Tuesday 23 November 2010

Abnormal အောင်မောင်း ၏ အတွေးများ အပိုင်း ၂

အပိုင်း ၁ မှ အဆက်

ထိုနေ့ က . မိုးအုံ့ သောကြောင့် ၀န်းကျင်တခုလုံး ခပ်မှိုင်းမှိုင်း ဖြစ်နေသည်။ ကျူရှင်မှ အပြန် လမ်းတွင် လူကလည်းရှင်း ၊ ကားတွေ လည်း ရှင်း ။

မိုးရေကို ၀လင်စွာ သောက်သုံးထားသဖြင့် ပန်းပင်တို့ သည် စိမ်းစို လျက် ၊ မြက်ပင်တို့ သည် ၀င့်ကြွားလျက် ။

ပလက်ဖောင်း လမ်းမပေါ်မှ ရေညှိများက ပင် ကတ္တီပါ စိမ်း ကြီး ခင်းထားသည့် အသွင် ။

မိုးရွာပြီးစ . ညနေစောင်း . နေရောင်မပွင့်တပွင့်တွင် ကျွန်တော်၏ ညိုသည် ခါတိုင်းထက် ပိုလှနေသည်။ မိုးရေကြောင့် ဖြစ်ပေါ်လာသော ဗွက် အိုင် လေးများကို ခုန်ရှောင်ရန် သူမ ၏ ထမီ စကပ် ကို အသာ မ လိုက်ချိန်တွင် ညိုစင်းသော သလုံးသား လေးများကို ရင်ခုန်စဖွယ်တွေ့ ရ၏။

ထို့ နောက် ကျွန်တော်၏ မဟာ စီမံကိန်းကြီးကို စတင် အကောင်အထည်ဖော်ရလေတော့သည်။

လွယ်အိတ်ထဲမှ နှင်းဆီပန်း ငါးပွင့်ခန့် ကို ထုတ်ကာ သူမ အားပြလိုက်လေသည်။

သူမ ကလည်း အလိုက်တသိ ဘာမျှ မမေးတော့ ပဲ . လက်ညှိုးလေး တစ်ချောင်းထောင်က ခေါင်းကလေး ခပ်ဆတ်ဆတ်ငြိမ့်ပြသည်။ အဓိပ္ပ္ပာယ်မှာ တစ်ပွင့်လောက် ပေးပါ ဟု ဆို၏ ။

ကျွန်တော်ကလည် ထုံးစံအတိုင်း မိန်းကလေးတစ်ယောက်ကို ပန်းပေးရမည်ကို လိပ်ပြာမလုံသော ၊ မလိုအပ်ပဲ အရှက်အကြောက်ကြီးသော ယောကျာ်တို့ ၏ သမိုင်းပေးတာဝန် အတိုင်း မူ ရပြန်သည်။

ဟာ..ဒီ ပန်းတွေ ကလေ..ဟို..ဘုရားပန်းတင်မလို့ ဟ..အမေ ၀ယ်ခိုင်းလိုက်တာ..

ဟု လီဆယ်ပြီးပြောရပြန်သည်။

သူမကလည်း ယောကျာ်းတန်မဲ့ . မူ . လွန်းသူကို တော့်တော့်ကို အမြင်ကတ်နေပုံရသည်။ သူမ က

ဟင်..နင် နော်.လုပ်ပြန်ပြီ…နင်က တော်တော် မူ ပါလား ၊

ပေးစရာရှိတာကို မပေးဘူး.. ဟိုအကြောင်းပြ.ဒီအကြောင်းပြနဲ့ .

ဒီမှာ.မပေး နိုင်ရင် လာမပြနဲ့ လေ… ပြ.ပြီးရင်တော့ ပေးရမှာပဲ .

သူများကို ဆပ်တငတ်ငတ် ဖြစ်အောင် လုပ်တာ ဘယ်လောက် ငရဲ ကြီးတယ် ထင်လဲ..နာမယ်..ပေး..

သူမ၏ တချက်လွှတ် စကားကြောင့်ကျွန်တော်သည် ထပ်မံငြင်းဆန်ရန် မစွမ်းသာတော့ပဲ ပန်းတစ်ပွင့်ကို အသာအယာ ကမ်းပေးလိုက်ရလေသည်။

သူမသည် ပန်းကလေးကို လက်ကမ်းယူပြီး နမ်း မည့် ဟန်ပြင်ဆဲတွင်

အား.. ဆူးတယ်.…ဟူသော အသံကလေး ခပ်အုပ်အုပ်ထွက်လာသည်။

အောင်ပြီ…အောင်ပြီ.. ငါ့ အကြံ အောင်ပြီ…ကျွန်တော်သည် စိတ်ထဲမှ ကြုံးဝါးလိုက်သည်။

လက်ကိုင်ရရေး အခွင့်အရေးကို ကျား ချောင်းသလို ချောင်းနေသောကျွန်တော်သည် ပေါ်လာသည့် အခြေအနေကို အကောင်းဆုံးအသုံးချလိုက်သည်။

သူမ ၏လက်ကို ဆတ်ခနဲ ဖမ်းကိုင်ပြီး လက်ညှိုးလေးကို ယုယစွာဖြင့် စတင် ၍ တပြွတ်ပြွတ် စုတ်ပေးလေတော့သည်။

ချစ်သူ၏ လက်တစ်ဘက်ကို ဆုပ်ကိုင်ခွင့်ရသူသည် ကမ္ဘာတစ်ခြမ်းကို သိမ်းပိုက်ခြင်း မည်ပါ၏

ရုန်းကန်ခြင်း အလျှင်းမရှိ ။ ငြင်းပယ်ခြင်းလည်း မပြု။

ရုတ်တရက် သူမ၏ ရွှန်းစိုသော သမင် မျက်လုံးများ ဖြင့် ပြူးကြောင်ပြီးရပ်ကြည့်နေသည်။

ငါ ကွ..အောင်ပြီ..ကိုင်ရပြီ..စုတ်လည်း စုတ်ရပြီ..

့စိတ်ထဲမှကြိတ်ပြီး ၀မ်းသာမိသော်လည်း ထင်မှတ်မထားသော အရာများကပေါ်ပေါက်လာခဲ့သည်။

ထိုသို့  စတင်၍ စုတ်လိုက်သည်နှင့် တပြိုင်နက် . ချဉ်တင်တင် သွေး စ လေးများနှင့် အတူ ငံကျိကျိ အရသာ များက ပါ ရောယှက် လျက်။

ငါးပိ နံ့ လို လို . ငါးဖုတ်ခြောက်နံ့ လိုလို အနံ့ ဆိုးကြီးကလည်း သူမ ၏ လက်တွင် စွဲကပ် ခိုအောင်းလျက်ရှိသည်။

ခေါက်ဆွဲသုပ်ကို လက်ဖြင့်အားရပါးရစားခဲ့သည်လားတော့မသိ. ကြက်သွန်ဖြူ အနံ့ ကြီးကလည်း နှာခေါင်းဝ တွင် ထောင်းခနဲ ဖြစ်လာသည်။

ကျွန်တော်သည် ရုပ်ရှင် ဇာတ်လမ်းများနည်းတူ ကဗျာဆန်စွာ ၊ ရိုမန်းတစ် ဆန်စွာ ချစ်ရသူ၏ လက်ကို ကိုင်ကာစုပ်ခွင့် ရခဲ့သော်လည်း ရင်မခုန် နိုင်ခဲ့ပေ။

အလွန် အင်မတန် အသန့် အပျံ့ ကြိုက်သော ကျွန်တော်။

သူမ၏ လက်မှ အနံ့ ပေါင်းစုံ ရောယှက်မှူ့ နှင့် ငံကျိကျိ အရသာတို့ စုပေါင်း လိုက်ချိန်တွင် ကျွန်တော်၏ ရင်ခေါင်းထဲတွင်

ပျို့ ပြီးတက်လာသည်။ သို့ သော် အိနြေ္ဒ မပျက်စေရန် . မနည်းထိန်းထားလိုက်ရသည်။

စက္က္ကန့် ပိုင်းလောက်သာ ကြာသော်လည်း ထို သို့ သော အတွေ့ အကြုံကို နောင် အခါဘယ်တော့မှ မေ့လို့ ရနိုင်မည် မဟုတ်။

ယခုတော့ ကျွန်တော် ၏ အဖြစ်သည် ..

ချစ်တော့ ချစ်သည် … သို့ သော် ငံ သည်.

ကြိုက်တော့ ကြိုက်သည် .. သို့ သော် နံ သည်။

ဟု ဆိုရမလိုပင်

သူမကလည်း လမ်းမပေါ်မှ လူတချို့ က ကွက်ကြည့်ကွက်ကြည့်လုပ်သွားသဖြင့် အနည်းငယ်ရှက်စိတ်ဝင်ကာ လက်ကို ကဗျာ ကယာ ပြန်ရုပ်လိုက်သည်။

ထို့ နောက် ကျွန်တော်ပေးသော နှင်းဆီပန်းကို မယုံသင်္ကာ ၊ စူးစမ်းသာ မျက်လုံးတို့ ဖြင့် အသေအချာကြည့်လေတော့သည်။

နောက်ဆုံး ပြူးကျယ်သောမျက်လုံး တို့ ဖြင့် နှင်းဆီပန်း၏ အဆူးရှိသော အရိုးနေရာကို သေချာကြည့်ပြီးနောက်

မယုံကြည် နိုင်သော အံ့သြသော အသံတို့ ဖြင့် ပြောလေသည်။

ဟာ…လပြည့်..နင်..နင်.. ဒါတွေက.ဘာတွေ လဲ..ငါ့ကို .. အဆူး စူးအောင် တမင် ကြိုတင်ကြံစည်တယ်ပေါ့လေ။။

ကဲ ဟယ် ..ကဲဟယ်..ဟု ဆိုကာ..သူမ၏ လွယ်အိတ်ဖြင့် ကျွန်တော့် ခေါင်းကို ထု လေတော့သည်။

ထုစမ်းပါ.ကြိုက်သလောက် ထု..လက်ကိုင်ခွင့် ရတာ အမြတ်ပဲ ကွ.

ဟုတ်ပါသည်. သူမ စိတ်ဆိုးမည် ဆိုလည်း ဆိုးစရပင်

အခါတော်ပေး အောင်မောင်း ကြိုတင်စီမံထားသော . နှင်းဆီ အရိုးနေရာတွင် သုံးပိုင်းချိုးထားသော

ပင်အပ် အပိုင်း လေး သုံးပိုင်း က ကန့် လန့် ဖြတ် ထိုးစိုက်လျက်။

Abnormal ကြီးပြောတဲ့ အမျိုးသား ရင်ကြားစေ့ရေး

ကျွန်တော်သည် ကျောင်းပြီးကတည်းက သူငယ်ချင်းကြီး အောင်မောင်းနှင့် မတွေ့ ဖြစ်တော့သည်မှာအတော်ကြာလေပြီ။

တနေ့ သ၌ မထင်မှတ်ပဲ . အင်တာနက် Gtalk တွင် ဆုံမိကြရင်း ထွေရာလေးပါး စကားများပြောဖြစ်ကြသည်။

ဟော့ကောင်ကြီး .မတွေ့ တာတောင်ကြာပြီနော်..မင်း အမ ကောနေကောင်းလား ..ငါ က.သတိရတယ်လို့ ပြောလိုက်ပါကွာ.

ဤသည်က ကျွန်တော်တို့ ငယ်သူငယ်ချင်းများ ၏ ပဋိသန္ဓာရ စကားများပင်တည်း ။

သူ သည် ငယ်စဉ်ကအတိုင်းပင် . ဘာမှ မပြောင်းလဲသေး . တွေ့ လိုက်သည်နှင့် အမ ၊ ညီမ များကို အလွတ်မပေးပဲ စ.နောက်တတ်သည့် သဘာဝ က.မပျောက်သေးပေ။

အံမယ်..မင်းက..အင်တာနက် ထဲမှာ.စာတို ပတ်စ တွေဘာတွေ ရေးလို့ ပါလားကွ..ဘလော့ တွေ ဘလောက်တွေ ရေးလို့ 

ကျောင်းတုန်းက . ကုပ်ကမြင်း လူကြောက် . မိန်းကလေး တွေနဲ့ စကားပြောရင် ခြေတုန်. လက်တုန် နဲ့ လူတော မတိုးတဲ့ကောင်က.အခုလို ကျတော့လည်း .ဘယ်ဆိုးလို့ တုန်း..

အချစ်အကြောင်းတွေများ ရေး ထားလိုက်တာ..ရည်းစား တစ်ဒါဇင်လောက်ထားဖူးတဲ့ ငါ တောင် အရှံးပေးရမလို ပဲနော်.

မင်းနဲ့ ကွာ..ရေး ရင်လဲ ကောင်းကောင်းရေးပါလား ။ မင်းရေးတဲ့ တခါတုန်းက တက္ကသိုလ်မှာ…တွေဘာတွေ ငါ ဖတ်ရပါတယ်.

မင်းကွာ..ငါ တို့ ကောင်တွေ စာ မတတ် ပဲ ဘွဲ့ ရတာကို အင်တာနက်ကနေ တကမ္ဘာလုံးသိအောင် ကြော်ငြာရသလားကွ. သိသာသိ ၊ မမြင်စေနဲ့ ပေါ့ကွ .. ဘာပဲဖြစ်ဖြစ် အဖြစ်မှန်ကိုတော့ သိသွားတာပေါ့။

ပြီးတော့ မင်းရေးထားတဲ့ မြတ်ဆရာ ကိုလည်း ဖတ်လိုက်ရပါရဲ့ . ကောင်းတော့ ကောင်းပါရဲ့ .

ဒါပေမယ့်….ကွာ…

ဟူ၍ အပြစ်တင်မည့် လေသံဖြင့် စကားစ လေသည်။

ကျွန်တော်ကလည်း ယခု လို ကျွန်တော့် စာများကို သေချာဖတ်ရှူ့ ပေးသည့်အတွက် ၊ သူ၏ ဝေဖန်အကြံပြုမှူ့ ကို ကြားချင် သည်။ ထို့ ကြောင့် .. ကျွန်တော် .က..ဒါပေမယ့်..ဘာဖြစ်လဲ ကွ..ငါတို့ ကို စာသင်ပေးတဲ့ ငယ်ငယ်က ဆရာ ၊ ဆရာမ တွေ အကြောင်း ရေးထားတာလေ ။ မကောင်းဘူးလား

ထိုသို့ ပြောလိုက်သောအခါ . အောင်မောင်း က အလွန်ကောင်းသည့် ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်နှယ် ကျယ်လောင်စွာ တဟားဟား နှင့် ရယ်လေသည်။

ကျွန်တော်သည် အဘယ်ကြောင့် ယခု လို လှောင်ရယ်..ရသနည်းဟုမေးသော်အခါ ။ သူက

မင်းက မြတ်ဆရာ ခေါင်းစဉ်နဲ့ ရေးလို့ ငါ ဖတ်လိုက်ပါရဲ့ ။

ဒါပေမယ့် . ဆရာတွေ အကြောင်းက နည်းနည်း ။ မင်းဘာသာ ကိုယ်ရည်သွေးပြီးတော့ တော်ကြောင်းတတ်ကြောင်းတွေ ကို ပညာသားပါပါ ရေးထားတာ တွေက များနေပါလား။

မင်း ဘယ်လောက် သိကြောင်း ။ တတ်ကြောင်းတွေ ကို ရေးထာတာနော်..အဲဒါမျိုးကို ကိုယ့်ဂုဏ် ကိုယ်ဖော် မသူတော်လို့ ခေါ်တယ်ကွ.

ဆရာ တွေ ကို အလေးဂရုပြုတယ်ဆိုတာကိုတော့ လက်ခံပါတယ် ။ ဒါပေမယ့် ငါတော့ မထင် ပေါင် ။ မင်း ကိုယ်ရည်သွေးချင်တာ.များများ ဟုတ်တယ်မလား။

နောက်ပြီး မင်း ရေးထားတဲ့ ဟာတွေ အကုန်လုံးက . ကျွန်တော်ဆိုတဲ့ နာမ်စား ကိုပဲ စွဲစွဲမြဲမြဲ သုံးထားတယ်။ အဲဒါမျိုးက အတ္တ္ကဗဟိုပြု . ငါ ဗဟိုပြု ၀ါဒီ ဆန်နေတာပေါ့။

ကျွန်တော်သည် မည်သည့် စကားမှ မဆိုနိုင်ပဲ သူ၏ အချက်ကျကျဝေဖန်မှူ့ များကို မည်သို့ တုန့် ပြန်ရမှန်းမသိဖြစ်နေပါသည်။

ကျွန်တော်သည် စာရေးသားရာတွင် ကိုယ်ရည်သွေးပြီး ရေးသားခြင်းများ အမှန်ပင် မရှိပါ ။သို့ သော် အမှန်အတိုင်း ၀န်ခံရပါမူ ကျွန်တော်သည် စာရေးကျွမ်းကျင်သော စာရေးဆရာကြီးတစ်ယောက်မဟုတ် ၊ ထို့ ကြောင့် မိမိအကြောင်းကို

ဖော်ပြရာတွင်မရည်ရွယ်ပဲ စာဖတ်သူက ယခုကဲ့သို့ ထင်မြင်သွားခြင်းသည် ကျွန်တော်၏ အားနည်းမှူ့ ၊ လိုအပ်မှူ့ သာဖြစ်မည် ဟုထင်မိပါသည်။

ထို အရာကို ဝေဖန်ထောက်ပြပေးသူ အားလည်း စိတ်မဆိုးသည့်ပြင် လွန်စွာ ကျေးဇူးတင်မိပါသည်။ သူသည် ပြောမနာ ၊ ဆိုမနာ ငယ်သူငယ်ချင်းဖြစ်သည့်အတွက် ကျွန်တော့်အား ယခုကဲ့သို့ ပွင့်လင်းစွာ ဝေဖန်ခြင်းဖြစ်သည်။

သို့ သော် . ကျွန်တော်၏ စာကို ဖတ်ရသော အခြားသော သူငယ်ချင်းများ ကို မေးကြည့်သောအခါ ။

အချို့ ကလည်း စာဖတ်ဝါသနာ မပါသဖြင့် ဘာရေးလို့ ရေးမှန်းတောင် မသိကြချေ ။

အချို့ ကလည်း ခပ်ပေါ့ပေါ့ ခပ်လွယ်လွယ်ဖတ်ကာ ကောင်းပါတယ် . ဟူု၍သာ အားနာနာနှင့် မှတ်ချက်ပြုကြသည်။

ကျွန်တော်သည် ထိုကဲ့သို့ သော စာဖတ်မိတ်ဆွေများထက် ယခုကဲ့သို့ ကျွန်တော် ၏ စာ များကို သေချာ ဖတ်ရှူပြီး ဝေဖန်သည့် အောင်မောင်းလို မိတ်ဆွေမျိုးသာ ပိုမို ၍ အလို ရှိမိပါသည်။

ယခုလို ၀ါသနာအလျောက် စာ များကို စမ်းတ၀ါးဝါးရေး နေချိန်တွင် အားပေးမှူ့ လက်ခုပ်သံများ ကို သာယာမိ သလို ၊ ဝေဖန်ထောက်ပြမှူ့ များကလည်း အမှန်ပင် လိုအပ်လှပါသည်။

ထို့ နောက် ကျွန်တော်တို့ နှစ်ယောက်သည် ထွေရာလေးပါး စကားတွေကို ပြောကြရင်း ယခုတလော အင်တာနက်သတင်းများတွင် ခေတ်စားနေသည့် အမျိုးသားရင်ကြားစေ့ ရေး ဆိုသည်ကို ဆွေးနွေးမိကြသည်။

ဟော့ကောင် အောင်မောင်း ။ မင်းရော အဲဒီ ကိစ္စ္စကို ဘယ်လို မြင်သလဲ ။ ဖြစ်နိုင်မလား ။ အမျိုးသားရင်ကြားစေ့ ရေး တကယ်လုပ်နိုင်မဲ့သူက ဘယ်သူလို့ မင်းထင်သလဲ ။

ဟုကျွန်တော်ကမေး လိုက်သည်။

မင်း က ဘယ်လို ထင်လို့ တုန်းကွ ။ ဒီကိစ္စ္စ က ပေါ့သေးသေးမဟုတ်ဘူး မောင် ။

ငါ့ အထင် ပြောရရင်တော့ ဒီ ကိစ္စ္စကို လုပ်နိုင်မဲ့သူကတော့ ..

သူသည် ဆိုသို့ .စကားဆိုပြီးနောက် အတန်ငယ် အသံတိတ်ကာ စဉ်းစားနေသယောင်ရှိသည်။

ထို့ ကြောင့် ကျွန်တော်က . စကား စ ပေးလိုက်ရသည်။

ဘာလဲ ကွ. မင်းဆိုလိုတာက ဟို အပတ်တုန်းက လွှတ်လာ တဲ့ ..ဟို .ဟို…ဒေါ်..ဒေါ်…

စကားပင် မဆုံးလိုက် သူက ဖြတ်ပြောသည်။ ။

မင်း က ဘယ်သူ့ ကို ထင်လို့ တုန်း ။ ငါ ကတော့ ဒီဟာကို လုပ်နိုင်မဲ့သူ တစ်ယောက်ပဲ မြင်တယ်။

ဘယ်သူလို့ မင်းထင်သလဲ သေချာစဉ်းစား ။

မင်းလည်း သိမှာပါကွာ လပြည့်ရာ ။ ငါတို့ ကိုးတန်းတုန်းက အတန်းပိုင် ဆရာမ ဒေါ်သန်းသန်းမြင့် လေကွာ.

ဟား ဟား..မဟုတ်ဘူးလား။

ကျွန်တော်သည် သူ၏ အဆီအငေါ်မတည့်သော စကားကြောင့် ရုတ်တရက် မည်သို့ ပြန်ပြောရမှန်းမသိဖြစ်မိသည်။

အမျိုးသား ရင်ကြားစေ့ရေး ကို လုပ်ပေးမှာ အထက်တန်းကျောင်း ဆရာမ ဒေါ်သန်းသန်းမြင့် ။

ဟာ..ဒီကောင် အရေးထဲ ..လာနောက်နေပြန်ပါပြီ ။ ဘာဆိုင်လို့ လဲ . စကားအကောင်းပြောရင်.. သောက် ကျင့် ကို က မပျောက်သေးဘူး

သို့ သော် သူ ကပင် ဆက်လက်ပြီး

မင်းစဉ်းစားကြည့်လေ လပြည့်ရာ ။ ငါတို့ ကျောင်းသားဘ၀တုန်းက . အကျီ င်္ကြယ်သီးကို လည်ပင်းနားအထိ အပြည့်တပ်ရတယ်လေ။ ငါ က. တခါတလေ ပူအိုက်လွန်းလို့  ကြယ်သီး သုံးလုံးလောက် ဖြုတ်ထားပြီး ရင်ဘတ် ဟ ဗြဲ နဲ့ နေရင် ကလေကချေ ပုံစံ လက်ဖက်ရည်ဆိုင် မှတ်လို့ လား ဆိုပြီးတော့ ဆရာမ က ကြိမ်လုံးနဲ့ တွယ်တော့ တာပါပဲ ။

စိန်ပေါလ် ယောက်ျားလေး ကျောင်းမှာ . ကျောင်းသားတွေကို ရင်ကြားစေ့ ကြယ်သီးတပ်ဖို့ ပြောတဲ့ ဆရာမ က သူပဲ ရှိတယ်ကွ။ ဒါကြောင့် အမျိုးသား ရင်ကြားစေ့ရေးကို လုပ်မဲ့သူက ငါ တို့ ဆရာမ ပေါ့ကွ. ငါပြောတမှန်တယ်မလား ။

သြော်..ဒီလိုဆိုတော့လည်း . ဟုတ်သလိုလို ပဲနော်……….

ဟာ….ခွေးကောင် အရေးထဲမှာ လာနောက်နေပြန် ပြီ..အဲဒီ ရင်ကြားစေ့ရေးကို ပြောတာမဟုတ်ဘူးကွ.

ဟို..ဟို..ဟို ရင်ကြားစေ့ရေးကိုပြောတာ..

အော်.. မင်းပြောတာ..ဒါလား..အဲဒါကလည်း ပိုပြီးတော့တောင်ဖြစ်နိုင်ဖို့ ဝေးသေးတယ်ကွ.

မင်း သေချာ စဉ်းစား ။ အဲဒီ အမျိုးသား ရင်ကြားစေ့ရေး ဆိုတဲ့ စကားကို ငါတို့ ကြားလာတာအခုမှ မဟုတ်ဘူး ။

ကြာလှပြီ။ လုပ်ချင်တဲ့စိတ်ရှိရင် . လုပ်မှာပေါ့ကွ။

လက်ခုပ်ဆိုတာကလည်း တစ်ဘက်တည်းတီးလို့ မမြည်ဘူးလေ။ နှစ်ဘက် တီးမှ မြည်တာ မဟုတ်လား

တစ်ဘက် က ဘယ်လောက်ပဲ လုပ်ချင် .လုပ်ချင် . အခြားတစ်ဘက်က ဆန္ဒ မရှိသရွေ့ ကတော့ မလွယ် ရေးချ မလွယ် ပဲနော်. ။

အဲဒီ လို အခြားတစ်ဘက် လုပ်ချင်လာဖို့ ဆိုတာကတော့ ဘာနဲ့ အလား သဏ္ဍန်တူသလဲဆိုတော့ .

ခြင်္သေ့ တစ်ကောင်ရဲ့ ပါးစပ်ထဲက အမဲသားကို တောင်းပန်ပြီးယူနေရသလို ဖြစ်နေပြီကွ။

မင်း နားလည်အောင် ငါပြောမယ် ။ ခြင်္သေ့ က သူ စားခါနီး အသားကို မင်း က တောင်းဆိုလို့ မင်းကို ပေးမယ်များ မှတ်နေသလား

ဝေးသေးတယ် လပြည့်ရေ ၊ မိုး ပြိုမှ ရလိမ့်မယ် ကွ

မင်း . အဲဒီ အမဲသားကို လိုချင်ရင် . သူ့ ထက် အင်အားကြီးအောင်လုပ် ။ ပြီတော့ အဲဒီ ခြင်္သေ့ကို အနိုင်တိုက်ပြီးတော့ ယူ ။ ဒီနည်းပဲ ရှိတယ်.

အဲဒီလိုမှ မဟုတ်ရင်တော့ . မလွယ်ဘူးနော်။

မတရားဘူး ၊ တရားတယ် ကတော့ မင်းဘာသာ ဆုံးဖြတ် ။

မင်းတောင်းဆိုလို့ .မင်း ကို အမဲသား ပေးလိုက်ရရင် သူ ဘယ်အသား သွားစားမလဲ ။ သူ့ အတွက် ဘာမှ အကျိုးမရှို

လို့ မင်းတောင်းဆိုတာကိုလည်း ဂရုစိုက်မှာမဟုတ်ဘူး။

အခုလည်း ဒီလိုပဲ ငါမြင်တယ်။ ဒီကိစ္စ္စကြီးကို လုပ်လို့ . အခြား တစ်ဘက်ကလူတွေမှာ ဘယ်လို အကျိုးရှိမလဲ ။ မလုပ် လို့ ကော ဘယ်လို ဆုံးရှုံး မှူ့ တွေ ရှိမလဲ ။

သူတို့ ဘက်ကတော့ ဘာမှ ထူးခြားလာမှာ မဟုတ်ဘူး။ အမဲသား တုံးက ခြင်္သေ့ပါးစပ်ထဲမှာ အသာလေး ၀ါးစားလိုက်ရုံပဲ ။

ဘယ်သူ့ ကို များ ဂရုစိုက်စရာလို သလဲ မောင် ရဲ့  ဟုတ်ဘူးလား ။

အေး .. ဒီလို ဆိုရင်တော့

ငါ တို့ ရဲ့ ဆရာမ လို ပတ်ကြမ်းတိုက် ကြိမ်လုံးကိုင်ပြီး အတင်းကို ရင်ကြားစေ့ခိုင်းမှပဲ ရမယ့်  အရေး ကွ.

Abnormal အောင်မောင်း ၏ အတွေးများသည် ရံဖန်ရံခါ ကျွန်တော်တို့ မထင်မှတ်ထားသည်များကို ဖောက် ၍

တွေးနိုင်သည်။ ယခုလည်း သူနှင့်စကားပြောပြီးနောက် ကျွန်တော် တစ်ယောက်တည်း စဉ်းစားစရာများ ကျန်ခဲ့သည်။ သူ ပြောသလို ပင် . ဤကိစ္စ္စသည် နှစ်ဘက် ညီ မှ ဖြစ်မည့် အရေးပင် ။ ဤ သို့  ညီညွှတ် ရန်မှာလည်း အောင်မောင်း ပြော သလို မိုး ပြိုမှ ဖြစ်နိုင်မည့် အရာ ဟုတ် ၊ မဟုတ် ကို တော့ ကျွန်တော်မစဉ်းစားတတ်ပေ ။ ကျွန်တော် ရိုးရှင်းစွာ နားလည်သည်ကတော့ အခြားတစ်ဘက် က မညီသရွေ့ ကတော့ အဲဒီ အမျိုးသား ရင်ကြားစေ့ရေး ဆိုတာေ၀၀ါး နေအုံးမည် သာ ဖြစ်တော့လေသတည်း ။

အစဉ်လေးစားလျက်

ကောင်းသထက်ကောင်းအောင် ကြိုးစားနေမည့်

မောင်လပြည့် (တက္က္ကသိုလ် ဆယ်ရက်)

Monday 22 November 2010

Abnormal အောင်မောင်း ၏ အတွေးများ အပိုင်း ၁

ငယ်သူငယ်ချင်းတစ်ဦး ရှိလေသည်။

ကျွန်တော် ၏ ခင်မင်ရဆုံး သူငယ်ချင်းများ ထဲတွင် ငယ်စဉ်ကတည်းက ကျောင်းနေဘက် ငယ်သူငယ်ချင်းတစ်ဦးဖြစ်သော အောင်မောင်း လည်းပါဝင်သည်။သူ သည် ကျွန်တော်နှင့် အသက်အရွယ်မတိမ်းမယိမ်း ခန့် ရှိသောလည်း လွန်စွာမှ စကားကြီး ၊ စကားကျယ်များပြောတတ်သည်။ ထို့ အတူ အများလက်ခံ ထားသော ကိစ္စများကို အလွယ်တကူလက်ခံလေ့ မရှိပဲ သူ၏ကိုယ်ပိုင် ဥာဏ် အတွေးအခေါ်တို့ ဖြင့် သာ စဉ်းစားဝေဖန်ပြီးမှ လက်ခံလေ့ရှိသည်။ လောကတွင် လူ့ သဘာဝ သည် ကိုယ့်ထက်သာလျှင် မနာလို တတ်သော သဘောရှိတတ်သည်။

ထို့ အတူ ငယ်ရွယ်နုနယ်သော အောင်မောင်း ၏ အတွေးများသည်လည်း တခါတရံတွင် အများ ရယ် စရာကောင်းလောက်အောင် လွဲချော် ခြင်း များ ရှိတတ်သည်။ ထို့ ကြောင့် . ကျွန်တော်တို့ ကျောင်းသား များအကြားတွင် အောင်မောင်း အား သာမန်ထက် ထူးကဲသော ပုဂ္ဂိုလ်ကြီး ဟု ကင်ပွန်းတပ် ကာ အင်္ဂလိပ်လို Abnormal Aung Maungh ဟု နောက်ပြောင်ခေါ်ဝေါ်ကြသည်။

ထိုသို့ နောက်ပြောင်သော်ငြားလည်း သူက စိတ်မဆိုးပဲ ထိုသို့ ပြောတတ်သည်။ ကမ္ဘာပေါ်မှာ ထင်ပေါ်ကျော်ကြားတဲ့ ဥာဏ်ကြီးရှင် ပါရမီရှင် Genius ပုဂ္ဂိုလ်ကြီးတွေ အားလုံးကို လူတွေက Abnormal ကြီးတွေလို့ ပဲ ခေါ်ကြတာကွ ဟု ခပ်ပြုံးပြုံး ပြန်ပြောတတ်သည်။ သူ၏ လွဲချော်ပုံများ ၊ အတည်ပေါက်နှင့် နောက်ပြောင်တတ်မှူ့ များသည် နောင်သော် ကျွန်တော်တို့ အဖို့  မမေ့နိုင်စရာ ကျောင်းသားဘ၀ အမှတ်တရများ ဖြစ်လာတော့သတည်း ။

Abnormal အောင်မောင်း ၏လူဖြစ်နည်းသင်တန်း

ကျွန်တော်တို့ အထက်တန်းကျောင်းသားဘ၀ တွင် ကျောင်းအုပ်ဆရာကြီးမှ အပတ်စဉ် သြ၀ါဒ ဆုံးမ စကားပြောကြားလေ့ရှိသည်။ ဆရာကြီးက ကျောင်းသားတစ်ယောက် ကျောင်းကို လာခြင်းသည် စာ သင်ရန် ၊ စာ တတ်ရန် ဟူသော ရည်ရွယ်ချက်တစ်ခုတည်းမဟုတ် ။

ထို့ ထက်ပိုမိုသော သာလွန်ကောင်းမြတ်သည့် အချက်များလည်းရှိသည်။

စည်းကမ်းရှိရန် ၊ အများနှင့် အဆင်ပြေစွာ ဆက်ဆံတတ်ရန် ၊ စာရိတ္တ မဏ္ဍိုင်ကောင်းမွန်စေရန် အစရှိသဖြင့် လူ့ ဝန်းကျင်တွင် ကျင်လည်ကြရမည့် ကျွန်တော်တို့ ကျောင်းသားများ အတွက် လိုအပ်သည်များကို သင်ကြားပေးသော နေရာ ဌာန ဖြစ်သည်။ တနည်းအားဖြင့် .လူဖြစ်နည်း သင်ကြားပေးသော နေရာကြီး ကို ကျောင်း ဟု ခေါ်သည် ဟု အဓိပ္ပ္ပာယ် ဖွင့်လေသည်။

ထိုသို့ ဆိုလျှင် ကျွန်တော်၏ သူငယ်ချင်းကြီး Abnormal အောင်မောင်းက အရွှင်းဖောက်တတ်သည်။

ဟာ..ဆရာကြီကလည်း . လူဖြစ်နည်း ကို သင်ချင်တာများ ကျောင်းလာစရာတောင် မလို ဘူး။

ဒီမှာ လပြည့် . မင်းကို လူဖြစ်နည်း .ငါပြောပြမယ်. မင်း..အခု.ရှစ်တန်းနဲ့ ကျောင်းထွက်လိုက်။ ပြီးတော့ မိန်းမယူကွာ. တစ်နှစ်လောက်ကြာရင် မင်း မိန်းမ.ဗိုက်ဖောင်း လာလိမ့်မယ်.. ငါးပူတင်း ဖြစ်ပြီ ဆိုရင် ..အဲဒါ မင်းနားလည်လိုက်တော့..

