ရေပန်းဥယျာဉ်
Jubail Beach of Arabian Sea ![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcBSpoS65dLOLMeeAMq907fhmtwGdla4d4T9e6KZBhHptW_vQsH1WWcpmBRdLySxbnTRrqZpdXcWmYfBUDX0TljL-qRaEc1KtyxXKnIawHnfHjx87Nb7NV9YG2GaS_nJF67-p2vMqglhw/s320/Beach+1.jpg)
ဒီမှာ မြင် နေရတဲ့ ပုံကတော့ အာရေးဗီးယန်း ပင်လယ်ကို နောက်ခံထားပြီးရိုက်ကူထားတဲ့ပုံ လေးဖြစ်ပါတယ်။ ပင်လယ် ကမ်းခြေ ဆိုပေမဲ့. မြန်မာ နိုင်ငံက ချောင်းသာ တို့ ၊ ငပလီ တို့ လိုမျိုး ရင်ခုန်ဖွယ်ရာ ကမ်းခြေ တစ်ခု တော့ မဟုတ်ပါဘူး ၊၊ ကမ်းခြေ အလျားကလည်း သိပ် မရှည် သလို ၊ သဲသောင်ပြင် ဧရိယာ ကလည်း သိပ်မကျယ်ဝန်းလှပါဘူး။ အဆိုးဆုံးကတော့ ကမ်းစပ် နားက ကျောက်ဆောင် ကျောက်တန်း တွေ နဲ့ . အောက်ခြေက ကျောက်စရစ်ခဲတွေက ရေထဲကို ဆင်းဖို့အတွက် အကြီးမားဆုံး အဟန့် အတား တစ်ခုပါ။
ပင်လယ်လှိုင်းကလည်း ရေကျချိန်ဆိုရင် အင်းလျား ကန် လောက် ပဲ ရှိပြီး ဒီရေတက်ချိန်ဆိုရင်တော့ ရန်ကုန် မြစ် သာသာ လေးပဲ ရှိတတ်ပါတယ်။
ရေကူးမယ် ဆိုရင်တော့ ကူးလို့ ရတယ် ဆို ရုံ လေးပါပဲ။ သို့ သော်.. ကမ်းခြေ၀န်းကျင်မှာ ရေကူဖို့ ဖန်တီး ပေးထားတဲ့ အနေအထား ရယ် လို့ ဘာမှ မရှိပါဘူး။ ဒါကြောင့် ကမ်းခြေမှာ အပန်းလာဖြေတဲ့ လူရယ် လို့ များများစားစား မရှိပဲ. နံနက် ပိုင်း လောက်မှာပဲ ငါးမျှား တဲ့ လူအနည်းငယ် လာရောက်တတ်ကြပါတယ်။
ဒါပေမဲ့ .. ပျော်ပွဲ စား သဘော ထွက်လာတဲ့ ဖိလစ်ပိုင် လူမျိုးတွေကတော့ ပူပြင်းတဲ့ နွေရာသီရဲ့  သောကြာနေ့ နံနက်ပိုင်း လို မျိုးမှာ ကမ်းခြေကို အဖွဲ့ လိုက် လာကြပြီး ၊ ငါးကင်စား လိုက်ကြ ၊ ရေကစား လိုက်ကြ နဲ့ အပျော်ရှာတတ်ပါတယ်...
ဒါကြောင့် သောကြာနေ့ နံနက် ပိုင်းလေး တစ်ချိန်သာ အသက်ဝင်တဲ့ ကမ်းခြေ ဖြစ်ပါတယ်။
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5uH1A5wgiJL9uaijlPWjKY0WV7Q3qjyO478QgmawKfq-ES0OZEcXEvNjcsO9l17vVHVMZFNIFjk2SNUunIK9cY8xRqReSRoCJj5jKmIA1YbohVDevo0zw-UwoFLv5ZjG1mRzQjNRpgy0/s320/Beach+3.jpg)
ကမ်းခြေက စွန်ပလွန် ပင် ကြီနဲ့ အမှတ်တရ |
စွန်ပလွန်ပင်ကို E လိုဘယ်လိုခေါ်လဲ။သိချင်လို့ပါ။ရှုခင်းတွေအရမ်းသာယာတာပဲ
ReplyDelete