော်ဟစ် ငို ယို သံတွေ က က လိပ်ပြာလွင့်မတတ် ဆူညံ နေမယ် .. ဒီလို အခြေအနေမျိုး မှာတော့ ဘယ်သူမဆို .. ဟုတ်သော်ရှိမဟုတ်သော်ရှိ. လိုရမယ်ရ ဆိုပြီးတော့ ဗုံးခိုကျင်း ထဲမှာ ၀ပ်နေကြမှာပါပဲ။ လေယဉ်ပျံကို ခါးထောက်ကြည့်လို့ ဘယ်သူမှာ သတ္တိမောင်ကြီး ဆိုပြီး ..သူရ ဘွဲ့ လာမပေးဘူး ဟဲ့  ဆိုပြီးတော့ မြေကြီးပေါ်မှာ ပြားပြားဝပ် နေမဲ့ လူတွေ ပါပဲ.. ဒါပေမယ့် ဒီလို လူစား တွေ ထဲမှာတော့ ကျွန်တော့် အဖိုး မပါဘူးလို့ .အဖွားက အမြဲ ဂုဏ် တင်ပြောဆိုတတ်ပါတယ်။

နောက်ပြီး အဖွားနဲ့ အသက် ရွယ်မတိမ်း မယိမ်း . ကျွန်တော်တို့ အိမ်အပေါ်ထက်က အဒေါ် ကြီးတစ်ဦးနဲ့ လည်း ကြုံလိုက် ဆုံလိုက်တိုင်း ဂျပန်ခေတ်အကြောင်းတွေ . လေပေးဖြောင့်ကြပါတယ်။

ကျွဲကြီး ဆိုလား အမဲကြီးဆိုလား ဂျပန်စက်သေနတ် လေယာဉ်ကြီးက ညနေတိုင်း လာပြီး တွေ့ ရာသဂြိုင်း ဓားမဆိုင်း ပစ်ခတ်တတ်ပုံများ ။ ကျီးလန့် စာ စား ဘ၀နဲ့ . ဟိုပြေး ဒီရှောင် နေခဲ့ရ ပုံလေးတွေ ကို ပြန်ပြောင်းအောက်မေ့ကြပါတယ်။ စားနပ်ရိက္ခာ တွေ က ရှားပါး လို့  ဆန်ပြုတ် တလှည့် ၊ ပေါင်မုန့် ကြမ်း တလှည့် . စားခဲ့ရပုံ

ဒါတွေ ကတော့ အဖွား ပြောပြခဲ့တဲ့ ဂျပန်ခေတ် ပုံရိပ်လေးတွေ ပါ။ အခုတော့လည်း ဒီလို မျိုး စွန့် စားခန်းလေးတွေဟာ

လွမ်းငွေ့ တဝေေ၀….လွမ်းငွေ့ တဝေေ၀…


ခင်မင်လျက်

ဇော်ပြည့်


Thursday 26 August 2010

အောက်တိုဘာ ၁ ရက်နေ့ ..အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များ နေ့ ကို ဂုဏ်ပြုလျက် .. ပြောချင်နေတဲ့..ကျွန်တော့် ရဲ့ အဖွား အကြောင်း

International Day of Older Persons 1 October



အောက်တိုဘာ ၁ ရက်နေ့ ..အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အို များ နေ့ ကို ဂုဏ်ပြုလျက်






သာယာသော ညနေခင်း တခု..ရွှေတိဂုံ ဘုရား .၀ိဇ္ဖာ တန်ဆောင်း

မျက်နှာမူရာရှေ့ တည့်တည့်ရှိ ရုပ်ပွားတော်မြတ်ကြီးကို ရှိခိုး ပြီး အာရုံခံ တန်ဆောင်းထဲမှာ တရားထိုင်းရင် အနောက်ဘက်ဘုရားစာ ရွတ်သံကို တိုးတိုး လေးကြားလိုက်မိပါတယ်။

အမယ်အိုကြီး တစ်ယောက်ရဲ့ အသံ တုန်တုန် နဲ့  ရွတ်ဆိုနေတဲ့ အသံ လေးပါ။ တဖြည်းဖြည်း အာရုံစိုက်နားထောင်ရင်း သတိထားမိတာက.. ဘုရားစာ ရွတ်သံ.. ဒီလိုမျိုး အသံနေ ၊ အသံထား နဲ့  ရွတ်သံမျိုး ကို စိတ်ထဲရင်း နှီး နေသလို ပါပဲ။

အတန်ကြာ ပုတီးစိတ် လို့ ပြီးတော့ ကိုယ့်နေရာကနေ ထဖို့ လုပ်ရင်း အနောက်ဘက်နားဆီက အမယ် အိုကြီးကို ရုတ်တရက် လှမ်းကြည့်လိုက်မိပါတယ် ။

မျက်နှာ ပေါ်က ဇရာ ရဲ့ အထိမ်းအမှတ် အရေးအကြောင်း လေးတွေ ။ တခေါင်းလုံး စွတ်စွတ်ဖြူနေတဲ့ ဆံပင်ဖြူ လေးတွေ ။ တင်းရင်း မှူ မရှိ ပကတိ လျော့တိလျော့ ရဲ တွဲကျနေတဲ့ လည်ရစ် တွေက အမယ်အိုကြီးရဲ့ အသက် ကို ခန့် မှန်း လို့ ရတဲ့ အနေအထား လေးတွေ ပါ ။

အထူးသဖြင့် သူ ရွတ်ဆို သွားတဲ့ ဘုရား စာ သံပေါက် မျိုးဟာ ကျွန်တော့်အတွက် တော့ တကယ့်ကို ရင်းရင်းနှီးနှီး ရှိနေပါတယ် ။ သူ့ ရဲ့ မျက်နှာပေါက်ကလည်း ကျွန်တော့် ကို ဆွဲဆောင်မှူ အပြည့်ရှိနေပါတယ် ။

ကျွန်တော့် အတွက်တော့ ဟောဒီ အမယ်အိုကြီးကို ခပ်လှမ်းလှမ်းကနေပြီး အချိန်အတန်ကြာ စောင့်ကြည့်နေမိပါတယ် ။ စိတ်ထဲကလည်း တူလိုက်တာ.. သြော် တူလိုက်တာ နော် လို့ ပြောနေမိပါတယ်။



ဘာကို တူလိုက်တာလဲ။ ဘယ်သူ နဲ့ တူနေလို့ လဲ …

ဟုတ်ပါတယ် ။ တူလိုက်တာ ဆိုတာက ကျွန်တော် သိပ်ချစ်ခဲ့ ရတဲ့ ကျွန်တော့် ရဲ့ အဖွား နဲ့ တော်တော်လေးကို တူလို့ ပါ ။

သြော်…….ဘာလိုလို နဲ့ .အဖွား ဆုံးသွားတာ ၅ နှစ် တောင် ကျော်လာပါပြီကော..

ကျွန်တော့်ရဲ့ ကျေးဇူးရှင် အဖွားပါ။ သတိရ စရာ အကြောင်းအရာတွေ တိုက်ဆိုင်တိုင်းလည်း သတိရလေ့ရှိပါတယ် ။



လူတိုင်းမှာတော့ အဖေဘက် အဖိုးအဖွား နဲ့ အမေ ဘက် က အဖိုးအဖွား ဆိုပြီး အဖိုးအဖွား စုစုပေါင်း ၄ ယောက် တော့ ရှိစမြဲပါပဲ ။ တချို့ တွေကတော့ ကိုယ့် အဖိုးအဖွားတွေက သိမှီ လိုက်ပြီး အတူနေခွင့်ရလိုက်ကြပါတယ်။ တချို့ ကတော့လည်း အသက်ကြီးလို့ ကံကုန် သွားလို့  ဓာတ်ပုံလောက်ကိုသာ တွေ့ မြင်ဖူးလိုက်တဲ့ သူ တွေ လည်း ရှိပါတယ်။

ကျွန်တော်ကတော့ လူ ရယ်လို့ ဖြစ်လာကတည်းက အဖိုးအဖွားတွေကို သိမြင်ခွင့်ရလိုက်ပါတယ် ။ ဒါပေမဲ့ ကျွန်တော် ငယ်ရွယ် စဉ်ကတည်းက တစ်ယောက်ပြီးတစ်ယောက် ကံကုန် လို့ ကွယ်လွန် သွားကြတာ..နောက်ဆုံးမှာတော့ ထီးထီးမားမား ရယ်လို့  အဖေ ဘက် က အဖွား တစ်ဦး သာ ကျန်ရှိပါတော့တယ်။

သူနဲ့ ပဲ ကျွန်တော် ၁၀ တန်း အောင်လို့  တကသိုလ် ဘွဲ့ ရ ခါနီး အချိန်အထိ အတူ နေလိုက်ရပါတယ် ။ ဒီတော့ သူ့ ရဲ့  ငယ်ဘ၀ အကြောင်းတွေ ။ သူနဲ့ သူ့ ပတ်ဝန်းကျင်ကလူတွေ ရဲ့  အကြောင်းတွေ . သူ တို့ ခေတ် က လူနေမှု့ ဘ၀ အကြောင်းတွေ ပါ အဖွား ဆီကတဆင့် ကြားနာ မှတ်သား လိုက်ရပါတယ်။

