Tuesday 12 October 2010

အာလီ ဘာဘာ ပတ်စ်ပို့  Ali Baba Passport

ရန်ကုန်ကိုပြန်သွားတဲ့ သူငယ်ချင်း တစ်ယောက်နဲ့ စကားပြောကြည့်တော့ သူက နိုင်ငံကူးလက်မှတ် Passport ကို အခွန်ဆောင်ပြီးကြောင်း ပြောပါတယ်။ ကိုယ် ရတဲ့ လစာငွေ ရဲ့ ဆယ်ရာခိုင်နှုန်းကို အခွန်ဆောင်ရတာဖြစ်လို့  မြန်မာကျပ်ငွေ သိန်းဂဏန်း ကျော် ကို အခွန်ဆောင်လိုက်ရပါတယ်။

ဒီတော့ . ဆော်ဒီ အာရေးဗီးယားမှာ လက်ရှိ အလုပ် လုပ်နေတဲ့ သူငယ်ချင်းတစ်ဦးကတော့ ရန်ကုန်ကို ရောက်ရင် ပွဲစားတွေ နဲ့ ညှိပြီး အောက်လမ်းနည်းနဲ့  Passport စာအုပ်အသစ်လုပ်ပြီး အခွန်ရှောင်လို့ ရတယ်လို့ ပြောပါတယ်။ သူ့ အစ်ကို တွေ က မလေးရှား ကို ထွက်လိုက် ၀င်လိုက် နဲ့ လုပ်တော့ ဒီလို နည်းတွေ လည်း သုံးဖူးတယ်လို့ ဆိုလာပါတယ်။

တခြားတိုင်းပြည်တွေရဲ့ Immigration rule (လူဝင်မှူ့ ကြီးကြပ်ရေး ဥပဒေ) ကိုတော့ နားမလည်ပါဘူး ။ သူများတွေ ပြောတာကိုပဲ ကြားဖူးနားဝ ရှိတာပါ။

ဒီလိုလုပ်လို့ ရကြောင်းကို . ကျွန်တော်ရဲ့ Hotel မှာ အတူလုပ်နေတဲ့ အိန္ဒိယ ကုလား လေးကို ပြောပြတော့ သူက ရယ်ပါတယ်။
Raymond ရယ်။ မင်းက ဒီတိုင်းပြည်ကို ဘာများ မှတ်နေလို့ လဲ ။ ဆော်ဒီ အာရေးဗီးယားကတော့ ဒီလို မျိုး မသမာတဲ့နည်းလမ်းနဲ့ လုပ်ဖို့ မင်းထင်သလောက်မလွယ်ဘူးကွ။
လို့ ဆိုပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့.
လေဆိပ်အ၀င် မှာ (finger print system) လက်ဗွေ ရာ စစ်တဲ့ စက် ကြီးနဲ့ တိုက်ဆိုင် စစ်ဆေးလိုက်ရင် အရင်တစ်ခေါက် ၀င်လာတုန်းက Passport နံပါတ်ကို တွေ့ ပြီး တခါတည်း ကွိ ခနဲ့ မိသွားမှာပေါ့တဲ့။
သူပြော ပြတော့မှ ပဲ ကျွန်တော်တို့ အားလုံး ဆော်ဒီ အ၀င်တုန်းက finger print စက်ကြီးမှာ လက်ဗွေ နှိပ်ခဲ့ရတာကို ပြန်ပြီး သတိရမိပါတယ်။


တကယ်လို့ များ အခွန်မဆောင်ချင် လို့ အောက်လမ်းနည်းနဲ့  Passport စာအုပ် အသစ် လုပ်ခဲ့မိရင် တော့ မလွယ်ပါဘူး။
စာအုပ် ပျောက်သွားလို့ အသစ်လုပ်ရပါတယ်လို့ ဆင်ခြေ ပေးရင် လဲ Passport ID နံပါတ် ကိုတော့ လိမ်ဖို့ မလွယ် ပါဘူးနော်။ ဘယ်တိုင်းပြည်မဆို Passport စာအုပ်ပျောက်သွားရင်လဲ အသစ်ပြန်ထုတ်ပေးတဲ့ စာအုပ်ရဲ့ နံပါတ်ကတော့ မူလ စာအုပ်နံပါတ်ပါပဲ ။






နောက်ပြီး သူ နဲ့ စကားဆက်ပြောရာမှာ အလုပ် ကိစ္စ အကြောင်းလည်း ရောက်သွားပါတယ်။
ကျွန်တော့်ရဲ့ သူငယ်ချင်းတစ်ဦးက ကိုယ့်တိုင်းပြည်ကို အလည်အပတ် (vacation) လို့ ပြောပြီး ပြန်သွားမယ်။ ပြီးမှ တခြားတိုင်းပြည် (ဥပမာ - ဒူဘိုင်း ၊ ကာတာ ၊ ကူဝိတ်) စသည့် ပင်လယ်ကွေ့ နိုင်ငံများကို ကြိုးစားပြီး အလုပ်လျှောက်ကြည့်မည်။ ဒီ ထက် သာ တဲ့ နေရာမှာ အလုပ်ရရင်တော့ အဲဒီ တိုင်းပြည်တွေကို ခုန် လိုက်မယ်။ အလုပ်မရ ရင်တော့ ဆော်ဒီအာရေးဗီးယား ကိုပဲ ပြန်လာမယ် လို့ ဆိုပါတယ်။
တွက်ရေးကတော့ စက်သူဌေး ပါပဲ ။ တွက်ကြည့်လိုက်တော့ စက် မရှိ ဆိုသလိုပေါ့ဗျာ။