အဲဒါမှ..လူဖြစ်နည်း အစစ်ကွ..ကျောင်းလာရုံနဲ့ လူ မဖြစ်ဘူး ဟဲဟဲ..

အင်း သူ ပြောတော့လည်း ဟုတ်တုပ်တုပ် ပါလား နော်

ဤ သည်မှာ Abnormal အောင်မောင်း ၏ ဒသန ဖြစ်သည်။

သူများ မတွေးထားသော နေရာမှ ကြံဖန်စဉ်းစားတတ်သည်။ အာဝဇွန်း ရွှင်သလို . ဖြတ်ထိုးဥာဏ် (ခ) တင်္ခါတုပ္ပတ္တိ ဥာဏ်လည်း ကောင်းလှသည်။ သို့ သော် . တခါတရံ စကားကြီး ၊ စကားကျယ်များကို ပြောတတ်လွန်းသဖြင့် သူများ အမြင်ကတ်ခံရလေ့ရှိသည်။ ပညာရည်ချွန် ဆုပေးပွဲ တွင် . အမြင်ကတ် အခံရဆုံး ကျောင်းသာ ဆု ကို ပေးပါက အောင်မောင်းကြီး ရမည် မှာ အသေအချာပင်။ သို့ သော် . အပေါင်းအသင်းနည်းလှသော ကျွန်တော်သည် . တိုင်ပင်ဖော် .တီးတိုးဖော်အဖြစ် သူ့ ကို သာ အားကိုးနေရလေ့ရှိသည်။

Abnormal ကြီးရဲ့ နှင်းဆီ တစ်ပွင့်

ကျွန်တော်သည် လူပျိုပေါက်အရွယ်သို့ ရောက်သောအခါ လောကကြီး၏ ဖို မ သဘာဝအတိုင်း ဆန့် ကျင်ဘက် လိင် တို့ ကို စတင် ၍ရင်ခုန်လေတော့သည်။ သို့ သော် . သူငယ်ချင်းများကို ရင်းနှီးပွင့်လင်းစွာ တိုင်ပင် ဖို့ အရေးကလည်း ရှက်ရွှံ့ လှသဖြင့် ကျွန်တော်နှင့် ထိုင်ခုံချင်းကပ်လျက်ရှိသော အယုံကြည်ရဆုံး ၊ စိတ်အချရဆုံးဖြစ်သည့် Abnormal အောင်မောင်း ဟု အမည်တွင်သော ကျွန်ုပ် ၏ ငယ်သူငယ်ချင်းနှင့်တိုင်ပင်လေတော့သည်။

ကျူရှင်တွင် တွေ့ ခဲ့ရသည့် ညိုချော . အညာသူမလေးတစ်ဦး ဖြစ်သည့် ညိုညို ကို ရင်ခုန် ခဲ့ကြောင်း ၊ ထို မိန်းကလေးကို အသေရရ ၊ အရှင် ရရ . အမြန်ဆုံး လို ချင်ကြောင်း တိုင်ပင်ခဲ့သည်။ ထို အခါ အောင်မောင်းကြီး က အကြံပေးသည်တွင်

ဒီလိုရှိတယ် လပြည့် ရ .. မိန်းကလေးဆိုတာ ပန်း ကို နှစ်သက်တယ်ကွ ။

အဲဒီ နည်းကြီးက ဟောင်းပေမဲ့ ကောင်းနေဆဲ ပဲ ။ လောကမှာ ပန်း ပေးလို့ ငြင်းတဲ့ မိန်းကလေးဆိုတာ မရှိဘူး ။ ဒီတော့ အရိုးဆုံးနဲ့ အရှင်းဆုံး နည်းကတော့ မင်း ကြိုက်နေတဲ့ ကောင်မလေးကို . အမြန်ဆုံး ပန်း ပေးနိုင်အောင် ကြိုးစားပေတော့ ။

ကျွန်တော် သည် အောင်မောင်းကြီး ၏ မြောက်ပေးမှူ့ ကြောင့် ကျူရှင်မှ အနှီ မိန်းကလေးကို ပန်းပေးရန်သာ စိတ်စော နေမိသည်။ သို့ သော် . နှစ်ယောက်တည်း တွေ့ ရန် အခွင့်မကြုံ ခြင်း ၊ ပေးချင်သော ပန်းကလည်း အလွယ်တကူ မရှိခြင်းတို့ ကြောင့်

တစ်လ ခန့် အကြာအထိ မည်သည့် လှူပ်ရှားမှူ့ မှ မပြုနိုင်သေးချေ။

ဒီလိုနဲ့ . တခုသော ကျောင်းပိတ်ရက် ညနေစောင်း တချိန်တွင် ကျွန်တော်တို့ ကျောင်းသားများ စုပေါင်းကာ ရုပ်ရှင်ကြည့် ကြသည်။ မြန်မာ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး မင်းသား နှင့် မင်းသမီးမှာ ထိုစဉ်က လျှမ်းလျှမ်းတောက် အောင်မြင်သော ဒွေး နှင့် ထက်ထက်မိုးဦး ဖြစ်သည်။

ရုပ်ရှင်ရုံထဲတွင် ကျွန်တော် ကြိုက်နေသော ကောင်မလေးနှင့် ကျွန်တော် သည် တခုံကျော် အကွာတွင်ထိုင်ရသည်။

ရုပ်ရှင် စလေပြီ ။ ဇာတ်လမ်း သည် သာမန်မြန်မာ ရုပ်ရှင်များ အတိုင်းပင် ချစ်ကြိုက်ညား လူငယ်တက္က္ကသိုလ်ကျောင်းသား များ ဇာတ်လမ်း ဖြစ်သည်။ ထိုရုပ်ရှင်ထဲတွင် အကြိုက်ဆုံး ဇာတ်ဝင်ခန်း မှာ . မင်းသမီး ဖြစ်သူ လက်တွင် နှင်းဆီပန်း အဆူး . စူးသွားသဖြင့် မင်းသားက လက်ကလေးကို တယုတယ ကိုင်ကာ သွေးများ ကို ဖွဖွလေး စုပ်ပေး သောအခန်းဖြစ်သည်။ ထို ပြကွက် ကို ကြည့်မိသောကျွန်တော်သည် ရင် အခုန်ကြီးခုန်မိ၏ ။ သူမအား တိတ်တခိုး ကြည့်လိုက်ရာ သူမလည်း အနားရှိ မိန်းကလေးသူငယ်ချင်းတဦးနှင့် တွတ်ထိုးကာ နေသည်ကိုတွေ့ ရသည်။ သေချာပါပြီ ။သူမလည်း ဒီလို ပြကွက်မျိုးကို ကျွန်တော့်လိုပင် ရင်ခုန်ပေလိမ့်မည်။

တိမ်ပြာသော နေ့ တနေ့ ။ ကျူရှင် ပြီးချိန် ။ ကျွန်တော်သည် လူရှင်းချိန်ကို စောင့်ပြီး သူမအား နှူတ်ဆက်စကား . ပြောရလေသည်။ ရင်းနှီးပြီးသား ဖြစ်သည့်အတွက် ကျွန်တော့်အတွက်များစွာအဆင်ပြေလှသည်။ သို့ သော် ကျွန်တော်သည် မိန်းကလေးတစ်ဦးအား တခါမျှ ပန်းပေး ခြင်းအတွေ့ အကြုံမရှိသည့်အတွက် မည်သို့ ပေးရမည်ကို အမှန်ပင် မသိပါချေ ။ ထို့ ကြောင့် သူငယ်ချင်းအောင်မောင်း သင်ပေးလိုက်သည့်အတိုင်း သူမ ၏ ရှေ့ တွင် နှင်းဆီပန်း သုံးပွင့် ခန့် ကို ဟန်ရေးပြ ကာ ကိုင်ထားရသည်။ သူမ က မည်သူ့ အတွက်နည်း ဟုမေးလျှင် အိမ်၏ ပန်းအိုး တွင် အလှထိုးရန် အမေ က ၀ယ်ခိုင်းလိုက်သည် ဟု ပြန်ဖြေရမည်။လောက တွင် ဆေးလိပ်သောက်တတ်သူ တို့ သည် အခြား သူတစ်ဦးက ၄င်းတို့အရှေ့ တွင် ဆေးလိပ်သောက်ပြက . မနေနိုင်ပဲ တစ်လိပ်ခန့် တောင်းသောက်တတ်သော အလေ့ ရှိသည်။

ကွမ်းကြိုက် တတ်သူဆိုလျှင် လျှင် ထိုနည်းလည်းကောင်းပင် ကွမ်းတစ်ရာ ခန့်  တောင်း စားလေ့ ရှိသည်။ ထို့ အတူ ပန်း ကြိုက်တတ်သော မိန်းကလေးတို့ မည်သည် ၄င်းတို့ အရှေ့ တွင် လှပသော ပန်းကလေးများ တွေ့ ပါက လိုချင်တတ်သည့် သဘောသဘာဝရှိကြောင်း သိရလေသည်။

သူငယ်ချင်းကြီးအောင်မောင်း ကြိုတင် တွက်ဆထားသည့်အတိုင်းပင် ။ ကျွန်တော့် လက်ထဲရှိ နှင်းဆီပန်း နီနီရဲရဲလေးများကို မြင်လိုက်သည်နှင့်တပြိုင်နက် သူမ၏ မျက်လုံးများတွင် လိုချင်တပ်မက်သော အရောင်များ လက် ခနဲ ဖြစ်လာသည်။ ထို့ နောက်..

ဟဲ့ .. လပြည့် . နင် က.အဲဒီ နှင်းဆီပန်းတွေဘာလုပ်မလို့ လဲ ။

ဟု သူမ က မေးသည်။

အော်…ဒါလား .အမေ က ၀ယ်ခိုင်းလိုက်လို့ လေ..ပန်းအိုးမှာထိုးဖို့ တဲ့ … ဘာလဲ …နင်က လိုချင်လို့ လား..

ကျွန်တော်က..ထိုသို့ စကား စ. ပေးလိုက်သည်နှင့်တပြိုင်နက် .

သူမ ကလည်း ချက်ချင်ပင် .. ဟယ်…ငါ့ကို တစ်ပွင့်လောက်ပေးပါ လားဟယ်..ဟုဆိုလာသည်

ကျွန်တော်သည် ချက်ချင်း နှင်းဆီတစ်ပွင့်ကို ပေးရန်ဟန်ပြင်လိုက်သည်။

သို့ သော် ထိုသို့ ပေးခါနီးမှ ကျွန်တော်၏ ဆရာအောင်မောင်း မှာကြားလိုက်သည့် စကားကို ပြန်လည် ကြားယောင်မိပြန်သည်။

မင်းကို သူ ကအဲဒီလိုတောင်းရင် ချက်ချင်း မပေးရဘူးကွ … ချက်ချင်းပေးလိုက်ရင် ဈေးပေါ သွားလိမ့်မယ်။။

မူ..တယ်ဆိုတာ.မိန်မ တွေပဲ လုပ်တဲ့ အလုပ်မဟုတ်ဘူး။ လိုအပ်ရင် . ငါ တို့ ယောက်ျား တွေကလည်း ဈေးကိုင်တတ်ရမယ်။ မိန်းမတွေ တောင်းတဲ့ ဟာကို ချက်ချင်းမပေးရဘူး ။

လောက မှာ လွယ်လွယ်ရ ရင် . ခပ်ပေါပေါ ကြီးလို့ ပဲ မှတ်သွားလိမ့်မယ် ကွ…အဲဒါကို မင်း မြဲမြဲ မှတ်ထား ။

ထို့ ကြောင့် ကျွန်တော်သည် ပေးရန် ရှိသော နှင်းဆီပန်းကို အသာကိုင်ကာ .

အော်..နင် ကြိုက်ရင် ဈေး မှာ သွားဝယ်ပေါ့ ဟု အစ ချီကာ ထို ပန်းကို . ဈေးတဈေးလုံးပတ်ရှာခဲ့ရကြောင်း ။ နှင်းဆီပန်းများ အိမ်သို့ မပါလာလျှင် အမေ က ဆူမည်ဖြစ်ကြောင်း တို့ ကို ပြောကြားလေတော့သည်။

ထို့ ကြောင့် စိတ်မရှည်သော သူမကလည်း . နှူတ်ခမ်းလေး စူ ကာ

အေးလေ နင် က..မပေးလည်း နေပေါ့..မယူ တော့ဘူးဟာ..ဟု ခပ်ပြတ်ပြတ်ပြောလေသည်။

ဒီတော့မှ ..

ဟိုက်..ငါ နည်းနည်း မူ တာများသွားပြီး ပြန်လျော့ အုံးမှ

ထို့ နောက် . ကျွန်တော်သည် မျက်နှာချိုသွေးကာ စိတ်မဆိုးပါနဲ့ .ညို ရာ နင်လို ချင်ရင်တော့ နှင်းဆီ တစ်ပွင့်တော့ရမယ်လေ နော်။

ဟုဆိုကာ သူ့ လက်ထဲသို့ ပန်းတစ်ပွင့် ထည့်လိုက်သည်။

သူမသည် ငွားငွားစွင့်စွင့် ဖူးပွင့်နေသော နှင်းဆီကို အားပါးတရ ကိုင်ကာ အသာအယာ နမ်းလိုက်လေသည်။

သို့ သော် . ကျွန်တော် လိုချင်သော . ရုပ်ရှင်ထဲမှ ပြကွက်အတိုင်း နှင်းဆီ စူး.. တော့ မဆူး ချေ ။

ထင်မှတ်ထားသလို ဖြစ်မလာသဖြင့် ယောင်ယမ်းကာ

အော်..နင်…နှင်းဆီ အဆူး တွေ ဘာတွေ မစူး ဘူးလား ဟင်..

ဟု သိလိုဇောဖြင့် လွတ်ခနဲ ထွက်သွာမိလေသည်။

သူမကလည်း နှင်းဆီပန်းကလေးကို တယုတယကိုင်ရင်း

ဘယ်ဆူး မလဲ ဟ..ငါ က မွေးကတည်းက နှင်းဆီပန်းကို ကိုင်လာတာ.ကျွမ်းပြီးသား…ဘယ်တော့မှ မဆူးဘူး.. ဟု ဆိုလေသည်။

ကျွန်တော် စိတ်ကူးယဉ်ထားသလို ဖြစ်မလာသောကြောင့် .. ဟာ… ဟူ ၍ တခွန်းတည်းသာ ခပ်တိုးတိုး အော်လိုက်မိသည်

ကျွန်တော်သည် ရုပ်ရှင်ထဲမှ ပြကွက်အတိုင်း ဒွေး ကဲ့သို့ ချစ်သူ့ လက်ကို အသာအယဆုပ်ကိုင်ကာ

သွေးစို့ နေသော နေရာလေးကို စုပ်ပေးမည်ဟု အားတင်ထားသော်လည်း . ခဲလေသမျှသဲရေကျ ရလေပြီ။

ထို့ ကြောင့် မကျေမချမ်း နိုင်သည့် အဖြစ်ကို ကျွန်တော်၏ အခါတော်ပေး ဦးပုည အောင်မောင်း ထံသို့ တိုင်ပင်လေတော့သည်။

ဟားဟား ..မင်း နှယ့်ကွာ .ကိုယ်ချစ်တဲ့ မိန်းကလေးကို . သွေးထွက်သံယို ဖြစ်စေချင်တဲ့ စေတနာ ကတော့အံ့ပါရဲ့ ။ ဟု ရယ်သွမ်းသွေးလေသည်။

ဟာကွာ..ဒီလောက် ဒီလောက် နှင်းဆီဆူးလေ..စူး.တာကို ဘာမျှ မဖြစ်လောက်ပါဘူး။ ပြီတော့မင်း သိတဲ့အတိုင်းပဲ ။ အဆူး ဆူးမှ လက်ကိုင်ပြီး ဒဏ်ရာလေးကို တယုတယ စုပ်ပေးလို့ ရမှာ ။ အခုတော့ကွာ ငါ့ ပန်းတစ်ပွင့် ဆုံးတာပဲ အဖတ်တင်တယ်။ လက်ကလေးတောင် မကိုင် လိုက်ရဘူး။

ဟု ကျွန်တော်က အလိုမကျသည့် လေသံဖြင့် ပြောသည်။

ကဲ.ဒါဆိုရင် ငါ ပြောသလို လုပ် . မင်းကောင်မလေးရဲ့ လက်ကို ကိုင်ရစေ မယ် ကွာ ဟု အာမခံလေသည်။

သူ ၏ အကြံအတိုင်း လိုက်နာရန် လည်း ထပ်တလဲလဲ ပြောသည်။ ထို့ နောက် . သူမအားပေးရန် နှင်းဆီတစ်ပွင့် ကို သူကိုယ်တိုင် စီမံလေတော့သည်။

ထို့ ကြောင့် ကျွန်တော်သည် အခါတော် ပေး ကောင်းမှူ့ ကြောင့် ဒုတိယံမိ ချစ်သူ အား နှင်းဆီပန်း ပေးရန်အကြောင်းဖန်ရလေတော့သည်။

ဒီ တခါတော့ တကယ် ဆူးပြီသာမှတ်။။

( (

မင်းလက်ကလေး ကိုင်ချင်လို့ …

တစ်စက္ကန့် လောက်ခွင့်ပြုပါ ..

မင်းလက်ကလေး ကိုင်ချင်လို့ …

တစ်စက္ကန့် လောက်ခွင့်ပြုပါ ..

))

ဆက်ရန်

အပိုင်း ၂ တွင် ဆက်လက် အားပေးတော်မူကြပါ ခင်ဗျာ

အစဉ်လေးစားလျက်

ကောင်းသထက်ကောင်းအောင် ကြိုးစားနေမည့်

မောင်လပြည့် (တက္က္ကသိုလ် ဆယ်ရက်)



Saturday 20 November 2010

ရခိုင် ဂီရီ လေဘေးအတွက် ဆော်ဒီ မင်းသား Prince Alwaleed Bin Talah Bin Abdulaziz Alsaud က အလှူငွေ ပေးအပ်

ဆော်ဒီ အာရေးဗီးယားမင်းသားတစ်ဦးဖြစ်သူ Prince Alwaleed Bin Talah Bin Abdulaziz Alsaud က ရခိုင်ပြည်ရှီ လေဘေးသင့်ပြည်သူများကို အလှူငွေ များ ပေးအပ်ခဲ့သည်။
အာရပ် ကမ္ဘာ၏ အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်သူ သည် မြန်မာ နိုင်ငံသို့  ကိုယ်တိုင် သွားရောက်ကာ ၀န်ကြီးချုပ် ဦးသိန်းစိန်ထံသို့ အလှူငွေများပေးအပ်လှူဒါန်းခဲ့သည်။

၎င်း ၏ ဇနီးဖြစ်သူ မင်းသမီး Princess Amirah AJ Taweel လည်း မိခင်နှင့် ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဌ ထံသို့ အလှူငွေများပေးအပ်ခဲ့သည်။

Source : The New Light of Myanmar

Prime Minister receives His Royal Highness Prince of Saudi Arabia, attends cash donation ceremony for storm victims of Rakhine State, activities of MMCWA

NAY PYI TAW, 19 Nov-Prime Minister U Thein Sein received a delegation led by His Royal Highness Prince Alwaleed Bin Talah Bin Abdulaziz Alsaud who is also the Chairman of Kingdom Holding Company of Saudi Arabia at the hall of the Government Office, here, at 5 pm yesterday.

Also present at the call were Minister for Foreign Affairs U Nyan Win, Minister for Hotels and Tourism U Soe Naing, Minister for Commerce U Tin Naing Thein, Minister for Social Welfare, Relief and Resettlement U Maung Maung Swe, Minister for Finance and Revenue U Hla Tun and departmental heads.

The Saudi Arabian delegation was accompanied by Ambassador-Designate of Saudi Arabia to Myanmar Mr Talal Mohammad Sabri Abdul Salam and officials.

After the call, the Prime Minister attended the ceremony to donate cash to the funds for storm victims of Rakhine State and for the social activities of Myanmar Maternal and Child Welfare Association at the hall of the Government Office.

His Royal Highness Prince Alwaleed Bin Talah Bin Abdulaziz Alsaud of Saudi Arabia presented cash for storm victims to Minister for Social Welfare, Relief and Resettlement U Maung Maung Swe who gave certificate of honour to the wellwisher.

Her Highness Princess Amirah AJ Taweel, consort of His Royal Highness Prince Alwaleed Bin Talah Bin Abdulaziz Alsaud, donated cash to the funds for activities of MMCWA to President Daw Nilar Thaw who presented certificate of honour to the wellwisher.

ဆော်ဒီ မလာခင် ဒါလေးတွေ သိထားသင့်ပါသည်

ဆော်ဒီ နိုင်ငံ၏ ရဲဝန်ထမ်းများ

No man is above the law ဆိုသည်ကို လက်တွေ့ ကျင့်သုံးနေသူများ ( photo : thanks to N.N.S)


ဆော်ဒီ နိုင်ငံ၏ ရဲဝန်ထမ်းများသည် အခြားသော နိုင်ငံများ၏ ရဲဝန်ထမ်းများနှင့် နှိုင်းယှဉ်လျှင် သာလွန်ကောင်းမွန်သည် ဟု ဆိုနိုင်ပါသည်။
အဘယ်ကြောင့် ဆိုသော် . တိုင်းပြည်သည် ရေနံကြွယ်ဝ ချမ်းသာ သဖြင့် အစိုးရက မိမိဝန်ထမ်းများကို ၀မ်းဝအောင် ကျွေးပြီး ခါးလှအောင် ဆင်ထားပေးနိုင်သည်။ သာမန် ရဲ ၀န်ထမ်းတစ်ဦး ရရှိသော လစာငွေသည် အမေရိကန် နိုင်ငံမှ ရဲ ၀န်ထမ်း တစ်ဦးထက် ပင် သာလွန်မည်ဟု ထင်ပါသည်။
ထို့ ကြောင့် ၄င်းတို့ ကလည်း နိုင်ငံခြားသား အလုပ်သမားများအပေါ်တွင် အကြပ်ကိုင်ခြင်း ၊ ခြိမ်းခြောက် ငွေညစ်ခြင်း စသည်တို့ ကိုပြုခဲလှသည်။
ကျွန်တော့် အတွေ့ အကြုံအရ ဆိုပါမူ…
အစဉ်သဖြင့် တောက်ပြောင် သန့် ပြန့်  နေသော ကာကီရောင် ယူနီဖောင်းများကိုဝတ်ထားသော ရဲဝန်ထမ်းများသည် ကားများပေါ်တွင် ကျော့ကျော့ ကလေးထိုင်လျှက်တာဝန်များကို ထမ်းဆောင် နေသည်ကို တွေ့ ရသည်။
မည်သည့် နိုင်ငံခြားသာ အလုပ်သမားကိုမှလည်း အကြောင်းမရှိပဲ စကားပြောခြင်း မတွေ့ ရသလို . ဥပဒေနှင့်ပတ်သက်လာပါက ၄င်းတို့ ၏ ဒေသခံ ဆော်ဒီ လူမျိုးများကိုပင် ပ..စား မပေးပဲ ခပ်တည်တည် . ခပ်တန်းတန်း ဆက်ဆံတတ်သည်။
အကယ်၍ နိုင်ငံခြားသာ အလုပ်သမားများက အပြစ် တစုံတရာရှိ အံ့ . မည်သည့် ဆင်ခြေစကားမှ နားမထောင်ပဲ ဂုတ်ဆွဲကာ စခန်းသို့ ပို့ တတ်သည်။ အဘယ်ကြောင့် ဆိုသော်. ရဲအများစု မှာ အင်္ဂလိပ်စကားကို အခြေခံမျှပင် နားမလည် ၊ မပြောတတ်သောကြောင့်ဖြစ်သည်။
ညှိုနှိုင်းခြင်း ၊ လာဘ်ပေးခြင်းများ ပြုလုပ် ရန် မလွယ်ကူလှပေ (ဤသည်ကား ကျွန်တော်တဦးတည်း၏
အတွေ့ အကြုံမျှသာဖြစ်ပါသည် ။ လွဲမှာ ချက်များ ၊ လိုအပ်ချက်များ ရှိနိုင်ပါသည်။)



ဆော်ဒီနိုင်ငံတွင် မော်တော်ယဉ်ထိန်းရဲ များကို သတ်သတ်မှတ်မှတ်ထားခြင်း မတွေ့ ရပေ။
သာမာန် ရဲ ၀န်ထမ်းများကပင် . ကားဖြင့် ပတ်တရောင်လှည့်ကာ ကြည့်ရှ့ စစ်ဆေးသည်။
ကားမရပ် ရသည့် နေရာများတွင် မော်တော်ယဉ် များရပ်ထားမိပါက . ကျယ်လောင်သော သတိပေး ဟွန်း သံ ဖြင့် သတိပေးတတ်သည်။ အချိန်ကြာမြင့်စွာရပ်ထားပါက . ကရိန်းကားဖြင့် မြို့ ပြင်သို့ ဆွဲထုတ်သွားတတ်သည်။
ဥပဒေ ၏ အထက်တွင် မည်သူမျှ မရှိ ဆိုသည့်အတိုင်းပင် ။

မည်သို့ ပင်ဆိုစေ . အခြားသော နိုင်ငံများ၏ ရဲဝန်ထမ်းများနှင့် နှိုင်းစာလျှင်တော့ သိသိသာသာ ကောင်းမွန်သည် ဆိုသည်ကိုတော့ မည်သူမျှ မငြင်းနိုင်ပေ။


ဆော်ဒီ နိုင်ငံ၏ ဆက်သွယ်ရေး စနစ်

ချမ်းသာသော နိုင်ငံဖြစ်သည့်အလျှောက် ဆယ်သွယ်ရေး စနစ်များသည် အဆင့်အတန်းမြင့်မားလှသည်။
မိုဘိုင်း ဖုန်း ၊ အင်တာနက် စသည့်တို့ သည် ငွေကြေးအားဖြင့် မများလှသော ပမာဏ ဖြင့် ရရှိနိုင်သည်။
ဆော်ဒီ နိုင်ငံတွင် မိုဘိုင်း Sim Card တစ်ခု၏ တန်ဖိုးသည် SR 30 (မြန်မာငွေ 8000 K ) ရှိရုံမျှဖြင့် ကိုယ်ပိုင် တယ်လီဖုန်းနံပါတ်တစ်ခုကို ပိုင်ဆိုင်နိုင်သည်။
အဓီက Sim Card ကုမ္ပဏီ ကြီး သုံးခုရှိသည်။
STC Sim Card
Mobily Sim Card
Zain Sim Card တို့ ဖြစ်သည်။
၎င်းတို့ အထဲတွင် STC Sim Card သည် လူသုံးအများဆုံးနှင့် ခေါ်ဆိုခ ဈေးနှုန်း အချိုသာဆုံးဟု ဆိုနိုင်ပေသည်။

ပြည်ပ ခေါ်ဆိုမှု့ နှုန်းထားများ
တယ်လီဖုန်း ဆိုင် (Telephone Cabin) များတွင် မြန်မာနိုင်ငံသို့ ခေါ်ဆိုပါက လွန်စွာ သက်သာ လှသည်။
တစ်မိနစ်ကို 0.50 SR သာရှိသည်။ မြန်မာငွေဖြင့် တွက်ပါက ၁ မိနစ် = ၁၃၀ ကျပ် ခန့် သာရှိမည်။
ထို့ ပြင် .. မိမိ၏ အိမ် (သို့ ) ရုံး ရှိ လိုင်းဖုန်းများမှလည်း Prepaid Card System ဖြင့် ဈေးနှုန်းချိုသာစွာ ခေါ်ဆိုနိုင်သည်။ ၄င်းကို Mahaba Prepaid Card ဟုခေါ်သည်။
10 SR တန်သော ကဒ် တစ်ကဒ် သည် မြန်မာပြည်သို့ ၁၆ မိနစ်ခန့်  စကားပြောနိုင်သည်။ မြန်မာငွေ ၂၆၀၀ ကျပ်မျှဖြင့် ၁၆ မိနစ်ခန့် စကားပြောနိုင်သည်မှာ အခြားသော နိုင်ငံများနှင့် နှိုင်းစာလျှင် အနည်းငယ် သက်သာ သည်ဟု ဆိုနိုင်ပါသည်။ ဤသည်မှာ Mahaba Prepaid Card ဖြစ်သည်။
အင်တာနက် ဆိုင်များသည် လည်း နေရာအနှံ့ ပေါများစွာ တွေ့ မြင်နိုင်သည်။ အသုံပြုခကျသင့်ငွေမှာ တစ်နာရီလျှင် 3 SR (မြန်မာငွေ ၈၀၀ ကျပ် ခန့်  ) ရှိသည်။
ထိုြ့ပင် ကိုယ်ပိုင် ကွန်ပြူတာ ၊ lap-top ရှိသူများအတွက် အဆင်ပြေစွာအသုံးပြုနိုင်ရန် U.S.B Memory stick ပုံစံ Wireless U.S.B Modem လေးများလည်းရှိသည်။ မည်သည့်နေရာမရွေး ၊ အချိန်မရွေး အဆင်သင့် လွယ်ကူစွာအသုံးပြုနိုင်သည်။
ကာလ အကန့် အသတ်ဖြင့် အသုံးပြုရပြီး . ကျသင့်ငွေ မှာ SR 300 ကျော် ခန့် ရှိလေသည်။


ဆော်ဒီ နိုင်ငံ ရှိ နိုင်ငံခြားသာ အလုပ်သမားများ

ဆော်ဒီ အပါအ၀င် အခြားသော ပင်လယ်ကွေ့ နိုင်ငံများအားလုံးသည် ပြည်ပ အလုပ်သမားများအပေါ်တွင်သာ မှီခိုနေကြရသည်။ ၄င်းတို့ ၏ လုပ်ငန်းများ တွင် တတ်သိနားလည်သောပညာရှင်များ နှင့် အခြေခံ အလုပ်သမားများကို ပတ်ဝန်းကျင်နိုင်ငံများနှင့် တောင်အာရှ နိုင်ငံများ မှ အများဆုံးခေါ်ယူ စေခိုင်းလျက်ရှိသည်။
ဥရောပ ၊ အမေရိက နှင့် အခြား နိုင်ငံများမှ ကျွမ်းကျင် ပညာရှင်များကို လည်းတွေ့ ရတတ်သည်။
ဆော်ဒီ နိုင်ငံတွင် ၄င်း၏ ပတ်ဝန်ကျင်ရှိ ဘာသာတူ လူမျိုးတူ အာရပ်စကားပြော နိုင်ငံများဖြစ်သည့် အီဂျစ် ၊ ယီမင် ၊ ဂျော်ဒန် စသည့်နိုင်ငံများ မှ လူမျိုးများက အဆင့်မြင့် ရာထူးများ ၊ အသေးစား ကိုယ်ပိုင်စီးပွားရေးလုပ်ငန်များကို လာရောက်လုပ်ကိုင်ကြသည်။
ပြည်ပ အလုပ်သမား တို့ တွင် အာရဗီ စကားပြော နိုင်သည့် ၄င်းတို့ က ပထမတန်းစား အလုပ်သမားများဖြစ်ကြသည်။
သို့ သော် .. ဤ နိုင်ငံတွင် အများဆုံးကြီးစိုး ခြယ်လှယ်လျက်ရှိသော နိုင်ငံခြားသာ အလုပ်သမား ကိုပြပါဆိုလျှင် နံပါတ်တစ် သည် လူဦးရေ အလွန်ထူထပ်သော အိန္ဒိယ နိုင်ငံ ပင်ဖြစ်သည်။
ထို့ အတူ ဟင်ဒီ စကားပြော(Hindi Langauge) နိုင်ငံများဖြစ်သည့် ဘင်္ဂလာဒ်ေရှ့် ၊ ပါကစ္စတန် နှင့် နီပေါလ် နိုင်ငံတို့ မှ အလုပ်သမားများလည်းရှိသည်။
သန်းပေါင်းများစွာသော ဟင်ဒီ စကားပြော အိန္ဒိယ အနွယ်ဝင် အလုပ်သမားများသည် ဆော်ဒီ နိုင်ငံ၏ နိုင်ငံခြား အလုပ်သမား ဈေးကွက် ကို ချုပ်ကိုင်ထားသည်။
ထို့ ကြောင့် ၄င်းတို့ အတွက် ဘာသာစကား အခက်အခဲမှာ ပြောပလောက်အောင် မရှိနိုင်ချေ။
မည်သည့် ဈေးဆိုင် ၊ မည်သည့် လုပ်ငန်းတွင် မဆို ဟင်ဒီ စကားပြော နိုင်ပါက အတော်အသင့် အဆင်ပြေလှသည်။ မြိုလယ်လမ်းမပေါ်များတွင် လည်း ဒေသခံ အာရပ်လူမျိုးများထက် အိန္ဒိယ နွယ်ဖွား လူမျိုးများကိုသာ လက်ညှိုးထိုးမလွဲ ပေါများစွာ တွေ့ မြင်နိုင်ပေသည်။
စားသောက်ဆိုင်များတွင်လည်း အိန္ဒိယ ရိုးရာ အစားအသောက်များဖြစ်သည့် ပူရီ ၊ ချာပါတီ ၊ တိုရှည် များကသာ နေရာမရွေး အလွယ်တကူဝယ်ယူစားသောက်နိုင်သည်။
ဒေသ သုံး အာရဗီဘာသာ နှင့် နိုင်ငံတကာ သုံး အင်္ဂလိပ် စကားများထက်ပင် ဟင်ဒီ ဘာသာ က ပိုမို ထိရောက် အသုံးတည့်လှသည်။
အရှေ့ တောင်အာရှ ရှိ . ဖိလစ်ပိုင် လူမျိုးအလုပ်သမားများလည်း များစွာရှိကြသည်။ ဖိလစ်ပိုင်တို့ ၏
သ က လုံ ဘာသာ( Ta ga lon Language) စကားသည် လည်း အတော်အသင့် အသုံးဝင်လှ သည်။
အခြားသော အင်ဒိုနီးရှား ၊ တရုတ် လူမျိုး များလည်း အနည်းငယ်စီရှိသည်။