အသက်ကြီးပေမဲ့ မပျက်စီးသေးပါ ဆိုတဲ့ စကား လေးဟာ ကျွန်တော့် အဖွားအတွက် ဖြစ်ပါလိမ့်မယ်။ တခြား အမယ် အိုကြီးတွေလို မှတ်ဥာဏ်တွေ လျော့ရဲ ပြီး ငယ်က အကြောင်းတွေ မမှတ်မိတော့ လောက် တဲ့ အဖြစ်မျိုးလည်း မရှိပါဘူး ။ အမြဲလိုလိုသူ့ ဖြတ်သန်းခဲ့ရတဲ့ ငယ်ဘ၀ ပုံရိပ်တွေကို မှတ်ဥာဏ်ကောင်းကောင်းနဲ့  ကျွန်တော့်ကို ပြောပြလေ့ရှိပါတယ်။

ဒါတွေ ဟာ တချိန်မှာ တန်ဖိုးရှိလာမဲ့ သမိုင်းရဲ့  ပုံရိပ်တွေပါ။

ပြောရင်းနဲ့ သတိရ လာပါတယ် အဖွားရယ်…



အဖွား ဟာ ငယ်စဉ်ကတည်းက ပြည့်ပြည့်စုံစုံ နေခဲ့ရတဲ့ ရဲဝန်ထောက်ကြီး တစ်ဦးရဲ့ သမီးကြီးပါ ။
သူတို့ မှာ ညီအစ်မ နှစ်ယောက်ရှိပါတယ် ။ သူကတော့ အကြီးပါ။ ငယ်စဉ်ကတည်းက မိတဆိုးလေးဖြစ်ခဲ့တော့ ဖခင် ရဲ့ အလိုလိုက်မှုကို ခံခဲ့ရပါတယ်။ ဒါကြောင့် အတန်းပညာကို သေချာ စိတ်မ၀င် စားပဲ အပျော်ဖတ် ၀တ္တုစာအုပ်တွေနဲ့ သာ အချိန်ကုန်ခဲ့ လို့  ပညာ ရေး ကံမကောင်းခဲ့ပါဘူး။
တက္ကသိုလ် က ပေးတဲ့ ဘွဲ့ လက်မှတ် တွေကို မရပေမဲ့  အဖွားဟာ လူမှူပေါင်းသင်းဆက်ဆံရေး နယ် ပယ် မှာတော့ တကယ့်ကို ဆရာ တစ်ဆူပါပဲ ။ ဘယ်လို လူကို ဘယ်လို ပေါင်းသင်းရမယ် ။ အချိန်တိုလေးအတွင်း မှာပဲ သူစိမ်းတစ်ယောက် ကို ဘယ်လို ရင်းနှီး မှူရအောင် လုပ်ရမလဲ ဆိုတာ သူ့ ရဲ့ မွေးရာပါ ဗီဇ အရ ကောင်းကောင်းသိပါတယ် ။

ခေတ်စကားနဲ့ ပြောရရင် . အထူအပါး နားလည် တယ် လို့ ခေါ်ပေမပေါ့။

ကျွန်တော် သိတဲ့အရွယ် မှာတော့ အဖွား အဓိက ဆက်ဆံပေါင်းသင်းနေရတဲ့ လူတွေ ဟာ သူ့ ထက်ကို ငယ်ရွယ်တဲ့ သူတွေ များပါတယ်။ သူနဲ့ တန်းတူ . သက်ရွယ်တူ တဲ့ လူတွေ ကတော့ မရှိတော့တာ ကလည်းတစ်ကြောင်း ။ ရှိတဲ့ သူတွေ ကျတော့လည်း သူ့ လိုမျိုး ကျန်းမာရေးက ဒေါင်ဒေါင်မြည် မဟုတ်လေတော့ အိမ်တွင်းမှာပဲ အနေများဟန် တူပါတယ်။

ဒါကြောင့် ငယ်ရွယ်သူတွေဟာ သူ့ ကို အသက်အရွယ် ကြီးမြတ်မှူ အရ အလိုလို ဂါရ၀ တရား ထားပြီးသာပဲ ဖြစ်ပါတယ်။ ဒီတော့ သူ့ ဘက်ကလည်း လူတစ်ယောက်ကို မြင်လိုက်ပြီဆိုတာနဲ့ ကျန်းမာပါစေ. ချမ်းသာ ပါစေ . လိုအင်ဆန္ဒ ပြည့်ပါစေ စသဖြင့် ဆုတွေ တသီကြီး . ဆုတောင်းပေးလေ့ရှိပါတယ်။ ဒီတော့ လူတိုင်းအားလုံးလိုလိုကတော့ အဖွားကို ချစ်ခင် ကြတာ မဆန်း ပါဘူး ။

ကိုယ်နဲ့ သိတဲ့သူတွေကိုသာမဟုတ် ၊ မသိတဲ့ တစိမ်းတွေကိုလည်း ခပ်တည်တည်နဲ့ ပဲ ဆွေမျိးရင်းချာ တစ်ယောက်လို ပြောဆို ဆက်ဆံပါတယ် ။

မှတ်မိပါသေးတယ် .. အဲဒီတုန်းက အဖွားနဲ့ ဆွေမျိုးတသိုက် ရွှေတိဂုံ ဘုရားကို သွားဖူးကြတယ် ။ ကျွန်တော်ကတော့ ကျောင်းတတ်နေရလို့ မလိုက်ဖြစ်ပါဘူး။ ပြန်လာမှ အဖွားပြောပြတာက....အဲဒီနေ့ က. ဘုရားပေါ်မှာ လူတွေက ရှင်း ပြီးတော့ နေပါတယ် ။ ဘာဖြစ်လို့ လဲ ဆိုတော့( S 1 ) လာမှာမို့ လို့ တဲ့ … ထိုစဉ်က တန်းခိုး ထွားခဲ့တဲ့ အတွင်းရေးမှူး ၁ လို့ လူသိများတဲ့ ဗိုလ်ချုပ် ခင်ညွန့် ပါ.

ခပ်လှမ်းလှမ်းက ဘုရားဝတ်ပြုနေတုန်း ဗိုလ်ခင်ညွှန့် တို့ တသိုက် ဘုရားပေါ်ကိုတက်လာပါတယ်။ ဒီတော့ ကျွန်တော့် အဖွားက တစ်ယောက်တည်း သူတို့ အဖွဲ့ နားကိုသွား ပြီး . ဗိုလ်ခင်ညွှန့် ကို ခပ်တည်တည် နဲ့ လက်ဆွဲ နှုတ်ဆက်လိုက်ပါတယ်။ အနားမှာရှိတဲ့  ထောက်လှမ်းရေး အစောင့်တွေကိုလည်း ဂရုစိုက်ပုံမပေါ်ပါဘူး.. တကယ့်ကို ရင်းရင်းနှီးနှီးနဲ့ .. ( သား ရယ် မင်းကိုလေ အဘွား က. တီဗွီ ထဲမှာနေ့ တိုင်းတွေ့ ပြီး နေ့ တိုင်း မေတ္တာ ပို့ ပေးနေတာ ) လို့  ပြောလိုက်ပါတယ် ။ ဒီတော့  .ဗိုလ်ခင်ညွှန့် ကလည်း ရိုရိုသေသေနဲ့ ပဲ . ကျေးဇူးတင်ပါတယ် ခင်ဗျာ လို့  ပြန်ပြောသတဲ့…

ဒီနေရာ မှာ ကျွန်တော့် အဖွား ဟာ နိုင်ငံ ခေါင်းဆောင်မို့ လို လက်ဆွဲ နှုတ်ဆက် ချင်လို့  . ဖော်လံ ဖား ပြီးတော့ ၀င်ရောက်နှူတ်ဆက် တယ် လို့ ထင်နိုင်ပါတယ်။ ဒါလည်း မှန်သင့် သလောက်တော့ မှန်ပါတယ်။

လူဆိုတာ မျက်နှာ ကြီးရာ ဟင်း ဖတ်ပါ စမြဲပဲလေ။ ရာထူး ကြီး သြဇာကြီးတဲ့ သူကို . လူတိုင်း ခင်မင် နှူတ်ဆက်ချင် ကြတာ မဆန်း ပါဘူးနော်.

ဒါပေမဲ့ . ကိုယ်မသိတဲ့ လူတစ်ယောက် ကို ဖက်လှဲတကင်း ရင်းရင်းနှီးနှီး နှူတ်ဆက်ဖို့ နဲ့ အဲဒီလူဟာ တန်းခိုး သြဇာ အမတန်ထွားတဲ့ လူ ဖြစ်နေရင် . သာမန် လူတစ်ယောက်အနေနဲ့ ဝင်ရောက်နှုတ်ဆက်ဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ .

ကျွန်တော့် ကတော့ ငါ့ အဖွားက ဗိုလ်ခင်ညွှန့် အဆင့် နဲ့ မှ..စကား ပြောတာကွ လို့ ကြံဖန် ဂုဏ်ယူနေမိပါသည်။
(သြော်.. အဖွားရေ.. အခုတော့ အဖွားရဲ့ မင်းသားကြီး မောင်ညွှန့်  လည်း..မင်းခစား ကမ်းနား သစ်ပင် ဖြစ်သွားတယ် ဆိုတာ..အဖွား မှ..သိသွားပါလေ..စ)


. မယုံရင် သူငယ်ချင်းတို့ လည်း အခုချိန်မှာ . ဒါမျိုး ပုဂ္ဂ္ဂိုလ် တစ်ယောက်ကို ခပ်တည်တည်နဲ့ ကျွန်တော့် အဖွားလုပ်သလို လုပ်ရဲ ပါ့မလား ၊. မထင်ပါဘူးနော်။ . ဒါပေမဲ့ .. အဖွားကတော့ လုပ်ရဲ ခဲ့တယ် ၊ လုပ်လည်း လုပ်ခဲ့ပါတယ်။ အသက်အရွယ် ကြီးမြတ်မှူနဲ့ ဟိုဘက်ကလည်း လိုက်လိုက်လျောလျော ပြန်လည်ဆက်ဆံ ခဲ့ ဟန်တူပါရဲ့ ..

နောက်ထပ် တစ်ယောက်ကတော့ . နိုင်ငံခေါင်းဆောင် မဟုတ်ပါဘူး. ရုပ်ရှင်သရုပ်ဆောင်ထဲကပါ.. အမေ ခန်း အဖွားခန်းတွေ မှာ အမြဲ လိုလို ပါတတ်တဲ့..နွဲ့ နွဲ့ စန်း ဆိုတဲ့ ရုပ်ရှင်ဇာတ်ပို့ သရုပ်ဆောင်တစ်ဦးပါ။

အလှူအိမ်တစ်အိမ်ကိုသွားရင်းနဲ့  တွေ့ ကြတာပါ။ အဖွားရဲ့ အနားမှာ ကျွန်တော် ကအမြဲထိုင်လေ့ရှိပြီး အဖွားရဲ့ စလင်းဘတ် အိတ်နဲ့ တဘက်လွှမ်း ပ၀ါကို အမြဲ ကိုင်ပေးရပါတယ်။ စားသောက်ပြီးလို့ ဧည့်ခန်းက ဆိုဖာ မှာ ထိုင်နေရင်း . အဲဒီ . (ဒေါ်)နွဲ့ နွဲ့ စန်း ကလည်း ထွက်လာတော့.. အဖွားက..ခပ်တည်တည်နဲ့ … (.အစန်းရေ. ကြည့်ရတယ်နော်. သိပ်ကြိုက်တာ . အားပေးတယ်နော်.) .စသဖြင့် စကားတွေ ဖောင်ဖွဲ့ ပြီးပြောနေလိုက်တာ တကယ့်ကို . မိတ်ရင်းဆွေချာ လို ပါပဲ။ ကျွန်တော်ကိုယ်တိုင်တောင် သူတို့ နှစ်ဦး က. အရင်ကတည်းက ခင်မင်ရင်းစွဲ ရှိ ဖူး တယ်လို့ ထင်မြင်မိပါတယ်။ .


နောက်တော့မှ..သေချာမေးကြည့်တော့
.. အရင် တုန်းကတော့ လူချင်း မတွေ့ ဖူးကြောင်း .. သူ့ ကို သိတယ် ဆိုတာကလည်း တီဗွီ ထဲမှာ အမြဲလိုလို တွေ့ နေရလို့ . ရင်းနှီး နေတယ်လို့ အဖွားက ပြန်ပြောပြပါတယ်.. ဟိုဘက်ကလည်း အနုပညာ သမားဆိုတော့ ပရိသတ် တွေ ကအများသား .ဒီတော့ တွေ့ တဲ့လူနဲ့ ပြေပြေပြစ်ပြစ် ဆက်ဆံရင်း အဖွားနဲ့ စကားလက်ဆုံ ကြသွားပုံ ရပါတယ်။



သြော်…အဖွားရယ်...တီဗွီ ထဲမှာ တွေ့ ဖူးတိုင်း အပြင်မှာရင်းနှီး ကြစတမ်း ..ဆိုရင်တော့.. ကျွန်တော်လည်း .မိုးဟေကို နဲ့ ရင်းနှီးချင်လိုက်တာနော်.. ဒါပေမဲ့ ..အဖွားလိုတော့ ရုပ်တည်နဲ့  မ၀င် တတ်တော့ ခက်ပါတယ်ဗျာ… (ဒါကတော့ ကြုံတုန်းလေးပေါ့)။။

နောက်ထပ် တစ်ခု ကတော့ သူ့ ရဲ့ ဒေါသ ကို . အများ အမြင်မခံပဲ . ဟန်ဆောင် လောကွက် လေး တစ်ခုပါ။

အဖွားဟာ ကိုယ်ပိုင်တိုက်ခန်းတွေကို နှစ်ချုပ်နဲ့ ဌား စား တဲ့ အခန်းရှင်၊တိုက်ရှင်တစ်ဦးပါ။

နေ့ စဉ်ဆိုသလို . အခန်းဝယ်နေတဲ့သူတွေ ၊ ဌားနေတဲ့သူတွေ နဲ့ ပြောဆိုဆက်ဆံရပါတယ်။

အဲဒီလို အခန်းဌား တွေထဲမှာ အဆင်ပြေတဲ့သူတွေ ရှိသလို ၊ အဆင်မပြေတဲ့သူတွေ လည်း ပါစမြဲပါ။

အိမ်ဌားမိသားစု တစ်စု ဆိုရင်.. ငွေကြေးကလည်း သိပ်အဆင်မပြေလေတော့.. သူတို့ ရဲ့ နေ့ စဉ် ဈေးဖိုးကိုတောင် အဖွားဆီကနေ မကြာခဏ ဆိုသလို ချေးယူလေ့ရှိပါတယ်။ လူချင်း ခင်မင် ရင်းနှီး လေတော့ လည် အဖွားဘက်က ခပ်လွယ်လွယ် ပဲ ချေးဌား ပေးတတ်ပါတယ်။

ဒီလိုနဲ့ . ကျွန်တော်တို့ ဘက် က . ငွေ လို လို့ .အဲဒီအခန်းကို ရောင်းချဖို့ စီစဉ်လေတော့ . လက်ရှိ အခန်းဌား နေတဲ့ မိသားစုကပဲ

သူတို့ ဝယ်ယူမည့်အကြောင်း . အခြားမည်သူ့ ကိုမျှ မရောင်းချပဲ သူတို့ ကိုသာရောင်းချရန် . မကြာမီ သူ တို့ ရဲ့ အမွေဆိုင်အိမ်ကြီးကို ရောင်းချပြီး အဖွားရဲ့ တိုက်ခန်းကို အပြီး ၀ယ်ယူမှာဖြစ်တယ်လို့  လာရောက်ပြောဆိုကြပါတယ်။

စဉ်းစား ကြည့်ပါ အဆွေတို့ ….

နေ့ စဉ် ဈေးဖိုးကိုတောင် လုံးပန်း နေရတဲ့ မိသားစု . က သိန်းပေါင်းများစွာတန်တဲ့ တိုက်ခန်းကို ၀ယ်ယူမယ်ဆိုတော့. အဖွားဘက်ကလည်း . ဘယ်လို လုပ် ယုံကြည်ပေးလို့ ရနိုင်ပါမည်နည်း။

အကယ် ၍.. ငွေကြေး တစုံတရာ အဆင်မပြေပါက. စရံသဘော ၁၀ သိန်း ၁၅ သိန်းကိုသာ ပေးချေ ပြီး အိမ်ပေါ်က မဆင်းတော့လျှင် ကိုယ်ကျိုးနည်းဖို့ ရန်သာ ရှိတော့သည်။ သူတို့ က လက်ရှိနေထိုင် နေတဲ့သူ …တရားတဘောင်ဖြစ်လို့ .ရုံးရောက် ဂတ်ရောက်ဆိုလျှင်လည်း မကောင်း သာ ရှိတော့မည်။

ဒီတော့ အကောင်းဆုံးကတော့ တကယ် ငွေ ပေး ပြီးဝယ်နိုင်မဲ့ သူမျိုးကိုပဲ စိတ်အေးလက်အေး နဲ့ ရောင်ချလိုက်ပါတော့တယ်။

ဒီသတင်းကို ပွဲစား တွေ ကတဆင့် . လက်ရှိအခန်းဌား နေတဲ့သူ ကလည်း သိ ရော ယမ်းပုံမီးကျ ဒေါသ ထွက်ပါလေရော။

ဒါဟာ သူ တို့ ကို တမင်သက်သက် အထင်သေးတာ ။ ၀ယ်မယ်လို့ ပြောထားရက်နဲ့ တခြားသူကိုရောင်းလိုက်တယ်။

