အာရေးဗီးယား ၏ ရာသီဥတု

မြန်မာ လူမျိုးတစ်ယောက် ဒီလို အရှေ့ အလယ်ပိုင်း နိုင်ငံ ကိုလာမယ်ဆိုရင်တော့.အရင်ဦးဆုံး ရင်ဆိုင်ရမယ့် အခက်အခဲ ကတော့.ရာသီဥတု ပြင်းထန်လွန်းခြင်းပဲ ဖြစ်ပါတယ်။ မိုးလုံးဝ နီးပါးလောက် မရွာတဲ့ အတွက် တစ်နှစ်ပတ်လုံးမှာတော့ ပူပြင်းတဲ့နွေရာသီ နဲ့ ခြောက်သွေ့ အေးမြတဲ့ ဆောင်းရာသီ တို့ ပဲ ရှိပါတယ်။်ူ်ု။

နွေ ရာသီ ကာလ

၆ လ ကျော် လေက်က..အလွန်တရာ ပူပြင်း လှပါတယ်။ ပျမ်းမျှ အပူချိန်ကတော့.. ၄၅'C ကနေ ၅၅'C အထိရှိတတ်ပါတယ်။နေ့ ဘက်တွေသာမက. ညဘက်ပါ လေပူ တွေတိုက်ပြီး အပြင်ထွက်ချင်စိတ် မရှိလောက်အောင် ပါပဲ။ တိုင်းပြည်အနှံ့ မှတော့. ၂၄ နာရီ အလုပ် လုပ် ရတဲ့အရာကတော့ လေအေးပေးစက် (Air-con) တွေ ပဲ ဖြစ်ပါတယ်။ လေအေးပေးစက် (Air-con) မရှိရင် အဲဒီ အခန်းထဲမှာ ဘယ်လို မှ နေထိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ဒါပေမယ့်.လျှပ်စစ်မီးက မှန်တော့လည်း ဒီအတွက် ကတော့ ပူစရာမလိုပေ။

ဆောင်းရာသီ

၃ လ ကျော် ၄ လ လောက် ကတော့ အလွန်တရာ အေးမြ လှတဲ့ ဆောင်းရာသီပါပဲ။ ရေခဲတမျှ အေးမြလှတဲ့ ရေခဲရေ တွေနဲ့ ခြောက်သွေ့ လှတဲ့ လေအေး တွေရဲ့ ဒဏ်ကို တော့ ခံစားရပါမယ်။
အခန်း ထဲမှာ Heater လို့ ခေါ်တဲ့ အပူပေးစက် တွေကို ဖွင့်ထားမှပဲ နေနိုင်မှပါ.
ပျမ်မျှ အပူချိန်ကတော့ ၁၂'C ကနေ ၁၆'C အထိလောက်ပဲ ရှိတတ်ပါတယ်။


မိုးလေး တဖွဲဖွဲ ရွာပြီ

နွေ နဲ့ ဆောင်း ရာသီ အကူးအပြောင်းကာလမှာတော့ ကွက်ကျားမိုး လေးများ အနည်းငယ် ရွာတတ်ပါတယ်.
မိုးနည်း ဒေသ ဖြစ်သည့်အတွက် အာရေးဗီးယား ရှိ လမ်း ဘေးဝဲယာ မှာ မြန်မာ နိုင်ငံ လို မျိုး ရေနုတ်မြောင်း တွေ မရှိပါဘူး။ ဒါကြောင့် မိုးနည်းနည်း ရွာ ရုံ မျှဖြင့် လမ်းပေါ်မှာ ရေလျှံတတ်ပါတယ်။


မိုးအနည်းငယ်ရွာ ရုံဖြင့် ရေလျှံ နေပုံ


အဆိုးဝါးဆုံး သဲမုန်တိုင်း

ဆော်ဒီ အာရေးဗီးယား ဟာ..သဲကန္တာရ ထဲက နိုင်ငံ တခုပါ။ ဒါကြောင့် မကြာခဏ ဆိုသလို သဲ မုန်တိုင်း တွေ တိုက်ခတ်လေ့ ရှိပါတယ်။ အရပ် ရှစ်မျက်နှာ စလုံး ဘာကိုမျှ သဲသဲကွဲကွဲ မမြင်နိုင်တော့လို့ ကား မောင်းသူ တွေ အတွက် သတိကြီးစွာ မောင်းနှင်ရပါတယ်။ ရာသီဥတု သာယာ ကြည်လင် ရာကနေ ချက်ချင်းဆိုသလို အမှောင် ကျသွားပြီး သဲမုန်တိုင်း တွေ တိုက်ခတ်လာတတ်ပါတယ်။




သဲမုန်တိုင်းကြီးတခု.စတင် တိုက်ခတ် နေပုံ


အကြံပေး ချက်

ဒီကို ရောက်ပြီး တဲ့ သူငယ်ချင်းတချို့ မှာ အပူကြီးပြီး နှာခေါင်းသွေး ယို တတ်တဲ့လူတွေ ရှိသလို. ရာသီဥတု ပူပြင်းလွန်း လို့  ခေါင်းကိုက်တတ်တဲ့သူတွေလည်း ရှိပါတယ်။ ဒီလို လူမျိုးတွေ အတွက်ကတော့ ရာသီဥတု ဟာ ကြီးမားတဲ့ အနှောင့်အယှက် ဖြစ်နေပါမယ်။ ကိုယ် က ဒါမျိုး ဖြစ်တတ်တယ် ဆိုရင်တော့ ဒီ နိုင်ငံ မျိုး ကို လာဖို့ သေချာ စဉ်းစား စေချင်ပါတယ်။