ဆော်ဒီ ရောက် မြန်မာ အလုပ်သမား များ ၏ ဘဝ

ရွှေ ဟု တင်စားလေ့ရှိသည့် . ကျွန်တော် တို့ မြန်မာ လူမျိုး အလုပ်သမားများကမူ ဆော်ဒီတွင် ရွှေ အစစ်ထက်ပင်ရှားပါးလှပါသည်။ ဘာသာရေး တင်းကြပ်မှူ့ နှင့် လူမှူ့ ရေး လွတ်လပ် မှူ့ မရှိခြင်းတို့ ကြောင့် ရွှေမြန်မာ များအကြားတွင် ဆော်ဒီ နိုင်ငံသည် များစွာ ရေပန်းစားမှူ့ မရှိလှချေ ။
သို့ သော် မြေစမ်းခရမ်းပျိုးကာ စွန့် စား ချင်ကြသည့် ကျွန်တော်တို့  လို ဆော်ဒီ ရောက် မြန်မာ အလုပ်သမားအနည်းငယ်တော့ ရှိသည် ။ ၄င်း တို့ အတွက် လည်း ဤ နိုင်ငံသည် မက်မော လောက်သည့် လစာ နှင့် ဆွဲဆောင်မှူ့ မျိုး သိပ်မတွေ့ လှပေ။
(General Worker) အခြေခံ အလုပ်သမားတစ်ယောက်၏ လစာ ငွေ သည် SR 1000 ပတ်ဝန်းကျင်သာ ရှိတတ်သည်။
( မှတ်ချက် ။ ။ ဆော်ဒီ ငွေ ရီယယ် နှင့် မလေးရှား ရင်းဂစ် ၏ ငွေ ကြေး ဈေးနှူန်းသည် အတူတူပင် ဖြစ်သည်)
မြန်မာ အမျိုးသမီး အလုပ်သမား ဟူ၍ လုံးဝ မရှိ နိုင်ပေ။
အဘယ်ကြောင့် ဆိုသော် ဆော်ဒီ နိုင်ငံ၏ အစဉ်အလာအရ မည်သည့် အမျိုးသမီးမှ အများမြင်ကွင်းတွင် ဈေးရောင်းခြင်း ၊ စာရေးစာချီ ၊ ငွေကိုင် စသည်တို့ ကို ပြုလုပ်ခွင့်မရှိချေ ။ အထူးသဖြင့် အမျိုးသားများနှင့် ပတ်သက်ရမည့် အလုပ်ဟုသမျှ တားမြစ်ထားကြသည်။
ယုတ်ဆွ ဆုံး ။ အမျိုးသမီး ၀တ်အကျီ င်္များနှင့် အတွင်ခံ ပစ္စည်း အရောင်းဆိုင်များ ပင်လျှင် မုတ်ဆိတ်မွှေးထူလပျစ်နှင့် ရောင်းနေသော ကုလားကြီးများ ပင် တွေ့ မြင်နိုင်ပေမည်။
စားသောက်ဆိုင်များတွင်လည်း အမျိုးသမီးများ သည် လူမြင်ကွင်းတွင် ၀င်ရောက်စားသောက်ပိုင်ခွင့်မရှိချေ။ အမျိုးသမီး များအတွက် သီးသန့် သတ်မှတ်ထားသော Family Section ဟုဆိုသည့်နေရာများတွင် လည်း အုပ်ထိန်းသူ (သို့ ) ခင်ပွန်း ဖြစ်သူနှင့် သာ ၀င်ရောက်နိုင်သည်။

မိန်းမ လုံးဝ မရှိသည့် ယောက်ျား သီးသန့် တိုင်းပြည် ဟု ဆိုလျှင် လွန်မည် မထင်ပါ ။
(မှတ်ချက် ။ သင် ကံကောင်းလျှင် လမ်းမပေါ်တွင် တကိုယ်လုံး အနက်ရောင်ခေါင်းမြီးခြုံထားသော ဒေသခံ အမျိုးသမီးများ ၊ မျက်နှာလေးသာ ဖော်ခွင့်ရှိသော ဖိလစ်ပိုင် နှင့် အိန္ဒိယ မလေးများကို သာ တွေ့ နိုင်ပေသည်။)

သို့ သော် ခြွင်းချက်အနေဖြင့် ( Technician Level ) ပညာရှင်ပိုင်း ဟုဆိုရမည့် မြန်မာ အမျိုးသမီး သူနာပြု ဆရာမလေး များ အနည်းငယ် ရှိကြသည်။
ကျွန်တော့် အတွေ့ အကြုံအရ . သူနာပြုမြန်မာ မိန်းကလေးများမှလွဲ၍ အခြားသော လုပ်ငန်းများတွင် မည်သည့်မြန်မာ အမျိုးသမီးမှ မရှိပေ။
ထို့ ပြင် ရုပ်ရှင်ရုံ အစ နိုက်ကလပ် အဆုံး မည်သည့် အပမ်းဖြေ စရာမှ မတွေ့ ရှိနိုင်ပေ ။
ကမ္ဘာပေါ်မှာ ရုပ်ရျင်၇ုံ မ၇ိုတဲ့ တခုထဲသောနိုင်ငံက ဆော်ဒီ ဆိုပြီး ပဟေဠိ ဖြေဘူးတယ်။
Non-Alcohol Beer တို့ သာ ရရှိနိုင်ပြီး အရသာမှာ ချဉ်ပေါင်ရည်နှင့် ခပ်ဆင်ဆင်တူလှသည်။

ဆော်ဒီ နိုင်ငံသည် ကမ္ဘာပေါ်တွင် လုံခြုံမှူ့ အကောင်းဆုံး နိုင်ငံဖြစ်သည်။ တရားဥပဒေ စိုးမိုးသည်။

သို့ သော် . သင်နားလည်ထားရန်မှာ သင်သည် ဆော်ဒီ နိုင်ငံသားတစ်ဦးမဟုတ် ပေ။
အာရဗီ ဘာသာစကားကျွမ်းကျွင်စွာ ပြောနိုင်သူ အာရပ် တစ်ဦး မဟုတ်ပေ ။


မည်သည့်နိုင်ငံတွင်မဆို မကောင်းမှူ့ ဒုစရိုက်သမား ဆိုသည်ကတော့ ရှိစမြဲပင်။
ထို့ ကြောင့် ပတ်ဝန်းကျင်နိုင်ငံများ မှ ၀င်ရောက်လာသော ဒုစရိုက်သမားများသည် ကျွန်တော်တို့ ကဲ့သို့ သော နိုင်ငံခြားသား အလုပ်သမားများအပေါ်တွင် ပစ်မှတ်ထားကာ ရာဇ၀တ်မှူ့ များကျူးလွန်တတ်သည်။
ကျွန်တော် ကိုယ်တိုင်ပင် . အခြားမြို့ ကြီးတစ်မြို့ သို့ အလည်အပတ်သွားရာ . ဓားပြတိုက် ခြိမ်းခြောက်ခြင်း ခံရသည်။ သို့ သော် ကံကောင်းထောာက်မ စွာ အဖော်သူငယ်ချင်း ပါရှိသဖြင့် ချမ်းသာရာ ရခဲ့ခြင်းဖြစ်သည်။ကျွန်တော်၏ မိတ်ဆွေ တစ်ဦးဖြစ်သူမှာမူ . ဓားပြတိုက် ခံလိုက်ရသဖြင့် စုဆောင်းထားသမျှ တို့ တက်တက်ပြောင်လေတော့သည်။

ထို့ ကြောင့် . မည်သည့်နိုင်ငံ တွင်မဆို . ကျွန်တော်တို့ လို နိုင်ငံခြားသားအလုပ်သမားများအတွက် လုံခြုံမှူ့ ဆိုသည်မှာ ကိုယ့်အားကိုယ်ကိုး ရန်သာရှိတော့သည်။
ထို့ ကြောင့် ကျွန်တော်တို့ ရွှေမြန်မာ အလုပ်သမား များ ဆော်ဒီ မြေသို့ မလာမီ အောက်ပါ အချက်များကို ကြိုတင်စဉ်းစားစေချင်ပါသည်။

1. မိမိတို့ ရရှိမည့် လစာ ငွေ သည် အခြားသော နိုင်ငံများထက် အမှန်တကယ် သာလွန်ကောင်းမွန် မှူ့ ရှိ ၊ မရှိ
2. ကမ္ကာပေါ်တွင် အတင်းကြပ်ဆုံး ဘာသာရေး ၊ လူမှူ့ ရေး ထိန်းချုပ်တားမြစ်မှူ့ များ ကို အမှန်တကယ် လိုက်နာနိုင်မှူ့ ရှိ ၊ မရှိ
3. မြန်မာ ဟု ဆိုလိုက်လျှင် မိမိနှင့် မှန်ထဲတွင် ပြန်မြင် ရမည့် မိမိ၏ ပုံရိပ် ဤနှစ်ဦးသာ ရှိမည် ဆိုလျှင်

အဆိုပါ အချက်အလက် များကို သေချာ စွာစဉ်းစားပြီးမှ လာသင့် မလာသင့် ဆုံးဖြတ်စေလို ပါသည်။
ကျွန်တော် အပါအ၀င် ဤနိုင်ငံသို့ ရောက်ရှိပြီးဖြစ်သည့် အလုပ်သမား ဆယ်ဦးတွင် ရှစ်ဦးခန့် သည် စာချုပ်သက်တမ်းပြည့်သည်နှင့် အပြီး ပြန်ကြမည့် သူများသာဖြစ်သည် ။ မည်သူမျှ ပြန်မလာချင်ကြပေ။
အဘယ်ကြောင့်ဆိုသော် အထက်ပါ အချက်များကြောင့်ပင်တည်း ။

Sunday 14 November 2010

ရွာ သူကြီး ရွေးပွဲ

ရန်ကုန်မြို့ ၏ ဒုတိယ ၀န်ဒန်မီယာ

စိမ်းစိုအုံ့ ဆိုင်းနေသော သစ်ပင်ကြီးများနှင့် ညီညာစွာစီတန်းလျက်ရှိသော တမာပင်တန်းများ ရှိသော ရန်ကုန်မြို့ လယ်ခေါင် တွင် တမူထူးခြားစွာ ဆိတ်ငြိမ်လျက်ရှိသော လမ်းလေးတလမ်းကို လူတိုင်း သိကြပေလိမ့်မည်။ အင်္ဂလိပ်ခေတ်က ချောင်းငယ်ကလေးတစ်ခုဖြတ်သန်း စီးဆင်းခဲ့သည် ကို အကြောင်းပြု၍ Creek Street
( ကရိလမ်း)ဟုခေါ်တွင်ခဲ့ကြသည်။ သို့ သော် အချို့ ကလည်း နား ကြားလွဲကာ Jesus Christ သခင်ယေရှူ့ ခရစ်တော် ကို အစွဲပြုခေါ်ဝေါ်သည်ဟု အထင်ရောက်ပြီး ခရစ်လမ်း ဟု လွဲမှားစွာ နားလည်ထားကြသည်။

ထို လမ်းတွင် နေထိုင်ကြသော လူများသည် အများအားဖြင့် ကြေးရတက်လူချမ်းသာများ ၊ ရာထူး ဌာန ကြီးမြင့် သော အရာရှိကြီးမျာ ၊ ပင်စင်စား အငြိမ်းစား ဆိုသူကြီးများ နှင့် အတူ အထည်ကြီးပျက် ဟု ဆိုရမည့် ယခင်ကလောက် ဓန အင်အား မပြည့်စုံသော်လည်း ရှိရင်းစွဲ အိမ်ကြီးရခိုင် ဖြင့် နေနိုင်ကြသူများ နေထိုင်ကြလေသည်။

ဆိတ်ငြိမ်အေးချမ်းသော ထို လမ်းကို အများက ရန်းကုန်မြို့ ၏ ဒုတိယ ၀န်ဒန်မီယာ ဟု တင်စားခေါ်ဝေါ်ကြသည်။


လူငယ်လေးတစ်ဦး

ထို လမ်းတွင် ဇော်အောင် ဟုခေါ်သော လူငယ်တစ်ဦးရှိလေသည်။ လောကတွင် သားသမီးဟူသည်မှာ မိဘ၏ ဆိုးမွေ ကောင်းမွေကို ခံယူရသော အစဉ်အလာရှိသည့် အားလျော်စွာ သူ့ ဖခင်ကြီး ၏ အကောင်းအဆိုး များကို ခံယူရသော သူ ဖြစ်သည်။

ထိုလူငယ်လေးသည် ရုပ်ရှင် ဗွိဒီယို ၀ါသနာပါသည့်အလျောက် အစိုးရ ၀ါဒဖြန့် ကား ဖြစ်သည့် အဖေနှင့် သားများ ဆိုသည့် ဇာတ်ကားကြည့်ဖူးသည် ။ ဖခင် ရွာသူကြီးထက် လက်ဝါးစောင်းထက်သော သူကြီးသား ဖိုးစည် ဆိုသူ ကို လွတ်သဘောကျသည် ။ ထိုစဉ်ကတည်းက သူ၏ အဖေ ကလည်း သူ့  ကို မြောက်ပင့်ကာ.. ငါ့သားကြီးလည်း သူကြီးသားဖိုးစည် ပါပဲ ဟု အမြဲ ပြောဆိုတတ်သည်။

မှန်ပါသည်။ ဇော်အောင် ၏ အဖေသည် ရပ်ကွက်လူကြီး ဟု အများ သိထားသော ရ.ယ.က ဥက္ကဌတစ်ဦးဖြစ်သည်။

ဘုရားဟော ဇာတ်နိပါတ်တော် ၊ မာဃလုလင် ထဲတွင် . မာဂဓ ရွာသူကြီး ဦးမာဃ သည် လမ်းဖောက် ၊ တံတားဆောက်ခြင်း ရပ်ရွာအကျိုးပြု ကုသိုလ်များကြောင့် တာဝတိံသာနတ်ပြည်တွင် သိကြားမင်း ကြီး ဖြစ်လေသည်။

ဒီလို ဆိုရင်ဖြင့် . ဇော်အောင် ၏ ဖေဖေ သည်လည်း ....

သို့ သော် . ဤ ရာထူးကို သူ့ သဘောဆန္ဒအလျောက် ဆိုသည်ထက် မလွဲသာ မရှောင်သာပဲ သမိုင်းပေးတာဝန်အရ ဤ တာဝန်ကို ယူခဲ့ရသည် ဆိုလျှင် မည်သူ ယုံကြမည်နည်း ။

အခြားသူ ယုံခြင်း ၊ မယုံခြင်းထက် ။ ဥက္ကဌကြီးကတော် ဇော်အောင့် မေမေ ကျေနပ်ဖို့ က အရေးကြီးလှသည်။

အစိုးရ ၀န်ထမ်း တစ်ဦးဖြစ်သော သူ၏ မိခင် သည် ရုံးပိတ်ရက်များတွင် အထက်တန်း ကျောင်းသူ ကျောင်းသားများကို ကျူရှင်ပြခြင်း စသည့် အပိုဝင်ငွေ ရနိုင်မည့် အလုပ်တို့ အပြင် နီးစပ်ရာ အိမ်နားနီးချင်းတို့ အပ်နှံသည့် အကျီ င်္ ဘောင်းဘီ တို့ ကို လက်ခစား ချုပ်လုပ်ပေးသည်

စီးပွားရေးကိုသာ အာရုံစိုက်သော အမေ က သူ၏ ခင်ပွန်းကို ဤသို့ ရပ်ကွက် အလုပ် . လုပ်နေခြင်းကို မနှစ်မြို့ ပေ။

လင်နှင့်မယား လျှာနှင့်သွား ဟု ဆိုပါမူ . ဇော်အောင် တို့ ၏ အိမ်တွင်းရေး ပြသနာဖြစ်တိုင်း အဖေ့ ရပ်ကွက် အလုပ်ကိစ္စများက တနည်းတဖုံး ပတ်သက် လျက်ရှိသည်။

လင်ယောကျာ်းဖြစ်သူ အိမ်ဦးနတ်ကြီးက တစ်ပြားတစ်ချပ်မှ မရသော ရပ်ကွက်အလုပ်ကို အအိပ်ပျက် အစားပျက် ကျန်းမာရေး အထိ ခိုက်ခံကာ လုပ်နေရသည်ကု မြင်သဖြင့် ၄င်း က ဂရုဏာဒေါသေဖြင့် ထို အလုပ်ကို ဝေလေလေ .. ဘုံကျွန် အလုပ်ကြီး ဟူ၍ အမြဲလိုလို အဆိုးမြင်တတ်သည်။

ပြောမည်ဆိုလျှင်လည်း ပြောချင်စရာပင်။

သူ၏ ဖခင် သည် ညနေစောင်းပြီး ဆိုသည်နှင့် သူ ၏ ရပ်ကွက် ရုံးကို နေ့ စဉ်ပုံမှန် သွားရသည်။ မိုးကြီးလေထန် ပြီး ရေလျှံ နေလျှင်လည်း ရုံး ကမပိတ်စေရ။

ညဘက်ဆိုလျှင် ပုံမှန် ဆယ်နာရီလောက်မှ ပြန်လာတတ်ပြီး တခါတရံ ယာဉ်စစ် ဧည့်စစ် ရှိသည်ဆိုလျှင် သန်းခေါင်ကျော် သည် အထိ ပြန်မရောက်တတ်ပေ။

ထို့ ကြောင့် အဆိုတော် ရဲလေး ၏ အိမ် သီချင်းထဲမှ . ခြောက်နာရီ ဆို အဖေ ရယ် ပြန်လာ ပေးပါ . ဆိုသော နေရာတွင် ဇော်အောင် က. ဆယ့်နှစ်နာရီ ကျော် ရင် အဖေ ရယ် ပြန်လာပေးပါ ဟု ရယ်စရာလုပ်ပြီး နောက်ပြောင် သီဆိုလေတော့သည်။

ထို့အတူ မာမာအေး ၏ ပြည်ထောင်စုသား သီချင်းကို လည်း သူ ၏ မိခင် ကို မူပိုင် ပေးရမည်လော ။

(လာ.လာ လေ ၊ လာကြလေ. အနယ်နယ် အရပ်ရပ်က တို့ ပြည်သူတွေ

ရပ်နီးကနေ ရပ်ဝေးကနေ ချစ်သောပြည်သူတွေ .

ဝေလေလေ.)

ရပ်ကွက်လူကြီး ဖြစ်သော ဇော်အောင့် ဖခင်သည် သိကြားမင်း ကြီး ဦးမာဃ လော ၊ သို့ တည်းမဟုတ် ....







သူကြီးသား ဖိုးစည် ဘဝ

မည်သည့် အရာတွင် မဆို အကောင်းနှင့် အဆိုး ဒွန်တွဲပါစမြဲပင်။

တဘက်သားကို သြဇာ ပါဝါ မပြတတ်သော ပကတိရိုးသားသည့် ဇော်အောင် ဖခင် ကို လူအများက ရပ်ကွက်လူကြီး ဆိုသည့်ရာထူးထက် ပုဂ္ဂိုလ် ကို ပိုမို ခင်မင်ကြသည်။

ထို့ ကြောင့် အမြဲလိုလို ရပ်ကွက်ရုံးမဖွင့်သေးသည့် နေ့ လည်ပိုင်း အချိန်ဆိုလျင် လည်း ထောက်ခံစာ လာယူသည့် သူများ ၊ ပြသနာ လာရောက်တိုင်ကြားသည့် သူများ နှင့် သူတို့ အိမ် ကလေးသည် စည်ကားနေတတ်သည်။

ဥက္ကဌကြီး ရယ် စဉ်းစားကြည့်ပါ ။ သူ လေ ကျွန်မ ပိုက်ဆံကို အကြွေးယူထားတာ ခြောက်လ ရှိပြီ ။ ခုထိ အတိုးအရင်း ပြန်မလာ သေးဘူး ။

ဥက္ကဌကြီး ရယ် အဲဒီ အကောင် ကို လေ အရေးယူပေးစမ်းပါ ။ ကျွန်တော့် သမီး အခန်း ထဲဝင်ပြီးတော့ . ခြင်ထောင် ကို လာ လှမ်း သွားတယ်။ ကျွန်တော် ရောက်မှ နောက်ဖေး ပေါက်က ထွက်ပြေးသွားတာ။

အိမ်နီးချင်း ဒါမျိုးလုပ်တာ ဘယ်ကောင်းမလဲ ဗျ။

အဆိုပါ တိုင်သံ တော် သံများ သည် တနေ့ တမျိုးမရိုးအောင် ကြားနေရသော ညနေခင်း တေးသံများ ဖြစ်လေသည်။

သူ ၏ အမေ ကတော့ ဒါမျိုး ပြသနာသည် တွေ အိမ်လာတာ သိပ်မကြိုက်ချင် ။ ရုံးကိစ္စ ရုံးမှာပဲ လုပ်စေချင်သည် ။

သူများ ပြသနာ များ အိမ်သို့ လာပါက .အိမ် ပူ သည် ဟု အယူရှိသည်။

သို့ သော် အဖေ့ ဘက်က ကြည့်လျှင်လည်း တစ်ရပ်ကွက်တည်းနေသော မျက်နှာသိများ ဖြစ်သည့်အတွက် အိမ်သို့ မလာရန် ငြင်းပယ် ရခက်နေပုံရသည်။ ထို့ကြောင့် ပြသနာပေါင်းသောင်းခြောက်ထောင်သည် အိမ်သို့ လာစမြဲ။

ထို အကြောင်းနှင့် ပတ်သက်ပြီး ဇော်အောင် အတွက် မကြိုက်ချင်သော်လည်း ရပ်ကွက် တွင်းမှ အတင်းအဖျင်း အဖြစ်အပျက်များကို စပ်စု ရသည့်အတွက် တမျိုးတဖုံးတော့ အရသာ ထူးလှသည။်

ထို့ ပြင် အလိုက်သိသော အချို့ သူများက မုန့် ပုံးကြီးများ ပေးလျှင်လည်း လက်မနှေးတတ်ပေ။

ရပ်ကွက်လူကြီး အဖေသည် တဘက်သားကို အမြဲလိုလို ကူညီတတ်သော်လည်း တခါတရံ စာအုပ်ကြီး ဆန်လှသည်။

ထို့ အတူ အား နာ တတ်သော စရိုက်ရှိသဖြင့် အမြဲလိုလို အပင်ပန်းခံကာ ကူညီ ရလေ့ရှိသည်။



မိုးထဲ ရေထဲမှာ ထီးတစ်ချောင်းနဲ့ . ရပ်ကွက် အလုပ် လုပ်ပြီး ပြန်လာသော ဇော်အောင့် အဖေ ကို အိမ်တွင် အမေ က မည်သည့် အခါကမျှ နွေးထွေးစွာ ဆီးကြိုလေ့ မရှိ ။ သူ သဘောမတွေ့ သောအလုပ်ကို လုပ်နေသဖြင့် အပြစ်ရှာချင်သော မျက်လုံးများဖြင့်သာ ကြည့်နေတတ်သည်။

ထို့ အတူ . အခြားသော ရပ်ကွက်များမှ ဥက္ကဌ ကတော် များ ၏ သတင်းကိုလည်း အမြဲ မပြတ်နားစွင့်လျက်ရှိသည်။

ဘယ်ရပ်ကွက် က . ဘယ်သူ ဆိုလျှင်ဖြင့် . ရပ်ကွက် ဥက္ကဌ လုပ်တာ သူ့ မိန်းမ ဆိုရင် စိန်တွေ မှ ညွှတ်နေတာပဲ ဟု မည်သူ က ချွန်တွန်း လိုက်မှန်းမသိသော စကားများကို လေသံဖမ်းပြီး တရားနာတတ်သည်။

ထို သို့ အိမ်ရှင်မ ဖြစ်သူ ၏ ငြူစူခြင်းမှ ဝေးပြီး နားအေးပါးအေး နေနိုင်ရင် တခုတည်းသော ထွက်ပေါက်ကိုတော့ ရှာရသည်။

၎င်း ထွက်ပေါက်ကို အဖေ က ရယ်စရာလုပ်ပြီး ပြောတတ်သည်ကား ..မင်းတို့  အမေ က. ဇာတ်မင်းသမီး မဟုတ်ပေမဲ့ ညတိုင်းတော့ . ညကြေး ပုံမှန် ရသည် ဟု ဆိုပြီး အမေ့ အား တပတ်တွင် တစ်ကြိမ် (သို့ ) နှစ်ကြိမ်ခန့် ညကြေး ဆက်သ ရလေတော့သည် ။ အဖေ ဆိုလိုသော . ပမာဏ မများလှသည့် ညကြေး ဆိုသည် ကို ဘယ်က ဘယ်လို ရလာသလဲ လို့ တော့ မေးခွန်းမထုတ်ချင်တော့ပေ။


((တပ်မှူးကြီးသည် တပ်သား တစ်ရာကို အုပ်ချုပ်သည် ။ တပ်မှူးကြီးကတော်သည် တပ်သား တစ်ရာ့တစ်ယောက်ကို အုပ်ချုပ်သည်။))



ရပ်ကွက် ထဲမှာ ဗျာ


ဇော်အောင် နေ့ စဉ် တနေ့ တမျိုး မရိုးအောင် သူ့ အဖေ ၏ ရပ်ကွက် ဗဟုသုတများကလည်း မှတ်သားဖွယ်ရာပင် ။

ငါ တို့အပိုင် က ရဲ စခန်းက ပြောတယ်ကွ။

ခင်ဗျားတို့ ရပ်ကွက် . လူသန့် တယ်။ ငွေ မသန့် ဘူး။

ကျွန်တော်တို့ ကြိုက်တာက. လူ မသန့် ပဲ . ငွေ သန့် တဲ့ နေရာတွေကို ပဲ ကြိုက်တာဟု ဆိုလေသည်။

သူတို့ပြောမည် ဆိုလည်းပြောချင်စရာ ။ သူ တို့ နေသော ရပ်ကွက်သည် ပင်စင်စား ကြီးများ ၊ ရာထူးဌာန ကြီးသော ပုဂ္ဂိုလ်ကြီးများ . အေးချမ်းစွာ နေကြသော ရပ်ကွက်ဖြစ်သည်။ ထို့အတွက် အမှူ့ အခင်းနည်းသလို ချဲထီ ရောင်းခြင်း ၊ အနှိပ်ခန်းဖွင့်ခြင်း ။ ဘောလုံးဒိုင် ကိုင်ခြင်း စသည့် ဥပဒေနှင့် ငြိစွန်းသော ကိစ္စများလည်း မရှိသလောက်ရှား၏ ။

ထို့ ကြောင့် . အောက်စိုက် မရှာနိုင်သဖြင့် လူသန့် တယ်။ ငွေ မသန့် ဘူး ဆိုသော စကား ထွက်ပေါ်လာရ၏။

ထို့ ပြင် ရပ်ကွက်အတွင်း မှ လူအများသည် ပညာတတ်ကြေးရတတ်များပီပီ အကူအညီလိုလျင် မျက်နှာလို မျက်နှာရ လာတတ်သော်လည်း ၄င်းတို့ မလို အပ်သော အချိန်တွင် အရောင်ပြောင်းတတ်ကြသည်။ ထို့ ထက်ဆိုးသည်က အကြွားပို တတ်သော လူများဖြစ်ကြောင့် သူ၏ ဖခင် က စိတ်အချဉ်ပေါက်တိုင်း

ငါ တို့  ရပ်ကွက် ထဲက လူတွေ ကလည်း ခက်တယ်ကွ။ ဆန်မရှိ စောက် စားကြီးချင်ကြတယ်။ စကား ပြောလိုက်ရင် လေတစ်လုံး မိုးတစ်လုံး နဲ့ ။

ဘယ် ဗိုလ်ချုပ် နဲ့ ဘယ်လို ရင်းနှီးတာ ။ ဘယ် ၀န်ကြီး ဆိုရင် ဘယ်တုန်းက ကျောင်းနေဘက် သူငယ်ချင်းပေါ့ နဲ့ ။ သူ တို့ အိမ်ရှေ့ ကျတော့ မှောင်ပြီး တော့ လမ်းကြီးတစ်လမ်းလုံး ကြည့်စမ်း ပါအုံး ။ မီးလေးတစ်လုံးတောင် လင်း အောင် မလုပ်နိုင်ကြဘူး ။

အခြားလမ်းများကဲ့သို့ မီးမလင်းသော သူတို့လမ်းသည် အစဉ် သဖြင့် မှောင်မိုက်ခြင်းကသာ ကြီးစိုးနေသည်။
လမ်းထဲတွင် မီး လင်းရေး .. ထို အလုပ်သည် ဘယ်သူ့ အလုပ်ဖြစ်သနည်း ။

ရပ်ကွက် ဥက္ကဌ အလုပ်လား ၊ အီးဘီစီ အလုပ်လား ၊ ရပ်ကွက်တွင်း နေထိုင်ကြသည့် လူဖိုးကြွား များ အလုပ် လား ဆိုသည်ကို တော့ ဇော်အောင် ဥာဏ်မမှီ ပေ ။ သေချာသည်ကတော့ သူ နေသော လမ်းသည် လ ပြည့်ည များတွင်သာ လူရိပ် ကို ခပ်ပြပြမြင်တွေ့ ရပေသည်။



(ရပ်ကွက် ထဲမှာ ဒီလိုပဲ ရှိတယ်။ ကျွန်တော်တို့ ရပ်ကွက် ထဲမှာ ဒီလို ပဲ )



စေတနာရှင်ကြီးများ

လမ်းထိပ် တွင် တော့ လက်ဖက်ရည်ဆိုင် . မုန့် ဆိုင် လေးများ ကတော့ အနည်းငယ်စီ ရှိကြသည်။

တခါတရံ သူ၏ အဖေဖြစ်သူ နှင့် အတူ လက်ဖက်ရည်ဆိုင် ထိုင်လျှင် . ဆိုင်ရှင်မှ အားနာပြီး ပိုက်ဆံ ယူလေ့မရှိပေ။

ဥက္ကဌကြီးကလည်း အမြဲလိုလို ငွေရှင်း ခါနီးဆိုလျှင် . စားပွဲထိုး နှင့် စကားမပြောပဲ . ကောင်တာမှ ဆိုင်ပိုင်ရှင်နှင့် တိုက်ရိုက်ပြောလေ့ရှိသည် ကို သတိထားမိသည်။

ဟော့.. ကို မြင့်ထွန်း ရေ… နေကောင်းတယ် နော်။ ကျွန်တော် တို့ ဝိုင်းလေး ရှင်းမယ် ဗျ ။ ဘယ်လောက်ကျ သလဲ ။

အော်.. ဥက္ကဌကြီး တို့ ပါလား ။ ရပါတယ် ဗျာ ။ ဒီလူ နဲ့ ဒီလူ ပဲ . ။

ထိုသို့ ဆိုလျှင် ဇော်အောင့်ဘက် ကလည်း မချိတင်ကဲ

အင်း .. .ဒီလိုမှန်းသိရင် ဆမူဆာ တစ်ခု လောက်ထပ်နှိုက်လိုက်ပါတယ် ကွာ။

ဒါနပြုသော ဆိုင်ပိုင်ရှင်ကြီးက သဒ္ဒါ တရားမည်ရွေ့ မည်မျှရှိသည်ကိုကား စဉ်းစားရန်မလိုပေ။

သိကြားမင်း ဦးမာဃ တောင် နောက်ဘ၀မှ အကျိုးပေးတာ ငါ့ အဖေ .. ဥက္ကဌကြီး ကတော့ ချက်ချင်းလက်ငင်းပါပဲလား ဟု သူ က သူ ၏ ဖခင်ကို ကြည့်ကာ ၀င့်ကြွားဖူးသည်။

ထို့ ကြောင့် ဥက္ကဌ ကတော် ဖြစ်သူ ၄င်း၏ မိခင် ဆိုလျှင် ရပ်ကွက် တွင်းမှ လက်ဖက်ရည်ဆိုင်များကို လင်ယောက်ျားနှင့် အတူ ထိုင်လေ့မရှိပေ။



ပတ်ဝန်းကျင်ရဲ့ မျက်လုံးတွေ

အစ ပထမတွင် ဖခင် ၏ အလုပ်ကို ၀င်ရောက်စွက်ဖက်ခြင်းမရှိသော်လည်း အိမ်တွင်းပြသနာတို့ ၏ မြစ်ဖျားခံရာ အစပထမသည် ဤ ကိစ္စမှ သာ စတင်လေသည်။

ချီတက်ပွဲ ၊ ထောက်ခံပွဲ . ဧည့်စစ် ယာဉ်စစ် ၊ စသည်တို့ သည် ဇရာထောင်းလာသော သူ၏ဖခင် ကို ပိုမို ပင်ပန်းစေသည်။

ထို အရာများ အားလုံးထက် သာ၍ ဆိုးဝါးလှသည် က ဇော်အောင် တို့ အပေါ်တွင် လူ တွေ ရဲ့ အကြည့် မျက်လုံးများက ပြောင်းလဲ သွားကြသည်။