စာချုပ်သက်တမ်းပြည့်ရင် တိုက်ပေါ်က ဆင်းပေးဖို့ ဆိုတာကလည်း ချက်ချင်း ကြီးအဆင်မပြေနိုင်ကြောင်း. အကြပ်ကိုင်ပါတော့တယ်။

ဒီတော့ ကျွန်တော်တို့ ဘက်ကလည်း အကြပ်ရိုက်ရပါတယ်။ ဒီမိသားစုကို ဘယ်လို နှင်မလဲ။ ဘာပြသနာမှ မတက်အောင် အကောင်းဆုံးနည်းကတော့ . သူတို့ နဲ့ ညှိနှိုင်းပြီး ပြောင်းရွေ့ ခ သဘော ငွေကြေးတစုံတရာ ပေးလိုက်ရင်တော့ အဆင်ပြေနိုင်ကောင်းရဲ့ လို စဉ်းစာမိကြပါတယ်။

နောက်ဆုံးတော့ သိန်းဂဏန်း ရှိတဲ့ ငွေပမာဏ ကိုပေးဖို့ သဘောတူလိုက်ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် လောက်တုန်းက ငွေ ၂ သိန်းကျော် ဟာ တော့်တော့်ကိုတန်ဖိုးရှိပါတယ်။ သူတို့ ဌားနေတဲ့ နှစ်ချုပ်စာ တ၀က် ကျော်လောက်ကိုပြန်ယူသွားကြတဲ့ သဘောပါပဲ။

ဒီတော့ အသက် ၈၀ ကျော် အဖွား ဟာ မထွက်စဖူး ဒေါသ တွေ ထွက်လာပါတော့တယ်။

လောကမှာ ဓား ဆိုတာ အသွားနှစ်ဘက် ရှိတတ်ပါတယ်။ အမြဲလိုလို ဆုတောင်းမေတ္တာပို့ တတ်တဲ့သူဟာ လည်း သူ့ စိတ်တိုင်းကျ မဖြစ်တော့တဲ့အခါမျိုးကျရင်
သူ့ ရဲ့ ဝသီ အတိုင်းပဲ . ပြန်လည်ပြီး သဘောဆိုးနဲ့ မေတ္တာ ပို့ တတ်ပါတယ်.

လူဆိုတာ ကောင်းတာ ရှိသလို . ဆိုးတာလည်း ရှိစမြဲပါ ပဲ.. လူတိုင်း နဲ့ ချစ်ခင်တဲ့အဖွားမှာလည်း ဒေါသထွက်တဲ့အချိန်ကျရင် ဒီလိုမျိုးလေးတွေ ရှိတတ်ပါတယ်.

အမျက်ဒေါသ ထောင်းထောင်းထ နေတဲ့ အဖွား ဟာ ... မကျေမချမ်း နဲ့ ပွစိပွစိ ပြောနေတုန်း.. အခန်းပေါ်ကို ပြောင်းပေးဖို့ .. သော့ လာအပ်တဲ့ . အဲဒီ မိသားစုကိုလည်း တွေ့ ရော ချက်ချင်း မျက်နှာ ပြောင်းပြီး..

သမီးကြီးရေ.. အဖွားလည်း စိတ်မကောင်းဘူးနော်။

သမီးကြီးတို့ နဲ့ ဒီလောက် အတူနေပြီးမှ..ခွဲရတော့မယ်။ . ဟို.လေ.. အဖွားကို ဘာမျှ စိတ်မကွက်နဲ့ နော်.. အရင်လို ပဲ ခင်မင် နိုင်ပါတယ်။ သမီးကြီးရဲ့ ..ကလေး တွေ မင်္ဂလာဆောင်ရင်လဲ အဖွားကို ဖိတ်ဖို့ မမေ့နဲ့ အုံးနော်..
ဆိုပြီးတော့.. ဖက်လှဲတကင်း ကို နှုတ်ဆက် နေပါတော့တယ်.။

အော်.. တော်တော်လည်း တတ်နိုင်ပါလား အဖွားရယ်။။။

ကျွန်တော့် စိတ်ထဲမှာတော့ အဖွား ဟာ.. မှုံရွှေရည် ရုပ်ရှင်ထဲက ခင်သန်းနု လို မျိုး ... ဇာတ်စင်ပေါ်မှာ အငြိမ့်က နေတုန်း . ၀မ်းနည်းစရာ သတင်းကို သိရလို့ .. ဇာတ်စင် အနောက်ဘက် လှည့်ပြီး မျက်ရည် ကျ ရပေမဲ့. ပရိသတ်ရှေ့ ကို မျက်နှာမူလိုက်ရင်တော့.. အပြုံးမပျက် က.ပြ အသုံးတော် ခံသွားတဲံ...........ခင်သန်းနု ရဲ့ အကယ်ဒမီ ရှော့် ..ပြကွက်လေးကို မျက်လုံးထဲ မြင်ယောင်လာပါတယ်.

အော်........အဖွား..အဖွား..........ရုပ်ရှင်ရိုက်ရင်တော့..ခင်သန်းနု ထက်တောင် သာ နိုင်အုံးမယ် လို့ ပဲ စိတ်ထဲ ကြိတ်ပြုံး လိုက်ရပါတော့တယ်.။

လောက မှာ လူတွေ ကြားထဲမှာ ရှင်သန် ရပ်တည် ဖို့ုဆိုတာကလည်း... ပညာရှိ အမျက် အပြင် မထွက် ဆိုသလို ပါပဲ..
ရင် ထဲမှာ မုန်းနေ ပေမဲ့ .. မျက်နှာက ပြုံးပြီး..ပါးစပ်ကလည်း ချို နေဖို့ ဆိုတာ တကယ်တော့ မလွယ်ပါဘူး..
လူတွေ နဲ့ ဆက်ဆံ ရင်တော့.. လိုအပ်ရင်..ပုတ်သင်ညို လို ပဲ..ချက်ချင်း အရောင် ပြောင်းတတ် ရတယ် ဆိုတာ..အဖွားက..ကျွန်တော့် ကို သင်ပေးလိုက်တာပါပဲ..




ကျွန်တော့် အတွက်ကတော့ အဖွားဟာ ပေါင်းသင်းဆက်ဆံရေး ပါရဂူ တစ်ဆူပါပဲ ။ ဒီအသက်အရွယ်အထိ အဖွားလို မျိုး ဆက်ဆံရေး ညက် တဲ့ လူမျိုး မတွေ့ မိသေးပါ။ အသက်အရွယ်ကြီးမြတ်နေတာက တစ်ကြောင်း ပြီးတော့ သူ့ ရဲ့ ဗီဇ အတိုင်း လူတိုင်းကိုတွေ့ ရင် မေတာပို့ . ဆုတောင်းပေးတတ်တာ တစ်ကြောင်း ဒါတွေကြောင့်လည်း ပေါင်သင်းဆက်ဆံေ၇းကောင်းနေတာပဲပေါ့။။


ဒါလေးတွေ ဟာ ပြန်ပြောင်း သတိရစဖွယ် အဖွားရဲ့ အမှတ်တရ ပုံရိပ်တွေ ပါ..



(အဖွား ပြောတဲ့ ဂျပန်ခေတ် နေ့ ရက် များအကြောင်းကို ဆက်လက် ဖော်ပြပေးပါမည်)

ခင်မင်လျက်

ဇော်ပြည့်

Friday 20 August 2010

အာရဗီ တံပူ (သို့ ) သစ်ရိုး သွားတိုက်တံ


ပုံမှာ မြင်ရတာလေးကတော့..ဆော်ဒီ အာရပ်တွေ သာမက.. တခြား . မူဆလင်တွေပါ အသုံးပြုကြတဲ့.တံပူကလေးပါ.

မြန်မာ လို တော့..တမာရိုး တံပူ လို မျိုးပေါ့..

ထိပ်ပိုင်း လေးကို ခဲတံချွန် သလို ဓားကလေးနဲ့ မွန်းပြီး တော့..ပါးစပ် ထဲကို ထိုးပါတယ်.

အနံ့  ကတော့ ရှိန်းခို လိုမျိုး ပရုပ်နံ လေး ရပါတယ်.
လျှာပေါ်မှာ ဟိုပွတ်ဒီပွတ် . သွားဖုံးကြား ထဲကို ဟိုထိုး ဒီထိုးလုပ်လိုက်ရင် သစ်စိမ်း နံ့ လေးနဲ့ အတူ ခါးသက်သက် အရသာ လေးပါ ရပါတယ်.

မူဆလင် တွေ ရဲ့ အဆိုအရ.. Ramadan ဥပုသ် ရာသီကာလတွေမှာ တွံတွေးတောင် မြိုလို့ မရပါဘူး..
ဒါကြောင့် ခါးတွင်းရှင်း အောင် .. ဒီ လို ..တံပူ လေးနဲ့ ပဲ ... ခါးတွင်း သန့် ရှင်းရေး လုပ်ကြပါတယ်.

ဗလီမှာ ဘုရားဝတ်ပြု ပြီးရင် ပြန်ထွက်လာရင် .. အားလုံး လိုလို ရဲ့ ပါးစပ် ထဲမှာ တံပူရိုး လေးကို ဟိုထိုးဒီထိုးနဲ့ ပေါ့..

