ဆော်ဒီ အာရေးဗီးယား ကို အလုပ် လာ ရောက် လုပ် ကိုင် ကြတဲ့ ..နိုင်ငံခြားသာ မှန်သမျှဟာ. ဆော်ဒီ အစိုးရ က တရားဝင် ထုတ်ပေးထားတဲ့ အလုပ်သမား မှတ်ပုံတင် ကဒ် ကို ကိုင်ဆောင်ကြရပါတယ်။
အလုပ်ရှင် တွေအားလုံးဟာ..မိမိခေါ်ယူထားတဲ့ အလုပ် သမား ကို အစ အဆုံး တာဝန် ယူကြရပါတယ်။
ဒါကြောင့် အလုပ်သမား တစ်ယောက် စ တင် ရောက်ရှိတာနဲ့ တပြိုင်နက် သူ့ ရဲ့ နိုင်ငံကူးလက်မှတ်ကို အလုပ်ရှင် က သိမ်းယူထားလိုက်ပါတယ်။ နိုင်ငံတွင်းနေထိုင် အလုပ် လုပ် စဉ် ကာလ တလျှောက် လုံးအတွက် (IQAMA ) လို့ ခေါ်တဲ့ အလုပ်သမား မှတ်ပုံတင် (စာအုပ်) လေးကို ကိုင်ဆောင် ကြရပါတယ်။
ပုံမှန် နှစ် နှစ် တခါ သက်တမ်း တိုးပေးလေ့ရှိပါတယ်။ နှစ် နှစ်ပြည့် လို့ ကိုယ့်တိုင်းပြည်ကို အလည် ပြန်ရင်တော့ အဆိုပါ့ အလုပ်သမား မှတ်ပုံတင် (စာအုပ်) လေး ကို အလုပ် ရှင် ဆီကို ပြန်လည် အပ် နှံ ကြရပါတယ်။
အလုပ်သမား တစ်ယောက် ကိုယ့်တိုင်းပြည်က ထွက်ခွာ ရင် အလုပ် ရှင်တွေ အတွက် တာဝန်ကြီးလှပါတယ်။
လေဆိပ် အထိ သူတို့ လိုက်ပို့ ပြီး လေဆိပ်ကောင်တာ ကို ရောက်တော့ မှသာ ကိုယ့်ရဲ့ Passport ကို ပြန်လည် ထုတ်ပေးလေ့ရှိပါတယ် ။ နောက်ပိုင်း အရှုပ်အရှင်းတွေ ကင်းအောင် လုပ်ထား ပုံ ရပါတယ်။
အခု မြင်တွေ့ နေရတာကတော့ အလုပ်သမား မှတ်ပုံတင် စာအုပ်လေး နှစ်မျိုးပါပဲ..
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6A4vxfYqFdf9VbnxJh5mn13Ec0P6uEVmJfFOM0pgsjo_yeFJtK7iefcDmAgYJdUQegMa6BqWoTN-3ambDAZU2_kB4n_7GXH37Zjte94Pt9JKzw2QzmOu2K6qEp7l-WI2mE6gCLd0Fqc0/s320/IQAMA+BROWN.jpg)
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiLbtDuDR5QE1FNBszLVUmBDDzw2dhc3J_l-STpSmnDReREIkUfy4rVEid58LRMk7jN4XOO5agV8ilgt2JnQmIH375kLAY13Iw1QoRU0GW5P66zQ-Z0DIAPvYGrNTOveCxLEgDnNR6Ovbs/s320/IQAMA+Details.jpg)
ယခု မြင် ကြရတဲ့ အတိုင်းပါပဲ။ ကိုယ့်ရဲ့ အလုပ်သမား မှတ်ပုံတင် စာအုပ်မှာ ကိုယ့်ရဲ့ နာမည်က အစ အားလုံးဟာ Arabic လို့ ခေါ်တဲ့ ဒေသသုံး ဘာသာ စကား ကိုပဲ ရေးသားထားတာပါ။ ဘာတွေ ရေးထားလို့ ရေးထားမှန်းတောင် ကိုယ်တိုင် နားမလည်နိုင်ပါဘူး။
I can see only 1 IQAMA
ReplyDelete