လက်ဖက်ရည်ဆိုင် စားပွဲထိုးများ သည် ၄င်းတို့ သားအဖ လာလျှင် ပြုံးစိစိ နှင့် အလှူအိမ်တွင် လိုက်စားနေသော ဖိုးပါကြီး တို့ သားအဖ လာနေပြီ ဟု နောက်ပြောင်ချင်ကြသည်။

မင်း အဖေ ဘာလုပ် သလဲ ဟုမေးလျှင် ရပ်ကွက် ဥက္ကဌကြီး ဟု ပြောရမည်မှာ တွေဝေ လာသည်။

လူအများကြားထဲတွင် ဤ ရာထူး ဤ အလုပ်ကြီးကို ထုတ်ပြောရမှာ ရှက်ရွံ့ လာသည်။

လူတွေကလည်း ခက်သည်။ ရ.ယ.က ဥက္ကဌ ဟုဆိုလိုက်လျှင် ပြည်သူ့ ဘဏ္ဍာများကို မျက်စောင်းထိုးနေကြသူ ။ အောက်စိုက်ရှာကာ သြဇာ ပါဝါ ပြတတ်သူ ဟု အထင်ရောက်နေကြသည်။ ရွှတ်နောက်နောက် သဘောဖြင့် စ. နောက် ဖို့သာ ၀ါသနာပါတတ်ကြသည်။

သူတို့ ပြောသလို မဟုတ်ဘူးလား ဟေ့ ..ဆိုလျှင် တော့ . ဟုတ်သင့်သလောက် ဟုတ်နေပြန်သည်။

( မှတ်ချက် ၊၊ ၊၊ သမာ သမတ် ကျစွာ အုပ်ချုပ်နေသော ရပ်မိ ရပ်ဖ များ ၊ ရပ်ကွက်လူကြီးများကို မဆိုလိုကြောင်း လိပ်ပြာသန့် သူတို့ က သတိချပ် မိပေလိမ့်မည်။ သို့ သော် လက်ရှိ ဖြစ်ပေါ်နေသော ခေတ် စံနစ်များ ကြောင့် . ရ.ယ.က ဆိုလျှင် အများစု က နှာခေါင်းရှံ့ ချင်ကြမည်သာ ။ )


မည်သို့ ပင် ဆိုစေ သူသည် သူကြီးသားဖိုးစည် ဘ၀ကို စိတ်ကုန် လာသည်။ အဖေ့ကိုလည်း ဒီ အလုပ်ကြီးကို ဆက်မလုပ်ဖို့ဖျောင်းဖျနားချ ရတော့သည် ။

အဖေ သည်လည်း ဒီ အလုပ်သည် အိမ်တွင်းပြသနာ တို့ ၏ စနက်တံ ဖြစ်ပြီး ပင်ပန်း စိတ်ရှုပ် လွန်းအားကြီးသဖြင့် အတော့်ကို စိတ်ပျက်လျက်ရှိသည်။

ရ.ယ.က ဥက္ကဌ သက်တမ်း ၃ နှစ်ကျော်တွင် ဇော်အောင် အကြားချင်ဆုံး သတင်းတစ်ခု ကြားလိုက်ရတော့သည်။

အဖေ ၏ ရပ်ကွက် ဥက္ကဌရာထူး ကို အခြားသူတစ်ဦးထံသို့ လွဲပြောင်းပေးရမည် ဟုဆိုလေသည်။

ရှင်လိင်ပြန်သော နေ့ ၊ ဆယ်တန်းအောင်သောနေ ၊.ချစ်သူထံမှ အဖြေ ပြန်ရသောနေ့ တို့ ထက် . ဖခင် ဖြစ်သူ ဒီ အလုပ်ကြီး မလုပ်ရတော့ဘူး ဟု သိရသော နေ့ သည် သူ့ ဘ၀ ၏ အပျော်ဆုံးနေ့ တစ်နေ့ ဖြစ်သည် ။




ဇော်အောင့်  ၏ ဖခင်ကြီး ဥက္ကဌ ရာထူးမှ အနားယူပြီးသည့်နောက်တွင် သူတို့ မိသားစုသည် အပျော်ကြီးပျော်လျက်ရှိသည် ။ ဖခင်သည် အသက်အရွယ် အရ ဘာသာရေးဘက်တွင်ပိုမို အချိန်ပေးလာသလို မိသားစု နှင့်လည်း ဆက်ဆံရေးပိုမို နွေးထွေးလာသည်။ ကိုယ်ပိုင် လုပ်ငန်းများကိုလည်း ပိုမို အချိန်ပေး လုပ်လာနိုင်သဖြင့် ချစ်ဇနီး က စေတနာ ပို လာသည်။









သင်္ကြန်မိုး ရဲ့ ဒိုင်ယာလော့

ဇော်အောင် အကြိုက်ဆုံး ရုပ်ရှင်ဖြစ်သည့် သင်္ကြန်မိုး ရုပ်ရှင်ကြီးကို ပြန်ကြည့်မိသည်။

အကြိုက်ဆုံးအခန်း သည် (စန္ဒရားကိုငြိမ်းမောင်) နေအောင် မှ သူ့ သားဖြစ်သူ (ပိုက်ထွေး) ဇင်ဝိုင်းကို သင်္ကြန်တွင် မလည် ရ ၊ စန္ဒရား မတီးရဟူသော အမိန့် ထုတ်လိုက်သဖြင့် ဇင်ဝိုင်းမှ စိတ်ညစ်ညစ်ဖြင့် အရက်သောက်ခန်းဖြစ်သည် ။ ထိုအချိန်တွင် နေအောင်ရောက်လာပြီး ပြသနာဖြစ်ကြရာမှ . ဇင်ဝိုင်းကပြန်ပြောလိုက်သည်တွင် .

အရက်သမား သား . အရက်သမားဖြစ်တာ မဆန်းပါဘူးဖေဖေ။

အနုပညာ သမားရဲ့ သား . အနုပညာ ပြခွင့်မရတာသာ ဆန်းတာပါ ။



ထို ဒိုင်ယာလော့ သည် ဇော်အောင့် ရင်ထဲတွင် စွဲကျန်ရစ်စေသည်။



ဂယောက်ဂယက် ဆောင်း အိပ်မက်

လွန်ခဲ့သော ဆောင်းတစ်ည ၀ယ် . ဇော်အောင် သည် ထူးဆန်းပြီး အမြီးအမှောင့် မတည့်သော အိပ်မက် များကို တစ်ခုပြီး တစ်ခု မက်လေသည်။

ယုတ္တိမတန် ၊ မဖြစ်နိုင်သည်များလည်း ပါသလို ၊ ဖြစ်ချင်သည်များကို လည်း မက်သည်။ ဤသည် က အိပ်မက် ၏ သဘောပင်တည်း ။

ညဦးပိုင်းတွင် မက်သော အိပ်မက်ထဲတွင် . ဇော်အောင်နှင့် အင်ဂျလီနာ ဂျိုလီတို့  သေနတ်များ တဒိုင်းဒိုင်းနှင့် ပစ်နေကြသည် ။ ထို့ နောက် . Air Force One လေယဉ်ကြီးပေါ်သို့ ရောက်သွားကာ လူဆိုးတွေနှင့် ထိုးကြိတ်သတ်ပုတ်ကြသည်။ နောက်ဆုံးတွင် . ကိုးရီးယားမင်းသမီးလေး အွန်စောကို ကုန်းပိုး ပိုးလျက် လယ်ကန်သင်းရိုးတလျှောက် လမ်းလျှောက်ကြရာတွင် . ကျွဲနက်ကြီးက လိုက်ဝှေ့ သဖြင့် ကောင်မလေးကို ပစ်ချကာ ကိုယ်လွတ်ရုန်းပြေးလေတော့သည်။

ရုတ်တရက်လန့် နိုးလာသော သူ သည် ရေအေးအေးတစ်ခွက်ကိုသောက်လိုက်သည်။ ရွဲဆိုနေသော ချွေးများကို သုတ်လိုက်ပြီး . နောက်တဖန်ပြန်အိပ်နိုင်ရန်ကြိုးစားလေသည်။

ဒုတိယံမိ အိပ်မက် ထပ်မက်ပြန်သည်။ သို့ သော် ပထမ အခေါက်ထက် ပို၍ ထူးဆန်းသည်။

ရွာ သူကြီး ရွေးပွဲ

မည်သည့် ဌာနေ မှန်းမသိနိုင်သော တောင်ခြေရှိ ရွာကလေးတစ်ရွာသို့ ရောက်သွားသည်။

ထိုရွာတွင် ရွာ သူကြီး ရွေးပွဲ ကျင်းပနေသည် ဟု ဆိုသည်။

ရွာသူကြီး ရွေးပွဲ တွင် ရွာရှိ လူအကုန် လုံးမှ ၀င်ရောက်မဲ ပေး ကြရသော ထူးဆန်းသည့်အလေ့ဖြစ်သည်။

့ရုပ်ကြမ်းကြီးနဲ့ . နွဲ့ ပြမယ်

ထို စဉ် မာစီးဒီး ကားအနက်ကြီး တစ်စင်း ရွာလယ်သို့ ဒရကျြမ်း မောင်းဝင်လာသည်သည်။ ဖုန်များ ထောင်းခနဲ ထသွားပြီနောက် ကားပေါ်မှ . လူထွားကြီးတစ်ဦး ဆင်းလာသည်။ သူ့ ပုံစံသည် နောက်လိုက် အခြွေ အရံ များနှင့် ရှင်ဘုရင်ကြီးတစ်ဦး တိုင်းခန်းလှည့်လည် သည့် အသွင် ။

ရွာရှိလူများက လည်း အံ့သြမင်သက်စွာ ကြည့်နေကြသည်။ ထိုသူ့ ကို မြင်ဖူးသလိုလို ကြည့်နေရာမှ ရွာသူမိန်းမပျိုလေးက .

ဟယ်…အာနိုးကြီးပါလား . ဆံပင်တွေတောင်ရှည်ပြီး မှတ်တောင်မမှတ်မိတော့ဘူး။

ဟုတ်ပါသည်။ ရုပ်ရှင်ထဲတွင် အက်ရှင်မင်းသားကြီးသည် ယခုတော့ ဆံပင်တွေကရှည် မုတ်ဆိတ်မွှေးတွေက မရိတ်ထားသဖြင့် တကယ့် တိရစ္ဆာန် ခြင်္သေ့ကြီးတစ်ကောင်အလား ။

ထို သူက ရွာခံပရိသတ်ကြီးကို မင်္ဂလာပါ ဟု ဂါရ၀ပြုပြီး သူ့ ဘာသာမိတ်ဆက်လေသည်။

၎င်းနောက် သူ ၏ ဖုထစ်မို့ မောက်လှသော ရင်အုပ်ကြီးကို ကားစွင့်လျက် ဟန်ပါပါ ခါးထောက်လိုက်ပြီး ။

ကျွန်တော်ကတော့ Hollywood က အာနိုး ပါ။ အခု မြန်မာပြည်ကို လာပြီး (Golden Lion company) ရွှေခြင်္သေ့ ကုမ္ပဏီ ဖွင့်ထားပါတယ်.

အခုတော့ ကျွန်တော့် ရဲ့ ဇာတိရွာကလေးကိုပြန်လာပြီး ရွာသူကြီး ရွေးပွဲ မှာ ၀င်ရောက်အရွေးခံတာပါ။

ကျွန်တော်သာ ရွာသူကြီး ဖြစ်ရင် ဟောဒီ ရွာကလေးကို စည်ကားအောင်လုပ်ပေးပါ့မယ်။

လမ်းဖောက်ပေးမယ်ဗျာ ။ တံတားဆောက်ပေးမယ် ဗျာ။ အ၀ိစီ တွင်းလေးတွေတူးပေးမယ်ဗျာ.

ကဲ.လို ချင်တာပြော .ဖြစ်ချင်တာပြော . လုပ်ပေးအုံးမှာ . မရ.မရှိ..မဖြစ်မရှိ စေရ။

ကိုယ့် ဇာတိဆိုတော့ လေ..အရမ်းကို လုပ်ပေးချင်တာတာပါ.

တကယ်ပါ. ကျွန်တော့်ကို သာ မဲ လေးတွေ ထည့်ပေးကြပါနော် ဟု မစားရ ၀ခမန်း . မဲ ရလို ဇောဖြင့် . အမဘန္တေခံသွားလေသည်။

ရွာသူ ရွာသားများကလည်း ဟာ ခနဲ ဟင်ခနဲ အာမေဋိတ်သံများ ကျယ်ကျယ်လောင်လောင်ထွက်လာသည်။

အမလေးတော်..ကြား.ကြားဖူးပေါင်..မွေးကတည်းက.ရွာကို စွန့် ပြီး တနယ်တကျေးမှာ ကောင်းစား နေပြီးတော့ ရွာကို မေ့ ချင်တိုင်း မေ့ ထားတဲ့လူကများ . အခုမှ သူကြီး ရာထူး လည်း ရွေး ရော အမောတကော ပြေးလာပြီး လမ်းဖောက်ချင်ရတာနဲ့ .တံတားဆောက်ချင်ရတာနဲ့  ရပ်ရွာအကျိုး သယ်ပိုးမယ်ပေါ့လေ။

ရွာအတွက် . အ၀ီစီတွင်း မပြောနဲ့ . သောက်ရေချမ်းစင် ဖို့.ရေအိုးလေး တစ်လုံးတောင် လှူ ဖူးရဲ့ လား ။

အခုမှ လာပြီးတော့ ဗူးသီးမှ အရီးမတော်နဲ့ တော်ရေ့ . ဘာ မဲ မှ မပေးနိုင် ဟု ကျယ်လောင်စွာ ပြစ်တင်ရှံ့ ချကြသည်။

နွားပွဲစား ပုံစံ အညာသား ကိုလူလည်

ထို့ နောက် သိပ်မကြာခင်တွင် . ထော်လာဂျီကလေး ဖွတ်ချက် ဖွတ်ချက် ဖြင့် အရပ်ခပ်မြင့်မြင့် အသားမည်းမည်း အညာသား ရုပ်နှင့် လူတစ်ဦးထပ်ရောက်လာသည်။

သူ ကလည်း နွားပွဲစား စတိုင် ဖြင့် ပါးစပ်ကြီး ဖြီးကာ သွား ၃၂ ချောင်းစလုံးပေါ်အောင် ပြုံးရင် အားလုံးကို ခေါင်းညိတ်ပြသည်။

ဟင်… အိုဘားမား ပါလား … ရင်ဘတ်မှာတွင်လည်း အောင်သပြေခက် လည်းမဟုတ် နှင်းဆီပန်းလည်းမဟုတ်သော စပါးနှံ ခက်လေးတွေ ထိုးထားပါလား. ဘာအဓိပ္ပာယ်ပါလိမ့်။

ဟုတ်ပါသည်.. သူ့ နာမည် အိုဘားမား ဟုခေါ်ပါသည်. အမေရိကားတွင် ရာထူးကြီး ကြီး ဂွင် ကောင်းကောင်း ရှိထားသူဖြစ်သည်။

ကလေး ငယ်များကလည်း ဘုမသိဘမသိဖြင့် ထို အသားမဲမဲ နှင့်လူကြီးကို ပြူးပြဲကြည့်ကာ .

ဂျီးတော်ကြီး ရေ . ..မဲ ပေးတယ်ဆိုတာ..အဲဒီ အသားမည်းမည်းနဲ့ လူကို အမဲသားဟင် တွေ ပေးတာလားဟင် ဟု ထင်ရာမြင်ရာ မေးလေတော့သည်။

အညားသားရုပ်နှင့် အဆိုပါ ပုဂ္ဂိုလ်က စကားလေပြာလျှင် လက်ညှိုးလေးကို ထောင်ကာ ထောင်ကာ Change ဆိုသည့် စကားကို ဆယ်ခွန်းထက်မနည်း ပြော လေသည်။

သူက ဆက်လက်ပြီး ကျွန်တော်ကတော့ . ဒီ ရွာမှာ မွေး တဲ့ ဒီက ရွာသား စစ်စစ်ဖြစ်ပါတယ်။ အခု ဟောဒီ ရွာက တောင်သူလယ်သမားတွေ ကို ရည်စူးပြီးတော့ စပါးနှံလေးတွေကို အကျီ င်္မှာထိုးထားတာပါ။

ဒီ ရွာကို ကျွန်တော်က Change လုပ်ပစ်မယ် ဗျာ ။ ပြောင်းလဲ တိုးတက်သွားအောင် ပေါ့လေ။

ကျွန်တော်သာ ရွာသူကြီးဖြစ်လို့ ကတော့ ရပ်ရွာအကျိုးအတွက် အားသွန်ခွန်စိုက် စိတ်ရောကိုယ်ပါ နှစ်မြုပ် ပြီး ဟောဒီ ရွာကလေး ဖွံ့ ဖြိုးအောင် တဆုံး လုပ်ပါ့မယ် . တဆုံး ကို လုပ် ပါ့မယ် ဗျာ။

ကျွန်တော့်ကို သာ မဲ ပေး ဖို့ မမေ့ ကြပါနဲ့ နော်.

သူ မဲဆွယ်စကားပြောပြီးနောက် ရွာခံလူများက စီ ခနဲ ဖြစ်သွားသည်။ လွန်စွာကောင်းသည့် ပြက်လုံးတစ်ခု ကိုကြားလိုက်ရသည့်နှယ် ဟား..ခနဲ ဖြစ်သွားကြသည်။

ဘာ.ပြောတယ်ကွ . တဆုံးလုပ် ပါ့  မယ် .ဟုတ်လား ။ ဒီမှာဟော့ မင်းတို့ အကြောင်းသိပြီးသား

.မင်းတို့က.တဆုံးညာ မယ့် ကောင်တွေ ပဲ..တဆုံးညာ.တွေ . တဆုံးညာ တွေ ကွ



ထိုစဉ် ဗိုက်ရွဲရွဲ နှင့် ၀၀ ဖိုင့်ဖိုင့် လူကြီး တစ်ဦးကလည်း စင်ပေါ်မှ သူ့ ကိုကြည့်ပြီး

ဒီကောင်ကတော့ . လေ ပါပဲ ။ သူ့ အဖေ လက်ထက်တုန်းကလည်း ဒီလိုပဲ မဖြစ်နိုင်တာတွေ ကိုလျှောက်ပြောပြီး ငါ တို့ ရွာကို မွဲပြာကျအောင် အုပ်ချုပ်သွားတယ်...ဘာတဲ့ ပြောလိုက်တာ မှတ်မိပါသေးတယ်..လူတစ်ကိုယ်.တိုက်တစ်လုံး . ကားတစ်စီး . ငွေ ဆယ်သိန်း တဲ့ …

အခု.. ဒီကောင်ရော.ဘာတွေ ကတိပေးအုံးမှာလဲ ။ ဟော့ကောင် ရေ. ပြောအုံးလေကွာ.မင်း အဖေ လို မျိုး .

ငါ့ အတွက်ကတော့ လူတစ်ကိုယ်.တိုက်တစ်လုံး . ကားတစ်စီး . ငွေ ဆယ်သိန်း . မယားငယ် လေး တစ်ယောက် တော့ အဆစ်ထည့်ပေးနော်.။

ရွာခံ လူဝ ကြီး၏ ပွဲကျလှသော ထောက်ကွက် ကြောင့် ရွာသားများက တ၀ါးဝါး တဟားဟားနှင့် ပတ်တုပ်၍မရအောင်ပင် ရှိတော့သည်. စပါးနှံ နှစ်ခက်နှင့် သူလည်း ခေါင်းငိုက်စိုက်ကျကာ ထွက်ခွာသွားတော့သည်။

လာပါပြီ ခင်ဗျာ့  ကျွန်တော် ကျွန်တော်

နောက်ဆုံး ၀င်ရောက်လာသသည် နွားလှည်းကြီးကို တအိအိစီးကာ တည်ငြိမ်စွာဝင်ရောက်လာသည်

ထိုသူသည် ကျွန်တော်တို့ ဇာတ်လိုက်ကျော်ကြီး ဇော်အောင် ဖြစ်ကြောင်း အထူးပြောရန်မလိုတော့ပေ။

ဇော်အောင်သည် သီးလေးသီး အငြိမ့် ထဲမှ . မစ္စတာ ဂန်ဖလား ၏ စတိုင် ဖြင့် ရွာခံပရိတ်သတ်ကြီးကို လက်နှစ်ဘက် စလုံးမြှောက်ကာ ဝှေ့ ယမ်း နှူတ်ဆက်လိုက်သည်။



နေ့ လည်ပိုင်းဖြစ်သဖြင့် နေသည် ကျဲကျဲတောက်ပူသဖြင့် ခမောက် တစ်လုံးကို ဆောင်းထားလေသည်။

ပင်နီ တိုက်ပုံကို အချိုးကျစွာဝတ်ရင်း ချည်ကြမ်းလုံကြမ်ဖြင့် အာပေါင်အာရင်းသန်သန် ပြောနေပုံသည် အိပ်မက်မဟုတ်ပဲ တကယ့်လက်တွေ့ ဆိုလျှင် အတော့်ကိုအကျိုးရှိလှပေမည်။

သူ၏ အသွင်အပြင်သည် ရွာသားများနှင့် မခြား ၊ တသားတည်း ဖြစ်နေလေတော့သည်။

ရွာသားနှစ်ဦးက စင်ပေါ်ကို ကြည့်ရင်. အချင်းချင်းလက်တို့ ပြောနေကြသည်။

သူ့  ကို ရော ငါ တို့ က .ယုံလို့ ဖြစ်ပါ့မလား။ ဟို လွန်ခဲ့တဲ့ အနှစ် ၂၀ လောက်တုန်းကလည်း သူ တို့ အဖွဲ့ ထဲက လူကို ပဲ မဲပေးကြတာပဲ ။ ဒါပေမယ့် . သူ တို့ လည်း ရွာသူကြီး မဖြစ် ။ ငါ တို့ ဘ၀ တွေလည်း ဒုံရင်းက ဒုံရင်းပဲ ။

အခု တခါ ထပ်လာကြပြန်ပြီ ။ ဒီ ခမောက်လေးတေဆောင်းပြီးတော့ ။ ဒီတခါရော သေချာပါ့မလား။

ဘေးတွင် ထိုင်နေသော ရွာသား ကလည်း . မင်းကလည်း ကွာ. ဒီပွဲမှာ သူတို့ ကို မှ မရွေးရင်လဲ.ကျန်တဲ့ နှစ်ယောက် က ကိုသာဆိုးကြီး တွေလေ ။ ဒီတော့ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သူ တို့ ပဲပေါ့ကွာ။

အားလုံးက ထို အဆိုကို ထောက်ခံကြသည်။ ရွာသားများကလည်း တညီတညွတ်တည်း သဘောတူကြလေသည်။



မဲပေးပွဲ စတင်ပါပြီ

သတ်မှတ်ထားသော . လျှို့ ဝှက် မဲ ပုံးထဲသို့ ထည့်ရန် ရွာခံလူများက တန်းစီကြရသည်။

ခမောက်နှင့် လူ၏ ဘက် အခြမ်းတွင် သိသိသာသာ ပင် လူတွေ ပို လျှံနေသည်။

အညာသားရုပ်နှင့် လူကြီးကတော့ ကြက်ကြီးလည်လိမ်ထားသလို ပင် ။သူ၏ ရင်ဘတ်မှ စပါးနှံများက အောက်သို့ ငိုက် ကျနေသည့် အလား ဦးခေါင်းကြီးကို အောက်သို့ ငိုက်လျက် တွေတွေ ကြီးဖြစ်လျက်။

သို့ သော် ခြသေံင့်္ကြီးတစ်ကောင်နှယ် ဆောင့်ကြောင့် ထိုင်ကာ ကြည့်နေသော ဆံပင် စုပ်ဖွားနှင့်လူထွားကြီး ကတော့ အပြုံမပျက် ။ သူ့ လက်ထဲတွင် ၀ှက် ဖဲ တစ်ချပ် ရှိပုံရသည်။ သူဘာတွေ များ အကြံထုတ်နေပါလိမ့် ။



ရွာရှိလူများ မဲ ပေးပြီးသောအခါ ရွာ၏ ရပ်မိ ရပ်ဖ လူကြီးများ ထွက်လာကြသည်။

ကဲကဲ.ပေးထားတဲ့..မဲစာရင်းကို ကြည့် မယ်။ ဘယ်သူ က..ရွာသူကြီး ဖြစ်မလဲ ဆိုတာ.ကြေငြာမယ်ဟော့..ဟုဆိုကာမဲပုံးများကို ကာရံထားသော ကတီပါ လိုက်ကာ ကြီးများကို ဆွဲ မလိုက်ကြသည်။

ရွာသားများ အားလုံးသည် စိတ်လှုပ်ရှားစွာ မဲ ပုံများ ဆီသို့ ကြည့်လိုက်သည်။

ထို့ နောက် အံ့သြ မင်သက်ခြင်း ၊ မယုံကြည်နိုင်ခြင်းစသည့် မျက်လုံးများ ဖြင့် မဲရလဒ် များကို ကြည့်လိုက်မိသည်။

အားလုံးသော ရွာသူရွာသား များသည်း ဟာ…ဟင်…အိုး..ဘယ်လို ဖြစ်ပါလိမ့်. ဟူသော အာမေဋိတ်သံများ အသီးသီးပေါ်ထွက်လာသည်။

ဟုတ်ပါသည်….ခမောက်ဆောင်းထားသည့် လူ၏ မဲပုံလေးထဲတွင် စက္ကူမဲလိပ်ကလေး နှစ်ခု သုံးခု သာ ရှိပြီး ရွှေခြင်္သေ့ ကုမ္ပဏီပိုင်ရှင် ကြီး၏ မဲပုံးထဲတွင်..မဲ စက္ကူများက အပြည့်အလျှံ ။ ကျန်သည့် ပုံးအလွတ်ထဲတွင်တော့ လေတိုက်၍ လွင့်လာသော စပါးခွံ လေး နှစ်ခွံ သာ ရှိပြီး ဆန္ဒမဲကတော့ ဗလာနတ္တိ။

ဇော်အောင်သည် မည်သို့ မည်ပုံဖြစ်သွားသည်ကို နားမလည်နိုင်အောင်ရှိလှသည်။

အားလုံးနီးပါးသော ရွာခံလူများက သူ၏ မဲပုံးဆီသို့ သာ ဦးတည်သွားကြသော်လည်း နောက်ဆုံးပေါ်ထွက်လာသော ရလဒ် သည်ကား လူထွား လူညစ် ကြီး ကသာ သိမ်းကြုံး ယူသွားလေတော့သည်။

မှန်းချက်နှင့် နှမ်းထွက် မကိုက် ဖြစ်ခဲ့သော ဤ ပွဲကို အတော့်ကို စိတ်ကုန်လျက်ရှိသည်။

ယိုင်နဲ့ သော ခြေလှမ်း တို့ ဖြင့် မည်သူ့ ကိုမျှ စကားပြန်မပြောနိုင်တော့ပဲ မဲရုံမှ ထွက်ခွာမည်အပြု မဲပုံးများထားရာစားပွဲနှင့် မလှမ်းမကမ်းတွင် ဥရောပသားတစ်ယောက် ကောက်ရိုးပုံကို မှီ လျက် ဆေးလိပ်သောက်နေသည် ကိုဖျတ်ခနဲ တွေ့ လိုက်ရသည်။

အသေအချာကြည့်သော်အခါ. ရွှေခြင်္သေ့မင်း ကုမ္ပဏီ တံဆိပ် အကျီ င်္ဝတ်ထားသော ကမ္ဘာကျော်မျက်လှည့် ပညာရှင်ဒေးဗစ်ကော်ပါဖီး ပင် ဖြစ်လေတော့သည်။ မည်သည့်အတွက် ကြောင့် ရောက်ရှိနေမှန်း ကို ချက်ဆိုလျင် နားခွက်က မီးတောက် လာသည်။ ဒေါသအလျံလျံ ထွက်သော မျက်လုံးတို့ ဖြင့် ထိုသူ့ အနားသို့ ကပ်သွားစဉ် . အဆိုပါ မျက်လှည့်ဆရာလေးက . ဟပ်ချလောင်း ဟု အော်ကာ မီးခိုးဖြူငွေ့ များထွက်လာပြီး လက်ထဲတွင် ပိုးဖဲစ အနီလေးပေါ်ထွက်လာသည်။

ထို့ နောက် အဆိုပါ ပိုးစ လေးကို ဇော်အောင့်အား ကမ်းပေးလိုက်ပြီး သူကတော့ လျင်မြန်သည့် အဟုန်ဖြင့် ပျေက်ကွယ်သွားသည် ။ ထို ..အနီတောက်တောက် ပိုးစလေးတွင် ရွှေရောင်စာလုံးများဖြင့် ရေးထားသည်မှာ -

Justice is silent in the midst of Arms . ( အမှန်တရားတို့ သည် သေနတ်ပြောင်းဝတွင် တိတ်ဆိတ်နေသည်)



စိတ်ပျက်အားငယ်ခြင်း များနှင့် တယောက်တည်း ငိုင်နေလျက်ရှိနေစဉ် အနောက်မှနေ၍ ပခုံတစ်ဘက်ကို ဆုပ်ကိုင် ကာ အားပေးနှစ်သိမ့်သူမှာ.ဇော်အောင့် ဖခင် ပင်ဖြစ်သည်။

စိတ်မပျက်ပါနဲ့ ကွာ..ဒါမျိုး ဆိုတာ ဖြစ်တတ်ပါတယ်.

ဒီလို ဖြစ်မယ် ဆိုတာ..အဖေ.လည်း ကြိုတင်တွက်ဆ.ထားပြီးသားပါ..

ထားလိုက်ပါကွယ် . ဒီ အလုပ်တွေ ဆိုတာ မင်း အမေ ပြောသလို ဝေလေလေ တွေ ပါ ။ ကိုယ့် စီးပွား ကိုယ့်အလုပ်ကိုပဲ ခေါင်းထဲ ထည့်စမ်းပါ ။

ဒီ တစ်ခေါက် မနိုင်တော့လည်း..အချိန်တွေရှိပါသေးတယ်..နောက်တစ်ခေါက်ပေါ့..ဟု အားပေးရှာသည်

ဟင်..နောက်တစ်ခေါက်.ဟုတ်လား.ဖေဖေ..

နောက်တခါဆိုရင် ကျွန်တော်.ကျွန်တော် . ..စကားမဆုံးခင်မှာပဲ .သူ ကဖြတ်ပြောလိုက်သည်။

နောက်တခါ ဆိုလည်း.ဒီ အတိုင်းပါပဲ ငါ့ သားရယ်. ဟား ဟား ဟုကျယ်လောင်စွာရယ်လေသည်။


လူသားတို့ သည် လောကဓံကို ဒိုင်းနှစ်ဘက်ဖြင့် ကာကွယ်တတ်ကြသည်။ ပထမဒိုင်းသည် ယုံကြည်ရာ ဘာသာတရား ၏ အဆုံးအမ ဖြင့် ဖြေသိမ့်ခြင်း . ဒုတိယဒိုင်းသည် . ဇ၀နဥာဏ် ရွှင်ရွှင်ဖြင့် ဖန်တီးထားသော ဟာသ ။
သားဖြစ်သူ စိတ်ဓာတ်ကျနေချိန်တွင် ဖခင်ဖြစ်သူ သည်ရယ်စရာ ဟာသလေးများဖြင့် စိတ်ထွက်ပေါက်ရအောင် ပြုလုပ်ပေးတတ်သည်။ ဖခင်နှင့်အတူ လိုက် ရယ်မော လိုက်ရသဖြင့် ဇော်အောင့် ရင်ထဲတွင်လည်း တည်းကြပ်မနေတော့ ပေ။

ထို့ နောက် တဖန်သူကလည်း ဖခင်ဖြစ်သူ ကို ပြန်လည် ၍ ပင် နောက်ပြောင်လိုက်သေးသည်။ သူ သိပ်ကြိုက်သော ဒိုင်ယလော့ လေး တစ်ခု ..



ဝေလေလေ သား..ဝေလေလေ ဖြစ်တာ မဆန်းပါဘူး ဖေဖေ.

ဥက္ကဌ သား..က. ဥက္ကဌ မဖြစ်တာသာ ဆန်းတာပါ…



သူ ၏ စကားအဆုံးတွင် .ဖခင်ကြီးက . ဘာကွ .. ဟု မချိ ပြုံးလေးတစ်ချက် ပြုံးပြီး တချက် အော်လိုက်သည် ။
သားအဖ နှစ်ယောက် သည် အမြဲလိုလို ဤ သို့ ကလူကျီစယ်မြဲပင် ။

ငါ့သား.. မင်းတော်တော် စကား တတ်လာပါလား ဟု ပြောပြီး ဇော်အောင်၏ ငယ်ထိပ်ကို သူဖတ်နေသော ၀တ္တုစာအုပ် လေးဖြင့် ဖြေးညှင်းစွာ ဖုန်း ခနဲ ရိုက်လိုက်သည်။

ဇော်အောင်သည်. ထို စာအုပ် လေးကိုအမှတ်တမဲ့ ကြည့်လိုက်မိသည်။

စာရေးဆရာ (ဆရာ) မောင်သာရ ၏ စာအုပ်လေးဖြစ်သည်။ ၀တ္တုနာမည် ကား..



အ. လို့ ခံရတာ..မသနားစမ်းပါနှင့် ……





ကောင်းသထက်ကောင်းအောင်ကြိုးစားနေမည့်.

မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)

Sunday 7 November 2010

မြတ်ဆရာ

ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်မြန်မာ လူမျိုးတိုင်း အစဉ်သဖြင့် အလေးဂရုပြုမြတ်နိုးတန်ဖိုးထားသော အနန္တော အနန္တ ငါးပါးတွင် မြတ်ဆရာ သည်လည်း တစ်ပါး အပါအ၀င်ဖြစ်သည်။

ရှင်တော်ဘုရားနှင့် တစ်ဂိုဏ်း တည်းထားလောက်အောင် ကြီးကျယ်သော ဆရာတို့ ၏ ဂုဏ်ကျေးဇူးကား ကြီးမားလှပေစွ ။

လောကတွင် မိမိတတ်သိထားသော အရာအား အခြားတပါးသူကို သင်ကြား ပြောပြ ပေးသူကို ဆရာ ဟု မည်၏။

လူတိုင်းတွင် သူဖြတ်သန်းရာ ဘ၀တလျှောက်တွင် ကြုံဆုံရသော ဆရာ တို့ ကား များပြားလှပေစွ ။ သို့ သော် အကြမ်းဖျင်း အားဖြင့် ဆရာ ဟူသည့် ပုဂ္ဂိုလ်ကို သုံးမျိုး ရှိသည်ဟု နားလည် မိသည်။

မိမိအား အသိပညာ အတတ်ပညာတို့ ကို ဂရုတစိုက် ကိုယ်တိုင်သင်ကြားပေးသော သူကို သင်ဆရာ မည်၏။

မိမိ အလိုရှိအပ် သော အတတ်ကို မျက်စိရှေ့ မှောက်တွင် ပြုလုပ်ပြသော သူ (သို့ ) ၄င်း၏ နည်းနာများကို မိမိက မြင်ရုံမျှဖြင့် အတုခိုး ရသော သူအား မြင်ဆရာ ဟု မည်၏။

သူ၏ အတတ်ပညာကို မိမိက တနည်းနည်းဖြင့် ကြားလျှင်သော်လည်းကောင်း ၊ မိမိအား ပြောပြပေးလျှင်သော်လည်းကောင်း ထို သို့ သော ပုဂ္ဂိုလ်ကို ကြားဆရာ ဟု မည်၏ ။

လောကတွင် ဆရာ သုံးမျိုး ရှိသည့်အနက် သင်ဆရာ ဆိုသည်ကား ကျွန်တော်တို့ အပေါ်တွင် ဂုဏ်ကျေးဇူးအထူးမြတ်ဆုံး ဆိုသည်ကိုတော့ မည်သူမျှ မငြင်းနိုင်ပေ။

ဝါသနာ ၊ စေတနာ ၊ အနစ်နာ ၊ ဂရုဏာ ဟုဆိုအပ်သည့် နာ လေးနာနှင့် ပြည့်စုံသော ဆရာများ ဖြစ်ကြသည်။



အတတ်လည်းသင် ပဲ့ပြင်ဆုံးမ

သိပ္ပမချန် ဘေးရန်ဆီးကာ

သင့်ရာအပ်ဖို့ ဆရာတို့ 

ကျင့်ဖို့ ဝတ်ငါးဖြာ

ဟူသည့် ဆရာ့ဝတ် ငါးဖြားနှင့် ပြည့်စုံသော ဆရာမျိုးကား အရာခပ်သိမ်းထက်ပင် သာလွန် မြင့်မြတ်ပေစွ ။



ကျွန်တော်အတွက် မူ ငယ်စဉ်ကလေးဘ၀ မှ စတင်ကာ ယနေ့ အချိန်အထိ အထူးထူး အမျိုးမျိုးသော ဆရာတို့ နှင့် တွေ့ ဆုံခဲ့ရသည်။ လူတိုင်းသည်လည်း ကျောင်းသား အရွယ်မှ စတင်ကာ နေ့ စဉ် ဆရာပေါင်းများစွာဖြင့် တွေ့ ဆုံရလေသည်။ သို့ သော် များပြားလှသော ဆရာ တို့ တွင် မိမိအား ဂရုစိုက်သော သူ ၊ မိမိအပေါ်တွင် စေတနာပိုသောသူ ကို သာ ပိုမို၍ အော်မေ့ သတိရကြမည်သာ။



မူကြိုတွင် ၀လုံး.ကလေးများ ၀ိုင်းစက်စေရန် လက်ကလေးကိုကိုင်ကာသင်ကြားပေးသော ဆရာမများကိုလည်း သတိရမိပါသည်။ F ဟူသော အင်္ဂလိပ်စကားလုံးသည် လွန်စွာအသံထွက်ရခက် လှသည်ကို လွယ်ကူအောင် ဆိုပြပေးသော သူငယ်တန်းမှ ဆရာမ ကိုလည်း ကျေးဇူးတင်ပါသည်။

မူလတန်းကျောင်းသာအရွယ်က စာ မရ၍ ရိုက်ခဲ့ဖူးသောဆရာ့ ကျေးဇူးကြောင့် စာမေးပွဲတွင် ရမှတ်ကောင်းကောင်းဆွတ်ခူးခဲ့ပါသည်။

ဂဏန်းသချာင်္ အမြောက်အလီပေါင်းကို အထစ်အငေါ့ မရှိ ဆရာမ ၏ ရှေ့ တွင် ဆိုပြခဲ့ဖူးသည်မှာ ပြန်စဉ်းစာလိုက်လျှင် ကြည်နူးစရာ။ စာမေးပွဲတွင် အဆင့် တစ် ရသဖြင့် ဆရာမ ဆုချ ထားသော ခဲတံ လေးကလည်း ယခု အချိန်အထိ အသစ်စက်စက်ပင်။

သမိုင်းဘာသာ ကို ကျောင်းသားများစိတ်ဝင်စားအောင် ပုံပြင်လေး တစ်ပုဒ် သဖွယ်ပြောပြပေးသော ဆရာမ ၏ မျက်နှာကိုလည်း ယနေ့ အထိပြန်မြင်ယောင်ဆဲပင်။



ရှေ့ ရှု့ မေတ္တာ ဂရုဏာနှင့် နာနာကျင်ကျင်အပြစ်မြင်က

ဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က

ဆုံးမတက်သူ ဆရာမည်၏ ။

ဆရာတို့ ၏ တပည့်အပေါ်ထားရှိသော မေတ္တာနှင့် စေတနာကို အထိရောက်ဆုံး ထင်ဟပ်စေသော ဆောင်ပုဒ်လေးဖြစ်သည်။



ကိုးတန်းတုန်းက ဆရာမ

အထက်တန်းကျောင်းသားဘ၀ တွင်ပညာနို့ ချိုတိုက်ကျွေးဖူးသော ဆရာ ၊ မ ပေါင်းများစွာရှိသည့်အနက် အမှတ်တရ အရှိဆုံး ဆရာမ ကိုပြောပါဆိုလျှင် န၀မတန်း - ခ မှ ကျွန်တော်၏ အတန်းပိုင်ဆရာမ ကိုသာပြောပြချင်ပါသည်။ ဆရာမသည် အသားညိုညို ၊ မျက်လုံး မျက်ခုံးကောင်းကောင်းဖြင့် အရပ်အမောင်းမနိမ့်မမြင့် ရှိပါသည်။

ဆရာမ ၏ ဥပတိရုပ်ကို အနီးကပ်ဆုံးပုံဖော်ရလျှင် ၂၀၁၀ ပြည့်နှစ်၏ အမေရိက တွင် သြဇာအာဏာ အကြီးမားဆုံး အမျိုးသမီး ဟု တင်စားထားသည့် အမေရိကန်သမ္မတ Obama အိုဘားမား၏ ကတော် First Lady ဟုခေါ်သည့် Mrs.Mitchell Obama (မီချယ် အိုဘားမား) နှင့် ခပ်ဆင်ဆင်တူပါသည်။

စိတ်နေသဘောထားတည်ကြည်ဖြောင့်မတ်ပြီး ကျောင်းသားများအပေါ် နားလည်မှူ့ အပြည့်ရှိသော အတန်းပိုင်ဆရာမ ဖြစ်သည့်အတွက် ကျွန်တော်တို့ အားလုံးက လေးစားခင်မင်ရသည်။

ယောကျာ်းလေးများ သာစုထားသည့် စိန်ပေါလ် ဟူသော ကျောင်းတွင် မ.တစ်ထောင်သားများကို ထိန်းသိမ်းရသော အလုပ်သည် တကယ်တော့ မလွယ်ကူလှပါ။ အခြားသော ဆရာ ၊ မ များက အတန်းအုပ်ချုပ် ရာတွင် လက်စွဲတော်ကြိမ်စင်္ကြာကိုသာ အားကိုးလေ့ရှိသည်။ ကျောင်းသားတစ်ယေက်၏ လိုအပ်ချက်ကိုသေချာနားထောင်ပြီး ဖြေရှင်းပေးမှူ့ အပိုင်းတွင်မူ အားနည်းချက်များရှိကြသည်။ စာသင်ခန်းထဲသို့ ဝင်လာပြီး ကျောက်သင်ပုန်းကြီးကို တဖုန်းဖုန်းရိုက်ကာ အတန်းထိန်းသည့် ကြိမ်လုံးဗျူဟာ ကိုသာ ဆရာမ အများစုက အသုံးပြုကြသည်။

သို့ သော်ကျွန်တော်၏ အတန်းပိုင်ဆရာမ ကမူ ထိုသို့ ပြုခဲ၏ ။ မလွဲသာ မှသာ ကြိမ်လုံးကိုင်သည်။ ပြသနာတစ်ရပ်ကို အများလက်ခံအောင် သေချာစွာဖြေရှင်းပြသည်။ ပြီးမှ အပြစ်ရှိသူကို ထိုက်သင့်သည် အပြစ်ဒဏ်ဖြင့် ဆုံးမသည်။

အတန်းထဲတွင် နာမည်ဆိုးဖြင့်ကျော်ကြားလှသော ကျောင်းသားကြီးများ၏ ချစ် ကြောက် ရိုသေ မှူ့ ကို အပြည့်အ၀ အခံရဆုံးသူ တစ်ဦးဖြစ်ပါသည်။

ကျွန်တော့် ဘ၀အတွက် အထူးခြားဆုံးဖြစ်ရပ်ကတော့ သီတင်းကျွတ်ကျောင်းပိတ်ရက်တွင် ဆရာမက သူ ၏ အတန်းသားများထဲမှ ကျောင်းသားအချို့ ကို ရဟန်းခံရှင်ပြုပေးကာ သူကိုယ်တိုင်က ရဟန်းအမ အဖြစ်ခံယူလေသည်။

သား သမီးမရှိသော အပျိုကြီးဖြစ်သောငြားလည်း သူ၏တပည့်များကို ကိုရင် ၀တ်ပေးကာ သာသနာ့ဒါယိကာမ ဘွဲ့ ကိုရည်မှန်းသော ဆရာမ ၏ စိတ်ကူးသည် မြင့်မြတ်ထူးခြားလှပေစွ။ ဆရာမ ၏ မြင့်မြတ်လှသော အလှူဒါနကို ကျောင်းအုပ်ဆရာကြီးက သိရှိသောအခါ သာဓုခေါ်ရုံမျှမက စိန်ပေါ်လ်ကျောင်းကြီးတစ်ကျောင်းလုံးအတိုင်းအတာဖြင့် အထက်တန်းကျောင်းသားများကို ဆယ်ရက်ဝိပသနာ တရားစခန်းသို့ အရောက်ပို့ ဆောင်ပေးနိုင်ခဲ့သည်။

ထို့ ကြောင့် ကျွန်တော်တို့ ကျောင်းသားများသည် အထက်တန်းကျောင်းသား အရွယ်ကပင် မိုးကုတ် တရားစခန်း ၀င်ဖူးကြသည်။ ၀ိပသနာ ထွက်သက်ဝင်သက်ကို ကျနစွာ တရားအားထုတ်တတ်ကြသည်။ ပဋိစ္စသမုပ္ပ စက်ရဟတ်ကြီးကို သင်ကြားဖူးခဲ့သည။်

ဆရမ က မျိုးစေ့ချပေးခဲ့သော ၀ိပသနာတရားအလုပ်သည် ကျွန်တော့်အတွက် ဘ၀ ၏ ရှေ့ ဆောင်လမ်းပြဖြစ်ရုံမျှမက လောကီ ၊ လောကုတ် နှစ်ဖြာအကျိုးအတွက်အကျိုးများလှပေသည်။

မိမိရရှိသော ပမာဏ မများလှသည့် ချွေးနည်းစာလေးဖြင့် တပည့်များအား ကျောင်းသင်ခန်းစာ လောကီ ပညာ နှင့် လောကုတ္တရာသာသနာ့အမွေ ပေးခဲ့ပုံသည် . တပည့် မရှား တစ်ပြားမရှိ ပီတိကိုစား အားရှိပါ၏ ဟူသော စကားအလေးအတိုင်းပင်။

ထို့ ကြောင့် များပြားလှစွာသော ကျောင်းဆရာမ ထဲတွင် ကျွန်တော့်အတွက် အမှတ်တရ အရှိဆုံး သည် ကိုးတန်းတုန်းက ဆုံခဲ့ရသော အတန်းပိုင်ဆရာမ သာဖြစ်တော့သည်။



ကျောင်းအုပ်ဆရာကြီး တစ်ဦး

ကျောင်းသားဘ၀ အရွယ်တွင် ကြုံခဲ့ဖူးသော ကျောင်းအုပ်ဆရာကြီးများအနက် အထူးခြားဆုံးပုဂ္ဂိုလ်သည် ကျွန်တော် အထက်တန်းကျောင်းသားဘ၀ တွင်စတင်ကြုံဆုံခဲ့ရသော ဆရာကြီးဖြစ်သည်။ ဥပတိရုပ်ခန့် ငြားသလို အမြဲလိုလို တိုက်ပုံအကျီ င်္ အဖြူရောင်နှင့်တွဲဘက်မြင်ရလေ့ရှိသော ဆရာကြီး သည် စကားပြောလွန်စွာကောင်းသည်။

ဆံပင်အလယ်ခွဲကို ပိပြားသပ်ရပ်စွာဖြီးလေ့ ရှိပြီး ကြက်တောင်ရိုက်ခြင်းကို နှစ်ခြိုက်သော အားကစားကိုအထူးအားပေးသော ဆရာကြီးဖြစ်သည်။

ကျွန်တော်တို့ ကျောင်းသာများကို လည်း တိုင်းပြည်ချစ်တတ်လာအောင်၊ ကိုယ့်အမျိုးသားသီချင်း အမျိုးသားဝတ်စုံကို မြတ်နိုးတတ်လာအောင် အပတ်စဉ် သောကြာနေ့ တိုင်း ကျောင်းသားတိုင်း တိုက်ပုံဝတ်ကာ Assembly ပြုလုပ်ပြီး သြ၀ါဒ စကားမြွက်ကြားလေ့ရှိသည်။ သူ၏ ဘ၀အတွေ့ အကြုံများနှင့် ယှဉ်ကာ ကျောင်းသားများစိတ်ဝင်စားအောင် ပုံတိုပတ်စ များ ၊ အဆိုအမိန့် များကိုးကားပြောကြားလေ့ရှိသည်။

ကျောင်းသားများကို ပညာရဲရင့် ပွဲလယ်တင့် လာအောင် ၊ လူအများရှေ့ ထွက်ပြီး ရဲရဲဝံ့ဝံ့ စကားပြောရဲဆိုရဲရှိစေရန် အမြဲလိုလိုတွန်းအားပေးတတ်သည်။

ဆရာကြီးလက်စွဲပြုသည်စကားတစ်ခွန်းသည် မန္တလေး ၊ အမရပူရ တောင်မြို့ ရှိ မဟာဂန္ဓရုံ ဆရာတော်ကြီး ရှင်ဇနကာ ဘိဝံသ ၏ ဆောင်ပုဒ် ဆယ်ချက်ကိုလက်ကိုင်ပြုသည်။

ကျောင်းသာတစ်ဦးသည် စာတော်တိုင်း ၊ စာတတ်တိုင်း သူနှင့် သူ့ လူမှူ့ ပတ်ဝန်းကျင်ကို အကျိုးမပြုနိုင် ။ လောကတွင် အရေးအကြီးဆုံးက စိတ်နှလုံးကောင်းမွန်ရေး ဟုဆိုသည့် စိတ်ထားကောင်းဖို့ က ပထမ ဟု ဆိုလေသည်။

ဆရာကြီး၏ ထူးခြားသော အရည်အချင်းတရပ်မှာ ကျောင်း ဟူသော နေရာကိုအဓိပ္ပာယ်ဖွင့်ဆိုခြင်းပင်ဖြစ်သည်။

ငယ်စဉ်ကတည်းက ကျောင်း လာသည့်ကိစ္စသည် စာသင်ရန်အတွက်ဟူ၍ သာ ခပ်ပေါ့ပေါ့တွေးထားမိ၏။ ဆရာကြီးကမူ ထိုထက်ပိုမိုသော အဓိပ္ပယ်ကို ရှင်းပြသည်။

ကျောင်းတတ်ခြင်းသည် စာသင်ကြား ရန်ဟူသည့်ရည်ရွယ်ချက်တစ်ခုတည်းအတွက်မဟုတ် ။ လူတစ်ယောက်၏ အကျင့်စာရိတ္တ ၊ ကိုယ်ရည်ကိုယ်သွေး ၊ အတွေးအခေါ် စသည်တို့ ကိုပါ လေ့ကျင့်သင်ကြားပေးသော နေရာဖြစ်သည။်

ထို့ ကြောင့် ကျောင်းတတ်ခြင်းသည် လူ ဖြစ်နည်း သင်တန်းကို တတ်ရောက်နေခြင်းဟု မှတ်ယူရမည် ဟု ဆိုလေသည်။

ကျွန်တော်သည် ဆရာကြီး ၏ လူဖြစ်နည်းသင်တန်းကို ယနေ့ ထက်တိုင် ပြန်ပြောင်းအောက်မေ့ဆဲပင် ။





ရန်ကုန်မြို့ ၏ အကောင်းဆုံး အင်္ဂလိပ်စာ သင်ကြားရေး စင်တာ

ကျွန်တော်သည် ငယ်စဉ်က အင်္ဂလိပ်စာတွင် လွန်စွာအားနည်းခဲ့ပါသည်။ ဆယ်တန်းအောင်သောအခါ ပြည်ပ သို့ ထွက်ခွာကာ ပညာခရီးရှေ့ ဆက်မည့်အစီအစဉ်တွင် လည်း အကြီးမားဆုံးအဟန့် အတားသည် အင်္ဂလိပ်စာ စွမ်းရည်မပြည့်ဝ ခြင်းပင်ဖြစ်သည်။

ထိုအခက်အခဲ ကြီးကို ရင်ဆိုင်ကျော်လွှားရန် ပထမဦးဆုံးတွန်းအားပေးခဲ့သည့် နေရာသည် ဆိပ်ကမ်းသာလမ်းရှိ Y.W.C.A အဆောက်အအုံးရှိ ရန်ကုန်အင်္ဂလိပ်စာသင်ကြားရေးကျောင်း ဖြစ်သည် ။

(မှတ်ချက် ၊ လွန်ခဲ့သော ဆယ်နှစ်ခန့် က အဆိုပါနေရာတွင် ရန်ကုန်မြို့ ၏ အစောဆုံးနှင့် နာမည်ကြီးဆုံးအင်္ဂလိပ်စာသင်တန်းကျောင်းတစ်ခုရှိပါသည်။ ယခု အချိန်တွင် မူ အခြားသော အင်္ဂလိပ်စာ သင်တန်း ကျောင်းမှ အဆိုပါအဆောက်အအုံတွင် ပြောင်းလဲဖွင့်လှစ်ထားပါသည်။)

ကျွန်တော် ငယ်စဉ်က သင်ကြားခဲ့ဖူးသောကျောင်း စာသင်ခန်း များနှင့် မည်သို့ မျှ ဆက်စပ်၍ မရသော သင်တန်းကျောင်းကြီးဖြစ်သည။်

အင်္ဂလိပ်စာ သင်တန်းဆရာကြီး၏ ဥပတိရုပ်ကပင် ဥရောပ သားတစ်ယောက်နှင့်တူလှပါသည်။ အထူးခြားဆုံးသော အမှတ်လက္ခဏာ မှာ ကျောအထိအောင်ရှည်လျားလှသည့် တွန့် ကြေကြေ ရှိသော ကြေးနီရောင်ထ နေသည့် ဆံပင်များဖြစ်ပါသည်။ အစ ပထမရက်များတွင် ဆရာ ကို ခပ်ရွံ့ ရွံ့ ရှိလှသည်။ သို့ သော် ဟာသဥာဏ်ရွှင်ရွှင်ဖြင့် စာသင်ကြားတတ်သော ဆရာ၏ ခင်မင်နှစ်လိုဖွယ်စရိုက်ကြောင့် မကြာမီအချိန်အတွင်းပင် အကြောက်ပြေကာ ဆရာ့အား ခင်မင်လျက်ရှိလာသည်။

ခပ်တုံးတုံးဓားတစ်လက်ကို နေ့ စဉ်လိုလို ဓားသွေးကျောက်ပေါ်တွင် တမြမြသွေး ပါက ထက်မြက်လာသလို ကျွန်တော်၏ အင်္ဂလိပ်စာ စွမ်းရည်သည်လည်း သင်တန်းကာလ ခြောက်လ ခန့် အကြာတွင် အတော်အတန် ပြောနိုင်ဆိုနိုင်သော အနေအထားသို့ ရောက်ရှိလာပါသည်။ ဆရာသည် တပည့်တစ်ဦးကို ပြောဆို ၊ ဆိုရဲ ရှိလာအောင် သင်ကြားပေးသည့်နေရာတွင် သူမတူအောင် ထူးချွန်လှပါသည်။

ဆရာသည် အမေရိက တွင်ပညာသင်ခဲ့ဖူးသည့်အတွက် သူ၏ သင်ကြားပုံနည်းစနစ်များမှ ကျွန်တော့်အတွက်အထင်ကြီးလေးစားဖွယ်ရာများပင် ။ The Art of Teaching ဟုခေါ်သည့် သင်ကြားမှူ့ အနုပညာ ဆိုသည်ကို တပည့်များနားလည်အောင်သင်ကြားနိုင်စွမ်းရှိသည်။

အဆိုပါ အင်္ဂလိပ်စာသင်တန်းသည် ကျွန်တော့်ဘ၀ အတွက် အင်္ဂလိပ်စာ စွမ်းရည်ကိုသာမက ၊ အတွေးအခေါ်နှင့် ပင်ကိုယ်စရိုက်တို့ ကိုပါ ပြောင်းလဲ သွားစေခဲ့ပါသည်

ကျွန်တော်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်းယောကျာ်းလေးများသာ တတ်ရသည့် စိန်ပေါလ်ဟုခေါ်သော ယောကျာ်းလေးကျောင်းတွင်သာ နေခဲ့ရသည်။ ကျွန်တော်တွင် ညီအစ်ကို နှစ်ယောက်သာ ရှိသည်။ မောင်နှမ ၀မ်းကွဲများနှင့်လည်း ဖက်လှဲတကင်းနေလေ့မရှိပါ။ ထို့ ကြောင့်ကျွန်တော်သည် တစိမ်း မိန်းကလေးများနှင့်ပြောဆိုဆက်ဆံရာတွင် လွန်စွာမှ အရှက်အကြောက်ကြီးသော ခပ်တုံးတုံး ခပ်အအ ကုပ်ကမြင်းဘွဲ့ ခံ လူငယ်လေးတစ်ဦးသာဖြစ်ခဲ့ပါသည်။

ထိုစဉ်က ကျွန်တော့်ခံစားချက်သည် တစိမ်း မိန်းကလေးတစ်ဦးနှင့် စကားပြောမည်လော ၊ ကျား အမြီး ပြေးဆွဲမည်လော ဟု ဆိုလျှင် .ကျွန်တော်သည် ကျားအမြီးကိုသာ ကျေကျေနပ်နပ်ကြီး ပြေးဆွဲလိုက်ချင်ပါသည်။ အဘယ်ကြောင့်မှန်းမသိ မိန်းကလေးများနှင့် စကားပြောရပြီဆိုလျှင် လက်ဖျား ခြေဖျားများ အေးစက်ပြီး ရင်ထဲတွင်လည်း တလှပ်လှပ်ဖြစ်လာပါသည်။ ရင်တုန် ပန်းတုန် ရှိလိုက်လေခြင်း ။

ထို အချက်ကို သိသော ဆရာက ကျွန်တော့်အား အမြဲလိုလို မိန်းကလေးများနှင့်သာ ယှဉ်တွဲစကားပြောစေပါသည်။

မလွဲသာ မရှောင်သာ ပဲ ဆရာ့အမိန့် ဖြင့် စကားပြောရပြီ ဆိုလျှင်လည်း အနှီ မိန်းကလေးငယ် ၏ မျက်နှာကို မကြည့်ဝံ့သဖြင့် ကျွန်တော်သည် မျက်နှာကျက်ကိုမော့ကြည့်လိုက် ၊ ကြမ်းပြင်ကို ငုံ့ ကြည့်လိုက်ဖြင့် စကားပြောလျှင် အထစ်ထစ် အငေါ့အငေါ့ ဖြစ်လျှက်ရှိပါသည်။ Paring ဟုခေါ်သည့် နှစ်ယောက်မျက်နှာချင်းဆိုင် အင်္ဂလိပ်စကားပြော English Conversation ပြုလုပ်ရာတွင် အမြဲလိုလိုကျွန်တော်နှင့်တွဲသော မိန်းကလေးများကသာ ကျွန်တော့်ကို ဦးဆောင်ပြီး ပြောခဲ့ရသည် ချည်းပင်။ (..အော်… ယောက်ျားလေး က.စ.. ရမှာလား ခင်ဗျား)

ဆရာသည် ကျွန်တော်၏ လူတောမတိုးသည့် စိတ် .( တစ်နည်း ) မိန်းမ ကြောက်သည့်စိတ်ကို လျော့ပါးပျောက်ကွယ်စေရန် မှားယွင်းသော စိတ်နေသဘောထား (wrong attitude) ကို ပြုပြင်ရန်ဖြောင်းဖျပြောဆိုသည်။ လောကတွင် ယောက်ျားနှင့် မိန်းမ နှစ်မျိုးသားရှိသည့်အတွက် ကိုယ်သည် ယောကျာ်းများနှင့်သာ ပြောဆိုဆက်ဆံပါမည်ဟု စိတ်ပိုင်းဖြတ်ထား၍ မရစကောင်းပေ။

ထို အချိန်မှ စတင်၍ ကျွန်တော်၏ မှားယွင်းသော အတွေးအခေါ်များကို မြေလှန်ခဲ့ပါသည်။ ယနေ့ အချိန်တွင် ကျွန်တော်၏ သူငယ်ချင်းစာရင်းကို စစ်တမ်းကောက်ယူကြည့်ပါလျှင် မိန်းကလေး သူငယ်ချင်း များသည် ရှစ်ဆယ်ရာခိုင်နှူန်း ( ၈၅%) ခန့် ရှိနေသည်ကို အံ့အားသင့်ဖွယ်ရာ တွေ့ ရလေသည်။ မိန်းကလေးများနှင့် စကားပြောလျှင်လည်း ဟိုးယခင်ကလို ခွေးအ ကြီး လှည်းနင်း သလို မဟုတ်တော့ပဲအာသွက် လျှာသွက်နှင့် ပြုံပျော်ရယ်ရွှင်စွှာပြန်ပြောနိုင်ခြင်းသည် အမှားသိ၍ အမှန်ပြင်ခဲ့ခြင်း၏ ရလာဒ် ပင်မဟုတ်ပါလော။

ထို့ ကြောင့် . အဆိုပါ အင်္ဂလိပ်စာသင်တန်းကျောင်းမှ ဆရာသည် ကျွန်တော့်ဘ၀ အတွက် အင်္ဂလိပ်စာ ကိုသာမက ပေါင်းသင်းဆက်ဆံရေး သဘောတရားများကိုပါသင်ကြားပေးခဲ့ ပါတကား ။



ကွန်ပြူတာ ဟု ဆိုရာဝယ်

ကျွန်တော် ငယ်စဉ်က ကွန်ပြူတာ ဆိုသည့်အရာကို လွန်စွာမြင်ဖူးချင်သည့်အတွက် . ကျောင်းရှိ ကွန်ပြူတာ ခန်းသို့ ပြတင်းပေါက်မှ ချောင်းမြေင်းကြည့်ရှုခဲ့ဖူးပါသည်။

ကွန်ပြူတာ ဆိုသည်မှာ လက်နှိပ်စက် နှင့် တီဗွီ ကို ပေါင်းစပ်ထားခြင်းပင်ဖြစ်သည်ဟု ထိုစဉ်က မိမိဘာသာ နားလည်ခဲ့ပါသည်။ ဆယ်တန်းအောင်ပြီးသော်အခါ ရန်ကုန်မြို့ ရှိ နာမည်အကြီးဆုံး ကွန်ပြူတာ သင်တန်းကျောင်းကြီးကိုတတ်ရောက်ခဲ့ပါသည်။ ပြီးနောက် ထိုသင်တန်းကျောင်းတွင်ပင် နည်းပြဆရာ (Instructor)အဖြစ် အလုပ်ဝင်ခဲ့ပါသည်။ ထို ကွန်ပြူတာကျောင်းကြီး၏ ကျေးဇူးကြောင့် ကျွန်တော်သည် ကွန်ပြူတာနှင့် ပတ်သက်လျှင် အတော်အတန် တီးမီးခေါက်မိရှိသော အခြေအနေသို့ ရောက်ခဲ့ပါသည်။

ကျွန်တော်တို့ ရဲ့ ကွန်ပြူတာ သင်တန်းကျောင်းသည် ရန်ကုန်မြို့ တွင် အစောဆုံးပေါ်ပေါက်ခဲ့သော ကျောင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် လည်း အကြီးဆုံး ကွန်ပြူတာသင်ကြားရေးစင်တာကြီးဖြစ်ပါသည်။

သင်တန်းကျောင်း၏ အမည်ကို တချို့ က ကဗျာဆန်ဆန် (Kiss Me Darling) ဟုသမုတ်ကြသည်။ တချို့ ကလည်း ဟာသဥာဏ်ရွှင်ရွှင်ဖြင့် ကိုမိုးဒီ (Ko Moe Di) ဟု ကျယ်စယ်နောက်ပြောင်ကြသည်။ မည်သို့ ပင်ဆိုစေ ကျွန်တော်တို့ သင်တန်းကျောင်းကြီးကတော့ သစ်တစ်ပင်ကောင်း ဌက်တစ်သောင်းနား ရ ဟူသည့်စကားအတိုင်းပင်။

ရောက်ရှိလာသူ ခုနစ်ရက်သားသမီးအပေါင်းတို့ ကို ခေတ်မီ ကွန်ပြူတာ နည်းပညာ ကြီးများ ဝေဌ ဖြန့် ဖြူးလေ့ရှိပါသည်။ ထို့ အတူ ကျွန်တော်တို့ သင်တန်းဆရာ ၊ မ များသည်လည်း နေ့ စဉ်နှင့်အမျှ တိုးတက်ပြောင်းလဲနေသော နည်းပညာများကို မျက်ခြေမပြတ် ဆည်းပူးလေ့ လာခွင့်ရကြပါသည်။ အကျီ င်္လက်ရှည်အဖြူနှင့် ယေပုဆိုး အညိုရောင်ကလေးကိုဝတ်ကာ ကျက်သရေမင်္ဂလာရှိလှသော ဆရာ ဟူသည့်ဘ၀ကို ရရှိခဲ့ဖူးသည်။

ထို့ ကြောင့် ငယ်စဉ်ကျောင်းသား ဘ၀၌ အခြားသူများက ကွန်ပြူတာကြီးကို နှိပ်ပြလျှင် မျက်စိသူငယ် နားသူငယ် . ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေရသော ဘ၀မှ ယခုအချိန်တွင် ကွန်ပြူတာရှေ့ စမတ်ကျကျထိုင်ကာ အခြားသူများကိုပင် ပြန်လည်၍ ပညာပြန်သင်ပေးနိုင်သော ဆရာ ဘ၀ သို့ ရောက်ရှိခဲ့ပါသည်။ နံနက်ပိုင်းတွင် ပညာ ၀မ်းစာ ဖြည့်တင်းပြီး ညနေပိုင်းတွင် သင်တန်းသားများကို တတ်သိနားလည်သမျှ ပြန်လည်သင်ကြားပေးရင် မိမိ၏ ပင်ကိုယ်အရည်အချင်းများပါ တိုးတက်လာခဲ့ရပါသည်။

သင်တန်းကျောင်းကြီးသည် ကျွန်တော့်ကို ကွန်ပြူတာစွမ်းရည်သာမက လူမှူ့ ပေါင်းသင်းဆက်ဆံရေးကိုပါ သင်ကြားပေးခဲ့လေသည်။ နေ့ စဉ်ရာချီသော သင်တန်းသူ ၊ သင်တန်းသားများ နှင့်သာမက မိမိနှင့် ဘ၀တူ သင်တန်းဆရာ ၊မ များနှင့်လည်းထိတွေ့ ဆက်ဆံရသည်။ ထို့ ကြောင့် ယခင်က မိန်းကလေးများနှင့် စကားပင်မပြောရဲ လောက်အောင် လူတောမတိုးရဲသောဘ၀မှ နေ့ စဉ် သူငယ်ချင်းဆရာမငယ်လေးများ နှင့် တပည့် မိန်းကလေးပေါင်းများစွာနှင့် ပြောဆိုရလေတော့သည်။

ထို နေ့ ရက်များသည် ကျွန်တော့်ဘ၀၏ ရွှေရောင်နေ့ ရက်များဖြစ်သည်။ အလှချင်းပြိုင်ကာ အစွမ်းကုန်ဖူးပွင့်ပန်းကလေးများနှယ် သင်တန်းသူ နှင့် ဆရာမငယ်လေးများ အကြား၌ ၀ိုင်းဝိုင်းလည်နေသော ကျွန်တော်၏ ဘ၀သည် ပန်းမြိုင်လယ်က ဥယျာဉ်မှူးကြီး ပင်တည်း ။ ဤသို့ စန်းပွင့်လိုက် ပုံများ ဋီကာချဲ့ လျှင် အတော်အတန်ထူထဲပြီး ဖတ်လို့ ကောင်းသော ၀တ္တုတစ်ပုဒ်ဖြစ်ဖွယ်ရှိ၏။