စားကြည့်. စားကြည့် သိပ်အားရှိ

ကျွန်တော်တို့ ရဲ့ ပင်တိုင် လက်စွဲတော် ဟင်းလျာ လေး.. ရွှေဂေါင်းပြောင်


ကြက်ဥ ကလေးပါ..
ဒါပေမယ့်... ရန်ကုန် ကလို ..အ၀ါ ရောင်မဟုတ်... အဖြူရောင်လေးပါ..

ဘဲဥ လို တော့..အဖြူရောင်တောက်တောက် ကြီး မဟုတ် .. ဆင်စွယ် ရောင် မကျတကျလေးပါ..

ဒါပေမယ့်..ရန်ကုန်နဲ့ မတူတဲ့နောက်တစ်ချက် .. ကြက်ဥ တိုင်းပေါ်မှာ Manufacture Date and Expire Date ဆိုပြီး သက်တမ်း ကုန် ၊ မကုန် ကြည့်နိုင်တာလေး ကတော့ တကယ့်ကို အဆင်ပြေပါတယ်.

ဝယ်ပြီးခါမှ..ဥကပ် နေတာတွေ . ပုပ်နေတာတွေ ဆိုရင်..ရောင်းတဲ့.ဆိုင် မှာ အပြစ်ရှိပါတယ်။
ဆိုင်တွေကလည်း . နာမည် အပျက်ခံပြီး မရောင်းကြပါဘူး။

အကယ်၍ ရောင်းလို့ မကုန်ခဲ့ရင်လည်း . သက်ဆိုင်ရာ အရောင်းကိုယ် စလှယ်တွေက..အချိန်မှီ လာပြန်သိမ်းသွားကြပါတယ်။ သူတို့ နာမည် ကို အထိခိုက်ခံပြီး မရောင်းတတ်ကြပါဘူး..
ဒါလေးတွေကတော့..တကယ့် ကို လေးစားစရာ ပါပဲ။ Customer တွေကို မလိုအပ်ပဲ..စိတ်ဒုက္ခ မပေးပါဘူး..

Sunday 15 August 2010

ပျော်ရွှင်လေ့လာ.. အာရဗီ .စကား လေးပါ

လုပ်ငန်းခွင်ထဲမှာလည်း အခုလို . ဆလမ် မလေး ကွမ်း...Salam malaykoon လို့ နှူတ်ဆက်နေကြပါတယ်



ဆော်ဒီ အာရေးဗီးယာ ဆိုတဲ့နိုင်ငံကတော့..သူတို့ ရဲ့ မိခင်စကား ARABIC ကို ပဲ အဓီကသုံးပါတယ်.
အင်္ဂလိပ်စာ ကတော့..ထမင်းစား ရေသောက် လောက်တော့..ပြောတတ်ကြပါတယ်..

ဒါပေမယ့်..အများစုကတော့..အာရဗီ ကိုပဲ တတ်ကြပါတယ်..
ဒါကြောင့် ဒီ နိုင်ငံမျိုးမှာ လာရောက် လုပ်ကိုင်ဖို့ ဆိုရင်....

ဒေသသုံး .အာရဗီ . စကား ကို မဖြစ်မနေ သင်ထားသင့်ပါတယ်


ဆလမ် မလေး ကွမ်း...Salam malaykoon

အာရပ်တွေ ဟာ အချင်းချင်း တွေ့ ကြရင် Salam malaykoon ဆိုပြီး ကိုယ် နဲ့ သိ.သိ..........မသိသိ.. ဖက်လှဲတကင်း နှုတ်ဆက်ကြပါတယ်..


အဓီပ္ပာယ်ကတော့..... အလ္လာသခင် ကောင်းကြီးပေးပါစေ

အင်္ဂလိပ် လို ဆိုရင်တော့.. May God bless you ! လို သဘောပေါ့နော်..

အဲဒီ စကား လေးကို..မြန်မာ ပြည်မှာကတည်းက..မူဆလင် သူငယ်ချင်းတွေ ပြောနေကြတာ.ကြားဖူးပါတယ်.

သူတို့ ကလည်း ကျွန်တော့်ကို..ဆလမ်မလေး ကွမ်း လို့ နှုတ်ဆက်ရင်.............မလေး ကွမ်း ဆလမ် လို့ .ပြန်ပြောရတယ် လို့ သင်ပေးလိုက်ပါတယ်.


ဒီတော့..ဟောဒီ နိုင်ငံလည်း ရောက်ရော..တွေ့ သမျှ လူတွေကို...ဆလမ် မလေးကွမ်း ဆိုရင်......ခပ်တည်တည် နဲ့ ......မလေးကွမ်း ဆလမ် လို့ ပြန်ပြောလိုက်ပါတယ်..


တချို့ ကတော.့..အူကြောင်ကြောင် နဲ့ ကျွန်တော့်ကိုကြည့်နေတယ်ဗျ... တချို့ ကတော့..ဒီကောင်တော့.တလွဲ တွေ ပြောနေပြီဆိုပြီး...ပြုံစိစိ လုပ်သွားကြပါတယ်..

တကယ့်အမှန် စကား လုံးက ---..Salam malaykoon .ဆလမ်မလေး ကွမ်း...လို့ ..ဆိုရင် ကိုယ့် ဘက်က..

Arr lay koon salam ..အာလေးကွမ်း ဆလမ် လို့ ပြန်နှုတ်ဆက်ရပါတယ်..လို့ ..သင်ပေးကြပါတယ်....မလေးကွမ်း ဆလမ် ဆိုတာလဲမရှိကြောင်းပြောပါတယ်.


မလေးကွမ်း တို့ ..အင်ဒို ကွမ်း တို့ နဲ့ တော့..ရောလို့ မရဘူးပေါ့ဗျာ......


ဆလမ်မလေးကွမ်း..........အာလေးကွမ်း ဆလမ်..



သား..သား.....( လာပါအုံး)

ဆော်ဒီ ကို ရောက်စ တုန်းက..အလုပ်ရှင်သဌေး ဆော်ဒီ အာရပ် ကြီးက..ကျွန်တော့်ကို ကြည့်ပြီးတော့..သား သား လို့ ..လက်ယက်ခေါ်ပါတယ်..

ပြီးတော့..နေထိုင်ရတာအဆင်ပြေကြောင်း မေးပါတယ်...နောက်ပြီးတော့..တခြား အလုပ်သမား တွေ ..India ကုလားတွေ ..ဖိလစ်ပိုင် တွေကိုလည်း သား သား လို့ အမြဲခေါ်နေပါတယ်..


စိတ်ထဲမှာတော့.လေ...အော်..........

ဒီအလုပ်ရှင် သဌေးကြီးက အလုပ်သမားတွေ ကို သား တစ်ယောက် ကို ချစ်လို့ ..သား သား လို့ ..တဖွဖွ ခေါ်နေပါလား လို့ ထင်မိပါတယ်. (ကိုယ့် အတွေးနဲ့ ကိုယ် ပဲလေ)




နောက်တနေ့ ကျတော့...အလုပ် အတူတူ လုပ်ကြတဲ့.နီပေါ ကုလားလေးက..ကျွန်တော့်ကို ခပ်တည်တည်နဲ့ .........သား သား..လို့ လှမ်းခေါ်နေပါတယ်..
အသက်အရွယ်ကလည်း မတိမ်းမယိမ်း ကို..အခုလို့ ..သား သား နဲ့ လာခေါ်တာ...အကြော..ကြီး နဲ့ ဆက်ဆံ တာပဲဆိုပြီးတော့..စိတ်ထဲမှာ..ခံရခက်ခက်ကြီးပေါ့..

ဒါပေမယ့်..သေချာ..ပြန်စဉ်းစားကြည့်တော့..ဒီ...လူမျိုးခြား နီပေါ ကုလား လေးက.ငါ့ တို့ မြန်မာ စကာ....(သား) ဆိုတဲ့..အဓိပ္ပာယ်ကို..ဘယ်လို များသိသလဲ လို့ ..စဉ်းစား မရဖြစ်ပါတယ်.

တခုခုတော့..လွဲ နေပါပြီနော်..

နောက်ကျတော့..သူငယ်ချင်း တွေက..ရှင်းပြပါတယ်..... (သား) ဆိုတဲ့ အဓိပ္ပာယ်က...အရဗီ စကား ---- လာပါအုံး..လာပါအုံး လို့ ..လှမ်းခေါ်တာတဲ့...


Thar..thar..သားသား ---- come here လာပါအုံး


.......အော်..ဂလိုလား.....သား ..က..သိမှ..သိပဲကိုးဗျ...စိတ်တိုမိတာပေါ့..