ကိုယ့် အလုပ်ရှင်ကို အလည်အပတ် (vacation) လို့ ပြောပြီး ပြန်သွားကတည်းက Passport စာအုပ်ထဲမှာ vacation visa ဆိုပြီးတော့ တံဆိပ်တုံး နှိပ်ပေးလိုက်တာပါ။ သတ်မှတ်ကာလအတွင်းပြန်လာရပါမယ်။ ဒီလိုမှ မဟုတ်ပဲ အဲဒီ စာအုပ်နဲ့ တခြားမှာအလုပ်ရလို့  ခုန်ကူးမယ်ဆိုရင်တော့ သေသေချာချာ စဉ်းစာပါအုံး ။
ဆော်ဒီ အာရေးဗီးယား နိုင်ငံကနေ အလည်အပတ် (vacation visa) နဲ့ ထွက်သွားတဲ့သူ တစ်ယောက်ဟာ ဒီ တိုင်းပြည်ကို နှစ် နှစ်အတွင်းပြန်ဝင်လို့ မရဘူးလို့ ဆိုပါတယ်။
အခြား ပင်လယ်ကွေ့ ( Gulf countries) တွေကိုပါ အကျိုးသက်ရောက်မှူ့ ရှိတယ်လို့ ပြောပါတယ်။ ဟုတ် ၊ မဟုတ်ကတော့ နားလည် တဲ့ ပုဂ္ဂိုလ်များထံ သေချာ မေးမြန်းကြည့်ပါ ။



အသေချာ ဆုံးကတော့ ဆော်ဒီ ကို ပြန်ဝင်ဖို့ လုံးဝ စိတ်မကူးပါနဲ့ ။ ကိုယ့်တိုင်းပြည်မှာ Passport စာအုပ်ကို မရ ရတဲ့နည်းနဲ့ အသစ်လုပ်ပြီးလာရင်လဲ ဟောဒီ နိုင်ငံရဲ့ လေဆိပ်ရောက်ရင် လက်ဗွေ စက်ကြီးထဲမှာ ထင်းကနဲ ပေါ်လာတော့မှာပေါ့နော်။

ဒါကြောင့် Passport စာအုပ်နဲ့ ပတ်သက်ပြီး သူများ တွေ မြှောက်ပေးတိုင်း နားယောင်ပြီး အခွန်ရှောင်ခြင်း ၊ အောက်လမ်းနည်းဖြင့် စာအုပ်အသစ်လုပ်ခြင်း စတဲ့ မသမာတဲ့နည်းတွေ ကို မလုပ်မိဖို့ တိုက်တွန်းပါရစေ။
တခြားမှာအလုပ်ရရင်လဲ ပင်လယ်ကွေ့ နိုင်ငံတွေ ဖြစ်နေရင် (သို့ ) ဆော်ဒီ မှာပဲ တခြား ကုမ္ပဏီ မှာ အလုပ်ရနေရင် . ကိုယ့်အလုပ်ရှင်နဲ့ ပွင့်ပွင့်လင်းလင်း ညှိနှိုင်းပြီတော့
Exit visa ကို ရအောင် လုပ်ဖို့ အရေးကြီးပါတယ်။
ဒီလိုမှ မဟုတ်ရင်တော့ . ဟောဒီနိုင်ငံ တွေ ဘက် ကို ခြေဦးမလှည့်မိ စေနဲ့ ပေါ့ဗျာ။
ကမ္ဘာကြီးက အကျယ်ကြီးပါ ။ တခြားနိုင်ငံတွေကို စိတ်ဝင်စား ရင်တော့ ဒါတွေကို စဉ်းစား စရာမလိုဘူးပေါ့လေ။
အဲ.. မပိုင်ရင်တော့ ခြင်တောင် မရိုက်နဲ့ နော်။

ဒါကြောင့် အာရပ်တွေ အမြဲပြောတဲ့ အာလီဘာဘာ (Ali Baba) ဆိုတဲ့ကိစ္စ ကြီးကို လုပ်ဖို့ စိတ်ကူးထားရင် ကိုယ်တိုင်လည်း လုပ်ဖို့ အစီအစဉ်ရှိရင်တော့ သေသေချာချာ စဉ်းစားကြပါအုံးလို့ ဆန္ဒ ပြုရင်း

ခင်မင်စွာဖြင့်
ဇ ပ

(အထက်ပါ အချက်အလက်များမှာ ကျွန်တော် သိသလောက် ပြန်လည် ဝေမျှခြင်းသာဖြစ်ပါသည်။ မှန် ၏ မမှန်၏ ကိုတော့ တကယ်နားလည်သော ပုဂ္ဂိုလ်များကိုသာ မေးမြန်းကြည့်ပါရန် )

No comments:

Post a Comment