ဘ၀၏ ကျေးဇူးရှိလှသော ဆရာများ စာရင်းတွင် အဆိုပါ သင်တန်းကျောင်းကြီးနှင့်တကွ သင်တန်းကျောင်းမှ ဆရာ ၊ မ များ ၊ မိမိအားလမ်းညွှန်ပြသပေးသော မိတ်ဆွေသူငယ်ချင်းများကိုလည်း ချန်လှပ်ထား၍ မရနိုင်ပေ။ ထို သင်တန်းကြီးကို အောင်မြင်ကြီးပွားအောင်တည်ထောင်ခဲ့သည့် ဆရာ ဟုခေါ်သည့် ပုဂ္ဂိုလ် ကြီး၏ ကျေးဇူးကလည်း အနန္တပါတကား ။

တွေ့ ဆုံ ကြုံ ကွဲ ဆုံမြဲဓမ္မတာမို့  . သင်တန်းကြီးနှင့် ဝေးကွာခဲ့ရသော်လည်း . ကွန်ပြူတာခလုတ်ကို နှိပ်လိုက်တိုင်း သူတထူး ၏ ကျေးဇူးတရားကို ပြန်ပြောင်းအောက်မေ့ လျှက် လက်အုပ်ချီမိုး ရိုကျိုးလျက်ပါ။



အနုပညာသမား စစ်စစ်ကြီး တစ်ဦး

စာရေး ၊ စာဖတ်ခြင်းစသည့် စာပေ ၀ါသနာထုံလှသော ကျွန်တော်သည် တနေ့ သောအခါ သတင်းစာထဲတွင် စိတ်ဝင်စားစရာ ကြော်ငြာတစ်ခုကိုတွေ့ မိသည်။

ဝတ္တု ၊ ဇာတ်ညွှန်းရေးနည်းသင်တန်း ဖြစ်သည်။ ထို့ ကြောင့် သင်တန်းသို့ သွားရောက်စုံစမ်းကြည့်၏ ။ ကျွန်တော် ထင်ထားသည်က စာရေးဆရာဆိုသည်မှာ တိုက်ပုံအကျီ င်္ကြီးကို ၀တ်လျက် မျက်မှန်ထူထူကြီးဖြင့် မိန့် မိန့် ကြီးထိုင်ကာ နေမည့်သူ ဟုတွေးထင်ထားမိ၏ ။

သို့ သော သင်တန်းသို့ ရောက်သောအခါ သင်တန်းချိန် စပြီး ဆယ်မိနစ်အထိ သင်မည့် စာရေးဆရာ ကို ရှာမတွေ့ သေး ။ အတန်ကြာသော ကျွန်တော့် အနားမှ ဆံပင် ဂုတ်ဝဲနှင့် အရပ် အမောင်း မမြင့်မားလှသော လူငယ်တစ်ဦးက White Board ရှေ့ ဆရာထိုင်ခုံတွင် ထိုင်ကာ သင်ခန်းစာ စာအုပ်များကို လှမ်လျှက်ရှိနေသည်။ ခြေထောက်တွင် အခန်းတွင်းစီးရလေ့ရှိသည့် အမွှေးမွ ဖိနပ်ကြီးကို စီးကာ ၊ ကောဖီခွက် ကိုင်ရင်း ကျွန်တော်တို့ ကိုကြည့်လိုက်၏ ။

ကျွန်တော်ထင်သည်ကား . စာရေးဆရာကြီး ၏ တူ သော်လည်းကောင်း ၊ သား သော်လည်းကောင်းဖြစ်မည်ဟု မှတ်ထင်မိ၏။

သို့ သော် အဆိုပါ လူငယ်လေးမှ ယနေ့ စ.သင်မည့် သင်ခန်းစာ ဟု ဆို လိုက် လေသည်။

ဒီတော့မှ သြော် . ငါတို့ ကို သင်မည့် စာရေးဆရာဆိုတာ သူ ပါလား ဟု နားလည်မိ၏ ။

ဆရာသည် သူ၏ အသက်နှင့်စာလျှင် သူ၏အနုပညာ အရှိန်အ၀ါက ပိုကြီးမည်ဟု ယူဆနိုင်သည်။ ရန်ကုန်မြို့ တွင် နာမည်ရ အနုပညာ လုပ်ငန်းစု တစ်ခုကို ဦးဆောင်လျက်ရှိသည်။ မအားလပ်သည့်ကြားထဲမှ နေ၍ သူ၏၀ါသနာအရ သူတတ်ထားသည့် စာပေအနုပညာကို တဆင့်ပြန်လည်ပို့ ချနေခြင်းဖြစ်သည်။

ယခုလို အခြေအနေ မျိုးရောက်ရှိအောင် သူ ရုန်းကန်ခဲ့ရပုံများကလည်း အားကျဖွယ်ရာပင်။ အနုပညာ လောကထဲသို့  မည်သည့်အဆက်အသွယ် အထေက်အပံ့ မှ မရှိ ၊ မိဘများကို အတိုက်အခိုက်ပြုကာ သူ ယုံကြည်ရာကို စွဲကိုင်ခဲ့သည်။ ပင်ကိုယ်ကြိုးစားမှူ့ ဖြင့် ထို အခြေအနေအောင်မြင်မှု့ မျိုးကိုရောက်အောင် အတော့်ကို ကြိုးစားခဲ့ရသည်။

ယခုလို အနုပညာ ၀ါသနာရှင်များကို ပညာလှူ ကာ မြေတောင်မြောက်ပေးချင်သည် ဆရာ့ စေတနာကား သာဓုခေါ်ဖွယ်ရာပင်။

ဇာတ်လမ်းတည်ဆောက်ပုံ ၊ ဇာတ်အိမ်ခွဲပုံ နှင့် ထင်ပေါ်ကျော်ကြားသော စာရေးဆရာ . အနုပညာသည်တို့ အကြောင်းကို စိတ်ဝင်စားဖွယ် ရှင်းလင်းပြောပြ၏ ။

တရုတ်သွေးပါသော ကျွန်တော့် ပုံစံကိုကြည့်ကာ ဆရာက . ဂျပန် ကင်ပေတိုင် နှင့်တူသည်ဟု ဆိုပြီး…ကင်ပေတိုင် ဟု အမည်ပြောင်ချစ်စနိုးခေါ်တတ်သည်။

ကျွန်တော်သည် ထိုသင်တန်းကို သုံးလ မျှသာ တတ်ရောက်နိုင်ခဲ့သော်လည်း စာပေနှင့်ပတ်သက်လျှင် အတော်အတန်တီးခေါက်မိလာသည်။

ဇာတ်လမ်းတစ်ပုဒ် ၊ ရုပ်ရှင်တကားကို ယခင်ကလို ပေါ့ပေါ့တန်တန်မကြည့်တော့ပဲ ၊ ဇာတ်လမ်း အချိတ်အဆက်နှင့် အနုပညာသည်တို့ ၏ ပြကွက်ကောင်းများကို သေချာစွာကြည့်ရျူ့ တတ်လာသည်။

ဆရာသည် Harry Potter ဟုဆိုသည့် အနောက်တိုင်း မှော် တစ္ဆေ ၀တ္တုကြီးကို ဖတ်ခိုင်းပြီး ဇာတ်လမ်းခွဲခိုင်းသည်။ ကျွန်တော်သည် အစ .ပထမတွင် ကလေး ကြိုက်ဟု ပေါ့ပေါ့တန် တွေးထင်ထားသော စာအုပ်သည် . တကယ်တမ်း ဖတ်ကြည့်သောအခါ ခိုင်မာသော ဇာတ်အိမ်နှင့် စိတ်ဝင်စားဖွယ်ဖြစ်အောင်တင်ဆက်ထားသည်ကို တွေ့ ရသည်။

ဆရာကိုယ်တိုင်ကလည်း အဆိုပါ . တစ္တေ ၊ သရဲ ၊ အောက်လမ်း စသည်တို့ ကို ၀ါသနာထုံ သည်။ ဖြစ်နိုင်လျှင် တစ္ဆေနှင့်ပတ်သက်သော ကျမ်းတစ်စောင်ရေးဖွဲ့ ချင်သည် ဟု ပြောဖူး၏။ ဆရာ ၏ အချစ်ဝတ္တုများသည်လည်း သာမန် မဲပြာပုဆိုး ဇာတ်လမ်းတို့ မှ ခွဲထွက်နိုင်သူအဖြစ် ပရိသတ်ကလက်ခံထားသည်။

လွန်ခဲ့သော ခြောက်လ ခန့် က . ဂျာနယ် တစ်စောင်တွင် ဆရာပုံနှင့်တကွ အင်တာဗျူးတစ်ခု ဖျတ်ခနဲ တွေ့ လိုက်ရသည်။

ယနေ့ မြန်မာ ၀တ္တုလောက၏ တစ္ဆေ သရဲ ၀တ္တုလိုင်းဘက်တွင် . အနုပညာကြေးအမြင့်ဆုံးရသည့် စာရေးဆရာတစ်ဦးအဖြစ် ရပ်တည်နေကြောင်းဝမ်းမြောက်ဖွယ်ရာသိလိုက်ရသည်။ ကလောင်အမည်သစ် ဖြင့် အောင်မြင်မှူ့ ရနေသော ပြုံရွှင်နေသည့် ဆရာ့ ဓာတ်ပုံကို ကြည့်ကာကြည်နူးရင်း ဖြင့် အဝေးရောက် တပည့်တစ်ဦး က ဂျာနယ်ထဲမှ ဆရာ့ ပုံအား ဂါရ၀ ပြုလျက်။





တောင်တန်းကြီးသဖွယ် စိတ်ဓာတ်ခိုင်မာရမည် (ရာမတို တာမာချီ)

ဂျပန်လူမျိုးများသည် လွန်စွာစိတ်ဓာတ်ထက်သန်ပြင်းပြသော လူမျိုးဖြစ်သည်။ ထို့ အတူ ကျွန်တော်၏ ဂျပန်ဆရာကြီးသည်လည်း ကျွန်တော့်အား ၄င်းတို့ ၏ စိတ်ဓာတ်မျိုး တစ်နည်း ဆာမူရိုင်း စိတ်ဓာတ် ဟုဆိုရမည့် ပြင်းပြသော စိတ်ဓာတ်ရှိစေချင်သည်။ ကျွန်တော်သည် ဂျပန်ဘာသာစာ နှင့် စကားကို သုံးလ ကျော်ခန့် မျှ လေ့လာဆည်းပူးခဲ့ဖူးသည်။ သာမန်သင်တန်းတတ်ခြင်းမျိုးမဟုတ်ပဲ မိုးလင်းမှ ညနေစောင်းအထိ နေ့ စဉ် အားသွန်ခွန်စိုက်ကြိုးစားပမ်းစားသင်ခဲ့ဖူးသည်။ ဂျပန်ပြည်ကြီးသို့ သွားရန် ကံမပါခဲ့သော်ငြားလည်း လွန်စွာသဘောကောင်းသည့် ဂျပန်လူမျိုး ဆရာကြီးနှင့် တွေ့ ဆုံခွင့်ရခဲ့လေသည်။

ဆရာကြီးသည် ဂျပန်တို့ ၏ ဥပတိရုပ်အတိုင်း ထူထဲလှသောနှူတ်ခမ်းမွှေးကြီးနှင့် အရပ်မနိမ့်မမြင့်ရှိလေသည်။ သို့ သော် မျက်လုံးများက မှေးမနေ ။ မျက်ခုံးများက ကောင်းလှ၏ ။

ငယ်စဉ်ကတည်းက အမေရိက နှင့် ဥရောပနိုင်ငံများတွင်နေထိုင်ခဲ့သဖြင့် အင်္ဂလိပ်စကား ပြောလွန်စွာ အဆင့်မြင့်လေသည်။ ဂျပန်ပြည်မှ မြန်မာနိုင်ငံသို့ တစ်ကိုယ်တည်း လာကာ အစားဆင်းရဲ အနေဆင်းရဲ ဖြင့် ကျွန်တော်တို့ အား ပညာဖြန့် ဝေပေးသော လူမျိုးခြား ဆရာကြီး၏ စိတ်ဓာတ်ကား ချီးကျူးဖွယ်ရာပင်ဖြစ်တော့သည်။

ကျွန်တော်သည် ဆရာကြီး၏ သင်ခန်းစာများကို အပတ်တကုပ်ကြိုးစားခဲ့သဖြင့် ဆရာ ချစ်သောတပည့်တစ်ဦးဖြစ်ခဲ့သည်။ တွေ့ ဆုံရသော သုံးလတာ ကာလတိုလေးအတွင်ပင်

ဆရာသည် ကျွန်တော်တို့ အား အတော့်ကို ခင်မင်ခဲ့သည်။

တက်ကြွစွာ စာသင်တတ်သော ဆရာ ၊ မြန်မာစကား မပီကလာပီကလာ ပြောတတ်သော ဆရာ ၊ သင်တန်းချိန်နောက်ကျလျှင် ခွင့်ပန်ပြီးမှ စာသင်ခန်းသို့ ဝင်စေသော ဆရာ ။

ဆရာသည် ယခုချိန်တွင် ဂျပန်ပြည်ကြီး၌ ရောက်နေသော်လည်း ကျွန်တော်တို့ မြန်မာလူမျိုး တပည့်များအား မမေ့နိုင်သေးပေ။ ကျွန်တော်က ပြည်ပတွင်ရောက်ရှိနေကြောင်း ၊ ဟိုတယ်တွင် ဧည့်ကြိုကောင်တာတွင် ဂျပန်ဧည့်သည်များနှင့် ရံဖန်ရံခါ တွေ့ ဆုံလေ့ ရှိကြောင်းသိရသော်အခါ တတ်သည့်ပညာမနေသာ သောကျွန်တော်၏ ဂျပန်ဆရာကြီးသည် အင်တာနက်မှတဆင့် ဂျပန်စကားပြောများကို နှူတ်တိုက်ချပေးပါသည်။ ဆရာ့ကျေးဇူးကြောင့် တိုင်းတပါးတွင် ကျွန်တော်သည် မျက်နှာပွင့်စွာ လုပ်ကိုင်နိုင်ခဲ့ချေပြီ ။

ယခုအချိန်တွင် ကျွန်တော်တို့ ၏ ဆက်ဆံရေးသည် သာမန် ဆရာ . တပည့် ဆက်ဆံရေးမဟုတ်တော့ပဲ . တကယ့် မိတ်ဆွေရင်းချာပမာ နွေးထွေးလျက်ရှိပါသည်။

ဆရာ အမြဲပြောလေ့ရှိသည့် . ရာမတို တာမာချီ .. တောင်တန်းကြီးသဖွယ် စိတ်ဓာတ်ခိုင်မာပါစေ ဟူသည့်စကားလေးကို နှလုံးမူလျက် ကျွန်တော်၏ နီပွန် စန်းဆေးကြီး အား ဂါရ၀ပြုလိုက်ရပါသည်။



အထက်မြက်ဆုံး နှင့် အလွှမ်းမိုးဆုံး ဆရာတစ်ဦး

IELTS ဆိုသည့် အင်္ဂလိပ်စာစွမ်းရည်စစ် စာမေးပွဲ အကြောင်းကို လူတိုင်းကြားဖူးကြပေမည်။ ထို့ အတူ ရန်ကုန်မြို့ တွင်လည်း IELTS သင်တန်းပေါင်းမြောက်မြားစွာရှိလေသည်။ ထိုမြောက်မြားလှစွာသော သင်တန်းကျောင်းများအထဲတွင် ကျွန်တော်၏ IELTS ဆရာသည် ရန်ကုန်မြို့ တွင်အစောဆုံး အင်္ဂလိပ်စာသင်တန်းဆရာများ ထဲမှ တစ်ဦးဖြစ်သည်။

ဆရာ့၏ အသက်အရွယ်က လူလတ်ပိုင်းမျှသာ ရှိသေးသော်လည်း IELTS အင်္ဂလိပ်စာ သင်သည့်သက်တမ်းကမူ ဆယ်စုနှစ် နှစ်ခု ကျော် မျှ ရှိလေသည်။

Britian ဗြိတိန်နိုင်ငံမှ Queen Victoria ၀ိတိုရိယ ဘုရင်မကြီးကို ပြည်သူများက ( Born for rule) ဟုဆိုကြသည်။ လူတွေကို အုပ်ချုပ်ဖို့ မွေးဖွားလာသည်ဟု ဆိုသည်။

သို့ ဆိုလျှင် ကျွန်တော်၏ IELTS ဆရာကိုလည်း (Born for teach) . တပည့်များကို စာသင်ကြားပေးရန် မွေးဖွားလာခဲ့သည်ဟု ဆိုလျှင် ပိုနိုင်ဖွယ်မရှိပြီ။ ဆရာ၏ လက်ရှိအသက်အရွယ်နှင့် နှိုင်းစာလျှင် သူရရှိထားသော အောင်မြင်မှူ့ တို့ က အထင်ကြီးလေးစားဖွယ်ရာပင်ဖြစ်သည်။

ကျွန်တော့် ဆရာသည် နိုင်ငံခြားကုမ္ပဏီကြီးတစ်ခု၏ ဘာသာပြန်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးသည် ဟု သိရှိရသည်။

ကျွန်တော် ဆရာနှင့် စတင်ဆုံဆည်းကတည်းက အထူးသတိထားမိသည်က အင်္ဂလိပ်စကားကို တကယ့် အင်္ဂလိပ်ကြီးတစ်ယောက် ပြောဆိုနေသည့်ပုံနှယ်။

အမြဲလိုလို Fashion ဖက်ရှင်ကျနစွာ ၀တ်စားဆင်ယင်ပြီးလူငယ်များနှင့် လိုက်လျောညီထွေစွာနေတတ်သည်မှာ ဆရာ၏ ပင်ကိုယ် စရိုက်တမျိုးပင်ဖြစ်သည်။

မြန်မာပီသသော လေးထောင့်စပ်စပ်မျက်နှာ ပေါ်ဝယ်အမြဲလိုလို ချိုမြသောအပြုံးလေးဖြင့် တပည့်များကိုစာသင်ကြားလေ့ရှိသည်။ ညိုညက်သော အသားအရေသည် အားကစားသမားတစ်ဦးပီသစွာပင် စိုပြေလျက် ညက်လှပြာစင် ဟု ဆိုဖွယ်ရှိသည်။ သန်မာထွားကျိုင်းလှသော ခန္ဓာကိုယ်အချိုးအဆစ်သည် ကိုယ်ခံပညာများကိုလိုက်စားထားမှန်းသိသာ စေသည်။

ဆရာသည် သူ၏တပည့်များထဲမှ IELTS စာမေးပွဲကို အမှန်တကယ် ဖြေဆိုမည့်သူများကို အနီးကပ် Special သင်တန်းသဘောမျိုးဖြင့် မိုးလင်းမှ ညနေစောင်း နေ၀င်မိုးချုပ်ချိန်အထိ ကြပ်မတ်သင်ကြားပေးလေ့ရှိသည်။ ကျွန်တော်တို့ သည် ဆရာ၏ သင်တန်းကို တနေကုန်နီးပါးခန့် တတ်ရလေ့ရှိပြီး IELTS သင်ခန်းစာများကို အားသွန်ခွန်စိုက်ကြိုးစားကြရသည။်

ဆရာ၏ ဆုံးမ စကား သည် ဘယ်အရာကို လုပ်လုပ်စိတ်ဓာတ်ပြင်းပြင်းနဲ့ အောင်မြင်အောင်လုပ်ဆိုသည့်အတိုင်း . ခိုင်းသမျှကို တသွေမတိမ်းလုပ်မှကြိုက်သည်။ ဘွင်းဘွင်းရှင်းရှင်းပြောတတ်ပြီး ၊ တပည့်များကောင်းကျိုး၏နှင့် ယှဉ်လာလျှင် အမုန်းခံ ပြီး ဆူပူ ဆုံးမတတ်လေသည်။ စာသင်ခန်းထဲတွင် ကျွန်တော့်အား မင်း ၊ ငါ စသော အသုံးအနှုန်းဖြင့် သုံးလေ့ရှိသော်လည် ၊ နှစ်ဦးတည်း တွေ့ ဆုံချိန်တွင်မူ . ကျွန်တော် ၊ ခင်ဗျာ စသည့်အသုံးအနှူန်းများကို သင့်လျော်သလို ပြောင်းလဲသွားတတ်သည်။

သူ၏ အတွေ့ အကြုံရှိသောသင်ကြားမှူ့ နှင့် ထိရောက်သော Class Management များကြောင့် လစဉ်လိုလို ကျောင်းသားများ၏ စာမေးပွဲဖြေဆိုမှူ့ အဆင့်သည် အထင်ကြီးလေးစားဖွယ်ရာ ရလဒ် များပေါ်ထွက်လေ့ရှိသည်။

IELTS စာမေးပွဲကို ဖြေဆိုကြမည့်သူအများစု၏ ရည်ရွယ်ချက်သည် ပြည်ပနိုင်ငံများသို့ ထွက်ခွာပြီး ပညာဆက်သင်မည့်သူနှင့် အလုပ်လုပ်ကိုင်ကြမည့်သူများသာဖြစ်သည်။

နိုင်ငံခြားသို့ ရောက်လျှင် တပည့်များ ပေါင်းသက်ဆက်ဆံရေးပြေလည်စေရန် ၊ တိုင်းတပါးယဉ်ကျေးမှူ့ ကို နားလည် တတ်စေရန် အနောက်တိုင်း အက ၏ အခြေခံ များကိုလည်း သင်ကြားစေသည်။ Cultural Shock ဟုဆိုရမည့် ယဉ်ကျေးမှူ့ ပဋိပက္ခ များကိုနားလည်စေရန် ရည်ရွယ်သည်။ အနောက်တိုင်းလူယဉ်ကျေး လူကြီးလူကောင်းများ သာ က လေ့ ရှိသည့် Ballroom Dance ဆိုသည်မှာ မိမိ၏ social skill ပေါ်လွင်ထင်ရှားစေသော အကောင်းဆုံးနည်းဖြစ်သည်။

ရေခြားမြေခြားတွင် အရေးကြုံက သက်လုံကောင်းစေရန် . အခြေခံ လက်ဝှေ့ ထိုးနည်းကိုလည်း ကျောင်းသူ . ကျောင်းသား မရွေး ၀ါသနာပါက တတ်မြောက်စေသည။်

ထို့ ပြင် အနုပညာဆန်သော ဓာတ်ပုံရိုက်ချက်များကလည်း အသက်ဝင်လှသလို ၊ ဓာတ်ပုံ နှင့်ပတ်သက်သည့်မှတ်သားဖွယ်ရာများကိုလည်း ပြောပြတတ်သည်။

ကျွန်တော်တို့ အတွက် ဆရာ သည် သာမန် IELTS အင်္ဂလိပ်စာ သင်တန်းဆရာ ဆိုသည်ထက်ပိုမိုသော အရည်အချင်းများနှင့်ပြည့်စုံသူဟု ဆိုရပေမည်။

ကျွန်တော်သည် ဗေဒင် . လက္ခဏာများကို တတ်ကျွမ်းနားလည်မှူ့ မရှိသော်လည်း . ဆရာ က လက်ဟန်ခြေဟန်ဖြင့်စကားပြောတိုင်း ညာဘက်လက်ဖ၀ါးရှိ ထီးရိုး ဟုခေါ်သည့် အောင်မြင်ရေးလမ်းကြောင်းကြီးက ထင်ရှားပြတ်သားစွာ ဖြောင့်တန်းနေသည်ကို အံ့သြဖွယ်ရာတွေ့ ရသည်။ ရှား မှ ရှားသည့် အရည်အချင်းများနှင့် ပြည့်စုံသော အောင်မြင်သည့် ဆရာကောင်းတစ်ဦးဖြစ်သည်။

တပည့်များနှင့် ထမင်းလက်ဆုံ စားရမှ ကျေနပ်သောဆရာ ၊ စာ နှင့်ပတ်သက်လျှင် တိကျသော သံမဏိစည်းကမ်းများနှင့် ထိန်းချုပ်သော ဆရာ ၊ တပည့်များကို အမှန်ပင် ထူးချွန်စေချင်သောဆရာ ။

ဆရာသည် အင်္ဂလိပ် စကားပြောစွမ်းရည်ကို Debate ခေါ် စကားစစ်ထိုးပွဲများဖြင့် တိုးတက်စေသည်။ အခြားသူတစ်ဦးနှင့် အင်္ဂလိပ် လို ပြောကာစကားနိုင်လုရသည့် အလုပ်သည် တကယ့်တော့ မလွယ်ကူလှ ။ ဘာသာစကားတတ်ကျွမ်းမှူ့ ၊ ဗဟုသုတ ကြွယ်ဝမှူ့ ၊ မှင်မောင်းကောင်းကောင်းဖြင့် မကြောက်မရွှံ ပြောနိုင်မှု့ တိုက အဆုံးအဖြတ်ပေးစေသည။်

ဆရာ ၏ ကျေးဇူးကြောင့် ကျွန်တော်သည် စကားပြောလျှင် ချက်ကျ လက်ကျ ပိုင်နိုင်စွာပြောလာနိုင်သည်။ ပြည်ပတွင်ရောက်ရှိပြီး အင်္ဂလိပ်လို ပြောရစေကာမူ . ဆွံ့ အမနေပဲ ကိုယ်မှန်သည့်အရာကို ထင်ရှားအောင်ပြုနိုင်ခြင်းမှာ ဆရာ၏ စကားနိုင်လုပွဲ (Debate)များ၏ အကျိုးကျေးဇူးပင်တည်း။

ပြန်တမ်းတလျှင် အမှန်ပျော်ရွှင်ရသော ရွှေရောင်နေ့ ရက်လေးများပင်တည်း ။ သူငယ်ချင်းအပေါင်းနှင့် လက်ဖက်ရည်ဆိုင် အတူထိုင်ရသည့် အရသာ ကား ငယ်စဉ် အထက်တန်းကျောင်းကို ပြန်ရောက်သွားသည့်နှယ်။

ဆရာ၏ စီစဉ်မှူ့ ဖြင့် Happy New Year Party တွင်လည်း ကျွန်တော်တို့ တစ်သိုက် အပျော်ကြီး ပျော်ခဲ့ကြသေးသည်။ Underground Dance ဟုခေါ်သည့် ဂျွမ်းထိုးမှောက်ခုန် ကရသော အက ကိုလည်း မမောနိုင်မပမ်းနိုင် ယှဉ်ပြိုင်ခဲ့ဖူးသည်။ အဖွဲ့ အစည်းနှင့် Harmony ရှိစွာ အလုပ်လုပ်တတ်စေရန် ရည်ရွယ်သော မြန်မာ ယိမ်းအက ၊ တီထွင်ဆန်းသစ် တတ်သောဥာဏ်ရင့်သန် စေရန် ရည်ရွယ်သော ဟာသပြဇာတ်တိုလေးများကိုလည်း ၀င်ရောက်သရုပ်ဆောင် ကပြ ခဲ့ကြဖူးသည။်

ကျွန်တော် ဘယ်တော့မှ မေ့နိုင်မည် မဟုတ်သော . ချောင်းသား ပျော်ပွဲစား ခရီးသည် ကား ကျွန်တော့်ဘ၀၏ အမှတ်တရအရှိဆုံး ခရီးတစ်ခုဖြစ်သည်။ ညဘက်ကြီး ဂဏန်းတွင်းများ လိုက်နှိုက်ခဲ့ကြပုံ ၊ သောင်ပြင်ဘောလုံးပွဲများ ၊ ကျောက်မောင်နှမဆီသို့ ခြေကျင်ခရီး စသည်တို့ သည်ကား နောင်ဘယ်တော့မှ ပြန်ရတော့မည် မဟုတ်သော လူငယ်ဘ၀ အတွေ့ အကြုံများပင်တည်း ။

ကျွန်တော့်ဘ၀တွင် ယခုလို ဘက်စုံပြည့်စုံသော ဆ၇ာသည်ကား လွန်စွာရှားသည့် ပုဂ္ဂိုလ်ထူးတစ်ဦးနှယ် ။ ဆရာသည် Physical and social development ဟုခေါ်သည့် လူငယ်တစ်ဦး တွင်ရှိသင့်သည့်အရည်အချင်းများကို အချိန်တိုလေးအတွင်း အထိရောက်ဆုံး သင်ကြားပေးနိုင်သည့် အာဂ ဆရာ ပင်ဖြစ်တော့သည်။

ထို့ ကြောင့် အာစရိယ ဆရာသခင်များကို မေတ္တာပို့ တိုင်း ဤ IELTS သင်တန်းဆရာသည် ထိပ်ဆုံးမှ ပါဝင်လေတော့သည်။





မြောက်မြားလှစွာ မြတ်ဆရာ



ငယ်စဉ်တုန်းက ပိန်လိန်ကြုံလှီသော ခန္ဓာကိုယ်ဖြင့် လူတကာ အနိုင်ကျင့်မှူ့ ကို ခံခဲ့ရသည်။ ထို့ ကြောင့် Y.M.C.A မှ ကာရာတေး ကိုယ်ခံပညာ သင်ကြားပေးသော ဆရာ၏ ကျေးဇူးကိုလည်း ပြန်ပြောင်းအောက်မေ့မိပါသည်။



ဘုန်းကြီးကျောင်းပညာဒါနမှ စီးပွားဖြစ်စားသောက်ကုန်ထုတ်နည်းသင်တန်း ကိုလည်း တတ်ဖူးသည်။ ရေခဲမုန့် တစ်ခွက် ဖြစ်လာပုံကို စာတွေ့ လက်တွေ့ လေ့လာဖူးသည်။ သူငယ်ချင်းများနှင့် စုပေါင်းဝိုင်ဖွဲ့ ကာ တပျော်တပါး ဒံပေါက် ထမင်း ချက်ဖူးသည်။ ဆရာကြီး၏ အိတ်သွန်ဖာမှောက် ဆရာစားမချန်သင်ကြားပေးမှူ့ ကြောင့် . ဖျော်ရည်မျိုးစုံအကြောင်းကိုလည်း အတော်အတန် တီးခေါက်မိခဲ့သည်။



ငါးဖောင်ရိုး ပလွေရိုး ပုံစံလေးမှ Y.M.C.A မှ အလေးမ (၀ိတ်မ)ဆရာ တို့ ၏ လမ်းညွှန်ပြသပေးမှူ့ ကြောင့် ယနေ့ အချိန်တွင် ကာယဗလမောင်တစ်ဦးနှယ် ကြွက်သားအဖုအထစ်တို့ဖြင့် ရင်သပ်ရှူမောဖွယ် မဖြစ်သော်လည်း အတော်အတန် ကြံ့ခိုင်၍ ၊ ယောက်ျားပီသသည့် အချိုးအစားတစ်ခု ကို ရရှိခဲ့လေပြီ။



တိုင်းခြား လူမျိုး ဘာသာစကား တတ်ထားမမှားပေ ဆိုသည့်အတွက် ကြောင့်လည်း ခေတ်စားသော နိုင်ငံခြားဘာသာစကားတို့ ကို အထိုက်အလျောက်လေ့လာဖူးသည်။

သူငယ်ချင်းများက ပြောလေ့ရှိသည့် .. ဝေါ အိုက် နီ ဆိုသည့် ဘာသာစကားကို တတ်သိချင်လွန်းသဖြင့် တရုတ်စာ ၊ စကား အခြေခံတို့ ကို သင်ကြားခဲ့ဖူးသည်။

မြန်မာပြည်တွင် ခေတ်စားလျက်ရှိသော ကိုးရီးယားရုပ်ရှင်များကြောင့် . ဂ န ဒ ရ မ ဘ စ ဟူသော ကိုးရီးယားဘာသာစကားကိုလည်း တီခေါက်လေ့လာမိ၏။



ဝါသနာအရ တတ်ခဲ့သော ချက်ပြုတ်နည်း စာဖိုမှူးသင်တန်းတွင်လည်း သင်တန်းဆရာကြီး၏ အနီးကပ် ပြသပေးမှူ့ တို့ ကြောင့် အရသာ ထူးကဲလှသော ဟင်းအမယ်များကို ကိုယ်တိုင်စီမံနိုင်စွမ်းရှိလာချေပြီ ။



ထို ဆရာတို့ သည် ကျွန်တော့်အား သူတို့ ၏ ပညာမြတ်ကို လက်ဆင့်ကမ်း ဖြန့် ဝေခဲ့ကြသူများဖြစ်သည့် သင် ဆရာ များဖြစ်ပေသည်။

ထိုသို့ များပြားလှသော ဆရာကောင်း ဆရာမြတ်တို့ ၏ကျေးဇူးကြောင့် ယနေ့ အချိန်တွင် ပညာရဲရင့် ပွဲလယ်တင့် ခဲ့ရပေပြီ။

ယနေ့ ပညာခေတ်တွင် အဆင့်အတန်းရှိရှိ ရပ်တည်နိုင်ရန်မှာ စဉ်ဆက်မပြတ်သင်ယူမှူ့ ဟုခေါ်သည့် Life-Long learning ရှိသင့်သည်။ လေ့လာသင်ယူမှူ့ ဟူသည် ဘယ်သောအခါမျှ ကုန်ဆုံးသွားခြင်းမရှိစေရ ။



ငယ်စဉ်ကာလ ကလေးဘ၀က ဘောလုံးကန်တိုင်း အနိုင်ကျင့်တတ်ပြီး အမြဲ ဗိုလ်ကျတတ်သည့် ငယ်သူငယ်ချင်းကို ယခု အချိန်ပြန်စဉ်းစားကြည့်လိုက်သောအခါ သူသည်လည်း မိမိအား အရှံး ဆိုသည့် သင်ခန်းစာ စာမျက်နှာကို နားလည်စေခဲ့သူ ဟု မှတ်ယူမိပါသည်။ သူ့ ကြောင့်သာ အနိုင် ရခြင်း၏ ချိုမြိန်မှူ့ နှင့် ရှံးနိမ့်ခြင်း ၏ ခါးသီးမှူ့ တို့ ကို တွေ့ ကြုံခံစားဖူးလေသည်။ သူသည်လည်း ဘ၀သင်ခန်းစာ၏ ဆရာ တစ်ဆူဟု မှတ်ယူလိုက်ပါသည်။