Wednesday 11 August 2010

Ramadan Karim




သြဂုတ်လ ၁၁ ရက်နေ့  ဒီနေ့ ဟာ အစ္စလာမ် ဘာသာဝင်များရဲ့ အထွဋ် အမြတ်ထားရာ ဥပုသ် ရာသီ ရဲ့ ပထမဆုံးနေ့ ဖြစ်ပါတယ်။ တစ်လ ခန့် ကြာမြင့်သည့် ဥပုသ် လ တွင် နေ့ အချိန်တွင်မည်သည့် စားသောက်ဖွယ်ရာကိုမျှမစား ။ ရေ ကိုလည်း မသောက် ပဲ ဥပုသ် စောင့်တည်ကြရပါသည်။ ညပိုင်းအချိန် (တစ်နည်း) လ ကို မြင်မှ သာ စတင် သုံးဆောင် ရသည်ဟု သိရှိရပါသည်။

ထို့ ကြောင့် နေ့ အခါတွင်. စားသောက်ဆိုင်မှန်သမျှ အကုန်ပိတ်ထားပါသည်။ အစ္စလာမ်ဘာသာဝင် မဟုတ်သူများ အတွက် ကတော့ Super Market များတွင် ချက်ပြုတ်စရာများ ၀ယ် ယူု ပြီး ကိုယ့်အိမ်တွင် ကိုယ် ချက်ပြုတ်စားသောက် ရပါသည်။ ယခုလို ဥပုသ် ကာလတွင် ကျွန်တော်တို့ လို နိုင်ငံခြားသား အလုပ် သမားများအတွက် အရေးအကြီးဆုံးစည်းကမ်းချက်မှာ. လူမြင်ကွင်းတွင် အစာ စားခြင်း ရေသောက်ခြင်းတို့ ကို (လုံးဝ) မပြုလုပ်မိစေရန်ဖြစ်ပါသည်။




အလုပ်ချိန်

ဆော်ဒီ နိုင်ငံသား တစ်ဦး အတွက် တရားဝင်ပုံမှန် အလုပ် ချိန်သည် (၇)နာရီ ခန့် ရှိပါသည်။ ယခု လို ဥပုသ် လတွင်မူ အလုပ်ချိန် (၆) နာရီ သာ သတ်မှတ်ထားပါသည်။ ညပိုင်းအချိန်များတွင်သာ အလုပ် လုပ်လေ့ရှိကြပါသည်။

Ramadan Discount

ဈေးဆိုင်များသည် ဤကာလ မျိုးတွင် ကုန်ပစ္စည်းများကို လျှော့ဈေးဖြင့် ရောင်းချတတ်ပါသည်။
ထို့ ကြောင့် တချို့ သူများသည် မိမိတို့ ၏ ၀ယ် စရာ များကို.ယခု ကာလအထိ စောင့်ဆိုင်း ပြီးမှ.၀ယ်ယူလေ့ရှိသည်။

Tuesday 10 August 2010

Al-Khobar city ဓာတ်ပုံ လေးတွေ ပါ

ထိန်ထိန်သာ နေတဲ့ ကမ်းနားလမ်းမြင်ကွင်းပါ

စွန်ပလွန် ပင် တန်း လေးတွေ နဲ့ လှပတဲ့ လမ်းကလေး

Al-Khobar မြို့ ရဲ့ မီးရောင်စုံ ညအလှ

ကမ်းခြေနားက ဘန်ဂလို အစီအရီ

စွန်ပလွန် ပင် တွေ နဲ့ ရေပန်းဥယျာဉ်

အာရေးဗီးယား ရဲ့ အမှတ်အသား စွန်ပလွန်ပင် နှင့် ကမ္ဘာကျော် Saudi-Bahrain Sea cross Bridge

မီးပြတိုက် ကလေးနဲ့ အမှတ်တရ ပေါ့


ကမ်နားလမ်းက အလှပန်းလေးတွေ က အစီအရီ ပွင့်ဖူးလို့ 


အထိမ်းအမှတ် ကျောက်တိုင်ကြီးပေါ်မှ.ကျွန်တော်

ရေပန်းဥယျာဉ်


Monday 9 August 2010

ဆော်ဒီ အာရေးဗီးယား နိုင်ငံ အကြောင်း တစေ့တစောင်း

ဆော်ဒီ အာရေးဗီးယား နိုင်ငံ သည် အစ္စလာမ် ဘာသာ ပွင့်ထွန်း ပေါ်ပေါက်ရာ ဒေသ ဖြစ်ပါသည်။ ကမ္ဘာပေါ်ရှိ မူဆလင်နိုင်ငံ တို့ အနက် ဘာသာရေးစည်ကမ်း အကြီးဆုံး နိုင်ငံ တစ်ခု ဖြစ်ပါသည်။
ထို့ ကြောင့် ဤ နိုင်ငံ သို့ လာရောက် အလုပ် လုပ် ကိုင်ကြမည့် မြန်မာ နိုင်ငံသား အလုပ် သမား တို့ အနေဖြင့် ဒီ နိုင်ငံ အကြောင်းကို တော့.အနည်းငယ်မျှ သိထားသင့်သည် ဟု ထင်ပါသည်။

အစ္စလာမ် ဘာသာဝင်တစ်ယောက် သည် တနေ့ တွင် ဘုရား (၅)ကြိမ် ရှိခိုးပါသည်။

နံနက် အာရုဏ် တက် ၄ နာရီ ခန့် တစ်ကြိမ်။
နေ့ လည် ၁၂ နာရီ ခန့့်တစ်ကြိမ်။
ညနေ ၄ နာရီ ခန့် တစ်ကြိမ်
ည ၆း၄၅ နာရီ ခန့် တစ်ကြိမ်
ည ၈ နာရီ ခန့် တစ်ကြိမ်


ဘုရား ရှိခိုး ချိန်များသည် လ အလိုက် အနည်းငယ်မျှ ပြောင်းလဲ မှူရှိနိုင်ပါသည်။
Prayer time (ခ) salam အချိန်များတွင် ဗလီ များမှ. အာဇံ ပေး (အချက်ပေး) လိုက်သည်နှင့်တပြိုင်နက် ရှိသမျှ ဆိုင်ခန်း၊ ဈေး ၊ ရုံးခန်း စသည့် အလုပ်မှန်သမျှ အကုန် လုံး ခေတ္တ ခဏ ပိတ်ထားရပါသည်။ တခါပိတ်လျှင် အနည်းဆုံး မိနစ် (၂၀) ခန့် ကြာတတ်ပါသည်။ ဆိုင်ပိတ်သည် ဆိုရာတွင် ဆိုင်ထဲရှိ လူအကုန် လုံး အပြင် လမ်းမ သို့ ထွက် နေရပါသည်။ အစ္စလာမ် ဘာသာဝင်များ ကတော့ နီးစပ်ရာ ဗလီ များတွင် ဘုရား ၀တ်ပြု ကြပါသည်။ အခြား ဘာသာ ၀င်များအတွက် မူ . ပလက်ဖောင်းများ ပေါ်တွင်သာ မတ်တပ်ရပ်လျက် စောင့်ဆိုင်းကြရပါသည်။

ဤနိုင်ငံ သို့  ရောက်စ တွင် ကျွန်တော်တို့ မြန်မာ များ လွန်စွာ ဒုက္ခရောက်တတ်ပါသည်။ ကိုယ်က ဗိုက် ဆာ သဖြင့် အပြင်ထွက်သွား ပြီး ဆိုင်ရောက်ခါမှ (Prayer Time , Close ) ဆိုသည့် ဆိုင်းပုဒ် များဖြင့်သာ တိုး နေတတ်ပါသည်။ ဘုရား ရှိခိုး ချိန်များသည် . များသောအားဖြင့် အချိန်ကောင်းဟု ဆိုသည့် အများသူငါ အလုပ် လုပ်ချိန် ။ ထမင်းစာ ချိန် တို့ နှင့် တိုက်ဆိုင် နေပါသည်။

ထို့ ကြောင့် နောင် ဆိုလျှင် Prayer time များကို သတိပြု မှတ်သား ထားပြီးမှ . အပြင်ထွက် ဈေးဝယ် . ထမင်းစာ ခြင်းများကို ပြုလုပ်ရပါသည်။ ကိုယ့်တိုင်းပြည် မှာ လို ကြိုက်တဲ့အချိန်ထွက်ပြီး ဆိုင်ထိုင်လို့ မရနိုင်ပေ။



Ramadan (ခ) ဥပုသ်ရာသီတွင် ( သြဂုတ် လ လယ် မှ စက်တင်ဘာ လကုန် ခါနီး ကလာ) နေ့ ဘက်တွင် အစား အစာ လုံးဝမစားပဲ ၊ ညဘက် ရောက်မှသာ (တစ်နည်း . လ. ကိုမြင် သောအခါမှ) အစား များကို စတင်သုံးဆောင်ပါသည်။ နေ့ ဘက် တွင် ရေ ကိုမျှပင် သောက်၍ မရပေ။
အစ္စလာမ် ဘာသာဝင် မဟုတ်သူများသည် လည်း လူအများ မြင်ကွင်းတွင် အစာ စားခြင်း ၊ ရေသောက် ခြင်းတို့ ကို မပြုလုပ် ကြရန် တင်းကြပ်စွာ တားမြစ်ထားသည်။ စားသောက်ခြင်းများကို မိမိတို့ ၏ အိမ်ထဲတွင်သာ ခွင့်ပြုထားပါသည်။

သူ့ အရပ် ၊ သူ့ ဓလေ့ ၊ သူ့ ဥပဒေ ပင် ဖြစ်သည်။ ငါ တို့ က မူဆလင် မှ မဟုတ်တာ. စား မှာပဲ ဟူ၍ မလုပ်သင့်ပေ။ ပတ္တရောင် လှည့် နေသော ရဲ များ နှင့် အချို့ ဆော်ဒီ လူမျိုးများက မကြိုက်သဖြင့် မိမိအတွက် အန္တရာယ် ရှိနိုင်သည်။ မတရားဘူးကွာ၊ တရား တယ် ကွာ စသည်ဖြင့် ငြင်း ခုန် နေလို့ လဲ အပိုပင် ။ သူ့ တိုင်းပြည် သူ့ စည်းကမ်း ကိုတော့ လေးစားလိုက်နာ နိုင်ရမည် ။ သို့ မဟုတ်ပါက . မလာခင်ကတည်းက ကြိုတင် စဥ်းစား သင့်ပေသည်။

့ ရုပ်တု . ပုံတော် ကိုးကွယ်မှူ တားမြစ်ချက်

မူဆလင်များသည် မည်သည့် ရုပ်တု ပုံတော် ကိုမျှ မကိုးကွယ် ပေး။ အခြား သော သူများ ကိုးကွယ် သည်ကိုလည်း မကြိုက်ပေ။ ထို့ ကြောင့် လေဆိပ် အ၀င် တွင်ပင် ၊ ဘုရားပုံ များ ။ ဘုန်းကြီးပုံများကို နိုင်ငံ အတွင်းသို့ ယူဆောင် ခွင့် ပေးမည် မဟုတ်။

ဤနိုင်ငံ သို့ မလာခင်ကတည်းက သက်ဆိုင်ရာ လူကြီးများက ဗုဒ္ဓ ဘုရား နှင့် ပတ်သက်သော ရုပ်တု၊ ပုံတော် များ ပေါ်ပေါ်ထင်ထင် မယူဆောင် မိစေရန် သတိပေးထားပါသည်။ ထို့ ကြောင့် ကျွန်တော်သည် ရွှေတိဂုံ ပုံတော် မျှပင် မယူဆောင်ရဲ ပေ။ လေဆိပ် တာဝန်ခံ စစ်ဆေးရေးမှူးများ မြင်တွေ့ လျှင် ဖျက်ဆီး လွင့်ပစ်တတ်သည် ဟု ကြားသိမိပါသည်။

ထို့ အတူ . အရက် ပုလင်း ၊ ဘီယာဗူး များ . ညစ်ညမ်း ပုံ. အခွေ များကိုလည်း ပြင်းထန်စွာ တားမြစ် သတိပေးပါသည်။ မိလျှင် ဒဏ် ငွေ ရိုက် ပစ္စည်း သိမ်း ခံရတတ်ပါသည်။

မူးယစ် ဆေးဝါး ဆိုလျှင်တော့ ခြွင်းချက်မရှိ သေဒဏ် ဖြစ်ကြောင်း Visa ထဲတွင် ရှင်းလင်းစွာ ရေးထားပါသည်။ လက်ဝယ် တွေ့ ရှိပါက စစ်ဆေးမေးမြန်းခြင်းမရှိ ဖမ်းဆီး နိုင်သည်။



ံ

Friday 6 August 2010

Saudi Labour Identity Card







ဆော်ဒီ အာရေးဗီးယား ကို အလုပ် လာ ရောက် လုပ် ကိုင် ကြတဲ့ ..နိုင်ငံခြားသာ မှန်သမျှဟာ. ဆော်ဒီ အစိုးရ က တရားဝင် ထုတ်ပေးထားတဲ့ အလုပ်သမား မှတ်ပုံတင် ကဒ် ကို ကိုင်ဆောင်ကြရပါတယ်။

အလုပ်ရှင် တွေအားလုံးဟာ..မိမိခေါ်ယူထားတဲ့ အလုပ် သမား ကို အစ အဆုံး တာဝန် ယူကြရပါတယ်။

ဒါကြောင့် အလုပ်သမား တစ်ယောက် စ တင် ရောက်ရှိတာနဲ့ တပြိုင်နက် သူ့ ရဲ့ နိုင်ငံကူးလက်မှတ်ကို အလုပ်ရှင် က သိမ်းယူထားလိုက်ပါတယ်။ နိုင်ငံတွင်းနေထိုင် အလုပ် လုပ် စဉ် ကာလ တလျှောက် လုံးအတွက် (IQAMA ) လို့ ခေါ်တဲ့ အလုပ်သမား မှတ်ပုံတင် (စာအုပ်) လေးကို ကိုင်ဆောင် ကြရပါတယ်။

ပုံမှန် နှစ် နှစ် တခါ သက်တမ်း တိုးပေးလေ့ရှိပါတယ်။ နှစ် နှစ်ပြည့် လို့ ကိုယ့်တိုင်းပြည်ကို အလည် ပြန်ရင်တော့ အဆိုပါ့ အလုပ်သမား မှတ်ပုံတင် (စာအုပ်) လေး ကို အလုပ် ရှင် ဆီကို ပြန်လည် အပ် နှံ ကြရပါတယ်။

အလုပ်သမား တစ်ယောက် ကိုယ့်တိုင်းပြည်က ထွက်ခွာ ရင် အလုပ် ရှင်တွေ အတွက် တာဝန်ကြီးလှပါတယ်။
လေဆိပ် အထိ သူတို့ လိုက်ပို့ ပြီး လေဆိပ်ကောင်တာ ကို ရောက်တော့ မှသာ ကိုယ့်ရဲ့ Passport ကို ပြန်လည် ထုတ်ပေးလေ့ရှိပါတယ် ။ နောက်ပိုင်း အရှုပ်အရှင်းတွေ ကင်းအောင် လုပ်ထား ပုံ ရပါတယ်။

အခု မြင်တွေ့ နေရတာကတော့ အလုပ်သမား မှတ်ပုံတင် စာအုပ်လေး နှစ်မျိုးပါပဲ..

မူဆလင် ဘာသာ ၀င် မဟုတ်သူများ အတွက် (အညို ရောင် အလုပ်သမားမှတ်ပုံတင် စာအုပ် (IQAMA - အေကွာမာ )

မူဆလင် ဘာသာ ၀င် များ အတွက် (အစိမ်း ရောင် အလုပ်သမားမှတ်ပုံတင် စာအုပ် (IQAMA - အေကွာမာ )


ယခု မြင် ကြရတဲ့ အတိုင်းပါပဲ။ ကိုယ့်ရဲ့ အလုပ်သမား မှတ်ပုံတင် စာအုပ်မှာ ကိုယ့်ရဲ့ နာမည်က အစ အားလုံးဟာ Arabic လို့ ခေါ်တဲ့ ဒေသသုံး ဘာသာ စကား ကိုပဲ ရေးသားထားတာပါ။ ဘာတွေ ရေးထားလို့ ရေးထားမှန်းတောင် ကိုယ်တိုင် နားမလည်နိုင်ပါဘူး။

Monday 2 August 2010

ဆော်ဒီ အာရပ် လူမျိုးများ








Mahaba (မဟာဘာ) မင်္ဂလာပါ ဟု နှုတ်ဆက်နေသော ဆော်ဒီ အမျိုးသား


ဆော်ဒီ အာရေးဗီးယား အပါအ၀င် အခြား အာရပ် တိုင်းပြည်က လူမျိုးတွေ အားလုံးဟာ.သူတို့ ရဲ့ ရိုးရာ ၀တ်စုံတွေကို မြတ်မြတ်နိုးနိုး ၀တ် ဆင်လေ့ရှိပါတယ်။ ကျွန်တော်တို့ မြန်မာ လူမျိုးတွေ လည်း ရိုးရာ ပုဆိုးကို ခုချိန်ထိ ၀တ်ဆင်သလို မျိုးပေါ့လေ။ အမြဲလိုလို အဖြူရောင် သင်တိုင်းလိုမျိုး ၀တ်ရုံ ကြီး ကို ၀တ်ဆင်ပြီး ခေါင်းပေါ်မှာလည်း အဖြူ (သို့ ) အနီကွက်ကြား အ၀တ်စ တစ်ခုကို အမဲရောင် ကွင်းကြီးနဲ့ ထိန်းညှိပြီး ၀တ်ဆင်လေ့ရှိပါတယ်။