တစ်ဦးတည်းသာ ရှိခဲ့ပြီး . တစ်ကြိမ်တည်းသာ ချစ်ခဲ့ဖူးသူ တစ်ယောက်က နားမလည်နိုင်လောက်အောင်ပြောင်းလဲသွားသောအခါ ပြင်းပြစွာပူဆွေးဝမ်းနည်းခဲ့ရပါသည်။ သေချာစွာ စဉ်းစားကြည့်ပါမူ သူသည်လည်း ချစ်ခြင်း ၊ မုန်းခြင်း စသည့် နှလုံးသားသင်ခန်းစာတို့ ကို လက်တွေ့ ပြသပေးသူဟု မှတ်ယူလိုက်ပါသည်။

၁၅၀၀ ကိလေသာ ချစ်ခြင်း၏ ပူလောင်မှူ့ နှင့် ရက်စက်သောအမုန်း ၏ ပူဆွေးမှူ တို့ ကို နားလည်ခဲ့ရပြီ မဟုတ်ပါလော ။ သူသည်လည်း ဘ၀ တက္ကသိုလ်တွင် အရေးပါသော သမုဒ္ဒယ သင်ခန်းစာ တစ်ပုဒ်ကို ပြသပေးခဲ့သည် မဟုတ်ပါလော။

အချုပ်အားဖြင့် ဆိုပါမူ . ကျွန်တော်တို့ သည် မွေးစ မှ သေသည် အထိ ဘ၀ တက္ကသိုလ်၏ ပညာသင်သားများ ဖြစ်ကြသည်။ အစဉ်သဖြင့် မသိမှူ့ နယ်ပယ် မှ သိမှူ့ နယ်ပယ်ဆီသို့ ကြိုးစားလျှောက်လှမ်းကြရာတွင် နယ်ပယ်အသီးသီး၌ ဆရာ ဟူသည့် လူတန်းစားကြီးက အနန္တမေတ္တာဖြင့် ဖေးမ ကူညီလျက်ရှိကြသည်။

ထို့ ကြောင့် ကျေးဇူးတော် အသေင်္ချ ဖြင့် မြင့်မြတ်လှသော ကျွန်တော်တို့ ၏ မြတ်ဆရာများကို ဤ ဆောင်းပါးလေးနှင့် အတူ နှလုံးသားဖြင့် ဂါရ၀ပြုရင်း

ဆရာ့ကျေးဇူးမြင့်မိုရ်ဦး အထူးကျေအောင် ဆပ်ပါမည်။



ကောင်းသထက်ကောင်းအောင်ကြိုးစားနေမည့်

ဇော်ပြည့်

Wednesday 27 October 2010

တခါတုန်းက တက္ကသိုလ်မှာ… မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်) ဇာတ်သိမ်း ပိုင်း



နောက်ဆုံးနှစ် စာမေးပွဲကြီး



တတိယနှစ် အင်္ဂလိပ်စာ အဝေးသင် အနီးကပ် ဆယ်ရက် သင်တန်းတွေ တတ်ကြရပါပြီ။

မိုးကတော့ သူ့ စကားအတိုင်း စဉ်းစားလျက် အချိန်ဆွဲ ထားပါတယ်။

ကျွန်တော်ကတော့ သူ က အချိန်ဆွဲလေ ။ တီကောင်ကို ဆားနဲ့ တို့ သလို နေမထိထိုင်မသာဖြစ်လေပါပဲ

ဒါပေမယ့် . သူ့ ဆီမှ အိမ်က သဘောတူထားတဲ့ လူ မရှိဘူး ဟု ဆိုသဖြင့် ပြိုင်ဘက်မရှိ တစ်ဦးတည် ယှဉ်ပြိုင်လျက်ပါ။

နောက်ဆုံး မိုးက ပြောပါတယ်။ ဒီကိစ္စတွေကို စာမေးပွဲ ပြီးမှ စဉ်းစားပြီး အဖြေပေးပါရစေဆို လို့ သဘောတူလိုက်ပါတယ်။



ကျွန်တော်တို့ ရဲ့ နောက်ဆုံးနှစ် စာမေးပွဲ ကြီးကတော့ စ ပါပြီ ။

ြ့ကားလိုက်ရတဲ့သတင်းအရ စာမေးပွဲကို ပထမနှစ် စာမေးပွဲ ဖြေခဲ့ဘူးတဲ့ အထက်တန်းကျောင်းမှာပဲ ကျင်းပ မည်ဟု ဆိုပါသည်။

ဟာ..လုပ်ချ လိုက်ပြန်ပြီ။ ကောင်းကွာ.. တစ်နေ့ ကို ငါးရာတော့ သေချာပေါက်ကုန်အုံးမှာပဲ။

ဒီ တစ်ကြိမ်မှာတော့ ကျွန်တော်တို့ အားလုံး ဟာ ရင်းနှီးပြီးသား နေရာဟောင်းတစ်ခုလို ပင် အပူအပင် ကင်းမဲ့စွာ ရှိနေပါသည်။

ကျွန်တော် ထိုအထက်တန်းကျောင်းကို ရောက်သွားချိန်မှာတော့ ယခင်တုန်းက ယိုင်နဲ့ နဲ့ ဝင်းထရံများက အုတ်သား များဖြင့် အခိုင်အခံ့ ။

အိုဟောင်းနေသော ကျောင်းကြီး၏ ကျောင်ဆောင်များကလည်း သစ်လွင်တောက်ပ လျက်ရှိသည် ။

သူငယ်ချင်းများက ပြောသည်။ ကျွန်တော်တို့ ပထမနှစ် အင်္ဂလိပ်စာ ကျောင်းသားများ ၏ ကောင်းမှူ့ ဟု ဆိုသည်။

နားလည် လိုက်ပါပြီ ။ ကျွန်တော်တို့စာမေးပွဲ ဖြေစဉ် က နေ့ စဉ် ကျောင်းသားတစ်ဦးကို ငါးရာ ကျပ်နှုန်ူး .နားလည်မှူ့  ကြေး ဟူ၍ ကောက်ခံသွားသောာ ငွေ များ သည် ကျောင်းကြီး ၏ မွမ်းမံမှူ့ စရိတ် ဖြစ်သွား ချေပြိ ။

ကျောင်းဝင်းနံရံတွင် . ပထမနှစ် အင်္ဂလိပ်စာ ကျောင်းသူကျောင်းသား များ ကောင်းမှူ့ ဟု ကမ္မည်း မတပ်ထားရုံ တမယ် ပင်။
သာ ဓု . သာ ဓု သာ ဓု.... ကောင်းလေစွ ပါတ ကား ။။


ယခုလည်း တတိယနှစ် စာမေးပွဲ တိုက်တိုက်ဆိုင်ဆိုင် ဒီ ကျောင်းလေး မှာပဲ ကျင်းပအုံးမည် ။

စာမေးပွဲ ခန်းစောင့် ဆရာမ များကို မျက်မှန်းတန်းမိ နေပါပြီ ။ မဖြေခင်ကပင် အောင်တော့မည့် စာမေးပွဲကို ကျောင်းသားများအားလုံးသည် လွယ်ကုစွာဖြင့် ကူ ယူ ဖြေဆိုလိုက်ကြပါသည်။


ယခင်ကလို မိုက်ကရို စက္ကူလေးများကိုပင် အားမကိုးတော့ပဲ ပြဌာန်း စာအုပ် (ဖတ်စာအုပ်) မျာကို ပေါင်ပေါ်တင်ကြည့်ကာအေးဆေးတည်ငြိမ်စွာပင် အိနြေ္ဓ ရစွာ ဖြေဆိုနေကြပါသည်။
ကျောင်းသားတို့ ၏ ပုံစံမှာ စာမေးပွဲ ဖြေနေသည်နှင့်မတူ ပဲ ကျမ်းပြုဆရာကြီးများက အထောက်အထား ကျမ်းများကို ကိုးကာပြုစု နေကြသည်နှင့် ပို၍အလား သဏ္ဍန် တူပါသည်။

စာမေးပွဲ ဖြေဆို ပြီးချိန်တွင်လည်း ကျွန်တော်တို့ ကျောင်းသားများက အလိုက်သိတတ်စွာဖြင့် ငါးရာကျပ် ကို မ . စ ကြရပါသည်။

အကြောင်းမသိသော အချို့ ဆရာမ ငယ်လေးများက ကြောက် သဖြင့်မယူ ရဲ ကြပါ။ ကျွန်တော်တို့ ကလည်း သေချာရှင်းပြ ပြီး အတင်းပေးလိုက်ကြပါသည်။
အချို့ စာမေးပွဲ ခန်းများတွင် သက်ဆိုင်ရာ အခန်းစောင့် ဆရာမများက ကျောင်းကြီးမွမ်းမံရန် ဟု အကြောင်းပြကာ ပွင့်လင်းစွာ ပြောပြီး ပေါ်တင် တောင်းကြပါသည်။

္မဤသို့ ဖြင့် ကျွန်တော်တို့ ၏ နောက်ဆုံးနှစ်အင်္ဂလိပ်စာ အဝေးသင် စာမေးပွဲသည် စာ တစ်လုံးမျှ ပင် တတ်ရန်ပင် မလို ပဲ ။ စာ ကူး တတ်ရုံးမျှဖြင့် အောင်မြင်စွာ ဖြေဆိုနိုင်ကြပါသည်။


အံ့ဘွယ် ဘနန်း ရှိလိုက်လေခြင်း ။


သူငယ်တန်းမှ ဆယ်တန်း အထိ စာမေးပွဲ ဟော့.. ဆိုလိုက်လျှင် အပတ်တကုပ် ကြိုးစားခဲ့ရ သည် ။


ယခုလို စာကူးတတ်ရုံဖြင့် အောင်မြင်ခဲ့သော စာမေးပွဲ ဟူ၍ အလျင်း မရှိပါတကား။


ယနေ့ လူငယ် . နောင် ၀ယ် လူကြီး ဆိုသည့် စကား အတိုင်းသာဆိုလျှင် .

ဤ သို့ ကြည့်ကူးပြီး ဘွဲ့ ရ အောင်မြင်သွားကြသော လူငယ်များ နောင်တချိန်တွင် . ကျွန်တော် တို့ တိုင်းပြည်ရဲ့ အနာဂတ်ကို ပုံဖော်ကြမည် ဆိုလျှင် .





အပျော်ဆုံး နေ့ တနေ့ 




စာမေးပွဲ နောက်ဆုံးနေ့ တွင် ကျွန်တော်တို့ သူငယ်ချင်းတသိုက် က အိမ်သို့ တန်းမပြန်သေးပဲ သာကေတရှိ တိုင်းရင်းသား ကျေးရွာ

သို့ဝင်ရောက်လည်ပတ်ကြပါသည်။


ပတ်ဝန်းကျင်သည် လည်း လွန်စွာသာယာနေပါသည်။ ကျေးဌက်ကလေးများက လည်း အော်မြည် တွန်ကျူးနေကြသည်။ ပန်းကလေးများက လည်း အစီအရီ ပွင့်ဖူးနေကြသည်။ ထိုစဉ် သစ်ပင်ပေါ်မှ ရှဥ့် ကလေးများကလည်း ဟိုသစ်ကိုင်းမှ သည်သစ်ကိုင် ဆီသို့ လူးလာကူးပြေးနေကြသည်။

ယခုလို သာယာသော ညနေခင်းသည် ချစ်သူနှစ်ဦးအတွက်များ တန်ခိုးရှင် တစ်ဦး ဦးက ရည်ရွယ်ဖန်ဆင်းထားသလို ပင်

ထုံးစံအတိုင်းပင် . အလိုက်သိသော သူငယ်ချင်းများ က ရှောင်ပေးသဖြင့် မိုးနှင့် ကျွန်တော် နှစ်ဦးတည်းသာ စကားပြောရင် လမ်းလျှောက်လာကြပါသည်။

ကျွန်တော် ကတော့ အခွင့်အရေး ရလျှင် ရသလို ပင်။ ပေါ်လာသည့်အခွင့်အရေးတို့ ကို လက်မလွတ်စတမ်း အသုံးချ လိုက်သည်။

မိုး ရေ.. ကိုယ်တောင်းထားတဲ့ အဖြေလေး နော်။


မိုးက မခို့ တရို့ လေးပြုံးနေသည်။ ရီဝေေ၀ ကြည့်ရင်း နှူတ်ဆိတ်နေသည်။ ကျွန်တော်ကတော့ တဖြည်းဖြည်းနှင့် စိတ်မရှည်နိုင်တော့ပေ။

သို့ သော် . ယခုချိန်သည် သူ ပြုသမျှ နု ရမည့်ဘ၀ ။ ကိုယ်ကတော့ ရင်တမောမောဖြင့် သူ့ နှူတ်ဖျား မှ ပွင့်အာ ထွက်လာမည့် စကားသံကို မျှော်တလင့်လင့်။

အရိပ်အာဝါသ ကောင်းလှသော အပင်ကြီးတပင် ၏ အောက်သို့ အရောက်တွင် ဟိုဒီ ပြေးလွှားနေသော ရှဥ့်ကလေးများ ၊ တေးသံကျူးရင့်နေသော ဌက် ကလေးများ ကိုကြည့်ကာ ပန်းပွင့်လေးတစ်ပွင့်ကို ကိုင်ရင်း ကျွန်တော့် ကို စကားတခွန်း ဆိုလိုက်သည်။

လပြည့်ကို တစ်ခု မေးမယ်နော်။
လပြည့်.. ဌက် ကလေး တွေကိုချစ်လား ။

ကျွန်တော်သည့် ချစ်သူ ထံမှ မထင်မှတ်ထားသော မေးခွန်းကို ကြားလိုက်ရသည့်အတွက် အံ့အားသင့် မိပါသည်။

သို့ သော် . အမေး ရှိလျှင်တော့ အဖြေရှိရမည်။ ထို့ ကြောင့် စိတ်မပါ တပါနှင့် ပြန်ပြောလိုက်ရသည်။

ဟင်အင့် ..ကျွန်တော် ဌက် မချစ် တတ်ဘူး..ကျွန်တော်က..ကြောင်ပဲ ချစ်တာ.။

ကဲပါ..တိရစ္ဆာန်တွေက အရေးမကြီးပါဘူး။ လူ ကိုလဲ သနားပါအုံး..အဖြေတောင်းထားတာ ကြာလှပြီ ။ ဟို လို ဒီလို နဲ့ အမြဲ တမ်း အဲလိုပဲ။

ပြောရင်း ကျွဲမြီးတိုလာသည်။ ဒါကို မယ်မင်းကြီးမ က . တခစ်ခစ်ရယ် ရင်း . သဘောကျနေပြန်ပါတယ်။

မိုး သည် သစ်ပင်ကြီးကို အတန်ကြာအောင် စိုက်ကြည့်ရင်း ပြောလေသည်။ သစ်ကိုင်းပေါ်ရှိ ရှဥ့်ကလေးတစ်ကောင်က သစ်ချသီး အပုပ်တစ်လုံးကို ဆော့ကစားနေသည်။

မိုးက စကားတစ်ခွန်းကို ဆိုလေသည်။



ကျွန်မ ကတော့ ရှဥ့် ကို ချစ်တယ် .




အော်.. ဟုတ်ကဲ့.. ချစ်ပေါ့.ကောင်းပါတယ်။ ရှဥ့်လေးတွေ ၊ ဌက်လေးတွေ ချစ်ဖို့ ကောင်းပါတယ်။

ကဲကွာ..မိုးကလည်း တိရစ္ဆာန်တွေ ပဲ ချစ်နေတာပဲ။ လူကိုလည်းသနားပါအုံး ။ တောင်းထားတဲ့ အဖြေလည်း ဝေ့လည်ကြောင်ပတ်နဲ့ မလုပ်ပါနဲ့ ကွာ။ ပေးပါတော့နော်။ ဒီမှာ တကယ်ရူးတော့မယ်။

ကျွန်တော်သည် . ကလေးငယ်တစ်ယောက်လို တဆာဆာအော်တောင်းနေမိသည်။

လွန်စွာ မှလည်း စိတ်တိုလာပေပြီ ။ သူ့ မျက်လုံး၊ သူ့ လေသံ ။ သူ့ ဟန်ပန် အမူအရာတွေက ကျွန်တော့် ကို ချစ်နေမှန်းတော့ရိပ်မိသလိုလိုရှိပါတယ်။

ဒါပေမယ့်.. တရားဝင် နှူတ်ဖြင့် ဖွင့်ပြောခြင်းကို အမှန်တကယ်ပင် အလိုရှိလှပါသည်။

ဒါကိုပဲ . သိသိကြီးနှင့် မူ နိုင်ရက်လေခြင်း ။

သူ က ပြောပြန်သည်။ ကဲပါ လပြည့်ရယ်. ထွက်လာတာလည်း ကြာပြီ ။ ပြန်ကြရအောင်နော်။ သူငယ်ချင်းတွေလည်း စောင့်နေ ရော့ မယ်။

ကျွန်တော်သည် . လွန်စွာ မျော်လင့်ချက် မဲ့သွားသလိုပင် ခံစားလိုက်ရသည်။ လှပသော စိတ်ကူရင်ခုန်ဖွယ်ကောင်းသော ပန်းဥယျာဉ်ကြီးထဲတွင် ချစ်သူ ထံမှ အဖြေကို ဧကန်မုချ ရလိမ့်မယ် ဟု တွေးထင်ထားသော်ငြားလည်း . တကယ့်လက်တွေ့ တွင်မူ . အဓိပ္ပာယ် မရှိလှသော အမေးအဖြေများဖြင့်သာ အချိန်ကုန် ကာ ပြီးဆုံးခဲ့ရလေပြီ။

ထို့ ကြောင့် . ရင်ထဲတွင် ကြိမ်မီးအုံးသလို ပင် လွန်စွာမှပင် ပူလောင်လျက်ရှိသည်။ အာခေါင်တို့ သည်လည်း ခြောက်ကပ် လျက်ရှိသည်။

ပါးစပ်မှလည်း မည်သည့်စကားကို ပြောရမည်မှန်း ပင် မသိတော့ချေ။

မိုးကတော့ . ထိုင်ရာမှ ထက . သွားဖို့ ဟန်ပြင် ချေပြီ။

ကျွန်တော်သည် . ဆက်ခနဲ ဆိုသလိုပင် ၊ မိုး၏ လက်ကို ဖမ်းဆွဲလိုက်သည်။ လွန်စွာ အားကောင်းသော ဗြုတ် တူ နဲ့ ဖမ်းဆွဲခံ လိုက်သည့်အလား မိုးသည် မျက်လုံးကလေး ပြူးကာ အံ့သြမင်သက် လျက် ၊ ကြောက် လန့် လျက်ရှိသည်။

ကျွန်တော့်ကို ကြောင် ကြည့်နေသော မိုး အား . ကျွန်တော်သည် . ကတုန်ကယင် နှင့်ပင် အဖြေကို တဆာဆာတောင်းနေမိသည်။

မိုးကွာ.ကိုယ့်ကို အဲသလို မလုပ်နဲ့ ကွာ။။ကိုယ်တောင်းထားတဲ့ အဖြေလေးတော့..ပြောခဲ့ပါကွာ..ပြောခဲ့ကွာ မရဘူးကွာ။

ယခုချိန်တွင်တော့ လူပမာ အမဲခြောက်တောင်းသလိုပင် ဖြစ်ချေပြီ။

သည်တော့မှ ။ မိုးက . သူ့ ထုံးစံအတိုင်း မျက်နှာကို မထုံတတ်သေး ပုံစံလုပ်ကာ ။

လပြည့်ရယ်။။ နင်ကလေ . တခါတလေ အရမ်း အ တာပဲ သိလား။။

နင် လို ချင်တဲ့အဖြေ ဘယ်နှစ်ခါ ပေးရမှာတုန်း ။ ဒါလေးတောင် မသိဘူး...သိပ်တုံးတာပဲ နော်။။


မိုးက ချစ်နှူတ်ခမ်းလေးကို စူ ကာ ကလေးတစ်ယောက်လို တတွတ်တွတ်ပြောနေပုံများ လွန်စွာ ချစ်ဖို့ ကောင်းလိုက်လေခြင်း။

ဒါနဲ့ နေပါအုံး . သူ ပြောသွားတဲ့စကားထဲမှာ ကျွန်တော့်ကို အဖြေ ပေးပြီး ပြီတဲ့..ဘယ် စကားများတုံး..ဘယ် တခွန်းလဲ.


ကျွန်တော့်ကို ချစ်ပါတယ် လို့ ... ကျွန်တော် လုံးဝ ပင် မကြားမိတာ အမှန်ပါ။

ဒီတော့ . ပို ပြီး စိတ်တိုရပြန်ပါတယ်။ မိုးနော်.. အဲသလို မလိမ့်တပတ် မလုပ်နဲ့ ..ဘယ်မှာ အဖြေပေး ရသေးလို့ တုန်း ။ စိတ်တကယ် တို လာပြီနော်။

သူ့ ပခုံးနှစ်ဘက်ကို ကိုင်ကာ တကိုယ်လုံး ခါရမ်း ပစ်လိုက်မိသည်။ သူကတော့ မပွင့်တပွင့်ပြုံး ရင်း ရယ် နေသည်။ မိုး ပုံစံသည် ကျောင်းဆရာမကြီး က စာမရသော တပည့်လေး တစ်ဦးကို စာစစ်နေသည့်ပုံနှယ်။

လပြည့်..လပြည့်...အော်..လပြည့်ရယ်။။ သေချာလည်း စဉ်းစားပါအုံး ကွယ်။

ကျွန်တော်သည် သူ ပြောခဲ့သော စကား လုံးများကို တမုတ်ဟုတ်ချင်း ပြန်လည်ကာ စဉ်းစားလေသည်။ ဒီ ဥယျာဉ် ကြီးထဲသို့ နှစ်ဦးသားဝင်ရောက်လာသည်။ မိုးက ကျွန်တော့်ကို မေးခွန်းတွေ မေးသည်။

တိရစ္ဆာန် များအကြောင်းသာ။။ ထို့ နောက် သူ နောက်ဆုံး ပြောသွားသော စကား..

ကျွန်မ ကတော့ ရှဥ့် ... ရှဥ့်.... အိုး ဟိုး.

ကျွန်တော်သည် မျက်လုံးထဲတွင် အလင်းရောင် ကို လျစ်ခနဲ မြင်လိုက်ရသလို ပင် ချက်ချင်းပင်နှူတ်ခမ်းမှ .

ဟုတ်ပြီ..ဟုတ်ပြီ... ဟု ယောင်ယမ်းကာ ၊ ကျယ်လောင်စွာ အော်ဟစ် မိလေသည်။

ရင်ထဲတွင်လည်း မဖော်ပြနိုင်လောက်အောင် ပင် အမှန်ပင် ၀မ်းသာမိလေသည်။ ကျယ်လောင်လှသော ကျွန်တော့်အသံကြောင့် . သစ်ကိုင်းပေါ်မှ ဌက်ကလးများကလည် . ထ ပြန်သွားလေပြီ။ ရှဥ့်ကလေးများကလည်း သစ်ခေါင်းထဲသို့  လစ်ကနဲ ၀င်ပြေးပုန်းကြသည်။

လေပြေကလေးများကလည်း ပန်းကလေးများကို ညင်သာစွာ ပုတ်ခတ်ဆော့ကစားသွားကြပြီးနောက် ကျွန်တော့် ချစ်သူ ၏ ဆံနွယ်လေးများဆီသို့ တဖန် လာရောက် လှူပ်ယမ်း ဆော့ကစားသွားကြသည်။

ညနေချိန် ပုဇွန်ဆီရောင် နေခြည်များကလည်း ကျွန်တော့်ရဲ့  အသစ်စက်စက် ချစ်သူလေးမျက်နှာပြင်ဝယ် ၀င်းပ စွာ ခ.ယ နေကြသည်။

ထိုစဉ် မိုး ၏ မူပိုင် အမှတ်လက္ခဏာ ဖြစ်သည့်. ပါးချိုင့်ကလေးကို ထင်ပေါ်စွာပြုံးပြီး ကျွန်တော့်ကို ငေး ကြည့်နေပုံလေးသည် ကျွန်တော့်တသက် တွင် ဘယ်လို မှ မမေ့နိုင်မည့် မြင်ကွင်း . နှလုံးသားထဲ၏ အနက်ရှိုင်းဆုံးနေရာတွင် တသက်လုံး ကမ္မည်းတင်ထားမည့် ကမ္ဘာကျော်သည့် အပြုံဟု ဆိုလျှင် လွန်မည် မထင်ပေ။


ဟေး......မိုးက..ကျွန်တော့်ကို ချစ်တယ် တဲ့ဟော့..ဟေးးးးးး


ကျွန်တော်သည် လိုချင်တာရသည့် ကလေးငယ်တဦးပမာ ၀မ်းသာ လွန်းသဖြင့်. ကျယ်လောင်စွာ ဟစ်ကြွေးလေတော့သည်။

ထိုသို့ . ၀မ်းသာကြည်နူးနေသည့်အချိန်တွင် . ဘေးနားမှ သူငယ်ချင်းများကလည်း ၀ိုင်းအုံလာသဖြင့် . မကြေငြာရပဲနှင့် မောင်းခတ်ပြီးသားဖြစ်လေသည်။

ကျွန်တော်၏ အိမ်အပြန်လမ်းသည် လွန်စွာလှပပါသည်။

ကားပေါ်တွင် ချစ်သူ အသစ်စက်စက်၏ လေးဖ၀ါးနုနုလေးကို ကိုင်ရင်း ဖြင့် ရင်ထဲတွင် တသိမ့်သိမ့်ဖြစ်ကာ အကျေနပ်ကြီး ကျေနပ်ရပါတော့သည်။


ချစ်သူရဲ့ လက်တစ်ဘက်ကို ဆုပ်ကိုင်ခွင့်ရခြင်းသည် ကမ္ဘာ တစ်ခြမ်းကို သိမ်းပိုက်နိုင်ခြင်းပင်ဖြစ်သည်။


အော်..ယခုတော့လည်း လပြည့်တစ်ယောက် ပညာစုံတော့.ကြင်ယာပါ စုံလေချေပြီ။

စာမေးပွဲလည်း ပြီးရော စုတ်ရော လာဘ် ရောဝင်သည် ဆိုတာ ဒါမျိုးပဲ ဖြစ်ပေလိမ့်မည်။


ကျွန်တော်သည် အဝေးသင်စာမေးပွဲပြီးသည့်နေ့ တွင် တိုက်တိုက်ဆိုင်ဆိုင်ချစ်သူ တစ်ယောက်ရလေသည်။



အချစ် စာမျက်နှာ



ကျွန်တော်တို့ နှစ်ယောက်သည် တစ်ယောက်ကိုတစ်ယောက် စာတင်ရလောက်အောင် အလွန်ချစ်ကြပါသည်။

မိုးက..ကျွန်တော့်ကို မောင် ဟူသော နာမ်စားကို ပင် ပြောင်းလဲ ခေါ်ဝေါ် သုံးစွဲ လေပြီ ။ ကျွန်တော်ကလည်း ခါတိုင်းထက်ပင် မိုး ကို ပိုမို ၍ ဂရုစိုက်ပါသည်။ အရာရာတွင် မိုးကိုသာ ဦးစားပေးပါသည်။

ယခင်က ကြေးအိုး စားသည့်အခါ ၀က်သား ကြေးအိုးကိုသာ စားလေ့ရှိသော်လည် ယခုအခါတွင် မိုးနှင့် အတူစားတိုင်း ကြက်သားကြေးအိုးကို ပင် မှာယူစားသောက်တော့သည်။

ယခင်က လက်ဖက်ရည် မသောက်တတ်သော်လည်း ယခု အခါ မိုး သောက်လေ့ရှိသည့် ပေါ့ဆိမ့်ကိုပင် လျှာပေါ်ဝယ် စွဲလောက်အောင် သောက်မိနေပေပြီ။


ထို့ ပြင် ကျွန်တော်သည် အချစ်နှင့် ပတ်သက်လျှင် စိတ်ကူးယဉ်ကာ မိုးကို လက်ဆောင်တစ်မျိုးပေးထားပါသည်။


ထို လက်ဆောင်သည် မိုး အတွက် လွန်စွာ အသုံးဝင်သော ပစ္စည်းများဖြစ်သည်။


နံနက်မိုးလင်း သည်နှင့် မိုးသည် ကျွန်တော် ပေးထားသော သွားပွတ်တံဖြင့် သွားတိုက်ရပါသည်။ ပြီးနောက် မျက်နှာသုတ်ပ၀ါမှ အစ နံနက်စာ သုံးဆောင်သည့် ကော်ဖီ ခွက် အထိ ကျွန်တော့် အငွေ့ အသက်များဖြင့်သာ လွမ်းခြုံထားပါသည်။



ည အိပ်ရာ ၀င်လျှင် လည်း ကျွန်တော် ၏ ကိုယ်ပွား အဖြစ် ဖန်တီးထားသော . POLAR BEAR ၀က်ဝံ အမွေးပွ ရုပ်ကြီးကို ဖက်ကာ အိပ်စက်အနားယူစေပါသည်။


မိုးသည် နှင်းဆီပန်းလေးများကို မြတ်နိုးတတ်သည်။ စံပယ်ပန်းကို မူ နှစ်သက်သည်။ သစ္စာ ပန်းကို တန်ဖိုးထားသည်။

ကျွန်တော်သည် မိုး က စိတ်ကောက်တတ်သည့်အခါတိုင်း ရဲရဲနီသော နှင်းဆီပန်း ငုံ လေးများ ကို လက်ဆောင်ပေးတတ်သည်။ အဆိုပါ နှင်းဆီပန်းများ ဖူးပွင့်လာသည့်အချိန်တွင်တော့ မိုးတစ်ယောက် အပျော်ကြီးပျော်ကာ ကျွန်တော့်အား စိတ်ဆိုးပြေလေတော့သည်။

မိုးက သနပ်ခါး လေးများကို ပါးနှစ်ဘက်တွင် သပ်ရပ်လှပစွာလိမ်းသည့်နေ့ တိုင်း ကျွန်တော်က စံပယ်ပန်းလေးများကို သူ့ ခေါင်းတွင် ယုယ စွာ ပန်ဆင်ပေးရလေသည်။

နှစ်ဦးသား ရွှေတိဂုံ ဘုရားကိုသွားသည့်အခါတိုင်း အောင်သပြေ နှင့် သစ္စာပန်းကို မ၀ယ် မဖြစ်ဝယ်ရသည်။ နှစ်ဦးသား ဘုရားကိုအာရုံပြုရင်း ချစ်သူနှစ်ဦး သစ္စာပြုဆုတောင်းသည် ။ ဆွတ်ဆွတ်ဖြူသော သစ္စာပန်းခိုင်လေးများကို ကိုင်ကာ သစ္စာပြုသည့် မိုး စိတ်ကူးကို ကျွန်တော်သည် လွန်စွာကဗျာဆန်သည် ဟု ဆိုချင်ပါသည်။

ရည်းစား မဖြစ်ခင်ကတည်းက သူ၏ သူငယ်ချင်းများ မှ တဆင့် မိုး၏ စိတ်အခြေအနေကို မေးမြန်းလေ့လာခဲ့ဖူးသည်။


မိုးသည် တစုံတခုကို စိတ်အလိုမကျ စိတ်ဆိုးနေလျှင် . နှူတ်ခမ်းနီ . အနီရောင်ရင့်ရင့်ကို ခပ်ထူထူကြီး ဆိုးတတ်သည်။ မည်သူနှင့်မျှလည်း စကားမပြောတော့ပဲ ဆိတ်ဆိတ်နေတတ်သည်။


ရေခဲမုန့် နှင့် ချောကလက်တို့ ကို လွတ် ကြိုက်သည်။ ကျွန်တော်က ကျန်းမာရေး အကြောင်းပြကာ ပိတ်ပင်လျှင် နှူတ်ခမ်းလေး စူကာ မကျေမနပ်ပြန်ပြောလေ့ ရှိသည်။


စိတ်ကောက်လွယ်သော်လည်း စိတ်ဆိုးခဲသည်။ ထို့ ပြင် ရည်မှန်းချက် ကြီးသော မိန်းကလေး တစ်ဦးဖြစ်သည်။



ကျွန်တော့်ရဲ့ မိုး


မိုး ကလည်း ကျွန်တော်ကြိုက်တတ်သည့် အားကစားဂျာနယ် (Eleven Journal) များကို နံနက်စောစောထ က ၀ယ်ထားတတ်သည်။ ကျွန်တော် အိပ်ယာမှ နိုးလျှင် ဖုန်းဆက် ကာ . မန်ယူ မှ ဘယ်သူက ဂိုးသွင်းလိုက်ကြောင်း ၊ ရီးရဲယ်မှ ဘယ်အသင်းကို နိုင်သွားကြောင်း ဖုန်းဆက် အစီရင်ခံလေသည်။ မိန်းမသားတန်မဲ့ .ကျွန်တော် ၀ါသနာ ပါသော ဘောလုံးကို သူကလည်း ကျွန်တော့်အကြိုက်လိုက်ကာ ၀ါသနာ တူ ညှိလေတော့သည်။


ကျွန်တော် ၀တ်လေ့ရှိသော တီရှပ် များ ၊ စွပ်ကျယ် အကျီ င်္ များ ၏ ဗယ်ဘက် ရင်အုံ နေရာ တွင် မိုး ဟူသော နာမည်လေးကို ရေးထိုး ပေးလေ့ရှိသည်။


ကျွန်တော် စိတ်ဓာတ်ကျနေချိန် အလုပ်အကိုင် အဆင်မပြေ တိုင်း ကျွန်တော့် လက်ကလေးကို ဖွဖွလေး ကိုင်ကာ အားပေးတတ်သည်။ ကျွန်တော့် အပေါ် နားလည်မှူ့ အပြည့်ရှိသည် ဟု ခံစားမိပါသည်။




မိုးသည် ကျွန်တော့်အတွက် အချစ်ဦးလည်း မည်ပါ၏ ။ အချစ်ဆုံး လည်း မည်ပါ၏ ။

ဤလောက တွင် မိုး ထက် ပိုမို ၍ ချစ်ရမည့်သူ မရှိနိုင်တော့ ပေ။


ကျွန်တော်တို့ နှစ်ယေက် ၏ ချစ်သူ ဘ၀သည် မိုးမမြင်လေမမြင် ချစ်ကြရင်း အချိန်တွေ ကုန်လွန်ခဲ့ပါသည်။



ရွှွှေရည်စိမ် ခံစားချက်များ


ဒီလို နှင့် စာမေးပွဲ များ အောင်ကာ ဘွဲ့ ယူမည့် အချိန်သို့ ရောက်လာပါတော့သည်။

လူသားတစ်ဦးအတွက် တက္ကသိုလ် မှ ပေးသော ဘွဲ့ ကို ယူရမည့်အချိန်သည် ထိုသူ၏ ဘ၀တွင် အရေးအကြီးဆုံးနှင့် အပျော်ဆုံး နေ့ တစ်နေ့ ဖြစ်မှာမလွဲပင်။

ကျွန်တော်သည်လည်း မိမိအား ခေတ်ပညာတတ် တစ်ဦးအဖြစ် အသိမှတ်ပြုပေးမည့် ဘွဲ့ ဆိုသော လက်မှတ်ကြီးကို အလွန်တန်ဖိုးထားချင်ပါသည်။ လွန်စွာမြတ်နိုးချင်ပါသည်။ လွန်စွာမှပင် ဂုဏ်ယူချင်ပါသည်။

ငါ သည် B.A (Englsih) ဟုဆိုသော အင်္ဂလိပ်စာ ဘွဲ့ ကြီးကို လက်ဝယ်ပိုင်ပိုင်ရသူ အဖြစ် လူပုံအလယ်တွင် လက်မထောင်ကာ မောက်ကြွားချင်ပါသည်။

သို့ သော်… ယခုတော့..

ဤဘွဲ့ ကို မည်သို့ မည်ပုံ ရယူခဲ့သည်ကို မိမိကိုယ်သာ မိမိအသိဆုံးဖြစ်ပါသည်။ ရသည့်ဘွဲ့ နှင့် ထိုက်သင့်သော အရည်အချင်းမရှိသည့် အတွက်လည်း လွန်စွာမှပင် အားငယ်မိပါသည်။

အင်္ဂလိပ်စာ နှင့် ဘွဲ့ ရခဲ့သော်လည်း . News Week, Times အစရှိသည့် အင်္ဂလိပ်စာစောင် ၊ မဂ္ဂဇင်း များထဲမှ သုံးကြောင်းမျှသော အင်္ဂလိပ်စာကိုပင် ရေရေလည်လည် သဘောပေါက်အောင် မဖတ်နိုင်ပေ။

သင်ခဲ့ရသော သင်ခန်းစာ ထဲမှ ရှိတ်စပီးယားသည် မည်သည့်နိုင်ငံမှ စာရေးဆရာဖြစ်ကြောင်းကိုပင် မသိလိုက်ချေ။


ထို့ ကြောင့် . ရသည့်ဘွဲ့ ကိုလည်း ရွှေရည်စိမ် ဘွဲ့ ကြီး ဟု ဆုလျှင် မှားအံ့မထင်


အဘယ်ကြောင့်နည်း။

အဖြေကရှင်းပါသည်။ လွတ်လပ်သော မြန်မာနိုင်ငံကြီးတွင် . စာမေးပွဲ များကိုလည်း လွတ်လပ်စွာပင် ကြည့်ရှူ ကူးယူခွင့် ရခဲ့သည့် အတွက် မည်သည့် သင်ခန်းစာ မျှ ကျေညက်ရန်မလို ။



(( မှတ်ချက် .. တက္ကသိုလ်ကျောင်းသား အားလုံးကို မဆိုလိုပေ။

သို့ သော် . ကျွန်တော့် ဖြတ်သန်းခဲ့ရသော တက္ကသိုလ်အတွေ့ အကြုံသည် ကြိမ်ပြောလျှင်ပင် ယုံနိုင်ဖွယ် မရှိသော အခြေအနေ တစ်ရပ်ဖြစ်ခဲ့ချေပြီတကား ။))



ဘွဲ့ နှင်း သဘင် ခန်းမ ထဲက လူငယ်ခြေကျ တစ်ဦး


ကျွန်တော့်အမြင်အရ ဘွဲ့ နှင်းသဘင် အခမ်းအနားသို့ တက်ရောက်လာသော ဘွဲ့ ယူ မောင် မယ် များသည် အဆိုပါ ဘွဲ့ လက်မှတ်ထက် မိမိတို့ ဘွဲ့  ၀တ်စုံဖြင့် မည်သို့ အလှဆုံးဖြစ်အောင် ပြင်ဆင်ကြမည် ကိုသာ စိတ်စောနေကြသည်။

သစ်ပုတ်ပင် ရှေ့  နှင့် ဘွဲ့ နှင်းသဘင် ခန်းမကြီးကို နောက်ခံထားကာ ရိုက်လိုက်သော အလှရိုက်သော ဓာတ်ပုံ သည်သာ ဘွဲ့ ယူ မောင်မယ် တို့ အတွက် အရေးတကြီး အလုပ် လို ပင်ဖြစ်နေပါသည်။

ကျွန်တော်သည် အဆိုပါ ဘွဲ့ ကို ယူဖို့ ရန် အနည်းငယ်တွန့် ဆုတ်မိပါသည်။ သို့ သော် . ကျွန်တော်နှင့်အတူ ဖြေကြသော အားလုံးသော ကျောင်းသား ကျောင်းသူ များကတော့ ဓာတ်ပုံများ တဖျတ်ဖျတ်ရိုက်ရင် ပျော်ရွှင်မဆုံးဖြစ်နေကြသည်။


မိန်းကလေးတစ်ယောက်အဖို့ . ဘွဲ့ ယူသည့်နေ့ နှင့် မင်္ဂလာဆောင်သည့်နေ့ သည် . လွန်စွာမှ အလှပြင်သော နေ့ ဟု ထင်မိပါသည်။


ကျွန်တော်ကတော့ ယောကျာ်းလေး ဖြစ်သည့်အတွက် ပုဆိုးတစ်ထည် ၊ ရှပ်အကျီ င်္ အဖြူနှင့် ဘွဲ့ ဝတ်စုံ ပြည့်စုံချေပြီ။

မိုးကတော့ သူ့ ကိုယ်သူ အလှဆုံးဖြစ်အောင် . လမ်းထိပ်မှ မိတ်ကပ် ဆရာနှင့် ပြင်ခဲ့သည်ဟု ဆိုလေသည်။ ကျွန်တော်တို့ နှစ်ယောက်သည် . ငယ်စဉ်က စိတ်ကူယဉ်ခဲ့ဖူးသော သစ်ပုတ်ပင်ကြီးကို နောက်ခံထားကာ
နှစ်ယောက်တွဲ ဓာတ်ပုံ များရိုက်ကြသည်။ မိဘများနှင့် လည်း တွဲကာ ပျော်တပြုံပြုံ ၊ ကင်မရာများက တဖျတ်ဖျတ် ၊



အော်... အဓိပတိလမ်းကြီး ဆိုတာ ဒီလမ်းပါလား ။ သစ်ပုတ်ပင်ကြီး ဆိုတာလည်း ငါ ငယ်ငယ်က အတိုင်းပါပဲလား ။


ကျေးဇူးတင်ပါတယ် . ကျွန်တော့်ရဲ့  ငယ်စဉ် အိပ်မက်ကလေး ဖြစ်တဲ့ ရန်ကုန် တက္ကသိုလ်ကြီးကို ဘွဲ့ ယူတဲ့ နေ့ တစ်နေ့ မှာတော့ ရောက်ခွင့်ကြုံလို့ ပါ၊

မကြာမီ ဘွဲ့ နှင်းသဘင်အခမ်းအနား စတင်လေပြီ။

ခမ်းမထဲတွင် အနက်ရောင် ဘွဲ့ ဝတ်စုံများဖြင့် နက်မှေင်စွာ ၊ကျက်သရေတင့်စွာ ထိုင်နေသည့် ဘွဲ့ ရမောင်မယ် များ ကလည်း ပြည့်သိပ်လျက်။

ဘွဲ့ နှင်းသဘင် ခမ်းမထဲတွင် မြန်မာ့ဆိုင်းဝိုင်းကြီးကိုလည်း တွေ့ ရသည်။ ကျွန်တော်က စိတ်ဝင်တစားကြည့်နေတုံး ဆိုင်းဆရာမှ သာယာနာပျော်ဘွယ် ဆိုင်းသံများဖြင့် အခမ်းအနားကို အသက်သွင်းလေသည်။

ဘေးနားမှ သူငယ်ချင်း တစ်ဦး ပြောပြရာတွင် . ယခုလို ဘွဲ့ နှင်းသဘင်အခမ်းအနားတွင် ရှေးရိုးရာအစဉ်အလာအတိုင်း . မှန်ညောင်သဉ္ဇာ ညီလာပတ်ဝန်းမြိုင် . အစချီသည့် ၀တ်ရုံတော် ကြိုးသီချင်းကို တီးခတ်ပေးရသည်ဟု သိရပါသည်။ ထို အချိန်တွင် မောင်မယ် များအားလုံးက တပြိုင်နက် မတ်တပ်ရပ်ရပါသည်။ သက်ဆိုင်ရာ ပါမောက္ခများ ၊ဌာနမှူး ဆရာ ဆရာမ များကလည်း ၀တ်ရုံကြီးများကိုယ်စီဖြင့် အသီးသီး နေရာယူရန် စင်မြင့်ထက်သို့ တက်ရောက်လာကြပါသည်။

ထို့ နောက် . နိုင်ငံတော် သီချင်းကို တီးမှူတ်ချိန်တွင် ခမ်းမထဲရှိ အားလုံးသော ပရိတ်သတ်များက မတ်တပ်ရပ်ကြရပါသည်။ နိုင်ငံတော်သီချင်း တီးမှူတ်ခြင်းပြီးနောက် အားလုံးပြန်ထိုင်ကြပါသည်။

ထိုစဉ်အချိန်အတွင်း ကျွန်တော့် စိတ်ထဲတွင် ထူးခြားသောခံစားမှူ့ တစ်ရပ်ကို ခံစားလိုက်ရပါသည်။

အော်.. ငါ တို့ ရ တဲ့ ဘွဲ့ လက်မှတ်တွေသာ တကယ့်အရည်အချင်း အစစ်အမှန်အတိုင်းဆိုရင် . ငါ တို့ ကို ဒီလို ဂုဏ်ပြုနေကြတာတွေဟာ သိပ်ကို သာယာနာပျော်ဖွယ် ၊ အမှန်ကို ဂုဏ်ယူဖွယ်ရာ ကောင်းပေလိမ့်မည်။

ယခုတော့ . ငါတို့ တွေရဲ့ အဖြစ်ဟာ . အရည်အချင်း မရှိတဲ့သူတစ်ယောက်ကို . တကယ့်ပညာရှိကြီးတစ်ဦးပမာ မျက်စိ စုံမှတ်ပြီး ၀ိုင်းဝန်းဂုဏ်ပြုနေကြသလိုပါပဲလား။

ကျွန်တော်သည် ခမ်းမ ထဲတွင် ထိုင်နေရသော်လည်း စိတ်ထဲတွင် လွန်စွာ မှပင် သိမ်ငယ် သလို လို ။ အားငယ်သလိုလိုဖြစ်လာရပါသည်။

ထို ဘွဲ့ နှင်းသဘင်ခမ်းမ ကြီးထဲတွင် . ကျွန်တော်တို့ ထက် ဟိုး ယခင် အချိန်များက ဘွဲ့ ယူခဲ့သော ပညာရည် အမှန်ပင်ပြည့်ဝကြသည့်

ဘွဲ့ ရမောင်မယ် များ က ကျွန်တော့် အား အရည်အချင်း မရှိပဲနှင့် ဘွဲ့ ရခဲ့သည့် . အချောင်သမား တစ်ဦးအဖြစ် ရယ်သွမ်းသွေးနေကြမည်မှာ အသေအချာပင်။


ပါမေက္ခရဲ့ သြ၀ါဒ မိန့် ခွန်း


မောင်မယ်တို့ .. ဟူ၍ အစချီသော ပါမောက္ခ ချုပ် ၏ မိန့် ခွန်းသံက ကျွန်တော်၏ အတွေးယဉ်ကြောကို ဖြတ်တောက်ပစ်လိုက်သည်။



သက်ဆိုင်ရာ စာမေးပွဲကို ကောင်းစွာ အောင်မြင် ပေါက်မြောက်ခဲ့ကြပြီးသည် ဟု သတ်မှတ်ခြင်းခံရသူကို ဘွဲ့ အပ်နှင်း ရန် ဤတက္ကသိုလ်ဘွဲ့ နှင်းသဘင် ကို ကျင်းပခြင်းဖြစ်ကြောင်းပြောကြားပါသည်။



ဆက်လက်ပြီး . ဘွဲ့ ယူမည့်သူတို့ ၏ ထုံးစံအတိုင်း ကတိသစာ အမျိုးမျိုးကို . ကတိပြုရလေသည်။


ပညာရေးအဖွဲ့ က ထောက်ခံချက်ပေးပြီးသော ဘွဲ့ များကို မောင်မယ် တို့ အား အပ်နှင်းလိုက်သည့် အချိန်က စပြီး နေ့ စဉ် နေ့ တိုင်း နေထိုင်ပြောဆို မှူ့ တို ဤတက္ကသိုလ်ဘွဲ့ ရများနှင့် ထိုက်တန်စွာနေထိုင်ပြောဆိုပါမည် ဟု ရိုးသားစွာ ကတိပြုပါ ၏ လော။



အော်..ပါမောက္ခ ချုပ်ကြီးရယ်… ကျွန်တော်တို့ ရဲ့ စာမေးပွဲဖြေဆိုခဲ့ပုံတွေကိုသာ သိခဲ့မယ် ဆိုရင် . အခုလို အချိန်အကုန်ခံပြီး ကတိတွေဘာတွေ တောင်း တော့မှမဟုတ်ဘူးနော် ဟု. ကျွန်တော် ၏ စိတ်ထဲတွင်ဖြစ်ပေါ်မိပါသည်။


တကယ်ပဲ ရိုးရိုးသားသား မသိတာလား ။ မသိချင်ယောင် ဆောင်နေတာလား ။


တက္ကသိုလ် စာမေးပွဲ ကြီးကို ကိုယ့် မျက်ကွယ်ရာ မှာ ဒီလို လက်လွတ်စံပယ် ကျင်းပလိုက်ရင် ဘယ်လို ရလာဒ်တွေ ဖြစ်လာမလဲ ဆိုတာ နည်းနည်းလေးမှ မတွေးကြည့်တော့ဘူးလား ခင်ဗျာ။


တက္ကသိုလ် ၀င်းထဲမှာ နေရာမရှိုလို့ . အဆင်ပြေတဲ့နေရာမှာ ဖြစ်သလို ကျင်းပလိုက်ရပါတယ်ဆိုတဲ့ ဆင်ခြေကတော့ . . မဖြစ်သင့်ဘူးလို့ ထင်ပါတယ် ။


ကမ္ဘာပေါ်တွင် . တက္ကသိုလ်ကြီး တစ်ခုမှပေးသော ဘွဲ့ တစ်ခုကို ..ဤမျှလောက် ခပ်လွယ်လွယ် ခပ်ပေါပေါရသော တိုင်းပြည်သည် ကျွန်တော်တို့ မြန်မာပြည်မှ အပ အခြားမည်သည့် နေရာတွင် ရနိုင်ပါအံ့နည်း။

(တက္ကသိုလ်ဘွဲ့ ရ အားလုံးကို မဆိုလို ကြောင်း အမှန်တကယ် ပညာရည်ပြည့်ဝ သူတို့ က နားလည်သဘောပေါက်ကြပေလိမ့်မည် ။ သို့ သော် အများစု ကတော့ ခပ်လွယ်လွယ်ပင် ဖြစ်သည်)


စင်ပေါ်သို့ ခြေတစ်လှမ်း ကုဋေ တစ်သန်း


မကြာမီ. ပါမောက ချုပ်မှ တစ်ဦးဆီကို အစဉ်လိုက်အတိုင်း ဘွဲ့ လက်မှတ်များ ပေးလေသည်။ ဘွဲ့ ယူကြမည့် မောင်မယ်များက ခုံနံပါတ်အလိုက်တန်းစီ ကြရသည်။ သြဘာလက်ခုပ်သံများက ဟို တစ်ချက် ၊ ဒီတစ်ချက် ကြားနေရသည်။


ကျွန်တော်သည် ယခု လို ဘွဲ့ ယူခါနီးတန်းစီလိုက်စဉ်တွင် ရင်ထဲတွင် စိတ်မကောင်းခြင်းကြီးစွာ ခံစားရမိပါသည်။ ကျွန်တော် ရရှိမည့် ဘွဲ့ နှင့် ထိုက်တန်သော ပညာအရည်အချင်း ကျွန်တော့်တွင်မရှိပါ။

ထို့ အတူ ကျွန်တော် နှင့် အတူ ဘွဲ့ ယူကြမည့် ကျွန်တော့် သူငယ်ချင်းများ သည်လည်း ကျွန်တော့်လို ပင်ဖြစ်ပေမည်။

ဘယ်သူ့ ထံတွင် တာဝန်ရှိပါသနည်း။ မည်သူ က ယခုကဲ့သို့ တာဝန်မဲ့ခဲ့ပါသနည်း ။


ကေသရာဇာခြင်္သေ့မင်း ၏ အဆီသည် သိဂီ င်္ရွှေခွက်နှင့်သာ ထိုက်တန်ပါသည်။ သို့ သော် ယခုတော့ ကျွန်တော့် ထံတွင်ရှိသည့် ကား ရွှေရည်စိမ် ဒန် ဖလား တစ်လုံးသာ။

ဘွဲ့ လက်မှတ် ရယူရမည့် အစဉ်လိုက်သည် တဖြည်းဖြည်းနှင့် ကျွန်တော့် အလှည့်သို့ ရောက်လာသည။် ကျွန်တော်သည် ဘွဲ့ နှင်းသဘင် စင်မြင့်ထက်သို့ မ၀ံ့မရဲ လှမ်းတက်လိုက်သည်။ ခြေလှမ်းတို့ သည် ယိုင်နဲ့ နေသည် ။ ချိနဲ့ နေသည်။ အိနြေ္ဒ ဆယ်ကာ လမ်းကို လျှောက်ရင်း ဘွဲ့ လက်မှတ်ပေးသည့် ပါမောက ကြီးဆီသို့ လက်နှစ်ဘက်ကို ကမ်းပေးလိုက်သည်။ ပါမောက္ခ ကြီးက ပြုံးရွှင်စွာပင် ကြည့်ပြီး ကျွန်တော့် လက်ထဲသို့ ကျွန်တော်နှင့် မထိုက်တန်သည့် ဘွဲ့ လက်မှတ်ကြီးကို ယုံကြည်စွာပင် ပေးအပ်လိုက်သည်။



ကင်မရာ ရှက်တာ မီးအလင်းရောင်တို့  ဖျက် ကနဲ အမိအရ လှမ်းရိုက်လိုက်သည်။ ထိုစဉ် အတွင်းထောင့် ခပ်ကျကျ ဆီမှ လက်ခုပ်သံတချို့ ထွက်ပေါ်လာသည် ။ စင်မြင့်အောက်မှ ကျောင်းသားတချို့ က ပြုံရယ်ကာ ငေးကြည့်နေကြသည်။

ထို . ကင်မရာ မီးအလင်းရောင်များ ၊ လက်ခုပ်သံများ ၊ ကျောင်းသားများ ၏ အပြုံး များသည် ကျွန်တော့် အား လှောင်ပြောင်နေသလို ခံစားရပါသည်။

ကျွန်တော်သည် စင်အောက်သို့ ရောက်လျှင်ရောက်ချင်း ဘွဲ့ လက်မှတ် ကြီးကို အလျင်အမြန်ဖွင့်ကြည့်မိပါသည်။


သို့ သော် . ကျွန်တော် မြင်လိုက်ရသောအရာသည် ရင်ထဲတွင် ဒိတ် ခနဲ ၊ မျက်လုံးထဲတွင် ပြာ ကနဲ ဖြစ်သွားစေသည်။


ငါးရာတန် အသစ် တစ်ရွက် ။


ဘွဲ့ လက်မှတ် စာအိတ် အောက်ဆီမှ လျော ခနဲ ထွက်လာသည်။


ထို့ နောက်ကျွန်တော် အသေအချာ ပြန်လည် စဉ်းစား လိုက်သည်တွင် . ဓာတ်ပုံဖိုးငွေများ ပေးရန် ဟု ရည်ရွယ်ကာ လက်ထဲတွင် ကိုင်မှန်းမသိကိုင်လာမိသော ပိုက်ဆံ တစ်ရွက်သာဖြစ်ပါသည်။ အော်..တော်ပါသေးရဲ့ ဟု သက်ပြင်းချလိုက်မိသည်။


သို့ သော်ကျွန်တော်သည်.ဤ ဘွဲ့ နှင်းသဘင် ခန်းမကြီးထဲ၌... ငွေ ငါးရာတန် တစ်ရွက်ကိုမြင်ရုံမျှဖြင့် လိပ်ပြာလွင့်မတတ်ကြောက် လန့် သွားမိသည် မှ ကိုယ့်အကြောင်းနှင့် ကိုယ်သာ

ဘွဲ့ လက်မှတ်ကြီးက ခမ်းနားလှပေစွ ။

ဝိဇ္ဇာ ဘွဲ့  ( အင်္ဂလိပ်စာ) ဟု မြန်မာလို ပင် ပီပီသသ ရှင်းလင်းစွာ ရေးသားထားသော ဘွဲ့ လက်မှတ်ကြီးကို ကြည့်ကာ ၀မ်းသာ ၀မ်းနည်းဖြစ်မိပါသည်။

အကြင်သူ တစ်ဦးသည် သူငယ်တန်းမှ တက္ကသိုလ် အောင်မြင်သည့် အတွက် အလိုချင်းဆုံး ဆုသည် ယခု ကျွန်တော့်လက်ထဲတွင်ရှိသည့် တက္ကသိုလ် ဘွဲ့ လက်မှတ်ကြီးပင်ဖြစ်သည်။

ယခုတော့ ကျွန်တော်သည် ခေတ်ပညာတတ်တစ်ဦး အဖြစ် လောကအလယ်တွင် ရပ်တည်နိုင်မည့် ဘွဲ့ လက်မှတ်ကြီးကို လက်ဝယ်ပိုင်ပိုင် ရရှိချေပြီတကား ။

ထို့ ကြောင့် ကျွန်တော် ပျော်မိပါသည်။

ထို့ အတူ . ကျွန်တော် သည် စိတ်ထဲတွင် ၀မ်းနည်းသလိုလိုလည်း ရှိပါသည်။

ယခု ရရှိသော ဘွဲ့ လက်မှတ်ကို မည်သို့ မည်ပုံကြိုးစား ၍ရရှိခဲ့ပါသနည်း ။ ထိုမေးခွန်းကို ဖြေရန်ပင်မလိုလောက်အောင် ရှင်းလင်းလှပါသည်။

၎င်း ဘွဲ့ နှင့် ထိုက်တန်သော အသိပညာ ၊ အတတ် ပညာ များသည်လည်း ကျွန်တော့် ထံတွင် နတ္တိ ပါတကား။

အကယ်၍ များ ကျွန်တော်တို့ ၏ ဖြစ်ကြောင်းကုန်စင်ကို ယခု စင်မြင့်ထက်မှ ပါမောကကြီးများက သိလျှင် ၀ိဇ္ဇာ ဘွဲ့  ( အင်္ဂလိပ်စာ) ဟူသောနေရာတွင် ((. အကူး ၀ိဇ္ဇာ )) ဟူသော စကားရပ်ကြီးကို ပြောင်းလဲ လိုက်မည်မှာအသေအချာပင်။


ကျွန်တော်သည် ဘွဲ့ ရသော်လည်း ပညာ မတတ်ခဲ့ပါ။


ကျွန်တောသည် စာမေးပွဲ အောင်သော်လည်း . သင်ခန်းစာ များ အမှန်တကယ် မကြေညက်ခဲ့ပါ။



ကျွန်တော့် လို ပင် . ရာနှင့်ချီသော အင်္ဂလိပ်စာ အဝေးသင်ကျောင်းသူ ကျောင်းသားများလည်း ဘွဲ့ ရသော်လည်း ပညာကို အမှန်တကယ်တတ်မြောက်ခြင်းမရှိသူများ ဖြစ်ပါသည်။


ကျွန်တော် တို့  မြန်မာနိုင်ငံရှိ အခြားသော တက္ကသိုလ်များ၏ ပညာရေးစနစ်သည် ဤကဲ့သို့ မဖြစ်ပါစေနှင့် ဟု ဆုတောင်ရုံမှတပါ..အခြားဘာမျာတတ်နိုင်ကြမည်နည်။


ဘွဲ့ နှင်းသဘင် ခန်းမထဲမှ ထွက်လာပြီးကျွန်တော်သည် မိုး တို့ မိသားစုကို နှူတ်ဆက်ကာ အိမ်သို့ ပြန်လာခဲ့ပါသည်။


(((

သင်တုန်းက တော့ သင်လိုက်ရတဲ့ ပညာတွေ ..

ကမ္ဘာမြေကို အုပ်စိုးဖို့ မနောက်ကျသေး

ကိုယ် ဘွဲ့ ရတော့ . ရှာထားခဲ့တဲ့ ဒီ အတတ် တွေ .

အသုံးဝင် ပေမဲ့ .. ဘယ်သူမှ မသုံးပေ

အတောင်လည်း ပြည့်ပြီးကာမှ . ကောင်းကင်ပျံ ဆင်မရလို့ 

မပျံနိုင်တဲ့ ဌက်ကလေး လို

တို့ များရဲ့ ဘ၀ ဟာလေ . တကယ့် လူမှန် နေရာ မရှိတဲ့ 

ခေတ် လူငယ် ခြေကျ တွေ ))


တခေတ်တခါက လွန်စွာ အောင်မြင်ခဲ့သည့် တေးသံရှင် မွန်းအောင် ၏ လူငယ်ခြေကျ သီချင်း ဖြစ်ပါသည်။

http://www.youtube.com/watch?v=cFxGZxQFujA&feature=related


MP 3 format : http://www.mediafire.com/?18xn0jmbydkd9d8



ကျွန်တော်သည် သီချင်းလေးကို အသည်းထဲ စွဲ အောင် မှတ်သားထားလိုက်သည်။ ခေတ်လူငယ် ခြေကျ တွေ ဆိုသော စကားရပ်သည် ကျွန်တော်တို့ တွေကို ရည်ညွန်းလေရော့သလား။

ဘွဲ့ ရ ပညာမတတ်တို့ ရဲ့ ခေတ်


လူတွေ ကတော့ ပြောကြသည် ဘွဲ့ ရလျှင် ဘာတွေများထူးမည်နည်း။ တချို့ လခစား အလုပ်များသည် ဘွဲ့ ရ ပညာတတ်များကိုသာဦးစားပေးသည်။ ထိုအလုပ်များတွင်လည်း အသုံးဝင်ပေမည်။

သို့ သော် . ဘွဲ့ မရဘဲ . အလုပ်ဖြစ်နေသူတွေလည်း ဒု နှင့် ဒေး …

တချို့ ကတော့ မင်္ဂလာဆောင် လျှင် ကိုယ့်နာမည် ၏ နောက်တွင် ရရှိထားသော ဘွဲ့ များကို တသီတတန်းကြီးထည့်လို့ တော့ရသည် ဟု ဆိုသည်။ အမြီးရှည် တာပေါ့ ဟု ပြောသည်။

ဒီလို ဆိုလျှင်တော့ ကျွန်တော် ရထားသော ဘွဲ့ သည်လည်း ဒီလိုနေရာမျိုးမှာတော့ အသုံးဝင် ပေလိမ့်မည်။ သို့ သော် အကြောင်းသိ သူတွေကတော့ . တိတ်တိတ်ကြိတ်ကာ ရယ်သွမ်းသွေးကြပေလိမ့်မည်။

မိုက်ကရို ၊ ဘာဂျာ တို့ ၏ အားကိုးဖြင့် ရလာသော ၅၀၀ ကျပ်တန် ဘွဲ့ ကြီးဟု လှောင်ပြောင်မည်လော။

ထို့ ကြောင့် ဘွဲ့ ရပြီးနောက်ပိုင်းတွင် . လူတွေက မင်းဘာဘွဲ့ ရထားသလဲ ဟုမေးလိုက်လျှင် ကျွန်တော်သည် ပြန်ဖြေရမှာရှက်လာပါသည်။ အင်္ဂလိပ်ဖြင့် ဘွဲ့ ရထားသည်ဟု ဆိုသော်ငြားလည်း Times မဂ္ဂဇင်းကိုတောင် မလှမ် ကြည့်ရဲသူအဖြစ် ထင်ကြမည်လား မပြောတတ်။

ကျွန်တော်က ဒီအကြောင်းတွေကို သူငယ်ချင်း များနှင့် မိုးကို ပြောပြသောအခါ . မည်သူကမျှ အရေးမလုပ်ချင်ကြ။

ကိုယ့် ကုသိုလ် ကောင်းလို့ ဘွဲ့ တစ်ခု ကို မပင်မပန်းပဲနှင့် လွယ်လွယ်ရသည် ဟူ၍ သာ ခပ်ပေါ့ပေါ့ တွေးကာ ရယ်စရာအဖြစ်ပြောကြလေသည်။

ကျွန်တော်သည် ဘွဲ့ ဝတ်စုံဖြင့် ရိုက်ထားသည့် ဓာတ်ပုံကြီးကို အိမ်ခေါင်းရင်းတွင် မချိတ်ချင်ပေ။ သို့ သော် မိဘများက သူ တို့ ၏ သားကြီးအတွက် ဂုဏ်ယူချင်သည် ဟုဆိုကာ အဆိုပါ ဓာတ်ပုံကြီးကို တခမ်းတနား ချိတ်ဆွဲထားလေသည်။


လိုချင်အုံးဟဲ့ .. B.A ဘွဲ့ ကြီး


ထို ည က ကျွန်တော်သည် ထူးဆန်းသော အိပ်မက်တစ်ခုကိုမက်လေသည်။ ဆောင်းတွင်း အိပ်မက် ဂယောက်ဂယက် ဟူသည့်အတိုင်း သဘာဝ မကျ ၊ အစီအစဉ်မကျသော အိပ်မက်ကြီးကို မက်လေသည်။

လွန်စွာကြီးမားလှသော SEDONA ဟိုတယ်ကြီး တွင် ခမ်းနားလှသော မင်္ဂလာဆောင်ကြီးကို ကျင်းပလေသည်။ အံ့သြစရာကောင်းသည် က သတို့ သား မောင်လပြည့် နှင့် သတို့ သမီး မိုးသီဂီ င်္ တို့ ၏ မင်္ဂလာပွဲ ဖြစ်သည်။

ဝတ်ကောင်းစားလှ များ ၀တ်ဆင်ထားသော ဂုဏ်သရေရှိ ဧည့်ပရိသတ်ကြီးသည် မင်္ဂလာခန်းမ အပြည့် ကြွရောက် ချီးမြင့်ကြသည်။



သို့ သော် အဆိုပါ ဧည့်ပရိသတ်ကြီးသည် သတို့ သား သတို့သမီး တို့ ၏ နာမည်များရေးထိုးထားသော မင်္ဂလာ စင်မြင့်ထက်ရှိ ဖောင်းကြွနာမည် စာတန်းကြီးကို ကြည့်ကာ တအံ့တသြဖြစ်ကြလေသည်။

အချို့ ကလည်း မျက်လုံးကြီးများ ပြူးကာ ပါးစပ် အဟောင်းသားနှင့်ကြက်သေသေ နေကြသည်။

အချို့ ကလည်း မလုပ်သင့် မလုပ်အပ်သည်ကို လုပ်ထားသဖြင့် စိတ်ပျက်လက်ပျက်ဖြစ်နေကြသည်။

တချို့ ကလည်း ဟာ..ခနဲ ဆိုကာ..သတ္တိရှိသူ . အမှန်ကို ဖော်ထုတ်ဝံ့သူ အဖြစ်ချီးကျူးလေသည်။

ဝေဖန်သံများ ၊ ကဲ့ရဲ့ သံများ ။ အံ့သြမှင်သက်သော အာမေဋိတ်အသံများ ကြားဝယ် လာသမျှ ဧည့်သည်တို့ ကို ပျော်တပြုံးပြုံးဧည့်ခံနေကြသည့် သတို့ သားနှင့် သတို့ သမီးတို့ ကတော့မည်သူ့ ကိုမျှ ဂရုမစိုက်ပေ။

နောက်ဆုံး.ကျွန်တော်က.စင်မြင့်ထက်ရှိ စာတန်းကြီးကို လှမ်းကြည့်လိုက်မိသည်။


ထို မင်္ဂလာစင်မြင့်ထက် ရှိ ဖောင်ကြွစာလုံးကြီးများဖြင့်ရေးသားထားသည်မှာ ကတော့….



ကျွန်တော်သည် အဆိုပါ အိပ်မက်မှ ကြောက် လန့် တကြားနိုးထလိုက်သည်။ ချွေးစေးများကလည်း ရွဲဆိုလျက်။

ညအိပ် မီးအလင်းရောင်မှိန်မှိန်အောက်တွင် မြင်လိုက်ရသည်ကား..ခေါင်းရင်းတွင် ချိတ်ဆွဲထားသော ဘွဲ့ ဓာတ်ပုံထဲမှ လပြည့်သည်ကျွန်တော့်အား ပြုံးပြုံးကြီး လှမ်းကြည့်နေလေတော့သတည်း .။။



တခါတုန်းက တက္ကသိုလ်

------------ ပြီးပါပြီ -----------------

ကောင်းသထက်ကောင်းအောင် ကြိုးစားနေမည့်

မောင်လပြည့် (တက္ကသိုလ် ဆယ်ရက်)