အနက်ရောင် ၀တ်စုံများနှင့် အာရပ် အမျိုးသမီးများ




ပုံမှာ မြင် ကြရသလိုပါပဲ။ ခေါင်းအစ ခြေအဆုံး တကိုယ်လုံးကို လေ၀င်ပေါက်မရှိ ဖုံးအုပ်ထားရပါတယ်။ အစ္စလာမ် တရားတော် နဲ့ အညီ ပြုမူ နေထိုင်ကြတယ်လို့ သိရပါတယ်။ ဒါပေမယ့် . နိုင်ငံခြားကလာတဲ့ လူမျိုးခြား အမျိုးသမီးများကတော့ မျက်နှာ ကို ဖုံးအုပ်ခြင်းမပြုပဲ အနက်ရောင်ဝတ်စုံကိုသာ ၀တ်ဆင် ကြရပါတယ်။ တနိုင်ငံလုံးမှာ မိန်းမ မှန်သမျှ သတ်မှတ်ထားတဲ့ဝတ်စုံကို မ၀တ်မနေ ရ ၀တ်ကြရပါတယ်။ ဒါကတော့. ဆော်ဒီအာရေးဗီးယား ရဲ့ သံမဏိ စည်းမျဉ်းပါပဲ။


မြန်မာ.ဖိလစ်ပိုင်.အိန္ဒိယ နဲ့ တခြား နိုင်ငံ က လာပြီး အလုပ်လုပ် ကြတဲ့ မိန်းကလေး တွေ အကုန် လုံးလဲ. အပြင်ထွက်ရင် ဒီလိုပဲ ၀တ်ဆင်ရပါတယ်. မျက်နှာကိုတော့ အုပ် လေ့မရှိကြပါဘူး။


ဟောဒီ ပုံလေးကို ကြည့်ပြီး မျက်စိရှုပ်မသွားနဲ့ နော်

ယခု ပုံ တွင် မြင်တွေ့ ရတာကတော့..ဆော်ဒီ မိသားစု ရဲ့ ဈေးဝယ်ထွက် မြင်ကွင်း ဖြစ်ပါတယ်။ ဘယ်သူက ဘယ်သူ က အမေ လဲ ၊ ဘယ်သူက ကိုယ့် မိန်းမ လဲ ၊ ဘယ်သူက သမီးလေးလဲ ၊ ဘယ်သူက အိမ်စေ(အိမ်ဖော်) လဲ ဆိုတာ.ဘေး လူ အနေ နဲ့ ကတော့ ဘယ်လို မှ မဝေခွဲ နိုင်ပါဘူး ။

ရင်းနှီး တဲ့  ဆော်ဒီ မိတ်ဆွေ တစ်ယောက်ကိုမေးကြည့်တော့ . လွယ်လွယ်ကလေးပါ တဲ့ ။ စလင်းဘတ် ကြီးကြီး ကိုင်ထားတာက ငါ့ အမေ ။ စလင်းဘတ် အဖြူလေးကို ပခုံးမှာ ချိတ်ထားတာက ကိုယ့်ရဲ့ မဟေသီ ဒေ၀ီ ပေါ့ လေ ၊ သမီးငယ်လေးကတော့ နောက်ဆုံးပေါ် ခေါက်အိတ်ကလေး ကို ကိုင်လို့ ၊ အိမ်စေ ကတော့ ၀ယ်ထားသမျှ အိတ်တွေ အကုန်လုံး မနိုင်မနင်း သယ် လို့ ပေါ့တဲ့ ........ ကောင်းလိုက်တဲ့ လူမှတ်နည်း ကလေးပေါ့ ။


ဈေး ထဲမှာ တွေ့ သမျှ မိန်းမ မှန် သမျှ နဲ့ ကိုယ့် မိန်းမ နဲ့ ခွဲခြားနည်းကလည်း . ပ၀ါ နီ လေးနဲ့ ချစ်သော မိန်းမ ရယ် ဆို တဲ့ သီချင်း လေးလို ပါပဲ ။ ဆော်ဒီ အမျိုးသမီးတွေ ရဲ့ လက်ထဲမှာ ကိုင်ထားတဲ့ ပစ္စည်း တမျိုးမျိုး ဟာ သူတို့ လင်ယောက်ျားများ မှတ်မိလွယ် စေဖို့ ရည်ရွယ် နေလေတော့ ။။။

အာရေးဗီးယား ၏ ရာသီဥတု






မြန်မာ လူမျိုးတစ်ယောက် ဒီလို အရှေ့ အလယ်ပိုင်း နိုင်ငံ ကိုလာမယ်ဆိုရင်တော့.အရင်ဦးဆုံး ရင်ဆိုင်ရမယ့် အခက်အခဲ ကတော့.ရာသီဥတု ပြင်းထန်လွန်းခြင်းပဲ ဖြစ်ပါတယ်။ မိုးလုံးဝ နီးပါးလောက် မရွာတဲ့ အတွက် တစ်နှစ်ပတ်လုံးမှာတော့ ပူပြင်းတဲ့နွေရာသီ နဲ့ ခြောက်သွေ့ အေးမြတဲ့ ဆောင်းရာသီ တို့ ပဲ ရှိပါတယ်။်ူ်ု
်။

နွေ ရာသီ ကာလ


၆ လ ကျော် လေက်က..အလွန်တရာ ပူပြင်း လှပါတယ်။ ပျမ်းမျှ အပူချိန်ကတော့.. ၄၅'C ကနေ ၅၅'C အထိရှိတတ်ပါတယ်။နေ့ ဘက်တွေသာမက. ညဘက်ပါ လေပူ တွေတိုက်ပြီး အပြင်ထွက်ချင်စိတ် မရှိလောက်အောင် ပါပဲ။ တိုင်းပြည်အနှံ့ မှတော့. ၂၄ နာရီ အလုပ် လုပ် ရတဲ့အရာကတော့ လေအေးပေးစက် (Air-con) တွေ ပဲ ဖြစ်ပါတယ်။ လေအေးပေးစက် (Air-con) မရှိရင် အဲဒီ အခန်းထဲမှာ ဘယ်လို မှ နေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်.လျှပ်စစ်မီးက မှန်တော့လည်း ဒီအတွက် ကတော့ ပူစရာမလိုပေ။

ဆောင်းရာသီ

၃ လ ကျော် ၄ လ လောက် ကတော့ အလွန်တရာ အေးမြ လှတဲ့ ဆောင်းရာသီပါပဲ။ ရေခဲတမျှ အေးမြလှတဲ့ ရေခဲရေ တွေနဲ့ ခြောက်သွေ့ လှတဲ့ လေအေး တွေရဲ့ ဒဏ်ကို တော့ ခံစားရပါမယ်။
အခန်း ထဲမှာ Heater လို့ ခေါ်တဲ့ အပူပေးစက် တွေကို ဖွင့်ထားမှပဲ နေနိုင်မှပါ.
ပျမ်မျှ အပူချိန်ကတော့ ၁၂'C ကနေ ၁၆'C အထိလောက်ပဲ ရှိတတ်ပါတယ်။


မိုးလေး တဖွဲဖွဲ ရွာပြီ

နွေ နဲ့ ဆောင်း ရာသီ အကူးအပြောင်းကာလမှာတော့ ကွက်ကျားမိုး လေးများ အနည်းငယ် ရွာတတ်ပါတယ်.
မိုးနည်း ဒေသ ဖြစ်သည့်အတွက် အာရေးဗီးယား ရှိ လမ်း ဘေးဝဲယာ မှာ မြန်မာ နိုင်ငံ လို မျိုး ရေနုတ်မြောင်း တွေ မရှိပါဘူး။ ဒါကြောင့် မိုးနည်းနည်း ရွာ ရုံ မျှဖြင့် လမ်းပေါ်မှာ ရေလျှံတတ်ပါတယ်။


မိုးအနည်းငယ်ရွာ ရုံဖြင့် ရေလျှံ နေပုံ


အဆိုးဝါးဆုံး သဲမုန်တိုင်း

ဆော်ဒီ အာရေးဗီးယား ဟာ..သဲကန္တာရ ထဲက နိုင်ငံ တခုပါ။ ဒါကြောင့် မကြာခဏ ဆိုသလို သဲ မုန်တိုင်း တွေ တိုက်ခတ်လေ့ ရှိပါတယ်။ အရပ် ရှစ်မျက်နှာ စလုံး ဘာကိုမျှ သဲသဲကွဲကွဲ မမြင်နိုင်တော့လို့ ကား မောင်းသူ တွေ အတွက် သတိကြီးစွာ မောင်းနှင်ရပါတယ်။ ရာသီဥတု သာယာ ကြည်လင် ရာကနေ ချက်ချင်းဆိုသလို အမှောင် ကျသွားပြီး သဲမုန်တိုင်း တွေ တိုက်ခတ်လာတတ်ပါတယ်။




သဲမုန်တိုင်းကြီးတခု.စတင် တိုက်ခတ် နေပုံ


အကြံပေး ချက်

ဒီကို ရောက်ပြီး တဲ့ သူငယ်ချင်းတချို့ မှာ အပူကြီးပြီး နှာခေါင်းသွေး ယို တတ်တဲ့လူတွေ ရှိသလို. ရာသီဥတု ပူပြင်းလွန်း လို့  ခေါင်းကိုက်တတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလို လူမျိုးတွေ အတွက်ကတော့ ရာသီဥတု ဟာ ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်နေပါမယ်။ ကိုယ် က ဒါမျိုး ဖြစ်တတ်တယ် ဆိုရင်တော့ ဒီ နိုင်ငံ မျိုး ကို လာဖို့ သေချာ စဉ်းစား စေချင်ပါတယ်။